BlackSière Mon's Collections

BlackSière Mon's Collections Online shop currently based in Myanmar
What you will get if you shop with us?
- Satisfaction, Qualit

🖤 ကမ္ဘာကြီးကို ပြောင်းလဲဖို့ မကြိုးစားခင် ကိုယ့်ကိုကိုယ် အရင် ပြောင်းလဲကြရအောင် 🖤Let's make a change on ourselves before...
02/06/2022

🖤 ကမ္ဘာကြီးကို ပြောင်းလဲဖို့ မကြိုးစားခင် ကိုယ့်ကိုကိုယ် အရင် ပြောင်းလဲကြရအောင် 🖤
Let's make a change on ourselves before we try to change the world!
🖤 ဇွန်လ 30 ရက်နေ့အထိ Discount 5% ရယူလိုက်ပါ
Get 5% discount until 30th June
🖤 ဇွန်လ ၁၄ ရက်နေ့အထိ ၂မျိုးယူရင် ပို့ခ အခမဲ့
Free delivery for purchasing 2 items until 14th June

🖤 BlackSière Mon's Collections – Sports equipment

◾Resistance Band
Price – 15,900 Kyats
https://www.facebook.com/106278405423524/posts/117372187647479/?d=n

◾Pull-up Bar
Price – 18,500 Kyats
https://www.facebook.com/106278405423524/posts/117363574315007/?d=n

◾Abs Roller / Abs Wheel
Price – 11,500 Kyats
◾Abdominal Trainer
Price – 18,000 Kyats
https://www.facebook.com/106278405423524/posts/115396171178414/?d=n

◾Back Bending / Back Stretcher
Price – 13,500 Kyats
https://www.facebook.com/106278405423524/posts/117916880926343/?d=n

🖤 Back Bending Equipment 🖤Back Bending Equipment က ဘာတွေအကျိုးရှိစေလဲနေ့‌စဉ် ဖုန်း၊ ကွန်ပျူတာသုံးတာ၊ စာဖတ်တာ၊ အလုပ်လုပ်န...
01/06/2022

🖤 Back Bending Equipment 🖤
Back Bending Equipment က ဘာတွေအကျိုးရှိစေလဲ
နေ့‌စဉ် ဖုန်း၊ ကွန်ပျူတာသုံးတာ၊ စာဖတ်တာ၊ အလုပ်လုပ်နေတဲ့ အချိန်တွေမှာ ခါးကိုင်းထားမိတတ်ကြပေမဲ့ သတိမထားမိတတ်ကြပါဘူး။ ခါးရိုးဆန့်လိုက်မိတော့မှ ငါတော်တော်ညောင်းနေပါလားလို့ သိလိုက်ရတော့တယ်။
ဒီလိုနေပါများရင် ခန္ဓာကိုယ်ဟန်ချက်ပျက်စေပြီး ခါးနာရောဂါမျိုး ရတတ်ပါတယ်။
ဆို‌တော့ ဒါကို ဘယ်လိုဖြေရှင်းမလဲ။ တချို့ကတော့ ခေါင်းဦး (သို့) စောင်ခေါက်လေးကို ကျောအောက်မှာ ထားပြီး လှဲတာမျိုး လုပ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ ရေရှည်မှာ သိပ်အဆင်မပြေပါဘူး။ ခေါင်းဦးတို့ ဘာတို့က ခန္ဓာကိုယ်အလေးချိန်ကို အကြာကြီး မထိန်းထားနိုင်ပါဘူး။
ဒါကို အဆင်ပြေစေဖို့ Back bending equipment (သို့) Back stretcher ကို သုံးပေးလို့ရပါတယ်။
ဒီ equipment က ခါးကျော၊ ပုခုံး၊ ရင်ဘတ် နဲ့ Hip တို့ကို သန်မာစေပါတယ်။ ကျောရိုးကို ဆန့်ထုတ်ပေးပြီး ခန္ဓာကိုယ်ကိုလဲ ပျော့ပြောင်းစေပါတယ်။
Back bending လုပ်ခြင်းဟာ အပူထုတ်ပေးပြီး ခန္ဓာကိုယ်ကို လန်းဆန်း အားအင်ဖြစ်စေတာမို့လို့ အိပ်ရာဝင်ခါနီးအချိန်မှာ လုပ်ဖို့ မသင့်တော်ပါဘူး အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

ဒီ Back Bending Equipment (သို့) Back Stretcher ကို BlackSière Mon's Collections မှာ မှာယူလို့ပါပြီ
🖤 စျေးနှုန်းကတော့ - ၁၃၅၀၀ ကျပ်ပါ
🖤 မှာယူချင်တယ်ဆိုရင်တော့ Page Messenger ကနေတဆင့် မှာယူနိုင်ပါတယ်။
🖤 Preorder မို့လို့ ကားလမ်းအခြေအနေပေါ်မူတည်ပြီး ကြာချိန် ၂ပတ်/ ၂ပတ်ကျော်ကျော်လောက်တော့ ကြာပါမယ်။
🖤 ရန်ကုန်မြို့တွင်းဆိုရင် ပစ္စည်းလက်ထဲရောက်မှ ငွေချေရမှာပါ
🖤 Cash/KBZPay/CBPay/WavePay အဆင်ပြေတာနဲ့ ပေးလို့ရပါတယ်
🖤 နယ်ဆိုရင်တော့ ပစ္စည်းကားတင်မပေးခင် ငွေလွှဲပေးရပါမယ်နော်၊ Delivery service နဲ့ အိမ်အရောက်ပို့ ရတဲ့ မြို့များကတော့ ငွေကြိုလွှဲစရာမလိုပါဘူး။
🖤 မြန်မာတစ်နိုင်ငံလုံးကို ပို့ဆောင်ပေးပါတယ်

🖤 Resistance Band - One Set 🖤အိမ်မှာပဲ workout လုပ်ချင်သူတိုင်း Resistance Band ဘာကြောင့်ရှိထားသင့်တာလဲ◾လောလောဆယ် Gym မသ...
31/05/2022

🖤 Resistance Band - One Set 🖤
အိမ်မှာပဲ workout လုပ်ချင်သူတိုင်း Resistance Band ဘာကြောင့်ရှိထားသင့်တာလဲ

◾လောလောဆယ် Gym မသွားနိုင်သေးလို့ အိမ်မှာပဲဆော့ချင်သူများအတွက် တခြားကိရိယာများမလိုအပ်ပဲ Resistance band နဲ့သာ ဆော့ကစားနိုင်တယ်
◾ကြွက်သားတွေကို အားကောင်းစေပြီး ကြွက်သားထွက်စေတယ်
◾အဆီတွေ လောင်ကျွမ်းပေးနိုင်တယ်
◾အကုန်အကျမများပဲ ဈေးသက်သာတယ်
◾ပေါ့ပါးပြီး သယ်ယူရလွယ်ကူတယ်
◾လူတိုင်း ကျားမအရွယ်မရွေးကစားလို့ရတယ်

အသုံးဝင်လွန်းလှတဲ့ Resistance band တွေကို BlackSière Mon's Collections မှာ မှာယူလို့ပါပြီ
◾စျေးနှုန်းကတော့ - ၁၅၉၀၀ ကျပ်ပါ
One Set မှာ ၁၁မျိုးပါပါတယ် (TPE အသားဖြင့်ပြုလုပ်ထားသောကြိုး ၅ကြိုး + လက်ကိုင် ၂ခု + ခြေဖဝါးအစွတ် ၂ခု + တံခါးတွင်ညှပ်ရန် ၁ခု + အိတ် ၁လုံး)

🖤 မှာယူချင်တယ်ဆိုရင်တော့ Page Messenger ကနေတဆင့် မှာယူနိုင်ပါတယ်။
🖤 Preorder မို့လို့ ကားလမ်းအခြေအနေပေါ်မူတည်ပြီး ကြာချိန် ၂ပတ်/ ၂ပတ်ကျော်ကျော်လောက်တော့ ကြာပါမယ်။
🖤 ရန်ကုန်မြို့တွင်းဆိုရင် ပစ္စည်းလက်ထဲရောက်မှ ငွေချေရမှာပါ
🖤 Cash/KBZPay/CBPay/WavePay အဆင်ပြေတာနဲ့ ပေးလို့ရပါတယ်
🖤 နယ်ဆိုရင်တော့ ပစ္စည်းကားတင်မပေးခင် ငွေလွှဲပေးရပါမယ်နော်၊ Delivery service နဲ့ အိမ်အရောက်ပို့ ရတဲ့ မြို့များကတော့ ငွေကြိုလွှဲစရာမလိုပါဘူး။
🖤 မြန်မာတစ်နိုင်ငံလုံးကို ပို့ဆောင်ပေးပါတယ်

🖤 Pull-up Bar 🖤ဘားခိုရင် ဘာဖြစ်မလဲဘားခိုတာဟာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ဒီလေ့ကျင့်ခန...
31/05/2022

🖤 Pull-up Bar 🖤
ဘားခိုရင် ဘာဖြစ်မလဲ
ဘားခိုတာဟာ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းဟာ ကျောဘက်၊ လက်မောင်း၊ ပုခုံး ကြွက်သားတွေကို ကြံ့ခိုင်စေတယ်။ လက်ရဲ့ညှစ်အားကို သန်မာစေတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြံ့ခိုင်မှု ကို ထောက်ပံ့ပေးနိုင်ပါတယ်။
နောက်ကျောနာခြင်း၊ သွေးတိုး ဆီးချိုရောဂါတို့ကို ထိန်းညှိပေးနိုင်ပါတယ်။
စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြမှု စိတ်ပိုင်းဆိုင်ရာခံစားမှုတွေကိုလဲ ကောင်းမွန်စေနိုင်ပါတယ်
ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ pull-up bar နဲ့ အိမ်မှာပဲ အလွယ်တကူ လေ့ကျင့်ချင်တယ်ဆိုရင်တော့ BlackSière Mon's Collections မှာ မှာယူနိုင်ပါပြီ
◾စျေးနှုန်းကတော့ - ၁၈၅၀၀ ကျပ်ပါ
◾Pull-up bar ကို တံခါးဘောင် ၂ခုမှာ ပုံပါအတိုင်း ညှပ်ထားပြီး အလွယ်တကူ ခိုနိုင်ပါတယ် အပေါက်တွေဘာတွေ ဖောက်ဖို့မလိုအပ်ပါဘူး
◾130Kg အထိ ထိန်းထားနိုင်ပါတယ်
◾တံခါးဘောင်အကျယ် 23 - 39 လက်မ ရှိတဲ့ တံခါးတွေမှာ အသုံးပြုနိုင်ပါတယ်
◾အရည်အသွေးမြင့် စတီးနဲ့ပြုလုပ်ထားပြီး လက်ကိုင်နေရာမှာ ချွေးစုပ်စေတဲ့ ဖော့ကို ၂ထပ်ခံထားပေးပါတယ်

🖤 မှာယူချင်တယ်ဆိုရင်တော့ Page Messenger ကနေတဆင့် မှာယူနိုင်ပါတယ်။
🖤 Preorder မို့လို့ ကားလမ်းအခြေအနေပေါ်မူတည်ပြီး ကြာချိန် ၂ပတ်/ ၂ပတ်ကျော်ကျော်လောက်တော့ ကြာပါမယ်။
🖤 ရန်ကုန်မြို့တွင်းဆိုရင် ပစ္စည်းလက်ထဲရောက်မှ ငွေချေရမှာပါ
🖤 Cash/KBZPay/CBPay/WavePay အဆင်ပြေတာနဲ့ ပေးလို့ရပါတယ်
🖤 နယ်ဆိုရင်တော့ ပစ္စည်းကားတင်မပေးခင် ငွေလွှဲပေးရပါမယ်နော်၊ Delivery service နဲ့ အိမ်အရောက်ပို့ ရတဲ့ မြို့များကတော့ ငွေကြိုလွှဲစရာမလိုပါဘူး။
🖤 မြန်မာတစ်နိုင်ငံလုံးကို ပို့ဆောင်ပေးပါတယ်

🖤 Abs Roller or Abs Wheel 🖤 ပွင့်ပွင့်လင်းလင်းပြောရရင် Abs Roller ကို တီထွင်ခဲ့သူဟာ တကယ့်ကို ပါရမီရှင်တစ်ယောက်ပါ။ သူ့တည်...
27/05/2022

🖤 Abs Roller or Abs Wheel 🖤
ပွင့်ပွင့်လင်းလင်းပြောရရင် Abs Roller ကို တီထွင်ခဲ့သူဟာ တကယ့်ကို ပါရမီရှင်တစ်ယောက်ပါ။
သူ့တည်ဆောက်ထားတာက ဘီးရယ် ဘားတစ်ခုရယ်ပဲ ပါတာပါ... ဒီဇိုင်း concept ရိုးရိုးရှင်းရှင်းလေးပေမယ့် 6 packs abs ရဖို့ အရမ်းကို ထိရောက်လွန်းလှပါတယ်။ 💪🏻
ကစားနည်းကလဲ လွယ်လွယ်ရှင်းရှင်းလေးပါ..
ဒူးနှစ်ဖက် ဒေါက်ထားမယ်၊ လက်ကိုင်နေရာကနေကိုင်မယ်၊ ဘီးကိုရှေ့ကို လှိမ့်ထုတ်သွားမယ်၊ ပြီးရင် ပြန်ဆွဲလာမယ် မူလအနေအထားကို ပြန်ရောက်မယ်

- လုပ်နည်း YouTube link လေးပါ https://www.youtube.com/watch?v=rqiTPdK1c_I

ဒီလေ့ကျင့်ခန်းဟာ ကြွက်သားအုပ်စုများစွာကို တစ်ပြိုင်နက်တည်း အားကောင်းစေတဲ့ ပေါင်းစပ်လှုပ်ရှားမှုတစ်ခုပါ။ လုပ်ရတာရိုးရှင်းပေမယ့် အခုမှစလုပ်သူတွေအတွက်ကတော့ ခက်ခဲနိုင်ပါတယ်။ ဘာလို့ဆို ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို ဟန်ချက်ထိန်းပြီး ကိုင်တွယ်ရတာမို့လို့ပါ။
ဒီ roller နဲ့ ကစားပေးခြင်းဟာ ခန္ဓာကိုယ်အပေါ်ပိုင်း လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ ကြံ့ခိုင်မှုကို အထိရောက်ဆုံး အကောင်းဆုံး လေ့ကျင့်ခန်းပါ။

🥰Abs Roller ရဲ့ ကောင်းကျိုး အချို့
Core တည်ငြိမ်မှု ကြံ့ခိုင်မှုကို တည်ဆောက်ရာမှာ တစ်ခုတည်းနဲ့ ပြည့်စုံစေတယ်။
ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးကို သန်မာစေတယ်။
ပေါ့ပါးတယ်။ သယ်ဆောင်ရလွယ်ကူပြီး သိမ်းဆည်းရလဲ လွယ်ကူပါတယ်။
စျေးပေါတယ်။

သူ့ရဲ့အားနည်းချက်ကတော့ -
အခုမှ အသစ်စလုပ်မယ့်သူများအတွက် Abs Roller ဟာ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ ဆက်လေ့ကျင့်သွားမယ်ဆိုရင် ရက်အနည်းငယ်အတွင်း လွယ်ကူစွာလုပ်နိုင်လာမှာဖြစ်ပါတယ်

◾Abs Roller နဲ့ လေ့ကျင့်ချင်တဲ့သူတွေအတွက် BlackSière Mon's Collections မှာ မှာယူနိုင်ပါပြီ
စျေးနှုန်းကတော့ - ၁၁၅၀၀ ကျပ်ပါ
◾Abs roller နဲ့ဆင်တူပြီး ကစားနည်းပိုစုံအောင် ကစားလို့ရတဲ့ Abdominal trainer ရဲ့ စျေးနှုန်းကတော့ - ၁၈၀၀၀ ကျပ်ပါ

🖤 Abs Roller ကို မှာယူချင်တယ်ဆိုရင်တော့ Page Messenger ကနေတဆင့် မှာယူနိုင်ပါတယ်။
🖤 Preorder မို့လို့ ကားလမ်းအခြေအနေပေါ်မူတည်ပြီး ကြာချိန် ၂ပတ်/ ၂ပတ်ကျော်ကျော်လောက်တော့ ကြာပါမယ်။
🖤 ရန်ကုန်မြို့တွင်းဆိုရင် ပစ္စည်းလက်ထဲရောက်မှ ငွေချေရမှာပါ
🖤 Cash/KBZPay/CBPay/WavePay အဆင်ပြေတာနဲ့ ပေးလို့ရပါတယ်
🖤 နယ်ဆိုရင်တော့ ပစ္စည်းကားတင်မပေးခင် ငွေလွှဲပေးရပါမယ်နော်၊ Delivery service နဲ့ အိမ်အရောက်ပို့ ရတဲ့ မြို့များကတော့ ငွေကြိုလွှဲစရာမလိုပါဘူး။
🖤 မြန်မာတစ်နိုင်ငံလုံးကို ပို့ဆောင်ပေးပါတယ်

သိပ္ပံနည်းကျကျ ဗိုက်အဆီကျစေမယ့် နည်းလမ်း ၆ ခု နဲ့ Plank လေ့ကျင့်ခန်းကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်တတ်တဲ့သူတော်တော်...
20/05/2022

သိပ္ပံနည်းကျကျ ဗိုက်အဆီကျစေမယ့် နည်းလမ်း ၆ ခု နဲ့ Plank လေ့ကျင့်ခန်း

ကျန်းမာရေးနဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်တတ်တဲ့သူတော်တော်များရဲ့ ပန်းတိုင်တစ်ခုကတော့ ဗိုက်အဆီချခြင်း ဖြစ်ပါတယ်။ ဝမ်းဗိုက်အဆီဟာ ကျန်းမာရေးအတွက်အန္တရာယ်ရှိသော အမျိုးအစားတစ်ခုဖြစ်ပါတယ်။ လေ့လာမှုများအရ အမျိုးအစား-၂ ဆီးချိုရောဂါနဲ့ နှလုံးရောဂါကဲ့သို့သော ရောဂါများနဲ့ အသေအချာဆက်စပ်မှုတွေရှိနေတာကို တွေ့ရှိထားပါတယ်။ ဒါကြောင့် ဝမ်းဗိုက်အဆီကျဖို့အရေးသည် သင့်ကျန်းမာရေးအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။
သင့်ခါးပတ်ပတ်လည်ကို တိုင်းတာကြည့်ပါက အဝလွန်နေပြီလားဆိုတာ ယေဘုယျသိနိုင်ပါတယ်။ ဝနေမှန်းသိမှ အဆီချဖို့ နောက်တစ်ဆင့်တက်ရမှာမို့ပါ။ ပေကြိုး (သို့) ကြိုးရှည်နဲ့လဲ တိုင်းတာနိုင်ပါတယ်။ အမျိုးသားတွေမှာ လက်မ ၄၀ (၁၀၂ စင်တီမီတာ) အထက်နှင့် အမျိုးသမီးတွေမှာ ၃၅ လက်မ (၈၈ စင်တီမီတာ) အထက် ရှိနေပြီဆိုရင် အဝလွန်နေပြီ တနည်းအားဖြင့် အဆီချဖို့လိုပြီဟု သတ်မှတ်နိုင်ပါတယ်။
လေ့ကျင့်ခန်းများစွာရှိသော်လည်း တစ်ချို့လေ့ကျင့်ခန်းတွေက တစ်ကိုယ်လုံးအဆီချနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်သလို၊ တချို့လေ့ကျင့်ခန်းတွေကတော့ ကိုယ်ခန္ဓာ၏အခြားနေရာများထက် ဝမ်းဗိုက်မှာရှိတဲ့ အဆီပိုများကို ပစ်မှတ်ထားတာမျိုးရှိပါတယ်။
တစ်ခုရှိတာက ဗိုက်အဆီချဖို့ဆိုတာ လေ့ကျင့်ခန်းလုပ်နေရုံနဲ့ မပြီးမြောက်နိုင်ပဲ နေ့စဉ်စားသောက်နေတဲ့ အစားအသောက်တွေပေါ်မှာလဲ အများကြီးမူတည်ပါတယ်။
အရင်ဆုံး အစားအသောက်နဲ့ သက်ဆိုင်တဲ့ အခြေခံနည်းလမ်း ၆ ခုကို လေ့လာကြည့်ကြရအောင်။
၁။ သကြားနှင့် သကြားပါသော အချိုရည်များကို ရှောင်ပါ။
သကြားပါသော အစားအစာများဟာ သင့်ကျန်းမာရေးအတွက် ကောင်းကျိုးမရှိပါ။ သကြားပါတဲ့ အစားအစာမျိုးတွေ အများကြီးစားတာက ကိုယ်အလေးချိန် တက်စေနိုင်ပါတယ်။ လေ့လာမှုများအရ ပြုပြင်ထားသော သကြားဟာ ကျန်းမာရေးအပေါ် အန္တရာယ်ရှိသော သက်ရောက်မှုများရှိပါတယ်။ သကြားအလွန်အကျွံစားသုံးခြင်း အထူးသဖြင့် Fructose ပမာဏများပြားခြင်းဟာ သင့်ဝမ်းဗိုက်နဲ့ အသည်းတစ်ဝိုက်တွင် အဆီများ စုပုံလာစေနိုင်ပါတယ်။ သကြားမှာ ဂလူးကို့စ်တစ်ဝက်နဲ့ Fructose တစ်ဝက်ပါဝင်ပါတယ်။ သကြားများများစားတဲ့အခါ အသည်းက Fructose နဲ့ ပြည့်လာပြီး အဆီအဖြစ် ပြောင်းလဲလိုက်ပါတယ်။ သူက ဝမ်းဗိုက်အဆီနဲ့ အသည်းအဆီပိုများကို တိုးစေပြီး အင်ဆူလင်ခုခံမှုနဲ့ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ပြဿနာများကို တိုးလာစေပါတယ်။ သကြားအမြောက်အမြားပါတဲ့ အချိုရည်တွေက ပိုဆိုးပါတယ်။ ဦးနှောက်က ကယ်လိုရီကို အရည်အဖြစ်ဝင်လာတဲ့အခါမှာ များနေပြီဆိုတာကို သိပ်သိပုံမပေါ်တာကြောင့် သကြားပါတဲ့ အချိုရည်တွေသောက်တဲ့အခါ အလွန်အကျွံဖြစ်နေနိုင်ပါတယ်။ ကလေးများသည် သကြားပါတဲ့ အချိုရည် (၁၀) ကြိမ်စီ သောက်သုံးခြင်းဖြင့် အဝလွန်နိုင်ခြေ ၆၀ ရာခိုင်နှုန်း ပိုများကြောင်း လေ့လာတွေ့ရှိခဲ့သည်။
သင်စားသော အစားအစာများတွင် သကြားပမာဏကို လျှော့ချပြီး သကြားပါတဲ့ အချိုရည်များကို လုံးဝဖယ်ရှားရန်စဉ်းစားပါ။ သကြားပါသော အချိုရည်များ၊ ဆိုဒါများ၊ သစ်သီးဖျော်ရည်များနှင့် သကြားများသော အားအင်ဖြည့် ဖျော်ရည်များ ပါဝင်ပါတယ်။
ကုန်ပစ္စည်းထုတ်ကုန်များတွင် သန့်စင်ထားသောသကြားများ မပါဝင်ကြောင်း သေချာစေရန် အညွှန်းများကို ဖတ်ပါ။ Healthy Food ဆိုပြီး ဈေးကွက်တင်ရောင်းချတဲ့ အစားအစာများပင်လျှင် သကြားပမာဏများစွာ ပါဝင်နိုင်ပါတယ်။
သဘာဝသစ်သီးတွေကတော့ ဒါတွေနဲ့ ဆန့်ကျင်ဘက်ပါ။ အသီးတွေက ကျန်းမာစေပြီး အမျှင်ဓာတ်များ ပါဝင်တာကြောင့် Fructose ဆိုးကျိုးများကို လျော့ပါးသက်သာစေပါတယ်။
၂။ ပရိုတင်းဓာတ်များများစားပါ။
ပရိုတိန်းဟာ ကိုယ်အလေးချိန် လျှော့ချရန်အတွက် အရေးအကြီးဆုံး အာဟာရဖြစ်ပါတယ်။ လေ့လာမှုတွေအရ ပရိုတင်းဟာ စားချင်စိတ်ကို ၆၀% လျှော့ချပေးနိုင်ပြီး၊ တစ်နေ့ကို ကယ်လိုရီ ၈၀-၁၀၀ လောက် လောင်ကျွမ်းဖို့ကို မြှင့်တင်ပေးနိုင်ပြီး ၄၄၁ ကယ်လိုရီ လျှော့စားချင်အောင် လုပ်‌ဆောင်ပေးပါတယ်။ ကိုယ်အလေးချိန် လျှော့ချခြင်းဟာ သင့်ရည်မှန်းချက်ဆိုရင် အစာစားတဲ့အခါ ပရိုတင်းပါဝင်အောင် ထည့်စားခြင်းဟာ အထိရောက်ဆုံး ပြောင်းလဲမှု ဖြစ်စေနိုင်ပါတယ်။
ပရိုတင်းက သင့်ကို ကိုယ်အလေးချိန်ကျအောင် ကူညီပေးရုံသာမက ကိုယ်အလေးချိန်ပြန်မတက်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ပရိုတင်းကို ပိုစားတဲ့သူတွေမှာ ဆာလောင်မှုလျော့နည်းကာ ဝမ်းဗိုက်အဆီတွေ ပိုနည်းတာကို လေ့လာတွေ့ရှိရပါတယ်။
အခြားလေ့လာမှုတစ်ခုအရ ပရိုတင်းဓာတ်ဟာ အမျိုးသမီးတွေမှာ ၅ နှစ်နှင့်အထက် ဝမ်းဗိုက်အဆီ တိုးနိုင်ခြေကို သိသိသာသာလျော့ကျစေပါတယ်တဲ့။
လိုအပ်သော ကယ်လိုရီ ၂၅-၃၀ ရာခိုင်နှုန်းကို ပရိုတင်းမှ ရရှိနိုင်ပါတယ်။ ဒါကြောင့် ပရိုတင်းဓာတ်မြင့်မားတဲ့ ကြက်ဥ၊ ငါး၊ ပဲအမျိုးမျိုး၊ အခွံမာသီး၊ အသားနဲ့ နို့ထွက်ပစ္စည်းများကဲ့သို့သော အစားအစာများကို ပိုမိုစားသုံးပါ။
အစားအသောက်ထဲမှာ ထည့်မစားဖြစ်တဲ့သူတွေအနေနဲ့ ပရိုတင်းအမှုန့်အဖြစ်လဲ သောက်သုံးနိုင်ပါတယ်။ ဈေးကွက်ထဲမှာ အလွယ်တကူရှာနိုင်ပါတယ်။
၃။ ကာဗိုဟိုက်ဒရိတ်ကို လျှော့စားပါ။
ကာဗိုဟိုက်ဒရိတ် လျှော့စားခြင်းဟာ အဆီကျဖို့အတွက် အလွန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
ဒါကို လေ့လာမှုတွေ အများအပြားက ထောက်ခံထားပါတယ်။ လူတွေက ကာဗိုဟိုက်ဒရိတ်ကို လျှော့ချလိုက်တဲ့အခါ သူတို့ရဲ့ အစာစားချင်စိတ် ကျသွားပြီး ကိုယ်အလေးချိန် ကျသွားကြတာပါ။
ကာဗိုဟိုက်ဒရိတ်နည်းသော အစားအစာများသည် တစ်ခါတစ်ရံတွင် အဆီနည်းသော အစားအစာများထက် ကိုယ်အလေးချိန် ၂ - ၃ ဆပို၍ ကိုယ်အလေးချိန်ကျစေနိုင်ပါတယ်တဲ့။
ကာဗိုဟိုက်ဒရိတ် လျှော့ပြီးစားသုံးခြင်းဟာ ဝမ်းဗိုက်နဲ့ ကိုယ်တွင်းအင်္ဂါများ၊ အသည်းတစ်ဝိုက်ရှိ အဆီများကို လျှော့ချပေးပါတယ်။ ဆိုလိုသည်မှာ ကာဗိုဟိုက်ဒရိတ်နည်းသော အစားအသောက်များတွင် ဆုံးရှုံးသွားသော အဆီအချို့က အန္တရာယ်ရှိသော ဝမ်းဗိုက်အဆီတွေဖြစ်ပါတယ်။
သကြား၊ သကြားလုံးနဲ့ ပေါင်မုန့်ဖြူတွေလိုမျိုး သန့်စင်ပြီး ကာဗိုဟိုက်ဒရိတ်တွေကို ရှောင်ကြဉ်ရုံနဲ့၊ အထူးသဖြင့် ပရိုတင်းစားသုံးမှု မြင့်မားနေမယ်ဆိုရင်လဲ လုံလောက်ပါတယ်။
ကိုယ်အလေးချိန် မြန်မြန်ကျဖို့ဆိုရင်တော့ တချို့လူတွေက တစ်နေ့ကို ကာဗိုဟိုက်ဒရိတ်စားသုံးမှုကို ၅၀ ဂရမ်အထိ လျှော့ချကြပါတယ်။ ဒါဟာ သင့်ခန္ဓာကိုယ်ကို ketosis ဖြစ်စေတာပါ။ သဘောက အဓိကလောင်စာနဲ့ အစာစားချင်စိတ် လျော့နည်းသွားတာကြောင့် ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီတွေကို စတင်လောင်ကျွမ်းစေတဲ့ အခြေအနေကို ဖြစ်ပေါ်စေတာပါ။
ကာဗိုဟိုက်ဒရိတ်နည်းတဲ့ အစားအစာတွေဟာ ကိုယ်အလေးချိန် လျှော့ချပေးရုံတင်မကပဲ အခြားကျန်းမာရေး အကျိုးကျေးဇူးများစွာရရှိစေပါတယ်။ ဥပမာအားဖြင့်၊ အမျိုးအစား-၂ ဆီးချိုရောဂါရှိသူများတွင် ကျန်းမာရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်ပါတယ်။
၄။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။
အမျှင်ဓာတ်သည် အများအားဖြင့် အစာမကြေနိုင်သော အပင်များကို ဆိုလိုပါတယ်။ အမျှင်ဓာတ်များများစားခြင်းက ကိုယ်အလေးချိန်ကျဖို့ ကူညီပေးနိုင်ပါတယ်။ ဒါပေမယ့် ဘယ်အမျှင်ဓာတ် အမျိုးအစားစားရမလဲက အရေးကြီးပါတယ်။ အများအားဖြင့် ပျော်ဝင်နိုင်သောအမျှင်ဓါတ်နဲ့ ပျစ်တဲ့အမျှင်များဟာ ရေနဲ့ ပေါင်းစပ်ပြီးနောက် အူအတွင်းမှာ ဂျယ်လီတစ်ခု ဖြစ်လာစေသည့် အမျှင်များဖြစ်တာကြောင့် အဲ့ဒီ့အမျှင်အမျိုးအစားတွေကို စားပေးသင့်ပါတယ်။ ဒီဂျယ်လီက အစာခြေစနစ်ကို သိသိသာသာ နှေးကွေးစေနိုင်သလို အစာချေဖျက်မှုနဲ့ အာဟာရစုပ်ယူမှုကိုလည်း နှေးကွေးစေနိုင်ပါတယ်။ နောက်ဆုံးရလဒ်မှာ အချိန်ကြာကြာဗိုက်ပြည့်နေသလို ခံစားရခြင်းနဲ့ အစာစားချင်စိတ်ကို လျော့နည်းခြင်းတို့ ဖြစ်စေတာဖြစ်ပါတယ်။
တစ်နေ့ကို အမျှင်ဓာတ် ၁၄ ဂရမ်လောက်စားသုံးပေးခြင်းဟာ ကယ်လိုရီစားသုံးမှု ၁၀% ကျဆင်းခြင်းနဲ့ ၄ လ တာကာလအတွင်းမှာ ကိုယ်အလေးချိန် ၄.၅ ပေါင် (၂ ကီလိုဂရမ်) ကျဆင်းစေပါတယ်။ အမျှင်ဓာတ် ၁၀ ဂရမ် စားသုံးခြင်းသည် ဝမ်းဗိုက်အတွင်း အဆီပမာဏ ၃.၇ ရာခိုင်နှုန်း လျော့ကျသွားစေနိုင်ပါတယ်။
ဆိုလိုသည်မှာ ပျော်ဝင်နိုင်သော အမျှင်ဓာတ်သည် ဗိုက်အဆီများကို လျှော့ချရာတွင် အထူးထိရောက်မှု ရှိနိုင်သည်ဟု ဆိုလိုပါသည်။
အမျှင်ဓာတ်များများရရှိရန် အကောင်းဆုံးနည်းလမ်းကတော့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများအပါအဝင် အများအပြားစားရန်ဖြစ်သည်။ ပဲအမျိုးအမျိုးဟာလဲ အရင်းအမြစ်ကောင်းတစ်ခုဖြစ်သလို အချို့သော ကောက်ပဲသီးနှံများ (cereal) များဖြစ်သည့် ကွေကာအုပ်အကြမ်း ကိုလဲ စားသုံးပေးနိုင်ပါတယ်။
Glucomannan လိုမျိုး အမျှင်ဓာတ် ဖြည့်စွက်အားဆေးကိုလည်း သောက်သုံးနိုင်ပါတယ်။ နားလည်သူဆရာဝန်များနဲ့ တိုင်ပင်ပြီးမှ သောက်ကြဖို့ သတိပေးလိုပါတယ်။
၅။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်တာဟာ အသက်ရှည်ကျန်းမာစွာ နေထိုင်နိုင်စေဖို့နဲ့ ရောဂါဘယတွေကို ရှောင်ရှားနိုင်စေဖို့အတွက် အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။
ဝမ်းဗိုက်က အဆီတွေကို လျော့ချဖို့ ကူညီပေးတာက လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ အံ့သြဖွယ် ကျန်းမာရေး အကျိုးကျေးဇူးတွေထဲမှာ ပါပါတယ်။
ဝမ်းဗိုက်တစ်ခုတည်း ကွက်၍ လေ့ကျင့်ခန်းလုပ်ခြင်းကို မဆိုလိုပါ၊ တစ်နေရာတည်းကွက်ပြီး အဆီချလို့ မဖြစ်နိုင်ပါ။ လေ့လာမှုတစ်ခုတွင် ၆ ပတ်လောက် ဝမ်းဗိုက်အဆီအတွက်သာ လေ့ကျင့်ခန်းလုပ်သူတွင် ဝမ်းဗိုက်ရှိ အဆီပမာဏအပေါ် သက်ရောက်မှုမရှိသလောက်နည်းတာကို တွေ့ရှိရပါတယ်။
လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ရေကူးခြင်းကဲ့သို့ အေရိုးဗစ်လေ့ကျင့်ခန်းများသည် ဝမ်းဗိုက်အဆီများကို ကြီးကြီးမားမား လျှော့ချပေးနိုင်သည်။ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းဟာ ကိုယ်အလေးချိန် လျှော့ချပြီးတဲ့နောက် ဝမ်းဗိုက်အဆီပြန်တက်မလာအောင် လုံးလုံးလျားလျား တားဆီးပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ ရောင်ရမ်းမှုကို လျော့ကျစေပြီး၊ သွေးတွင်းသကြားဓာတ်ပမာဏကို လျော့ကျစေကာ ဝမ်းဗိုက်အဆီပိုများနဲ့ ဆက်စပ်နေတဲ့ အခြားသော ဇီဝဖြစ်စဉ်ဆိုင်ရာ ပြဿနာများကိုလဲ တိုးတက်ကောင်းမွန်စေပါသည်။
၆။ အစားအစာ စားသုံးမှုကို ခြေရာခံပါ။
စားတာက အရေးကြီးတယ်ဆိုတာ လူအများစုက သိပေမယ့် တော်တော်များများက သူတို့ဘာစားလဲဆိုတာ အတိအကျ မသိကြဘူး။ လူတစ်ယောက်ဟာ ပရိုတင်းဓာတ်များသော သို့မဟုတ် ကာဗိုဟိုက်ဒရိတ်နည်းသော အစားအစာများကို စားနေသည်ဟု ထင်ကောင်းထင်နိုင်သော်လည်း သေချာစမ်းစစ်မကြည့်ရင် ဝိတ်ချရာတွင် ရှေ့မ‌ရောက်နိုင်ဖြစ်နိုင်ပါတယ်။
အစားအစာစားသုံးမှုကို ခြေရာခံခြင်းဟာ သင်စားသမျှကို ကိုယ်အလေးချိန်နဲ့ တိုင်းတာဖို့ လိုအပ်သည်ဟု မဆိုလိုပါ။ သို့သော် စားသုံးမှုအား ရက်အနည်းငယ်ကြာတိုင်း စစ်ဆေးပေးသင့်ပါတယ်။
ကြိုတင် ပလန်လုပ်ထားခြင်းဟာ သင့်ကို ပရိုတင်းစားသုံးမှု ၂၅ - ၃၀% ကယ်လိုရီ မြှင့်တင်ခြင်း (သို့မဟုတ်) ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ကာဗိုဟိုက်ဒရိတ်များကို လျှော့ချခြင်း ကဲ့သို့သော တိကျသောပန်းတိုင်များကို အောင်မြင်စေရန် ကူညီပေးနိုင်ပါတယ်။ ကယ်လိုရီတွက်ချက်နိုင်တဲ့ Applications များ၊ သင်စားနေတဲ့အရာကို ခြေရာခံဖို့ အခမဲ့အွန်လိုင်းဝက်ဘ်ဆိုဒ်များကို အသုံးပြုနိုင်ပါတယ်။

ဝမ်းဗိုက်အဆီတွေကို တိုက်ဖျက်ဖို့အတွက် ၂၁ ရက် (၃ ပတ်) ကြာလုပ်ရမယ့် Plank လေ့ကျင့်ခန်းပုံစံလေးကိုလဲ ဖော်ပြပေးလိုက်ပါတယ်။ တခြားထိရောက်တဲ့ လေ့ကျင့်ခန်းတွေလဲ အများကြီးရှိပါတယ်။ Plank ကတော့ နေရာမရွေး အရွယ်မရွေး အလွယ်တကူလုပ်နိုင်တာကြောင့်ပါ။ Plank လေ့ကျင့်ခန်းများဟာ သင့်ဗိုက်သား၊ ခြေထောက်၊ လက်၊ တင်ပါးများကိုထိရောက်မှုရှိစေပြီး ကိုယ်ဟန်အနေအထားနဲ့ ခန္ဓာကိုယ်ဟန်ချက်ကို မြှင့်တင်ပေးပါတယ်။
အရေးကြီးဆုံးအချက်မှာ အကောင်းဆုံးရလဒ်ရရှိရန်အတွက် နေ့စဉ်မပျက်မကွက်လုပ်ဖို့ပဲ ဖြစ်ပါတယ်။
ပထမအပတ် - စက္ကန့် ၂၀ မှ စတင်ပြီး စက္ကန့် ၆၀ အထိ တိုးပါ။ (ပုံ - ၁)
အရင်ဆုံး ဝမ်းလျားမှောက်ပြီး တံတောင်ဆစ်ထောက်ပါ။ တံတောင်ဆစ်ရဲ့ အကွာအဝေးဟာ ပုခုံးအကျယ်အတိုင်း ဖြစ်ရပါမယ်။ ထောက်ရတာနည်းနည်းသက်သာချင်ရင် လက်နှစ်ဖက်ကို ဆုပ်ထားနိုင်ပါတယ်။ ခေါင်းကို အလိုက်သင့် လက်ရဲ့ ရှေ့နားဆီကို ကြည့်နေပါ (ခေါင်းမော့ခြင်း ငုံ့ထားခြင်းမလုပ်ရပါ)။ ပြီးရင် ခြေထောက်ကို ထောက်လိုက်ပါ။ တင်ပါးကော့နေခြင်း နိမ့်နေခြင်းမဖြစ်အောင် အနေအထားကို ပြင်ပါ။ ခန္ဓာကိုယ်ဟာ တတန်းတည်း ဖြစ်နေရပါမယ်။
ဒီအနေအထားကို စက္ကန့် ၂၀ ထားပါ။
နောက်နေ့တွေမှာ ခံနိုင်ရင် ခံနိုင်သလို စက္ကန့်တွေကို ၆၀ အထိ တိုးတိုးသွားပေးပါ။
တံတောင်ထောက်တာ အဆင်ပြေလာပြီဆိုရင်တော့ ခြေ‌ထောက်ကို တစ်ဖက်တည်းထောက်ကြည့်ပါ။ ခြေထောက်တစ်ဖက်ချင်းဆီကို ကောင်းကင်ဆီကို မြှောက်လိုက်ချလိုက်နဲ့ ကစားပေးနိုင်ပါတယ်။ ဝမ်းဗိုက်ကြွက်သားကို အလုပ်ပိုပေးတဲ့သဘောပါ။
ဒုတိယအပတ် - အချိန်ကို စက္ကန့် ၆၀ မှ စက္ကန့် ၉၀ အထိ တိုးပေးပါ။ (ပုံ - ၂)
ဒုတိယပတ်တွင် Plank ပုံစံနည်းနည်းပြောင်းပါမယ်။ ဒိုက်ထိုးမည့်ပုံစံကို အရင်ယူပါ။ ပြီးရင် လက်တစ်ဖက်ချင်းဆီကို တံတောင်ထောက်လိုက် ပြန်ဆန့်လိုက် လုပ်ပါ။ နှစ်ဖက်လုံးကို တစ်လှည့်ဆီလုပ်ပါ။
အချိန်ကို စက္ကန့် ၆၀ မှ စက္ကန့် ၉၀ ကို တိုးသွားပေးပါ။
တတိယအပတ် - အချိန်ကို စက္ကန့် ၉၀ မှ စက္ကန့် ၁၂၀ အထိ တိုးပေးပါ။ (ပုံ - ၃)
ဒီအပတ်မှာတော့ အရင်ဆုံး မူလ Plank အနေအထားကို ယူပါ။ ပြီးရင် V ပုံစံဖြစ်အောင် တင်ပါးကိုအပေါ်ကို မြှောက်လိုက်ပါ။ (ယောဂလုပ်တဲ့ပုံမျိုးဖြစ်ပါတယ်။) အူမကြီး၊ ဗိုက်သားနှင့် ပခုံးတို့ကို ခိုင်ခံ့စေပါတယ်။ ပြီးရင် မူလအနေအထားကို ပြန်လာပါ။ ၁၅ ကြိမ်လောက်ပြုလုပ်ပါ။ အချိန်ကို မူလ Plank အနေအထားအတွက် စက္ကန့် ၉၀ မှ စက္ကန့် ၁၂၀ အထိ တိုးတိုးသွားပါ။

New business account
19/05/2022

New business account

စက်ဘီးစီးခြင်းရဲ့ အကျိုးကျေးဇူး ၁၂ ချက် နှင့် ဘေးကင်းရေး အကြံပြုချက်များ------------------------------------------------...
19/05/2022

စက်ဘီးစီးခြင်းရဲ့ အကျိုးကျေးဇူး ၁၂ ချက် နှင့် ဘေးကင်းရေး အကြံပြုချက်များ
--------------------------------------------------------
စက်ဘီးစီးခြင်းသည် အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်သော အေရိုးဗစ်လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ တစ်ဦးချင်းဆီ လုပ်နိုင်တဲ့ပေါ်မူတည်ပြီး ပြင်းထန်မှုကို လိုသလိုချိန်ညှိနိုင်တဲ့အတွက် အရွယ်အမျိုးမျိုးနဲ့လဲ သင့်တော်ပါတယ်။ စက်ဘီးစီးခြင်းကို လိုရာသွားနိုင်ဖို့ စီးနိုင်သလို၊ ကျန်းမာရေးအတွက် သို့မဟုတ် အပျော်တမ်းအနေနဲ့လဲ စီးနိုင်တယ်။ စက်ဘီးစီးခြင်းသည် သင့်အားတက်ကြွနေစေမည့် လေ့ကျင့်ခန်းတစ်ခုလဲ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ပုံဖော်ပေးနိုင်ပါတယ်။
စက်ဘီးစီးခြင်းက သင့်ရဲ့ ကြံ့ခိုင်မှုနှင့် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည့် နည်းလမ်းအချို့ကိုသိရှိရန် ဆက်ဖတ်လိုက်ရအောင်....
စက်ဘီးစီးခြင်းရဲ့ အကျိုးကျေးဇူးများ
၁။ စက်ဘီးစီးခြင်းက ကိုယ်အလေးချိန်ကျအောင် ကူညီပေးနိုင်ပါတယ်။
ပုံမှန် စက်ဘီးစီး‌ပေးခြင်း၊ အထူးသဖြင့် ပြင်းပြင်းထန်ထန် စက်ဘီးစီးခြင်းက သင့်ခန္ဓာကိုယ်ရဲ့ အဆီပမာဏကို လျှော့ချပေးပြီး ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းညှိပေးပါတယ်။ ပုံမှန်စက်ဘီးစီးတဲ့ လေ့ကျင့်ခန်းကို လုပ်ပေးခြင်းဖြင့် သင်၏ဇီဝဖြစ်ပျက်မှုနဲ့ ကြွက်သားတည်ဆောက်မှုကို တိုးစေပြီး အနားယူနေချိန်မှာတောင်မှ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်ကြောင်း လေ့လာမှုများအရ တွေ့ရှိထားပါတယ်။
၂။ စက်ဘီးစီးခြင်းက သင့်ခြေထောက်တွေကို သန်မာစေပါလိမ့်မယ်။
စက်ဘီးစီးခြင်းဟာ သင့်ခန္ဓာကိုယ်အောက်ပိုင်းရှိ လုပ်ဆောင်မှုအားလုံးကို တိုးတက်စေပြီး အဆစ်များကို အရမ်းအားသုံးလုပ်စရာမလိုပဲ ခြေထောက်ရှိ တံကောက်ကြောများနှင့် ခြေသလုံးကြွက်သားများကို သန်မာစေသည်။ သင့်ခြေထောက်များ ပိုမိုသန်မာလာစေဖို့နဲ့ စက်ဘီးစီးနိုင်စွမ်းကို မြှင့်တင်ဖို့အတွက် Squat ထိုင်ထလုပ်ခြင်း၊ Leg Press နဲ့ Lunges အစရှိသဖြင့် အလေးမလေ့ကျင့်ခန်းများကို တစ်ပတ်လျှင် အကြိမ်အနည်းငယ် ပြုလုပ်ကြည့်ပါ။
၃။ စက်ဘီးစီးခြင်းသည် အခုမှ စလုပ်မယ့်သူများအတွက် အဆင်ပြေစေပါတယ်။
စက်ဘီးစီးရတာဟာ မခက်ခဲပဲ ရိုးရှင်းပါတယ်။ တကယ်လို့ mountain bike ကဲ့သို့သော စက်ဘီးမျိုးစီးရန် အခက်အခဲရှိပါက၊ ရိုးရိုးစက်ဘီးကိုလဲ ရွေးချယ်နိုင်ပါတယ်။ လေ့ကျင့်ခန်းအခုမှ စလုပ်မယ့်သူမျိုး၊ ဒဏ်ရာရလို့ နားနေရာမှ ပြန်လည်လှုပ်ရှားလိုသူမျိုး ဆိုပါက ပြင်းထန်မှုနည်းသော စက်ဘီးစီးတာမျိုး လုပ်နိုင်ပါတယ်။ ပိုမိုကျန်းမာ ကြံ့ခိုင်လာတာနဲ့အမျှ ပြင်းထန်မှုအားကို တိုးမြှင့်နိုင်ပါတယ် ဒါမှမဟုတ် ဖြေးဖြေးအေးအေးပဲ စီးမယ်ဆိုလဲ သက်သက်သာသာ စီးနေနိုင်ပါတယ်။

၄။ စက်ဘီးစီးခြင်းက ကိုလက်စထရောကို ကျစေနိုင်ပါတယ်။
စက်ဘီးစီးခြင်း၏ အကျိုးသက်ရောက်မှုများထဲတွင် ကိုလက်စထရောအဆင့်ကို တိုးတက်ကောင်းမွန်စေပြီး သင့်နှလုံးသွေးကြော ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ကာ လေဖြတ်ခြင်းနဲ့ နှလုံးဖောက်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ လေ့လာမှု 300 ၏ သုံးသပ်ချက်တစ်ခုအရ စက်ဘီးစီးခြင်းသည် ကိုလက်စထရောအပေါ် သက်ရောက်မှုရှိသည်။ ကောင်းသောကိုလက်စထရော (HDL) နဲ့ မကောင်းသောကိုလက်စထရော (LDL) ဆိုပြီး ၂မျိုး ရှိပါတယ်။ စက်ဘီးစီးခြင်းဟာ LDL ကိုလျှော့ချပေးရုံမကပဲ HDL Level ကိုမြှင့်တင်ပေးနိုင်ပါတယ်။
၅။ စက်ဘီးစီးခြင်းသည် စိတ်ကျန်းမာရေးနှင့် ဦးနှောက်စွမ်းအားကို တိုးစေသည်။
စက်ဘီးစီးခြင်းဟာ စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုတို့ကို သက်သာစေနိုင်သည်။ စက်ဘီးစီးသည့်အခါ လမ်းပေါ်တွင် အာရုံစိုက်ခြင်း၊ စက်ဘီးစီးခြင်းအား အာရုံစိုက်နေရခြင်းက လက်ရှိအခိုက်အတန့်ရဲ့ အာရုံစူးစိုက်မှုနဲ့ သတိရှိမှုကို တိုးတက်စေရန် ကူညီပေးပါတယ်။ ၎င်းသည် သင့်တစ်နေ့တာ၏ စိတ်ပိုင်းဆိုင်ရာ တင်းမာမှုများမှ သင့်အာရုံကို ဖယ်ထုတ်ရန် ကူညီပေးပါတယ်။ အပြင်မှာ စက်ဘီးစီးတာက သက်ကြီးရွယ်အိုတွေအတွက် သိမြင်နိုင်စွမ်းနဲ့ သုခချမ်းသာကို တိုးတက်စေတယ်လို့ လေ့လာမှုတစ်ခုက တွေ့ရှိခဲ့ပါတယ်။
ထုံထိုင်းနေတာမျိုး သို့မဟုတ် ဦးနှောက်တက်ကြွစွာအလုပ်မလုပ်သလို ခံစားနေရပါက၊ အနည်းဆုံး 10 မိနစ်ခန့် စက်ဘီးနင်းကြည့်လိုက်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းသည် သင့်ခန္ဓာကိုယ်တွင်းရှိ Endorphin များထွက်ရှိမှုကို မြှင့်တင်ပေးတဲ့အတွက်ကြောင့် စိတ်ဖိစီးမှုကို လျော့ကျစေနိုင်သည်။
အပေါ်မှာပြောထားတဲ့ အချက်ကတော့ အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ခြင်း (စက်ဘီးစီးခြင်း) ကသာ ယင်းအကျိုးသက်ရောက်မှုများကို ရရှိစေနိုင်မှာပါ။
ပုံမှန်စက်ဘီးစီးပေးခြင်းသည် ကိုယ့်ကိုကိုယ် ပိုမိုယုံကြည်မှုရှိပြီး ပိုပြီး ရောင့်ရဲနိုင်မည်ဖြစ်ပါသည်။
၆။ စက်ဘီးစီးခြင်းသည် ကင်ဆာရောဂါရှိသူများကို ကူညီပေးနိုင်သည်။
စက်ဘီးစီးခြင်းသည် ကင်ဆာရောဂါရှိနေပါက သို့မဟုတ် ပြန်လည် ကောင်းမွန်ပျောက်ကင်းစလူများအတွက် အံ့သြဖွယ်ကောင်းလောက်အောင် အကျိုးကျေးဇူးပြုပါတယ်။ သို့သော်လည်း ကင်ဆာလူနာများစွာသည် ကုသမှုကာလအတွင်းမှာ စွမ်းအင်နည်းပါးပြီး နာကျင်မှုကို ခံစားရသည့်အတွက်ကြောင့် ကိုယ့်ကို စောင့်ရှောက်ပေးနေသူရဲ့ အကူနဲ့လုပ်ဆောင်တာမျိုး၊ ကိုယ့်ခန္ဓာကိုယ်ကို သတိနဲ့နားထောင်ပြီး လေ့ကျင့်ခန်းလုပ်မှသာ စိတ်ချရမည်ဖြစ်ပါသည်။
စက်ဘီးစီးခြင်းက သင့်ကို ပိန်ပိန်ပါးပါးနဲ့ ကြံ့ခိုင်နေအောင် ကူညီပေးနိုင်ပြီး ရင်သားကင်ဆာ အပါအဝင် ကင်ဆာအမျိုးအစားအချို့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
2019 ခုနှစ်မှ သုတေသနပြုချက်များအရ သင့်တွင် ရင်သားကင်ဆာရှိနေပါက တက်တက်ကြွကြွ နေထိုင်ခြင်းသည် ပင်ပန်းနွမ်းနယ်ခြင်း အပါအဝင် ကင်ဆာကုသမှု၏ ဘေးထွက်ဆိုးကျိုးများကို လျော့ချနိုင်ပြီး သင့်ဘဝတစ်ခုလုံး၏ အရည်အသွေးကို တိုးတက်စေပါတယ်။
၇။ စက်ဘီးစီးခြင်းက သင့်မနက်ခင်းကို အကောင်းမြင်မှုနဲ့ အစပြုနိုင်ဖို့ ပေးစွမ်းနိုင်ပါတယ်။
စက်ဘီးစီးခြင်းကဲ့သို့ ကျန်းမာရေး လှုပ်ရှားမှုတစ်ခုခုဖြင့် သင့်တစ်နေ့တာကို အစပြုခြင်းသည် သွေးလည်ပတ်မှုကို မြှင့်တင်ပေးခြင်းအားဖြင့် သင့်ကို နိုးကြားစေပြီး သင့်တစ်နေ့တာကို ပြီးမြောက်အောင်မြင်စေမည့် ခံစားချက်ဖြင့် စတင်စေပါသည်။ တစ်နေ့ချင်းတစ်နေ့ချင်းနဲ့ ကောင်းမွန်တဲ့အလေ့အကျင့်ကို လုပ်သွားခြင်းဖြင့် ကျန်းမာပြီး အပြုသဘောဆောင်တဲ့ ရွေးချယ်မှုတွေ ပြုလုပ်ဖို့ ပိုစိတ်ဆန္ဒရှိလာနိုင်ပါတယ်။
နံနက်ခင်းမှာ စက်ဘီးစီးခြင်းလိုမျိုး အားကစားတစ်ခုခုကို နည်းနည်းပြင်းပြင်းထန်ထန်ပြုလုပ်ခြင်းက အဆီတွေလောင်ကျွမ်းစေကာ ခံနိုင်ရည်စွမ်းဆောင်မှုကို မြှင့်တင်ပေးပြီး တစ်နေ့တာလုံးရဲ့ စွမ်းအင်နှင့် ဇီဝဖြစ်ပျက်မှုအဆင့်ကို မြှင့်တင်ပေးနိုင်ပါတယ်။
၈။ စက်ဘီးစီးခြင်းသည် ဆေးဘက်ဆိုင်ရာ အခြေအနေများကို တားဆီးထိန်းချုပ်ရာတွင် အထောက်အကူ ဖြစ်စေပါတယ်။
သင့်အနေဖြင့် ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရန် သို့မဟုတ် လက်ရှိအခြေအနေများကို ကိုင်တွယ်နိုင်ဖို့က ပုံမှန်လေ့ကျင့်ခန်းလုပ်ရန် လိုအပ်ပါတယ်။ ပုံမှန်စက်ဘီးစီးခြင်းသည် အထိုင်များသော လူနေမှုပုံစံကို ရှောင်ရှားရန် နည်းလမ်းတစ်ခုဖြစ်ပြီး၊ ၎င်းနောက်ကပါလာနိုင်သော ကျန်းမာရေးပြဿနာများကို ရှောင်ရှားပေးပါတယ်။
ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် လေဖြတ်ခြင်း၊ နှလုံးဖောက်ခြင်းနဲ့ သွေးတိုးခြင်း ကဲ့သို့သော နှလုံးဆိုင်ရာ ပြဿနာများကို ကာကွယ်နိုင်ပါတယ်။ စက်ဘီးစီးခြင်းသည် အမျိုးအစား 2 ဆီးချိုရောဂါကို ကာကွယ်ရာတွင်လည်းကောင်း၊ ကုသနေစဉ်မှာသော်လည်းကောင်း ကူညီပေးနိုင်ပါတယ်။
အမှန်တော့၊ မကြာသေးမီက သုတေသနပြုချက်များအရ ပုံမှန်စက်ဘီးစီးခြင်းသည် ဆီးချိုရောဂါရှိသူများ၏ သေဆုံးမှုနှုန်းကို 24% လျှော့ချနိုင်ပြီး အနည်းဆုံး 5 နှစ်အထိ ဆက်လက်လုပ်ဆောင်ပါက သေဆုံးနှုန်း 35% အထိကို လျှော့ချနိုင်သည်ဟု အကြံပြုထားသည်။
၉။ စက်ဘီးစီးခြင်းသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိစေပါသည်။
စက်ဘီးစီးလို့ရမယ့် အချိန်တိုင်း စက်ဘီးစီးခြင်းဖြင့် သင်၏ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို လျှော့ချပါ။ ဥရောပတွင် မကြာသေးမီက သုတေသနပြုချက်များအရ တစ်နေ့လျှင် တစ်ကြိမ် ကားဖြင့်သွားမည့်အစား စက်ဘီးဖြင့်သွားခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုကို 67% လျော့နည်းစေကြောင်း တွေ့ရှိခဲ့သည်။
စက်ဘီးစီးခြင်းသည် ယာဉ်ကြောပိတ်ဆို့ချိန် ဘယ်မှသွားမရပဲ ထိုင်ပြီးအချိန်ကုန်သွားခြင်းအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်သွားဖို့ ဝေးတဲ့နေရာကိုသွားဖို့ရန် ကားလဲမစီးချင်သည့်အခါတွင် စက်ဘီးဟာ အထူးအသုံးဝင်ပါတယ်။
နောက်ထပ်ကောင်းတဲ့တစ်ချက်ကတော့ လူစည်ကားတဲ့ နေရာတွေမှာ ကားပါကင်နေရာအတွက် တိုက်ပွဲဝင်စရာမလိုတော့ပါ။
၁၀။ စက်ဘီးစီးခြင်းသည် ဟန်ချက်၊ ကိုယ်ဟန်အနေအထားကို တိုးတက်စေသည်။
သင့်ခန္ဓာကိုယ်ကို တည်ငြိမ်စေပြီး သင့်စက်ဘီးကို မတ်တတ်ထားခြင်းဖြင့်၊ ဟန်ချက်ညီအောင်ထိန်းနိုင်လာပြီး ကိုယ်နေဟန်ထားကိုလဲ ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။
ဟန်ချက်ညီအောင်ထိန်းနိုင်ခြင်းသည် အသက်အရွယ်ကြီးလာသောအခါနှင့် လှုပ်ရှားမှုမရှိခြင်းတို့နဲ့အတူ ကျဆင်းသွားတတ်သောကြောင့် ဟန်ချက်ညီအောင် လေ့ကျင့်ထားသင့်သည်။ အသက်ကြီးလာချိန်မှာ ဟန်ချက်မထိန်းနိုင်ဖြစ်ပြီး အလွယ်တကူ မလဲကျအောင်၊ အရိုးကျိုးတာတွေမဖြစ်အောင် တားဆီးရာမှာ အကျိုးပြုပါတယ်။
၁၁။ စက်ဘီးစီးခြင်းသည် အထူးတလည်လေ့ကျင့်စရာမလိုသော အားကစားနည်းဖြစ်သည်။
စက်ဘီးစီးခြင်းသည် သင့်ခန္ဓာကိုယ်အတွက် လုပ်ရလွယ်ကူပြီး အဆစ်များကို ဖိအားမပေးဘဲ ပြင်းထန်သောလေ့ကျင့်ခန်းကို လိုချင်သူများအတွက် အထူးတလည်လေ့ကျင့်နေစရာမလိုပဲ အလွယ်တကူ လုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးဖြစ်ပါတယ်။ စက်ဘီးစီးခြင်းသည် အဆစ်ပြဿနာများ သို့မဟုတ် ခန္ဓာကိုယ်အောက်ပိုင်း တောင့်တင်းနေတတ်သူများအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါသည်။
၁၂။ စက်ဘီးစီးခြင်းက နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
စက်ဘီးစီးခြင်းသည် သင့်နှလုံးခုန်နှုန်းကို မြှင့်တင်ရန်၊ နှလုံးသွေးကြောဆိုင်ရာ လုပ်ဆောင်ချက်များကို မြှင့်တင်ရန်နှင့် သင့်ရဲ့ကြံ့ခိုင်မှုအဆင့်ကို မြှင့်တင်ရန် ကောင်းသောနည်းလမ်းဖြစ်သည်။
2019 ခုနှစ် ဆန်းစစ်ချက်တစ်ခုရဲ့ ရလဒ်များအရ စက်ဘီးစီးခြင်းဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ချေ နည်းပါးခြင်းနှင့် ဆက်စပ်နေကြောင်း အကြံပြုထားသည်။ ၎င်းသည် ဆီးချိုရောဂါ၊ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းနှင့် သွေးတိုးခြင်းကဲ့သို့သော ဇီဝကမ္မဆိုင်ရာ အန္တရာယ်အချက်များ နည်းပါးသည့်နှုန်းနှင့် သေဆုံးမှုနှုန်း နည်းပါးခြင်းနဲ့လည်း ဆက်စပ်နေသည်။

စက်ဘီးစီးရာတွင် သတိထားရမယ့် အားနည်းချက်များနှင့် အန္တရာယ်ကင်းစေရန်
စက်ဘီးစီးခြင်းမှာ အားနည်းချက် အနည်းငယ်ရှိပါတယ်။ ဒီအားနည်းချက်တွေကတော့ အပြင်မှာစီးတဲ့သူတွေအတွက်ပါ။
- ဆိုးရွားတဲ့ အားနည်းချက်တစ်ခုကတော့ မြို့ပြတွင်ဖြစ်စေ ကျေးလက်ဒေသတွင်ဖြစ်စေ မတော်တဆမှု ဖြစ်နိုင်ခြေ ဖြစ်သည်။ အနောက်နိုင်ငံတစ်ခုမှာဆိုလျှင် 2014 ခုနှစ်တစ်ခုတည်းတွင် မတော်တဆ စက်ဘီးစီးသူ 726 ဦး သေဆုံးပြီး 50,000 ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
- ဖြစ်နိုင်လျှင် စက်ဘီးစီးသူများအတွက် (သို့မဟုတ်) ရပ်ကွက်လမ်းများပေါ်တွင် လုပ်ပေးထားသော သီးသန့်လမ်းများတွင် စီးပါ။
- စက်ဘီးလမ်းများနှင့် မီတာ ၅၅၀ ခွာထားသော လမ်းများတွင် စက်ဘီးနှင့်ယာဉ် တိုက်မှု နည်းပါးကြောင်း သုတေသနအချို့က ပြသထားသည်။
- လမ်းစည်းကမ်းကို အမြဲလိုက်နာပါ။ လမ်းဆုံလမ်းခွများနှင့် လူရှုပ်သောနေရာများကို ဖြတ်သန်းရာတွင် ကိုယ့်ရဲ့လမ်း မှန်နေပေမယ့်လည်း သတိထားပါ။ အရည်အသွေးမီသော ဦးထုပ်တစ်လုံးနှင့် သင်လိုအပ်နိုင်သော အခြားအကာအကွယ်ပစ္စည်းများကို ဝယ်ယူအသုံးပြုပါ။
- သင့်စက်ဘီးချိန်းကြိုးများအတွင်း ဖမ်းမိသွားနိုင်သည့် ပွယောင်းချောင်ချိတဲ့ အဝတ်အစားတွေကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။ ညအချိန် စက်ဘီးစီးခြင်း (သို့မဟုတ်) မနက်အစောကြီး စက်ဘီးစီးခြင်းအတွက် စက်ဘီးမီးရောင်နှင့် ရောင်ပြန်ကို အသုံးပြုပါ။
- အလုပ်ကို စက်ဘီးနဲ့သွားမည်ဆိုပါက ခရီးလမ်းဝေးသူဖြစ်လျှင် လဲဝတ်ရန် အ၀တ်အစားများ ထည့်ယူလာရန် စဉ်းစားပါ။
- နေ့ခင်းဘက်တွေမှာ အချိန်ကြာကြာ စီးမယ်ဆိုရင် အသားအရေကို ကာကွယ်ရန်အတွက် နေရောင်ကာခရင်မ်ကို အသုံးပြုပါ။ အထူးသဖြင့် ချွေးထွက်လျှင် ၂ နာရီခြားတိုင်း ပြန်လိမ်းပေးပါ။ ခရမ်းလွန်ရောင်ခြည် ကာကွယ်တဲ့ နေကာမျက်မှန်နဲ့ ဦးထုပ်ဆောင်းပါ။ ခရမ်းလွန်ရောင်ခြည် ကာကွယ်ရေး အဝတ်အစားများ ဝယ်ယူအသုံးပြုဖို့ စဉ်းစားပါ။
- မြို့ထဲမှာ စက်ဘီးစီးရင် လေထုညစ်ညမ်းမှုရှိနေတာ စိုးရိမ်စရာပါ။ လေကောင်းလေသန့်ရသောနေ့များတွင် စက်ဘီးစီးရန် သို့မဟုတ် လူသူနည်းပါးသော လမ်းများပေါ်တွင် စီးနင်းနိုင်သည်။
နေ့စဉ်နေ့တိုင်း စက်ဘီးစီးရင်ရော....
အထူးသဖြင့် သွားလာရေးအတွက် ဒါမှမဟုတ် ပြင်းပြင်းထန်ထန်မဟုတ်ပဲ အပျော်တမ်းအနေနဲ့ စက်ဘီးကို အသုံးပြုပါက နေ့စဉ် စက်ဘီးစီးတာက ဖြစ်နိုင်ပါတယ်။
နာကျင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် ကြွက်သားများ နာကျင်ခြင်းတို့ ခံစားရပါက အနားယူပါ။
အကယ်၍ သင်ဟာ ကြံ့ခိုင်မှုအတွက် စက်ဘီးစီးနေသူဖြစ်ပါက၊ တစ်ပတ်လျှင် အနည်းဆုံး 1 ရက် အနားယူရန် လိုအပ်နိုင်သည် — အထူးသဖြင့် သင်စီးတဲ့ပုံစံဟာ အချိန်ကြာကြာစီးခြင်း သို့မဟုတ် ပြင်းပြင်းထန်ထန်စီးပါက၊ ဒဏ်ရာမရအောင် ကာကွယ်ရန်နဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် ပြန်လည်ကောင်းမွန်ရန် လိုအပ်တာကြောင့်ပါ။
ဘယ်သူတွေ စက်ဘီး မစီးသင့်ဘူးလဲ။
စက်ဘီးစီးခြင်းကြောင့် ထိခိုက်ဒဏ်ရာများရှိပါက အပြည့်အဝ ပြန်လည်ကောင်းမွန်လာသည်အထိ စက်ဘီးမစီးပဲနေခြင်းသည် အကောင်းဆုံးဖြစ်သည်။
စက်ဘီးစီးခြင်းကြောင့် ထိခိုက်စေတဲ့ အခြေအနေများရှိပါက သင့်ဆရာဝန်နှင့် ဆွေးနွေးပါ။ ဟန်ချက်ညီမှု၊ အမြင်အာရုံ သို့မဟုတ် အကြားအာရုံနှင့်ပတ်သက်တဲ့ ပြဿနာများရှိသူများဆိုလျှင် Indoor ဘီးစီးခြင်း၊ ကိုယ်နဲ့ လိုက်လျောညီထွေရှိမယ့် စက်ဘီးကိုရွေးချယ်နိုင်သည်။
စက်ဘီးမစီးချင်ဘူး ဒါပေမဲ့ သင့်ခန္ဓာကိုယ်ကို အလားတူ cardio လေ့ကျင့်ခန်းမျိုးကို ပေးလိုပါက လှေလှော်ခြင်း၊ လှေကားထစ်တက်ခြင်း၊ တောင်ကုန်းတွေပေါ် ပြေးတာ၊ ရေကူးတာ၊ လမ်းလျှောက်တာတွေလည်း လုပ်နိုင်ပါတယ်။
အဓိကအချက်ကတော့
စက်ဘီးစီးခြင်းဟာ ကျန်းမာစွာ နေထိုင်ရန်နှင့် သင့်ပတ်ဝန်းကျင်ကမ္ဘာနှင့် ထိတွေ့နိုင်ရန် ပျော်ရွှင်ဖွယ် နည်းလမ်းတစ်ခုဖြစ်သည်။
ရာသီဥတု အဆင်ပြေရင် စက်ဘီးပေါ်တက်ပြီး ခပ်ဝေးဝေးကို စီးသွားပါ။ စက်ဘီးစီးခြင်းသည် သင့်နေရာဒေသကို စူးစမ်းရန် ကောင်းသောနည်းလမ်းတစ်ခုဖြစ်သည်။ ထပ်ခါတလဲလဲ ရိုးအီနေတဲ့ လေ့ကျင့်ခန်းတွေကနေ ဖြစ်ပေါ်လာနိုင်တဲ့ ငြီးငွေ့မှု ခံစားချက်ကို ကျော်လွန်သွားစေပါတယ်။
ရာသီဥတုကြောင့် အပြင်မှာ စက်ဘီးစီးဖို့ အဆင်မပြေတဲ့အခါ၊ Indoor စက်ဘီးစီးတာက အန္တရာယ်နည်းပါးပြီး ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်တဲ့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။

Photo credit : Internet

Resistance band နဲ့ ဆော့နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေ စုစည်းပေးထားပါတယ်။Resistance band နဲ့ လေ့ကျင့်ခန်းလုပ်ကြစို့ကိုယ်ခန္...
19/05/2022

Resistance band နဲ့ ဆော့နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေ စုစည်းပေးထားပါတယ်။

Resistance band နဲ့ လေ့ကျင့်ခန်းလုပ်ကြစို့

ကိုယ်ခန္ဓာအပေါ်ပိုင်းအတွက် Resistance band နဲ့ လေ့ကျင့်ဖို့ -
Bicep Curl
https://www.youtube.com/watch?v=pXS-fSPWpk8

Push-Up
https://www.youtube.com/watch?v=QAMS8MDPjIU

Tricep Kickback
https://www.youtube.com/watch?v=WgffFXHzadU

Tricep Pushdown
https://www.youtube.com/watch?v=95qOHjH67oI

Tricep Extension
https://www.youtube.com/watch?v=a5rUdCeTtSE

Face Pull
https://www.youtube.com/watch?v=Wq-Td9UXRK8

Internal Rotation
https://www.youtube.com/watch?v=ZXncuZKonas

Chest Fly
https://www.youtube.com/watch?v=1076zKHV7AM

Shoulder Press
https://www.youtube.com/watch?v=JMZxrSRpGhw

External Rotation
https://www.youtube.com/watch?v=zz5XH-hFIaM

ဝမ်းဗိုက်နေရာအတွက် Resistance band နဲ့ လေ့ကျင့်ဖို့ -
Crunch
https://www.youtube.com/watch?v=IyenGLYtR1g

Kneeling Crunch
https://www.youtube.com/watch?v=imWlkp8w1I4

Reverse Crunch
https://www.youtube.com/watch?v=fwwzd0wxmWQ

Lying Oblique Crunch
https://www.youtube.com/watch?v=xFa4hzkqU9k

Side Bend
https://www.youtube.com/watch?v=6CFUjpc6eTg

Bicycle
https://www.youtube.com/watch?v=MPBjlxb7xSw

Alternating V-Ups
https://www.youtube.com/watch?v=h9FDbmep2mk

Side Plank
https://www.youtube.com/watch?v=fPMD63eS14k

Reverse Wood Chop
https://www.youtube.com/watch?v=kPugGvTvl1A

Sit-Up
https://www.youtube.com/watch?v=nHBp-ZAibq8

နောက်ကျောအတွက် Resistance band နဲ့ လေ့ကျင့်ဖို့ -
Pull Apart
https://www.youtube.com/watch?v=LoBBo1dtY6I

Lying Pullover
https://www.youtube.com/watch?v=fGgU_dV82PY

Bent Over Row
https://www.youtube.com/watch?v=TE3v7CgXiiI

Squat Row
https://www.youtube.com/watch?v=WGer5iQ6qRk

Split Row
https://www.youtube.com/watch?v=9hP_qPPtFr0

ကိုယ်ခန္ဓာအောက်ပိုင်းအတွက် Resistance band နဲ့ လေ့ကျင့်ဖို့ -
Squat
https://www.youtube.com/watch?v=duP-UZsfOaQ

Hamstring Curl
https://www.youtube.com/watch?v=kb5HSvWcS-w

Lunge
https://www.youtube.com/watch?v=Khgyyrd_ig0

Lateral Lunge
https://www.youtube.com/watch?v=rzgR6DKkc2w

Romanian Deadlift
https://www.youtube.com/watch?v=NaKsZos0bIY

Glute Bridge
https://www.youtube.com/watch?v=GjLPEfu5PN0

Donkey Kick
https://www.youtube.com/watch?v=kBOg-Wzl2d0

Hip Abduction
https://www.youtube.com/watch?v=2fyeELEpj4A

Calf Raise
https://www.youtube.com/watch?v=EABCFPXpQBo

ကိုယ်ခန္ဓာတစ်ခုလုံးအတွက် Resistance band နဲ့ လေ့ကျင့်ဖို့ -
Thruster
https://www.youtube.com/watch?v=VSrh6NbPCe0

Mountain Climber
https://www.youtube.com/watch?v=Mkk2wqFM-14

Pull Through
https://www.youtube.com/watch?v=GVFlet49MhM

Swing
https://www.youtube.com/watch?v=PN9dppWJcGQ

Sumo Squat Pull
https://www.youtube.com/watch?v=EK9BwW3SggI

Body Building လုပ်ချင်သူတို့အတွက် Gym သွားစရာမလိုပဲ အိမ်မှာပဲလေ့ကျင့်ခန်းတွေလုပ်နိုင်ဖို့ Resistance band ရှိတယ်နော်။
Gym က equipment တွေအတိုင်း လိုက်ဆော့နိုင်တာမို့ တခြားကိရိယာတွေမလို၊ အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုပဲ ဗလတောင့်နိုင်ပြီ။
Resistance band ကိုမှာယူချင်တယ်ဆိုရင်တော့ Messenger ကနေတဆင့် Hi လိုက်နော်။ ထိုင်းကနေ preorder မှာပေးတာမို့လို့ ၂ပတ်ဝန်းကျင်လောက်တော့ စောင့်ပေးပါနော်။
စျေးနှုန်းကတော့ ၁၁မျိုးပါတဲ့ one set ကိုမှ 15,900 Kyats ပါ။

Address

Yangon
11211

Telephone

+959776140295

Website

Alerts

Be the first to know and let us send you an email when BlackSière Mon's Collections posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BlackSière Mon's Collections:

Share

Category