14/02/2024
IGCSE Result လဲတွက် ပြီးပြီ ဆိုတော့ Year 12 ကိုလဲ မြန်မာနိုင်ငံမှာပဲ ဆက်တက်ချင်တယ် ဒါပေမယ့် ဘယ် program ကို ရွေးရမလဲဆိုပြီး စဉ်စားလို့ခက်နေတဲ့ သူတွေ အတွက် ရွေးချယ်စရာ options လေတွေကို prons and cons တွေနဲ့ အတူ ပြောပြပေးသွားပါမယ်
Let's get start it 👏👏👏
GCE A Level
📌 100 % Exam Base ပါ
မြန်မာပြည်မှာတော့ Edexcel & CIE ဆိုပြီး Exam Broad 2ခုရှိပါတယ်
နှစ်စဉ် January ,May & October ဆိုပြီး
တစ်နှစ်ကို 3 ကြိမ် exam ကျင်းပ လေ့ရှိပါတယ်
ကိုယ်သွားမယ့် career pathway အပေါ်ကို မူတည် ပြီးတော့ အနည်းဆုံး 3 subjects ယူရပါတယ်
October Exam Series ကတော့ January & May Exam Series လောက်တော့ Subjects သိမ့်မစုံပါဘူး
A level ကိုကတော့ AS & A2 ဆိုပြီး 2 ကြိမ် ခွဲဖြေရပါတယ်
Duration အနေနဲ့ကတော့ 1.5-2 years အချိန်ယူရပါတယ်
ဒါမယ့် အဲ့နေရာမှာ တချို့သူတွေကတော့ stress & risk များမှာ စိုးရိမ်လို့ ဆိုပြီး paper ခွဲဖြေကြပါတယ် ⚠️ အဲ့လို ခွဲဖြေတဲ့နေရာမှာ Cash in ကိုတော့ AS subjects တွေ အကုန်ဖြေပြီးမှ
Cash in တောင်တာ အကောင်းဆုံ ဖြစ်ပါတယ်
details သိချင်ရင်တော့ iQuals ကို ဖုန်းဆက်မေးတာ အကောင်းဆုံးဖြစ်မှာပါ Mostly , university apply လုပ်တဲ့နေရာမှာကတော့ IGCSE + AS Exam Result + A2 Prediction နဲ့ apply လုပ်ကြပါတယ်
အပေါ်မှာ ပြောထားသလို A Level ဟာ 100% Exam Base ဖြစ်တာကြောက် Exam Period မှာ နေမကောင်း မဖြစ်အောင် ဂရုစိုက်စေ ချင်ပါတယ် နောက်မဟုတ်ရင် တနှစ်ပတ်လုံ ကြိုးစားသမျှ သဲထဲရေသွန်း ဖြစ်သွားနိုင်ပါတယ်
Edexcel ကိုတော့ Home Schooling လုပ်တဲ့ သူတွေက British Council Myanmar မှာ exam fees သွင်းပြီး ဖြေလို့ရလို Edexcel Approved Centre ဖြစ်တဲ့ ကျောင်းမှာတက်ရင်တော့ ကိုယ်တက်တဲ့ ကျောင်းမှာ exam fees သွင်းပြီးဖြေလို့ရပါတယ်
Tuition Fees အနေနဲ့တော့ 1 sub ကို around 150000-500000 mmk per month exam fees အနေနဲ့ကတော့ 1 paper ကို around 150000-280000 mmk ဝန်းကျင် ရှိပါတယ်
currency ပေါ်မူတည်ပြီး exam series တစ်ခုနဲ့ တစ်ခုကတော့ fees ကွာပါတယ်
ဒီ Link ထဲကို ဝင်ပြီးတော့ ကိုယ်တက်တဲ့ ကျောင်းက Edexcel Approved Center ဟုတ်မဟုတ် ကြည့်လို့ရပါတယ်
https://qualifications.pearson.com/en/support/support-topics/understanding-our-qualifications/find-a-pearson-centre.html?Country=Myanmar&City=Yangon&QualificationFamily=Edexcel
CIE A Level ကတော့ PRATICAL ပါတဲ့ အတွက် British Council မှာ exam fees သွင်းပြီး ဖြေလို့မရပါဘူး
CIE သင်တဲ့ ကျောင်းတွေ ဖြစ်တဲ့
1 . Network International School
2 . Brainworks Total International School
3 . Myanmar International School (MIS)
4 . Myanmar International School Yangon (MISY)
5 . Royal British International School
6 . Singapore International School
7 . Mandalay International Science Academy
စတဲ့ ကျောင်းတွေမှာ တက်လို့ရပါတယ်
Tuition Fees + Exam Fees အနေနဲ့ကတော့ USD 15000-25000 per year ရှိပါတယ်
--------------–----------
OSSD (Ontario Secondary School Diploma)
OSSD ဆိုတာက Canada နိုင်ငံ Ontario ပြည်နယ် မှ High School အောင်မြင်ပြီးဆုံးထားတဲ့ သူတွေကို Ontario,Ministry Of Education ကနေ တိုက်ရိုက် ထုတ်ပေးတဲ့ Diploma ဖြစ်ပါတယ် OSSD Diploma ရမို့အတွက်ကတော့ Year 9 - Year 12 မှာ credit 30 ပြည့်မို့လဲ လိုအပ်သလို 10 hours of community service & Ontario Secondary School Literacy Test လဲ ဖြေဆိုမို့ လိုအပ်ပါတယ်
Duration အနေနဲ့ကတော့ 8 to 12 months ပဲကြာမြင့်နိုင်ပါတယ် Semester 2 ခု ထက်ရမှာ ဖြစ်ပြီး ကိုယ်သွားချင်တဲ့ pathway အပေါ် မူတည်ပြီး course 6 ခု + ကိုယ်ကြိုက်နှစ်သက်ဟာ elective course 1ခု Total Course 7ခုယူရမှာ ဖြစ်ပါတယ် OSSD ဟာ 70% assignment + 30% exam ယူတဲ့ program 1ခု လဲဖြစ်ပါတယ်
Duration ကတော့ 8-10 months
Fees အနေနဲ့ကတော့ 12000 - 16000 USD ပတ်ဝန်းကျင် ရှိပါတယ်
⚠️နောက်ပြီး OSSD တက်မယ့်သူတွေက ကိုယ်တက်တဲ့ ကျောင်းရဲ့ Partner School က strong ဖြစ်လား Canada ,Mistry of Education ကနေ တကယ် approved လုပ်ထားလာဆိုတာလဲ သိမို့ လိုအပ်ပါတယ်
မြန်မာနိုင်ငံမှာ OSSD တက်လို့ရမယ့် ကျောင်း list ကို သိသလောက် ပြောပြပေးပါမယ်
1 . Acumen International College -AIC
2 . Royal Academic Institute -RAI
3 . Canadian International College - CIC
4 . IGCSE GIC , etc စတဲ့ ကျောင်းတွေမှာ တက်လို့ရပါတယ်
--------------–----------
NCUK - The University Consortium
International Foundation Year Program
ကိုယ်သွားမယ့် career pathway ကိုလိုက်ပြီး 3 subjects+ English for Academic Purposes (EAP) ကို မဖြစ်နေ ယူရမှာ ဖြစ်ပါတယ်
Final Grade ကိုကတော့ 70-80% exam result and coursework result ကို ယူတာဖြစ်ပါတယ်
NUCK နဲ့ အားသာချက်ကတော့ partner 46 universities ကနေ 100% Guarantee Entry ပေနိုင်ပါတယ်
duration ကတော့ 9 months ပါ
fees အနေနဲ့ကတော့ around 10000-15000 USD
1 . Acumen International College -AIC
2 . KINGS International School စတဲ့ကျောင်းတွေ မှာ တက်ရောက်နိုင်ပါတယ်
--------------–----------
3 . international Baccalaureate (IB)
International Baccalaureate Organization ကနေ offer ပေးတဲ့ program ဖြစ်ပါတယ်
IB ကတော့ rounded education ကို focus လုပ်ထားပါတယ်
subjects အနေနဲ့ကတော့ 6 subjects ယူရပါတယ် High Level 3 subjects & Lower Level 3 subjects ကို မဖြစ်မနေယူရပါတယ် အဲ့ဒါအပြင်
Extended Essay (EE),Theory of Knowledge (TOK) & Creativity Activity Series (CAS) ကိုပါ ဖြေရပါတယ်
Grading ကိုတော့ 1-7 ပေးထားပါတယ်
exam အပြင် coursework,oral presentations & practical တွေပေါ်ကြည့်ပြီး grading ပေးတာဖြစ်တယ်
Diploma Score ကတော့ 0-45 ဖြစ်ပြီး 24/45 ရမှာ pass ဖြစ်တာပါ အဲဒါမှ IB diploma ရမှာ ဖြစ်ပါတယ်
duration ကတော့ 2 years ပါ
Tuition Fees ကတော့ 12000-30000 USD per year
မြန်မာနိုင်ငံမှာ IB သင်တဲ့ ကျောင်း list ကို သိသလောက်ကတော့
1 . Brainworks International School
2 . Shuu Khinn Thar (SKT) International College
3 . Taunggyi International School
4 . The International School Yangon (ISY)
5 . Yagon American International School
6 . Yangon International School (YIS)
--------------–----------
ALF (Advance Level Foundation )
Kings Yangon International School ရဲ့ program တစ်ခုလဲ ဖြစ်ပါတယ်
Duration အနေနဲ့ကတော့ 1 year ပဲ ကြာပါတယ်
ကိုယ်သွားမယ့် pathway အပေါ် မူတည်ပြီး ရွေးချယ်စရာ ဘာသာရပ်တွေ အများကြီး ရှိပါတယ် Fees အနေနဲ့ကတော့ around 14000 USD ရှိပါတယ်