21/10/2026
Hello Hello,အားလုံးပဲ မင်္ဂလာပါနော်🥰
မျှော်နေကြတာသိရလို့ အလုပ်လေးနည်းနည်းပြန်စဖို့ အားယူနေပါတယ်ရှင့်.အလုပ်လုပ်ရမှာ တော်တော်လေး စိတ်ဓာတ်ကျသွားလို့ ဘာမှကိုမလုပ်တော့ပဲ အကုန် တစ်နှစ်လောက်ပစ်ထားလိုက်ရတဲ့အတွက် အားလုံးကိုအားနာရပါတယ်😔
ဒီကြားထဲ သတင်းလာမေးကြတဲ့ customer တွေကိုအကြောင်းမပြန်နိုင်တဲ့အတွက်လည်း အားလုံးကို ဒီကပဲ Admin team က တောင်းပန်ပါတယ်နော်🙏🏻
၃ နှစ်လောက် သုညကနေ Loyal customer တွေ ရှိလာတဲ့ထိ တည်ဆောက်ခဲ့ရတဲ့ စီးပွါးရေးပိစိလေးမို့ မစွန့်ပစ််ချင်တာကြောင့် ပြန်ကြိုးစားကြည့်ချင်ပါတယ်ရှင့်. Admin တို့ဆီမှာပဲ ဝယ်ရအဆင်ပြေလို့ ဒီမှာပဲဝယ်ချင်တယ်ဆိုတဲ့ customer တွေရဲ့စကားသံတွေကိုလည်း ဒိီတစ်နှစ်ပတ်လုံးမှာ သတိတရရှိရပါတယ်.အကျီလှလှလေးတွေ ဝယ်ရတာ ရောင်းရတာ customer service ကိုပေးရတာ ဝါသနာပါတဲ့သူဖြစ်လို့ ဒီအလုပ်ကိုစလုပ်တဲ့ချိန်ကစပြီး ပင်ပန်းတယ်လို့ တစ်ခါမှမခံစားမိတဲ့ထိ လုပ်ရတာပျော်ပါတယ်.ကိုယ်ဝါသနာပါတာဖြစ်လို့ ဆက်မလုပ်ဖို့စဉ်းစားလိုက် ဆက်လုပ်လိုက်နဲ့ ဒီနေ့ထိတောင်ရောက်လာခဲ့တာမို့ အပြီးလက်လွှတ်ဖို့အရမ်းခက်ခဲပါတယ်🥲
တစ်နှစ်လောက်နားထားခဲ့တာမို့ သိပြီးသူတွေက သိပြီးလောက်ပြီဖြစ်ပေမယ့် နောက်တစ်ခါ မိတ်ဆက်ခွင့်ပြုပါနော်.
Sync online store နာမည်နဲ့ H&M Retail ကို လွန်ခဲ့တဲ့ ၃ နှစ်လောက်တည်း က Thailand H&M official website တစ်ခုတည်းက ရောင်းပေးခဲ့တာပါရှင့်.အသစ်နဲ့အစစ်ပဲ ရောင်းပါတယ်ရှင့်.ကိုယ်တောင် မဝတ်တာ သူများကို ရောင်းဖို့ထိ မလုပ်ဝံ့ပါဘူးရှင့်🙏🏻Outlet တွေ Factory တို့ ဘယ်ကယူရမလဲတောင်တကယ်မသိရိုးအမှန်ပါ.Admin တို့ ကိုယ်တိုင်လည်း H&M ပဲ ဝတ်တာကြောင့် ကိုယ်ရောင်းကိုယ် ဝယ် customer 1 ထည် ကိုယ် တစ်ထည် လုပ်လာလို့ စျေးရောင်းသက်တစ်လျှောက်မှာ အဖတ်တင်တာဆိုလို့ အကျီတွေပါ🥹
လမ်းကြောင်းအခြေအနေတွေကိုစုံစမ်းကြည့်ရသလောက်တော့ ပြန် run ဖို့ နည်းနည်းအဆင်ပြေတယ် ယူဆရလို့ admin တို့ ပြန်စကြည့်ပါမယ်ရှင့်.အရင်လိုပဲ ယုံကြည်စွာနဲ့ အားပေးကြဖို့ customer များကိုဖိတ်ခေါ်ချင်ပါတယ်ရှင့်