AUNG HEIN Fashion

AUNG HEIN Fashion လူကြီး၊ကလေး အ၀တ်အထည်အမျိုးမျိုး ထုတ်လုပ် ဖြန့်ချီရေး

2023ခုနှစ် တစ်နှစ်တာလုံး မြန်မာပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ၍ လိုရာပြည့်၀နိုင်ပါစေကြောင်း ဆုမွန်ကောင်းတ...
01/01/2023

2023ခုနှစ် တစ်နှစ်တာလုံး မြန်မာပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ ၍ လိုရာပြည့်၀နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🎉✨

03/09/2022

အောင်ဟိန်း အထည်များကို
အတက်နိုင်ဆုံး ဈေး အနည်းဆုံးနှင့် ရောင်းနေဆဲပါ 🥰

ဒုတိယအကြိမ် ပြန်ထုတ်ရတဲ့ ဒီဇိုင်းလေး🥰မေး➡️  ချုပ်ရိုးချုပ်သားကောင်းလား? အမြဲ ဂွတွေပဲ အရင်ပြဲလို့ စိတ်ညစ်ရတယ်😔ဖြေ➡️  ချည်...
01/09/2022

ဒုတိယအကြိမ် ပြန်ထုတ်ရတဲ့ ဒီဇိုင်းလေး🥰

မေး➡️ ချုပ်ရိုးချုပ်သားကောင်းလား? အမြဲ ဂွတွေပဲ အရင်ပြဲလို့ စိတ်ညစ်ရတယ်😔
ဖြေ➡️ ချည်အစိတ်နဲ့ ဘောင်းဘီဆို နှစ်ဘေထပ်လေး ချုပ်ထားပါတယ်ရှင့် ( အနီးကပ်လေး video ကြည့်ချင်ရင်တောင် cbမှာ ပို့ပေးပါမယ်ရှင့်)

မေး➡️ ပိတ်စအသားက ကောင်းရဲ့လား?
ဖြေ➡️ digital စပန့် တိုင်း အသားမတူပါဘူးရှင်။ ကိုယ့်အကြိုက် ပိတ်စကို သေချာလေ ရွေးပြီး ချုပ်ပေးထားလို့ တော်ရုံရေလျှော် မရုန်းပါဘူးရှင်

မေး➡️ size ပြည့်ရဲ့လား?
ဖြေ➡️ ချုပ်စာချန်ပြီး size ပြည့်ပါ။ ပေါင်ချိန်နဲ့ ပြောမ၀ယ်ပါနဲ့ size ပဲ မေး၀ယ်ပါ။

မေး➡️ cutting က ပုံကျပါ့မလား?
ဖြေ➡️ Designer ရဲ့ Thai Pattern နဲ့ ချုပ်ထားလို့ ကလေး၀တ်တောင် အပိုအလိုမရှိပါ။

မေး➡️ အိမ်အရောက်ငွေရှင်းရလား ?
ဖြေ➡️ အိမ်ရောက် ငွေရှင်း မရတဲ့ နယ်မြို့ တွေ ဆို
ငွေ၀င်ပြီး 24 နာရီအတွင်း ဂိတ်ချပါတယ်။ ကျန်မြို့နယ်များ အိမ်ရောက်ငွေရှင်းပါ။

နယ်တွေမှာ ချုပ်ရုံအတွက် အာရုံအနောက်မခံပါနဲ့ အမြတ်လေးပဲ အဆင်သင့်ယူလိုက်ပါ။ တဆင့်ပြန်ဖြန့်လိုသူများ cb or Viber မှာ စိတ်၀င်စားရင် Hi လိုက်ပါ။

Viber - 09973241859

31/08/2022

ပိတ်ဈေးတွေ အရမ်းတက်နေပေမယ့် ကိုယ့်အထည်တွေ ဈေးလုံး၀မတက်သေးဘူး 🥰
နယ်က ၀ယ်သူတွေ အတွက် လက်ရာမကောင်းမှာ စိတ်ပူနေမှာစိုးလို့ video ရိုက်ထားလေး ပြပေးထားတယ်နော်

AUNG HEIN Fashion ရဲ့ အားသာချက်ကတော့ Digital စပန့် ကို ပွဲလယ်တင့်အောင် designer ရဲ့ pattern ကို  လက်ရာအသေသပ်ဆုံးနှင့် ချ...
28/08/2022

AUNG HEIN Fashion ရဲ့ အားသာချက်ကတော့
Digital စပန့် ကို ပွဲလယ်တင့်အောင် designer ရဲ့ pattern ကို လက်ရာအသေသပ်ဆုံးနှင့် ချည်အစိပ် ချုပ်ပေးထားလို့ တဆင့် ပြန်လည် ဖြန့်ဖြူးရောင်းချသူတွေ အတွက်ရော ၊ ၀တ်ဆင်သူတွေအတွက် စိတ်ကျေနပ်မူ့ကတော့ ပြောစရာမလိုပါရှင့်🥰

L size - (100 lb - 130 lb) - 6500
XL size - ( 130lb - 150lb) - 6500
2XL size - ( 150lb - 180lb) - 7000

ကိုယ့်နယ်မှာ ပြန်လည် ဖြန့်ဖြူး ရောင်းချချင်သူများလည်း cb သို့ လာခဲ့ပါရှင်။
ရန်ကုန် အိမ်ရောက်ငွေချေရပါတယ်ရှင့်။ နယ်မြို့များ ငွေ၀င်ပြီး ဂိတ်ချပေးပါမည်။

Viber - 09973241859

အသက် 2 ၊ 3 ၊ 4 ၊ 5 size‌ လေးတွေ လက်ကျန် ဖြတ်လေးတွေကို အတန်ဆုံးဈေးဖြင့် ရောင်းမှာဖြစ်လို့  အထည်ကုန်ယူပေးရပါမယ်။ အခုလက်ရှိ...
18/07/2022

အသက် 2 ၊ 3 ၊ 4 ၊ 5 size‌ လေးတွေ လက်ကျန် ဖြတ်လေးတွေကို အတန်ဆုံးဈေးဖြင့် ရောင်းမှာဖြစ်လို့ အထည်ကုန်ယူပေးရပါမယ်။
အခုလက်ရှိ ရောင်းနေတဲ့ ဈေးနှုန်းလေးတွေကို စုံစမ်းပြီးမှ cb ကို လာခဲ့ပါ 😁
ကလေး၀တ်ဆိုပေမယ့် လက်ရာအကောင်းဆုံး နဲ့ အသေသပ်ဆုံး ချုပ်ပေးထားပါတယ်။ ဈေးချုပ်ရုံ မဟုတ်လို့ ၀ယ်ပြီးလို့ ပြန်ရောင်းရင် မျက်နှာပန်းလှစေမှာပါ 🤗

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰==================================မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက် ၀ါဆို လပြည့်နေ့သ...
12/07/2022

🔰ဝါဆိုလပြည့်နေ့ ၏ ထူးခြားချက်များ"🔰
==================================

မြန်မာ့ရိုးရာ ( ၁၂ ) လ ရှိသည့်အနက်
၀ါဆို လပြည့်နေ့သည် -

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း။

၂။ ဂေါတမဘုရားလောင်း
တောထွက်တော် မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား
စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသော နေ့ဖြစ်၍
ထူးခြားခြင်း။

၆။ တရားရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သော
နေ့ဖြစ်၍ ထူးခြားခြင်း။

၈။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင်ကြားရသော နေ့ဖြစ်၍ ထူးခြားခြင်း
ဟူ၍ဖြစ်ပါသည် …။

* ဝါဆိုလပြည့်
* ဓမ္မစင်္ကြာအခါတော်နေ့နှင့်
* ထူးခြားချက်များ

❝ သန္ဓေ , တောထွက် , ဓမ္မစက် , တစ်ချက် ပြာဋိဟာ ❞
၀ါဆိုလပြည့် ထူးခြားနေ့ အောက်မေ့
ဤလေးဖြာ။

"ဓမ္မစင်္ကြာဟောကြားခြင်း"

သန္ဓေ, တောထွက်, ဓမ္မစက်, မိန်မြွက်ဝါဆို
ဟူသော စကားနှင့်အညီ
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်
တုသိတာ နတ်ပြည်မှ နတ်သား အပေါင်းတို့မှ
ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု
လာရောက်ကာ တောင်းပန်ကြသောကြောင့်
သေတကေတု နတ်သားအဖြစ်မှ စုတေပြီးနောက်
မယ်တော် မာယာ၏ ဝမ်းတွင်ဝယ်
ဝါဆို လပြည့်နေ့တွင် ပဋိသန္ဓေ နေတော်မူပါသည်။

ဖွားမြင်မြောက်သော အခါ
❝ သိဒ်ဓတ်ထ ❞ ဟု အမညျရလေ၏။

ဆယ့်ခြောက်နှစ်ဝယ်
ယသော်ဓရာနှင့်
ထိန်းမြှား လက်ထပ်လေ၏။

ရာဟုလာ အမည်ရသော
သားတော်တစ်ပါး မွေးဖွားလေ၏။

ထိုနောက်
သူအို, သူနာ, သူသေ, ရဟန်း, ဟူသော
နိမိတ်ကြီး လေးပါးကို မြင်တော်မူကာ
အိုခြင်းသဘော, နာခြင်းသဘော,
သေခြင်းသဘော တရားတို့ကို ကြောက်လန့်ကာ
အိုခြင်းကင်းရာ, နာခြင်းကင်းရာ, သေခြင်းကင်းရာ
ရဟန်း တစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ
တောထွက်ရန် ကြံစည်တော်မူပြီး
ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင်
ဖွားဖက်တော် ဆန္ဒအမတ် ကဏ္ဍကမြင်း တို့နှင့်
ဥရုဝေလ တောသို့ ကိလေသာ ကုန်ခန်းပြီး
ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန်
တောထွက်တော် မူခဲ့ပါသည်။

မဂဓတိုင်း ဂယာမြို့အနီး
ဥရုဝေလတောဝယ် ( ၆ ) နှစ်တာ ကာလပတ်လုံး
ဒုက္ကရစရိယာ အကျင့်ကို ကျင့်ခဲ့ပါသည်။

အတ်တကိလမထာ
( ပင်းပန်းစွာ ခန္ဓာကိုယ် ညင်းဆဲကြောင်း )
အကျင့်တို့ကို့ ထိုတောဝယ် ( ၆ ) နှစ်တိုင်တိုင်
ပင်းပန်းစွာ ကျင့်ကြံသော်လည်း
တရားထူးကို မရရှိခဲ့ပေ။

အစွန်းလွတ်သော
မဂ္ဂင် ( ၈ )ပါး နည်းလမ်းသစ်ဖြင့်
၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်
သဗ္ဗညုတ ဉာဏ်တော်ကို ရရှိကာ
ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။

ဘုရားအဖြစ်သို့ရောက်ရှိပြီးနောက်
အားထုတ်ခဲ့သော တရားများနှင့်
လောကကို ဆင်ခြင်ကြည့်သော်
မိမိရရှိ ကျင့်ကြံထားသော တရားတို့သည်
အလွန်သိမ်မွေ့ နက်နဲ ခက်ခဲလွန်းနေ၏။

လောကလူသားတို့၏ အသိဥာဏ်ကား
ကိလေသာ အမှောင်တို့ဖြင့်သာ
ထာဝစဉ် ပိတ်ဖုံးနေ၏။

ပုထုဇဉ်တို့အား ဟောကြားရန်
မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု
ဆင်ခြင်နေစဉ်
သဟမပှတိ ဗှဟမှာမငှး၏
လျှောက်ထား တောင်းပန်ချက်အရ
အဘယ်သူ့ကို တရားဦး ဟောကြားအံ့နည်းဟု
ဆင်ခြင်တော်မူ၏။

အရင်က မိမိ တပည့်တော်ခဲ့ဘူးသော
ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော
"ပဉ္စဝဂ္ဂီ ငါးဦး"
( ပဉ္စ - ငါးခု ငါးယောက် ၊ ၀ဂ္ဂ - အစု အဖွဲ့ )တို့ကို
တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။

အချိန်ကား
နေမင်းကြီး ဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏
ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ် ဓာတ်ကြောင့်
သာယာဖွယ် ကောင်းလှပေ၏။

မိဂဒါဝုန်တောကား
ရွှင်ပျအေးမြနေ၏
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏
ထိုအခိုက်တွင်
မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်
ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။

ထို့နောက်
❝ ရဟန်းတို့ ❞ ဟု ခေါ်ဝေါ်ကာ
နှုတ်ခွန်း ဆက်တော်မူလိုက်၏။
ဤကား
တရားဦးဟောရန် ဖိတ်ခေါ်သံ အစတည်း။

ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ
ဖြစ်ကြသည့် အပြင်
သဒ္ဓါ, ဆန္ဒ, ဝီရိယ စိတ်ထား
ပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ
မြတ်စွာဘုရား၏ စကားအစသည်
သူတို့၏ နှလုံးသားဝယ်
တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက
မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်တော်မူ၏။

တရား နာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်
မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း
ထပ်မံ သိစေပြန်၏

ပြီးမှ ❝ တရားဦး ❞ ခေါ်
❝ ဓမ္မစက္က ပဝတ္တန သုတ္တ ❞ ကိုဟောကြား တော်မူလေသည်။

"ဓမ်မစက်က_ပ၀တ်တန ၏ အဓိပ်ပါယျမှာ
တရား တည်းဟူသော
အသိစက်ကို ဖြစ်စေ, လည်စေတော်မူခြင်းဟု
အဓိပ္ပါယ်ရပါသည်
( ဓမ္မစက္က = တရားတော် + ပ၀တ္တန = ဖြစ်စေ ၊
လည်စေခြင်း )

ဓမ္မစင်္ကြာတရားတော်သည်
သစ္စာလေးပါး တရားကို
ညွှန်းဆို ဟောကြားသော ဒေသနာဖြစ်၍
ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု
ဆိုထိုက်ပါသည်။

ဓမ္မစင်္ကြာတရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ -

အစွန်း နှစ်ခု ကို ရှောင်ကြဉ်ရေး
မဇ္စျိမပဋိပဒါ မဂ္ဂင် ရှစ်ပါး လမ်းစဉ်မှန်ကို
ကျင့်သုံးရေးတို့ကို ညွှန်ကြားထားကာ
သစ္စာလေးပါး တရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ထိုတရားတော်၏ အဆုံးဝယ်
"အရှင်ကောဏ္ဍည" သည်
လူသားများ အနက် ပထမဦးဆုံး
သောတာပတ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည်
ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်
ဒေသနာကို ဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော်
( ၁ ) ရက်နေ့၌ အရှင်ဝပ။
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ။
( ၃ ) ရက်နေ့၌ အရှင်မဟာနာမ်။
( ၄ ) ရက်နေ့၌ အရှင်အဿဇိ တို့သည်
အသီးသီး သောတာပန် တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီ အားလုံးပင်
❝ ဧဟိဘိက္ခု ❞ ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် ( ၅ )ရက်နေ့တွင်
မြတ်စွာဘုရားသည် ❝ အနတ္တလက္ခဏသုတ္တ ❞ ကို
ဟောကြား တော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး
ရဟန္တာ ဖြစ်တော်မူကြလေသည်။

ထိုနေ့ကိုလည်း ❝ ရဟန္တာနေ့ ❞ ဟု
ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆို လပြည့်နေ့ကိုမူ
တရားဦး ဓမ္မစကြ်ာ ဟောကြားသောနေ့ ဖြစ်၍
❝ ဓမ္မစကြာနေ့ ❞ ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

"ဝါဆိုလပြည့် ထူးခြားချက်များ"

( ၁ )။ ပဋိသန္ဓေတည်သည့်နေ့
မဟာသက္ကရာဇ် ၆၇ ၊ ဝါဆိုလပြည့်
( ကြာသပတေးနေ့ )။

( ၂ )။ တောထွက်သည့်နေ့
မဟာသက္ကရာဇ် ၉၇ ၊ ဝါဆိုလပြည့်
( တနင်္လာနေ့ )။

( ၃ )။ ဓမ္မစကြာတရားဦးဟောသည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ )။

( ၄ )။ သောတာပန်လူသား စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်
( စနေနေ့ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့
စတင်ကူးပြောင်းခွင့် ကြုံသောနေ့။

( ၅ )။ သံဃာရတနာ စပေါ်သည့်နေ့
မဟာသက္ကရာဇ် ၁၀၃ ၊ ဝါဆိုလပြည့်။

( ၆ )။ ❝ ဧဟိ ဘိက္ခု ❞ ဟူသော စကားကို
စတင် ကြားရသော နေ့။

( ၇ )။ ရေမီး အစုံစုံတို့ဖြင့်
တန်ခိုးပြာဋိဟာကို ပြတော်မူသော နေ့
( ၇ ဝါမြောက်တွင် )။

"လယ်တီဆရာတော်ကြီး၏ကဗျာများ"
~~~~~~~~~~~~~~~~~~~~~~~~

သန္ဓေယူတော်မူသောနေ့ ( ကြာသာပတေးနေ့ )

သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊
သောင်းခွင် စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့၊
ညီညာရုံးစု ၊ တောင်းပန်မူကြောင့်၊
ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည်
ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်
ချမ်းမြေ့ကြည်ဖြူ သန္ဓေ ယူသည်
နတ်, လူ ငြိမ်းဖို့ ကိန်းပါကို...။
___________________________________________

တောထွက်တော်မူသောနေ့ ( တနင်္လာနေ့ )

ဖွားမြင်မြောက်သော်
ဆယ်ခြောက်နှစ် ရွယ် ပျိုမြစ်နုနယ်၌
သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်
ဆယ်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍
ရွယ်မူနုဖြိုး ၊ နှစ်ဆယ်ကိုး၀ယ်
လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့်
ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက
၀ါဆိုလပြည့် ကျားမင်းနေ့၀ယ်
ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်
စုံမြိုင်ပင်ရိပ်ခမ်းမှာကို...။
___________________________________________

ဓမ္မစင်္ကြာဟောတော်မူသောနေ့ ( စနေနေ့ )

ဘုရားဖြစ်ကာ ၊ မိဂဒါသို့
စကြာရွှေဖဝါးဖြန့်ချီ သွား၍
ငါးပါး၀ဂ္ဂီစုံအညီိနှင့်
မဟီတစ်သောင်း တိုက်အပေါင်းမှ
ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား
၀ါဆိုလပြည့် ၊ စနေနေ့၀ယ် ၊ ကြွေ့ကြွေ့လျှံတက်
ဓမ္မစက်ကို မိန့်မြွတ်ထွေပြား
ဟောဖော်ကြားသည်
တရားနတ်စည်ရွှမ်းတယ်ကို...။
_________________________________

အမှောင်ပျောက်၍ အလင်းရောက်ပါစေ...။
မူရင်းရေးတင်လှူသူအား
လေးစားစွာဖြင့် Credit ပေးပါတယ်။

ဈေးနှုန်းထက် ချုပ်ရိုးချုပ်သား သေသပ်မူ့၊ ပုံစံကျတဲ့ designer ရဲ့ လက်ရာတွေကြောင့် အိမ်နေရင်းထက် ထသွားထလာ ‌ရဲရဲ၀င့်၀င့် ပွ...
18/05/2022

ဈေးနှုန်းထက် ချုပ်ရိုးချုပ်သား သေသပ်မူ့၊ ပုံစံကျတဲ့ designer ရဲ့ လက်ရာတွေကြောင့် အိမ်နေရင်းထက် ထသွားထလာ ‌ရဲရဲ၀င့်၀င့် ပွဲလယ်တင့်စေတဲ့ အထည်လေးကို ကိုယ့်မြို့မှာ ပြန်ဖြန့်ချင်တယ်ဆို hello လုပ်လိုက်ပါ🥰

ဒီဒီဇိုင်းလေး ကြိုက်နှစ်သက်တယ်ဆို ခဏလေးစောင့်ပေးနော် 😁
ပထမ တတွဲက ပိုစ့်မတင်ခင် ကုန်သွားလို့ပါ😘😊

လက်တွဲချင်တဲ့ နယ်ဖောက်သည်များ
Viber - 09942879017 ကို hi ပေးနော်

💎💎💎💎💎💎💎💎💎💎;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;🙏  ကဆုန်လပြည့် ဗုဒ္ဓနေ့  🙏;;;;;;;;;;;;;;;;;;;;;;;;;;;;...
14/05/2022

💎💎💎💎💎💎💎💎💎💎
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
🙏 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏
;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;;
💎💎💎💎💎💎💎💎💎💎

#ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

🌞မှတ်ရန်ကဆုန်လပြည့်နေ့🌞

🔸 ကဆုန်လပြည့် (၅)နေ့ 🔸

(၁) ဗျာဒိတ်ခံယူသည့်နေ့
လေး အသင်္ချေကမ္ဘာတစ်သိန်း
အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။
(ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့်
(အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
💫💫💫💫💫💫💫💫💫💫💫💫💫
၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့နေ့ထူးနေ့မြတ်
ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့
၏ ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်,
ဗောဓိပင်, စံဝင်နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောကထွတ်ထား သဗ္ဗညု
မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတိုက်
ဆိုင်နေပါသည်၊ဤကဲ့သို့ ထူးခြား
ချက်လေးမျိုးနှင့်ပြည့်စုံသောကြောင့်
​ဤ နေ့ကို ` #ကဆုန်လပြည့်ဗုဒ္ဓနေ့´
ဟု အမွှန်းတင်ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန် လပြည့်နေ့တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့´အ
ဖြစ် ဗုဒ္ဓဘာသာဝင်တို့၏စိတ်အစဉ်
တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်
မူခြင်းများကို အကြောင်းပြု၍ ကဆုန်
လပြည့်နေ့ကို `ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြ
ပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရား
ဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု
၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေ
တီထိုက်သော ဗောဓိပင်ကို ရေသွန်း
လောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတ
ဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်
မူရာဌာနဖြစ်ခြင်းဖွားဖက်တော် ၇ ပါး
တွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်ထူး
ခြားသောသစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်
ဆက်စပ်၍ဗောဓိပင်၌ ရေသွန်းလောင်း
ခြင်းအစဉ်အလာကိုခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များ
အနက် ကဆုန်လ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အ
လာ သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှ
လွတ်ကင်းရခြင်းအကျိုးများကို ခံစား
ရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်
၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်း
လောင်းသောကုသိုလ်ကြောင့် နတ်
ပြည်၌ဖြစ်ရခြင်း၊အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း စသောအကျိုး
များကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်သူ
တော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ်
ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်
ပွား ဥဒ္ဒိဿစေတီတော်များကို အနေ
ကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသ
ဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ရှိကြပါသည်။ကျောင်း
ကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝ
နာ အမှုကို ပြုလုပ်၍ ကဆုန်လပြည့်
ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

မူရင်းရေးသားပူဇော်သောဆရာတော်အား
~~~~~~~~~~~~~~~~~~~~~~~~~
တပည့်တော်ဦးတင်ပါ၏ဘုရား
~~~~~~~~~~~~~~~~~~
credit
TTA

100% cotton အသားလုံး၀မပူပဲ လက်ရာအသေသပ်ဆုံး ချုပ်လုပ်ထားလို့ လက်ကားဖြန့်လိုသူများ cb (or) Viber မှာ ဆက်သွယ်ပေးပါနော် 🤩❣️5...
14/04/2022

100% cotton အသားလုံး၀မပူပဲ လက်ရာအသေသပ်ဆုံး ချုပ်လုပ်ထားလို့ လက်ကားဖြန့်လိုသူများ cb (or) Viber မှာ ဆက်သွယ်ပေးပါနော် 🤩❣️
5ရောင် တစည်း - 11,000ks (1ထည်ဈေး)

14/04/2022

လက်ရာသေသပ်မူ့ကို ‌စိတ်ချယုံကြည်စွာ အားပေးနိုင်ဖို့ အနီးကပ်လေး ရိုက်ပြထားပါတယ်နော် 💯💯💯

ချုပ်စာ ချန်ပြီး size ပြည့်လွန်းခြင်း၊ 100% cotton ဖြင့် ချုပ်လုပ်ထားလို့ ၀တ်သူတိုင်း အကြမ်းခံပြီး နွေမိုးဆောင်း ရာသီမရွေး အေးချမ်းပေါ့ပါးစေပါတယ်နော်။

L size - ရင် 40 (ပေါင်ချိန် 140 )
XL size - ရင် 42 (ပေါင်ချိန် 160 )

ကိုယ်မြို့မှာ ဒိုင်အနေဖြင့် လက်ကား ပြန်ဖြန့်လိုသူများလည်း Viber မှာ လာ hi ပေးနော်။

Viber- 09973241859

မနက်ခင်းတိုင်းမှာ ပျော်ရွှင်ခြင်းတွေနဲ့ အစပြုပြီး ဘ၀အမောတွေ အေးချမ်းကြပါစေ ရှင်
19/02/2022

မနက်ခင်းတိုင်းမှာ ပျော်ရွှင်ခြင်းတွေနဲ့ အစပြုပြီး ဘ၀အမောတွေ အေးချမ်းကြပါစေ ရှင်

Address

ချယ်ရီလမ်း
Yangon

Telephone

+959973241859

Website

Alerts

Be the first to know and let us send you an email when AUNG HEIN Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AUNG HEIN Fashion:

Share