17/09/2021
ပဲစိမ်းစေ့ (သို့) မြန်မာအခေါ် ပဲပုတ်စေ့
👉အကျိုးကျေးဇူးများ👈
ပဲပုတ်စေ့ မှာ Vitamin K ကြွယ်ဝစွာပါဝင်ပြီး Calcium ဓာတ်လည်း သင့်တင့်စွာပါဝင်ပါသည်။
ဤအာဟာရများသည် သန်စွမ်းကျန်းမာသော အရိုးထိန်းသိမ်းရန်နှင့် ကျိုးလွယ်နိုင်ခြေကိုလျော့ချရန်အထောက်အကူပြုသည်။
👉Vitamin B Complex ပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သောပမာဏကို ဖြည့်ဆည်းပေးပြီး ကျန်းမာနေစေရန် လုပ်ဆောင်ပေးသည်။
👉Vitamin Bသည် စိတ်ကျရောဂါကိုလည်း လျော့ချပေးရန်အတွက်လည်း အရေးကြီးသည့်လုပ်ဆောင်ချက်တွင်ပါဝင်သည်။
👉Folate ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်များအတွက်လည်း အထူးသင့်တော်သည်။
👉Folate သည် သွေးနီဥများဖြစ်ပေါ်စေရန်ကူညီပေးသည်။