24/04/2026
ကိုယ်တိုင်သားမွေးပြီးတဲ့အချိန်အထိ တချို့သားရှင်အမေတွေကို နားလည်မပေးနိုင်တဲ့ ကိစ္စတစ်ခုရှိတယ်!!!
အဲ့တာဘာလဲဆိုတော့ ငါကသားယောက်ျားလေးမွေးထားတာမို့လို့ နစ်နာစရာမရှိဘူးဆိုပြီး ကိုယ့်သားက မိန်းကလေးတွေကိုတန်ဖိုးမထားပဲ ရှုပ်ချင်တိုင်းရှုပ်၊ ဖောက်ပြန်ချင်တိုင်းဖောက်ပြန်၊ ကိုယ်ကျင့်တရားပျက်ပြားချင်တိုင်းပျက်ပြားနေတာတွေကို လွှတ်ထားပေးတဲ့ကိစ္စပဲ။ အရင်ကတော့ ဪ သူတို့မှာ သမီးလေးမရှိလို့ သမီးချင်းကိုယ်ချင်းမစာပေးနိုင်တာလို့ထင်ခဲ့တာ ဒါပေမယ့် ကိုယ်တိုင်သားရှင်ဖြစ်လာတဲ့အချိန်မှာတော့ သမီးမရှိလို့ သမီးချင်းကိုယ်ချင်းမစာပေးနိုင်တာမဟုတ်ပဲ လူစိတ်မရှိလို့ကိုယ်ချင်းမစာပေးနိုင်တာဆိုတာကိုသဘောပေါက်သွားတယ်။ ဘာလို့လဲဆိုတော့ သမီးမမွေးထားလဲ ကိုယ်တိုင်က မိန်းမပဲမို့ မိန်းမချင်းကိုယ်ချင်းစာပေးလို့ရပါရဲ့နဲ့ ငါ့သားကိုငါပြောလိုက်ရင် ငါ့သားနဲ့ငါအဆင်မပြေဖြစ်လိမ့်မယ်ဆိုပြီး မသိကျိုးကျွံပြုနေကြတာဆိုတော့ ဒါက လူစိတ်မရှိတာနဲ့ မခြားတော့ဘူးလို့ထင်တယ်။ အဲ့လိုမိခင်တွေကိုမေးကြည့်ချင်တာ ကိုယ့်သားက တာဝန်မယူတတ်တဲ့ယောက်ျားတစ်ယောက်ဖြစ်နေတာ၊ ကိုယ်ကျင့်တရားပျက်ပြားတဲ့ယောက်ျားတစ်ယောက်ဖြစ်နေတာကို တကယ်လက်ခံပေးနိုင်ကြတာလား? မရှက်ဘူးလား? ကိုယ်တိုင်ကကိုယ်ကျင့်တရားပျက်ပြားခဲ့လို့လား? ကျမကတော့ ကျမသားကို အဲ့လိုယောက်ျားမျိုးမဖြစ်အောင်ပြုစုပျိုးထောင်ပေးမှာဖြစ်ပြီး တကယ်လို့ကိုယ်ဆုံးမနေတဲ့ကြားထဲက ပြောမရဘူးဆိုရင် အမွေပြတ်စွန့်လွှတ်လိုက်မှာ ရှက်လို့😌
(ကြားတယ်နော် အနာဂတ်ကဖောင်းဖောင်းရေ😌)
#သားဖောင်းလေးမေမေ