Moon Moon May - Online Shop

Moon Moon May - Online Shop Health care & beauty cosmetic

ငါတို့ အရွယ်တစ်ခု ရောက်လာကြပြီ…။ငယ်ရွယ်မှုတွေ ချနင်းနေရတဲ့အရွယ်၊မလုပ်ချင်တဲ့အရာတွေ သည်းခံပြီး လုပ်နေရတဲ့အရွယ်၊မဆက်ဆံချင်...
12/02/2026

ငါတို့ အရွယ်တစ်ခု ရောက်လာကြပြီ…။
ငယ်ရွယ်မှုတွေ ချနင်းနေရတဲ့အရွယ်၊
မလုပ်ချင်တဲ့အရာတွေ သည်းခံပြီး လုပ်နေရတဲ့အရွယ်၊
မဆက်ဆံချင်လည်း ပြုံးပြီး ဖော်ရွေနေရတဲ့အရွယ်၊
ဘဝအခြေကျဖို့ စိတ်လောနေရတဲ့အရွယ်၊
ငွေနောက်လိုက်ရင်း ရှင်သန်မှုဟာ စက်ရုပ်ဆန်လာတဲ့အရွယ်၊

မိဘတွေ အိုမင်းလာတာကို ကြည့်ရင်း ဝမ်းနည်းတတ်လာတဲ့အရွယ်၊
အပေါင်းသင်းအသစ်တွေ မထားတတ်တော့သလို
ရှိပြီးသားတွေနဲ့လည်း စကားလက်ဆုံမကျဖြစ်တော့တဲ့အရွယ်၊
ဘဝထဲကနေ တစ်ယောက်ပြီး တစ်ယောက် ထွက်သွားနေကြတဲ့အရွယ်၊
အထီးကျန်ခြင်းတွေနဲ့ နေသားကျလာတဲ့အရွယ်၊
အသက်မငယ်တော့သလို
ထင်သလောက်လည်း အသက်မကြီးသေးတဲ့အရွယ်၊

ဘဝက ဒီလိုပါပဲ၊
မျက်စိတစ်မှိတ်အတွင်း ငါတို့ အရွယ်ရောက်ကြတယ်၊
မျက်စိတစ်မှိတ်အတွင်း ငါတို့ အိုမင်းကြတယ်၊

ကျန်ခဲ့တာတွေလည်း ရှိတယ်၊
ချန်ခဲ့တာတွေလည်း ရှိတယ်၊

ဘာပဲဖြစ်ဖြစ်
ရောက်လာတဲ့ အချိန်ခဏလေးကိုတော့ နောင်တမရှိဘဲ တန်တန်ကြီးဖြတ်သန်းချင်တယ်။

Crd

"တစ်ယောက်ကိုတစ်ယောက် ဘယ်နှစ်ကြိမ်လောက်ခွင့်လွှတ်ခဲ့ပြီးပြီလဲ" တဲ့..။စာသားလေး သဘောကျမိသလို ဆက်တွေးမိတာတွေလည်း အများကြီးပဲ...
19/09/2025

"တစ်ယောက်ကိုတစ်ယောက် ဘယ်နှစ်ကြိမ်လောက်
ခွင့်လွှတ်ခဲ့ပြီးပြီလဲ" တဲ့..။
စာသားလေး သဘောကျမိသလို ဆက်တွေးမိတာတွေလည်း အများကြီးပဲ။

ဟုတ်တယ် ။
ဆက်ဆံရေးတွေ ၊ ပတ်သတ်မှုတွေအချိန်ကြာမြင့်စွာ တည်မြဲနေဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်ဘဲ။

လူနှစ်ယောက် ဆက်နွယ်ထားတဲ့ Relationship တွေမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ အကျင့်စရိုက်တွေ အတွေးအခေါ် ကွာခြားမှုတွေ ခံယူချက်ချင်း သဟဇာတမဖြစ်မှုတွေကို အများကြီး ညှိနှိုင်းခဲ့ကြရမှာ။ အပြန်အလှန် သည်းခံခဲ့ရတာတွေလည်း ရှိမှာပါပဲ။

အများကြီးလည်း ခွင့်လွှတ်ခဲ့ကြရမှာပဲ။

ကိုယ့်စိတ်နဲ့ကိုယ်တောင် တစ်သားတည်းမဖြစ်တဲ့ လူ့သဘာဝကြားထဲ လူနှစ်ယောက် စိတ်သဘောထားချင်းညီဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။

တစ်ယောက်က အရေးတကြီး မဟုတ်ဘူးလို့ တွေးတဲ့ ကိစ္စတွေကို တခြားတစ်ယောက်က အရေးတကြီးလို ခံစားရတာလည်း ရှိခဲ့ကြမယ်။

တစ်ဖက်ရဲ့ ရိုးရိုးသားသားနားမလည်တဲ့ အမှားသေးသေးတွေက တစ်ဖက်အတွက် ကြီးမားတဲ့ ထိခိုက်မှုမျိုးဖြစ်သွားတာတွေလည်း ရှိမယ်။

ပျော်စရာတွေ ရှိသလို
စိတ်ပျက်ရတာတွေ စိတ်တိုရတာတွေလည်း ရှိကြမှာပဲ။

တစ်ယောက်ကိုတစ်ယောက် အလိုမကျတိုင်းသာ လက်လွှတ်ခဲ့ကြမယ်ဆိုရင် သက်ဆုံးတိုင်ဆိုတဲ့စကားတွေ ရိုးမြေကျဆိုတာတွေလည်း ရှိလာတော့မှာမဟုတ်ဘူး။

လူနှစ်ယောက် နှစ်တွေအကြာကြီး အတူရှိသွားကြတယ်ဆိုတာမျိုးကလေ အရာရာထပ်တူညီပြီး တစ်သဘောထားတည်း ဖြစ်​ေနလို့မဟုတ်ဘဲ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ခွင့်လွှတ်ခဲ့ကြလို့ပဲ။

ဘယ်နှစ်ကြိမ်လဲ မမှတ်မိနိုင်တော့တဲ့အထိ
အကြိမ်ပေါင်းများစွာပေါ့။

တစ်ယောက်ကို တစ်ယောက် ခွင့်မလွှတ်နိုင်ရင် ကျွန်တော်တို့ ဘယ်လိုမှ ရှေ့ဆက်လို့မရဘူး မဟုတ်လား။

တစ်ယောက်ရဲ့ ခံစားချက်ကို တစ်ယောက်က နားထောင်ပြီး အလေးထား ပြင်ဆင်ပေးဖို့လိုသလို တစ်ယောက်ရဲ့ အပြစ်တွေကို တစ်ယောက်က ခွင့်လွှတ်ပေးတတ်ဖို့လည်း အမှန်တကယ် လိုအပ်ပါ​သေးတယ်။

ဒါကြောင့် အချိန်ကြာကြီး တူတူရှိသွားချင်ကြတဲ့အခါ တချို့မသိတတ်မှုတွေ အမှားလေးတွေကို သက်ပြင်းချရင်း ခေါင်းလေးယမ်းရင်း ခွင့်လွှတ်လိုက်ကြရတာပါပဲ။

ခွင့်မလွှတ်နိုင်တော့အောင် စုထားမိတဲ့ စိတ်အနာလေးတွေအရမ်းများလာပြီဆိုရင်တော့ သက်ဆုံးတိုင်ဆိုတဲ့ ဇာတ်လမ်းလေးကို ကျွန်တော်တို့ ရပ်တန့်လိုက်ကြရမှာပဲပေါ့။

#နှင်းခါးဝိုင်

05/09/2025

🙏🙏🙏

ရှိရင်မလွယ်နဲ့ မရှိရင်မလွယ်ဘူး။ငွေကိုချွေတာမနိုင်ရင် ပိုရှာပါ။ ပိုရှာမနိုင်ရင်ချွေတာပါ။ရှိခင်မှာ ချွေတာပါ။ ရှိလာတဲ့အခါရှ...
18/08/2025

ရှိရင်မလွယ်နဲ့ မရှိရင်မလွယ်ဘူး။
ငွေကိုချွေတာမနိုင်ရင် ပိုရှာပါ။ ပိုရှာမနိုင်ရင်
ချွေတာပါ။

ရှိခင်မှာ ချွေတာပါ။ ရှိလာတဲ့အခါ
ရှိစည်းကမ်းရှိပါ။ ငွေရှာပြီး မချွေတာရင်
သေအောင်ရှာ မကြီးပွားပါဘူး။

သုံးလို့ ပိုတဲ့ ပိုက်ဆံကို မစုနဲ့
စုလို့ ပိုတဲ့ပိုက်ဆံကိုသာ သုံးပါ။ ငွေရှာတက်ဖို့ထက်
ငွေသုံးတက်ဖို့ လိုပါတယ်။

မလိုအပ်တာတွေ လျှောက်ဝယ်နေမယ်
ဆိုရင် မကြာခင်မှာပဲ လိုအပ်တာတွေကို
ပြန်ရောင်းရလိမ့်မယ်။

သင်ဟာ လူချမ်းသာတစ်ယောက် မဟုတ်သေးရင်
ဈေးကြီးတာတွေ ရှောင်ပါ။ ငွေရှာပါ၊ ငွေစုပါ။
လူအထင်ကြီးဖို့ မလိုဘူး၊ ဘဝအထိုင်ကျဖို့ပဲ လိုအပ်ပါတယ်။

သူဌေးက ဆင်းရဲသားလိုနေတတ်ရင်
လွယ်လွယ်နဲ့ မဆင်းရဲတက်သလို
ဆင်းရဲသားက သူဌေးလိုနေရင်တော့ ဘယ်တော့မှမချမ်းသာတက်တော့ပါဘူး။

ကံချင်းမတူကျတဲ့အခါမှာ.ရပိုင်ခွင့်တွေဟာလည်းမညီမမျှ ဖြစ်တတ်တယ်။.သူ့ကံနဲ့ ကိုယ့်ကံ ယှဉ်ကြည့်လို့.ပစ္စုပ္ပန် ကံချင်းတူနေရင်တ...
16/08/2025

ကံချင်းမတူကျတဲ့အခါမှာ.
ရပိုင်ခွင့်တွေဟာလည်း
မညီမမျှ ဖြစ်တတ်တယ်။.
သူ့ကံနဲ့ ကိုယ့်ကံ ယှဉ်ကြည့်လို့.
ပစ္စုပ္ပန် ကံချင်း
တူနေရင်တောင်မှ.
အတိတ်ကံ
အားကောင်းခဲ့တဲ့လူက
ရပိုင်ခွင့် ပိုအားကောင်းတယ်။.
သူကတော့
ဒီလောက်ကြီးရတယ်။.
ငါကတော့
ဒီလောက်လေးရတယ်။.
သူကတော့
ဦးစားပေးခံရတယ်။.
ငါကတော့
နောက်ချန်ခံရတယ်။.
ဒီလို အတွေးတွေနဲ့
ကိုယ့်ကိုယ် ကို.
လူတိုင်းနဲ့လိုက်ပြီး
တန်းညှိ မနေပါနဲ့။.
တစ်ခါတစ်လေမှာ
လူတွေဟာ ကိုယ့်ကိုယ် ကို.
အခြားလူနဲ့ယှဉ်ပြီး .
စိတ်ကြီးဝင်နေတတ်ကြ သလို.
တစ်ခါတလေ ကျတော့လည်း.
စိတ်အား ငယ်နေတတ်ပြန်ရော.
နည်းသည်ဖြစ်စေ များသည်ဖြစ်စေ.
ဆိုးသည်ဖြစ်စေ.ကောင်းသည်ဖြစ်စေ.
ကိုယ့်ရဲ့ကံဆိုတာ.
ကိုယ်ရသင့် ရထိုက်လို့ .
ရလာတဲ့အမွေတစ်ခုပါ။.
အခြားလူရဲ့.
အရောင်တောက်ပမှုတွေ ကြောင့်တော့ .
ကိုယ့်စိတ်ကို အပူအဟပ် မခံချင်ပါနဲ့။.
သူ့လို အရောင် တောက်ချင်ရင် တော့.
ကိုယ့်ကံကို ပြောင်အောင် တိုက် ချွတ်.
ဆေးကြောပေးရုံပဲ ရှိတာပါ။.

သားသမီးလေးတွေနဲ့ ပွေ့ဖက်ပြီးအိပ်ပါ သူတို့ကမိဘအောက်မှ ရှိနေတုန်းလေး ။ 💕💕💕ကလေးများသည် တစ်ကြိမ်သာငယ်ပြီး ကြီးပြင်းလာသောအခါ ...
11/08/2025

သားသမီးလေးတွေနဲ့ ပွေ့ဖက်ပြီးအိပ်ပါ သူတို့ကမိဘအောက်မှ ရှိနေတုန်းလေး ။ 💕💕💕

ကလေးများသည် တစ်ကြိမ်သာငယ်ပြီး ကြီးပြင်းလာသောအခါ သူတို့ရဲ့လမ်းနဲ့နေရာများ ရှာဖွေသွားကြပါမယ် ။

သူတို့ရဲ့ ငယ်စဉ်ကလေးဘဝနဲ့ ပျော်ရွှင်စွာဖြတ်သန်းပါ၊
ဒီနေ့ပဲကမ္ဘာကြီးကုန်ဆုံးသွားသလို ချစ်လိုက်ပါ
မနက်ဖြန် သူတို့ကြီးပြင်းလာမှာဖြစ်ပြီး သူတို့ကို ပွေ့ဖက်ဖို့အချိန်မရှိဘူးလို့ပဲထင်နေလိုက်ပါ။ ❤️

Crd

😔😔😔
27/07/2025

😔😔😔

📖-ကျွန်မ ပင်ပန်းနေပြီးဘယ်အရာကြောင့်ဆိုပြီး ခေါင်းစဥ်တပ်လို့ မရတော့လောက်အောင် အရာရာက ပြေးထွက်ချင်နေမိတဲ့အထိ ကျွန်မ ပင်ပန်...
13/07/2025

📖-ကျွန်မ ပင်ပန်းနေပြီး
ဘယ်အရာကြောင့်ဆိုပြီး ခေါင်းစဥ်တပ်လို့ မရတော့လောက်အောင် အရာရာက ပြေးထွက်ချင်နေမိတဲ့အထိ ကျွန်မ ပင်ပန်းနေခဲ့ပြီထင်တယ်.......

အဆင်ပြေလာမှာပါဆိုပြီး လျှောက်လာရင်းက တစ်နေရာရာမှာ လဲကျလို့ရရင် ကောင်းမယ်ဆိုပြီး တွေးနေမိတဲ့အထိကျွန်မ စိတ်ကော လူကော နွမ်းနေခဲ့ပြီး.......

ပုံမှန်ဆို ကျွန်မ သိပ်သန်မာချင်ယောင်ဆောင်တတ်တာ တော်ရုံတန်ရုံ ဒုက္ခမျိုးလောက်နဲ့ ထူးပြီး ညည်းပြနေတတ်တဲ့ လူတစ်ယောက်မဟုတ်ဘူး.....

ပြီးတော့ သိပ်အဆင်ပြေချင်ယောင်ဆောင်တတ်တာ ဘယ်သူ့ကိုမဆို ကိုယ့်ကြောင့် ပူသွားပါလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ဘယ်အဆင်မပြေမှုကိုမဆို သိမ်းထားပြီး ပြုံးပြုံးလေး ရင့်ကျက်ပြခဲ့တာလေ....

ဒီအချိန်မှာတော့ အဆင်ပြေရဲ့လားဆိုပြီး မေးမယ့် တစ်စုံတစ်ယောက်ကို တောင့်တနေမိတယ်.....

အဲ့ဒီမေးခွန်းလေးရဲ့အဆုံးမှာ ဘာတစ်ခုမှ အဆင်ပြေမနေတဲ့အကြောင်းကို ငိုပြီး ပြောလို့ရရင် ပြောပြချင်နေမိတယ်....

တစ်ကြိမ်တစ်ခါမှ ဒီလောက်ထိ မပြိုလဲခဲ့ဖူးသလို အဆင်ပြေသွားမှာပါဆိုပြီး ကိုယ့်ကိုယ်ကိုယ် မညာနိုင်တဲ့အထိ ရုပ်မပျက်ခဲ့ဖူးဘူး....

လုပ်လက်စ အလုပ်တွေကိုလေ ဖြစ်နိုင်ရင် နားထားချင်မိတဲ့အထိ စိတ်ကော လူကော ပင်ပန်းလို့ ဖြစ်လာမယ့် အကျိုးဆက်တွေကို မတွေးချင်တဲ့အထိ အရာရာက ခဏပဲဖြစ်ဖြစ် အနားယူနေချင်မိတာ.....

ကျွန်မ ပင်ပန်းနေပြီ ဒီအချိန်မှာ တစ်ခုခုကသာ အဆင်ပြေနေဦးမယ်ဆိုရင် အရာရာကို ကျော်လွှားနိုင်တဲ့အထိ ကျွန်မ သန်မာမှာပါ.....

ဒါပေမယ့် ဘယ်အရာကိုပဲ ငေးကြည့်ငေးကြည့် မပျော်စရာတွေ များနေတဲ့အခါ မျက်ရည်တွေပဲ ပျော်ကျလာရတယ်.....

ဒီရက်ထဲ ...
သတိမေ့တာတွေ
များလာတယ်..

တစ်ခုခုဆို
မျက်ရည် လွယ်လာတယ်...

ထစ်ကနဲရှိ
ဒေါသထွက်လွယ်နေတယ်...

တစ်နေရာရာကို
အကြာကြီး ငေးပြီး
ဘာတွေးနေမိတာလဲ
ပြန်တွေးမရတာတွေ ရှိလာတယ်...

ကိုယ့်နာမည်ကို သုံးလေးခါခေါ်မှ
ကြားရတဲ့ ရက်တွေရှိလာပြီး
အလုပ်တွေ လုပ်နေရင်းက
အတွေးတွေဟာ များလာနေတယ်....

ကျွန်မ ... တကယ် ပင်ပန်းနေပါပြီ ။ စိတ်ကော လူကောပေါ့ ဒီအချိန်မှာ အဆင်ပြေသွားမှာပါဆိုပြီး နှစ်သိမ့်ပေးတဲ့ စကားလုံးမျိုးပဲဖြစ်ဖြစ် ငိုချလိုက်ဆိုပြီး မြှောက်ပေမယ့် ပုခုံးမျိုးပဲဖြစ်ဖြစ် လိုနေမိတယ်.....

ကိုယ်မသိတဲ့အရပ်ကို ခရီးတွေထွက်ရင်း ဘယ်သူမှ မရှိတဲ့အရပ်မှာ ပန်းတွေပျိုးရင်း ကိုယ်ဟာ မနက်ဖြန်ကို စိတ်မပူပဲ ဖြတ်သန်းချင်လာမိတယ်......
#ကျေးကို

#မူရင်းရေးသားသူကိုအထူးလေးစားစွာဖြင့်Credit

10/07/2025

လွမ်းတယ် အမတို့ရေ
🥺🥺🥺

03/07/2025

ဝါတွင်း တနင်္ဂနွေ ၊ ဥပုသ် ကျောင်းပိတ်ရက်များ

ဇူလိုင်လပိတ်ရက်များ
၅-၇-၂၀၂၅ ---> စနေနေ့
၆-၇-၂၀၂၅ ---> တနင်္ဂနွေနေ့
၉-၇-၂၀၂၅ ---> ဓမ္မစက်ြာအခါတော်နေ့
၁၃-၇-၂၀၂၅ ---> တနင်္ဂနွေနေ့
၁၇-၇-၂၀၂၅ ---> ဥပုသ်နေ့ (ကြာသပတေး)
၁၉-၇-၂၀၂၅ ----> စနေနေ့ (အာဇာနည်နေ့)
၂၀-၇-၂၀၂၅ ---> တနင်္ဂနွေနေ့
၂၄-၇-၂၀၂၅ ---> ဥပုသ်နေ့ (ကြာသပတေး)
၂၇-၇-၂၀၂၅ ---> တနင်္ဂနွေနေ့

ဩဂုတ်လကျောင်းပိတ်ရက်
၁-၈-၂၀၂၅ ---> ဥပုသ်နေ့ (သောကြာ)
၃-၈-၂၀၂၅ ---> တနင်္ဂနွေနေ့
၈-၈-၂၀၂၅ ---> ဥပုသ်နေ့ (သောကြာ)
၁၀-၈-၂၀၂၅ ---> တနင်္ဂနွေနေ့
၁၆-၈-၂၀၂၅ ---> ဥပုသ်နေ့ (စနေ)
၁၇-၈-၂၀၂၅ ---> တနင်္ဂနွေနေ့
၂၂-၈-၂၀၂၅ ---> ဥပုသ်နေ့ (သောကြာ)
၂၄-၈-၂၀၂၅ ---> တနင်္ဂနွေနေ့
၃၀-၈-၂၀၂၅ ---> ဥပုသ်နေ့ (စနေ)

စက်တင်ဘာလ ကျောင်းပိတ်ရက်များ
၆-၉-၂၀၂၅ ---> ဥပုသ်နေ့ ( စနေ )
၇-၉-၂၀၂၅ ---> တနင်္ဂနွေ
၁၄-၉-၂၀၂၅ ---> တနင်္ဂနွေ ၊ ဥပုသ်
၂၁-၉-၂၀၂၅ ---> တနင်္ဂနွေ ၊ ဥပုသ်
(ရက်စား ပိတ်/မပိတ် မသိရသေး)
၂၈-၉-၂၀၂၅ ---> တနင်္ဂနွေနေ့
၂၉-၉-၂၀၂၅ ---> ဥပုသ်နေ့ (တနင်္လာ)

အောက်တိုဘာလ ကျောင်းပိတ်ရက်များ
၅-၁၀-၂၀၂၅ မှ ၁၂ - ၁၀ - ၂၀၂၅ ထိ သီတင်းကျွတ်ကျောင်းပိတ်ရက် (၈)ရက်
၁၈-၁၀-၂၀၂၅ ----> စနေနေ့
၁၉-၁၀-၂၀၂၅ ----> တနင်္ဂနွေနေ့
၂၅-၁၀-၂၀၂၅ ----> စနေနေ့
၂၆-၁၀-၂၀၂၅ ----> တနင်္ဂနွေနေ့

ဇူလိုင်လ ကျောင်းပိတ်ရက် (၉) ရက်

ဩဂုတ်လကျောင်းပိတ်ရက်(၉)ရက်

စက်တင်ဘာလ ကျောင်းပိတ်ရက်(၆)ရက် သို့မဟုတ် ရက်စားပိတ်မည်ဆိုပါက (၈)ရက်
မှတ်ချက် ။။ ၈ ရက်တော့ မထင်ပါ။

အောက်တိုဘာလ ကျောင်းပိတ်ရက် (၁၂)ရက်
Credit✌🏻

Address

Yangon
11061

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959443009110

Website

Alerts

Be the first to know and let us send you an email when Moon Moon May - Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moon Moon May - Online Shop:

Share