Apple Kids' Clothing and Accessories Store

Apple Kids' Clothing and Accessories Store Quality and stylish kids wear, baby clothes, shoes, toys, accessories and more!!!

December 20,21,22 ရက်နေ့တွေမှာ Central မှာကျင်းပနေတဲ့ “သည်ဆောင်းဟေမာန်” ပွဲဈေးမှာ ဘေဘီလေးတို့အတွက် Nee & Mar လဲ (၃) ရက်လ...
20/12/2024

December 20,21,22 ရက်နေ့တွေမှာ Central မှာကျင်းပနေတဲ့ “သည်ဆောင်းဟေမာန်” ပွဲဈေးမှာ ဘေဘီလေးတို့အတွက် Nee & Mar လဲ (၃) ရက်လုံးရှိနေပါမယ်နော်။ 🤗
ဟေမာန်ဆောင်းမှာ သားသားမီးမီးတို့နဲ့ ပွဲဈေးလျောက်ရင်း Nee & Mar Collection အားလုံးကို 10% Discount နဲ့ ဝယ်ယူလို့ရတဲ့အပြင် အသစ်စက်စက် New Collection လေးတွေလဲ ပါအုံးမှာဆိုတော့ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်မခံနဲ့နော်။ 😉
“သည်ဆောင်းဟေမာန်” ပွဲဈေးမှာ ဆုံကြမယ်။ 💕

04/07/2024
စိတ်ပညာရှင်တွေရဲ့ ခုနောက်ဆုံးသတ်မှတ်ချက်က.. လူတွေရဲ့ အသိဉာဏ်ကို တိုင်းတာတဲ့စနစ်ဟာ      * အိုင်ကျူ (IQ)     * အီးကျူ (EQ)...
02/06/2024

စိတ်ပညာရှင်တွေရဲ့
ခုနောက်ဆုံးသတ်မှတ်ချက်က..
လူတွေရဲ့ အသိဉာဏ်ကို
တိုင်းတာတဲ့စနစ်ဟာ

* အိုင်ကျူ (IQ)
* အီးကျူ (EQ)
* အက်စ်ကျူ (SQ)
* အေကျူ (AQ) ဆိုပီး လေးမျိုးတောင် ရှိသတဲ့။

အရှည်ကတော့ ...

1) Intelligence Quotient (IQ)
2) Emotional Quotient (EQ)
3) Social Quotient (SQ)
4) Adversity Quotient (AQ) တို့ပဲ.. ဖြစ်ပါတယ်။

အကျယ်နည်းနည်းချဲ့.. ရှင်းပြပါ့မယ်။

1) Intelligence Quotient (IQ)
----------------------------
အိုင်ကျူလို့ အများသိတဲ့..
အသိဉာဏ် level က..
တကယ်တော့ ကျိုးကြောင်းဆက်စပ် တွေးခေါ်မှုကို တိုင်းတာရုံ သက်သက်ပဲ။
သင်္ချာပုစ္ဆာတွေကို.. ဖြေရှင်းနိုင်တယ်၊
အဖြစ်အပျက်တွေကို.. မှတ်မိတယ်၊
အတွေ့အကြုံထဲကနေ.. သင်ခန်းစာ ယူနိုင်တယ်၊
ဒါပါဘဲ..
အဲ့ဒါက.. ခင်ဗျားတို့ရဲ့ IQ level ပဲ..။

2) Emotional Quotient (EQ)
----------------------------
အီးကျူကျတော့..
လူအများနဲ့
မင်းရဲ့ဆက်သွယ်မှု level ကို.. တိုင်းတာတာ ဖြစ်တယ်။

လူအများနဲ့ ဆက်ဆံတဲ့အခါ..
မင်းဘယ်လောက် အဆင်ပြေလဲ?
မင်း ဘယ်လောက် ရိုးသားမှုရှိလဲ?
တာဝန်ယူမှု တာဝန်ခံမှု ရှိလား?
လူသားအချင်းချင်း.. လေးစားတန်ဖိုးထားသလား?
ယဉ်ကျေးသိမ်မွေ့စွာ.. ပြောဆိုဆက်ဆံနိုင်လား?
သူများ personalကိစ္စတွေကို..
လေးစား ထိန်းသိမ်းပြီး..
ကိုယ်ချင်းစာနာ တွေးခေါ်ပေးနိုင်လား?
ဒါတွေအားလုံးက.. ခင်ဗျားတို့ရဲ့.. EQ level ပါပဲ..။

3) Social Quotient (SQ)
------------------------
ဒါကတော့.. ကိုယ့်ရဲ့ မိတ်ဆွေ၊
အပေါင်းအသင်း၊
သူငယ်ချင်း၊
မိသားစု ဆွေမျိုးတွေကြားမှာ..
ဘယ်လောက်ထိ အချိန်ကြာကြာ..ရင်းနှီး ဆက်သွယ်မှုတွေကို ထိန်းထားနိုင်လဲ?
ဘယ်လောက်ထိ
ကိုယ့်ရဲ့ အသိုင်းအဝိုင်းနဲ့.. ပေါင်းသင်းဆက်ဆံရေး ကွန်ယက် ကျယ်ပြန့်သလဲ?
ဒါတွေကို.. တိုင်းတာနိုင်တာက.. ဆိုရှယ် SQ level ဖြစ်ပါသတဲ့..။

အထက်က သုံးခုထဲမှာ..
ဘဝကို အောင်အောင်မြင်မြင်နဲ့ ဖြတ်သန်းပြီး..
အများထက်ပိုတဲ့ ထိပ်ဆုံးနေရာတွေ ရောက်ရှိနေသူတွေဟာ..
ဒုတိယနဲ့ တတိယ ဖြစ်တဲ့.. EQ နဲ့ SQ Level မြင့်မားသူတွေသာ ဖြစ်ပါသတဲ့..။

အများထင်တဲ့.. အိုင်ကျူ မြင့်သူတွေ မဟုတ်ကြဘူး။
သူတို့ အိုင်ကျူက.. ပုံမှန်ပဲတဲ့..။

အိုင်ကျူမြင့်တယ်ဆိုတဲ့ သူတွေဟာ..
နောက်ဆုံးမှာ EQ နဲ့ SQ မြင့်တဲ့
သူဌေး လုပ်ငန်းရှင်တွေဆီမှာ.. လခစား ဝန်ထမ်းဘဝနဲ့
သူတို့ဘဝကို.. နိဂုံးချုပ်ရတယ်လို့တောင် ပြောကြတယ်။

ဝမ်းနည်းစရာ ကောင်းတာက..
စာသင်ကျောင်းတွေဟာ..
IQ Level မြင့်မားအောင် လုပ်ပေးတဲ့ သင်ကြားနည်းတွေက များနေပြီး..
EQ နဲ့ SQ level ကို တိုးတက်လာအောင်
ပြုလုပ်ပေးတဲ့ သင်ရိုးပြဌာန်းချက် ပရိုဂရမ်တွေက.. အင်မတန် နည်းနေတုန်းပဲတဲ့..။
(သူတို့ဆီက ကျောင်းတွေမှာတောင်နော်)

တကယ်တော့..
EQ က ကိုယ့်ရဲ့ ပင်ကိုစရိုက် သဘာဝကို ဖော်ပြပြီး..
SQ ကျတော့.. အဲဒီ့ ကိုယ့်စရိုက်က ကိုယ့်ပတ်ဝန်းကျင်ကို..
ဘယ်လောက်ထိသက်ရောက်သွားလဲလို့.. ဖော်ပြတာပါတဲ့။

ကဲ... ဒါဆို.. နောက်ဆုံးတစ်ခု လာပြီ..။
ကိုယ့်ဦးနှောက် အသိဉာဏ် level ကို
တိုင်းတာနိုင်တဲ့.. နောက်ဆုံး လေးခုမြောက်က..ဘာလဲ (တွေ့ရှိချက် အသစ်တဲ့)

4) The Adversity Quotient (AQ):
------------------------------
အေကျူဆိုတာ...
ဘဝမှာ တွေ့ကြုံလာရသမျှ..
ခက်ခဲကြမ်းတမ်းတဲ့ ပြောင်းလဲမှုတွေကို
ရဲရဲရင်ဆိုင် ဖြေရှင်း ကျော်လွှားနိုင်တဲ့.. စွမ်းရည် level တဲ့..။
အဲ့ဒါ.. AQ level တဲ့..။
(ကောင်းလိုက်တဲ့ ဖွင့်ဆိုချက်)

မြန်မာစကားနဲ့ ပြောရရင်...

*လောကဓံကို မင်း ဘယ်လောက် ခံနိုင်စွမ်း ရှိမလဲပေါ့ ။

AQ level ပေါ် မူတည်ပြီး..
လူတွေဟာ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ့်သူတွေ၊
မိသားစုကို စွန့်ခွာ၊
ကိုယ့်ရင်သွေး ကိုယ်စွန့်ပစ်တဲ့သူတွေ.. ဖြစ်လာကြတာပါ။AQ level နိမ့်သူတွေက.. ဒုက္ခကို.. ရင်မဆိုင်နိုင်ကြသူတွေပေါ့။

သားကွဲ၊
မယားကွဲ၊
အလုပ်ပြုတ်၊
စိတ်ကျ၊
ဆူဆိုက်လုပ်၊
လက်ရှိဘဝကနေ ထွက်ပြေးချင်ကြသူတွေဟာ.. AQ level နည်းနေခဲ့လို့.. ဆိုပါတော့..။

အကြံပြုချက်က...

မိဘတွေဟာ..
ကိုယ့်သားသမီး AQ level မြင့်လာအောင်..
ဘဝမှာ အခက်အခဲတွေနဲ့ ငယ်စဉ်ထဲက ရင်ဆိုင်ပေးတွေ့ပြီး..
လေ့ကျင့် သင်ကြားပေးသင့်တယ်လို့ ဆိုတယ်..။
(ပြစ်ဒဏ်ပေးတာမျိုးမဟုတ်)

သူ့အသက်အရွယ်၊
သူ့အသိဉာဏ် level အတိုင်း..
ခန္ဓာကိုယ်ရော၊
ဦးနှောက်ရောကို အလုပ်ပေးတဲ့..
တာဝန်ဝတ္တရားတွေ၊
ခိုင်းစေမှုတွေ..
ဥပမာ... အားကစားနဲ့ အနုပညာ ဖန်တီးမှုတွေ၊
ခွန်အားနဲ့ လုပ်ရမယ့်.. အလုပ်ကြမ်းတွေကိုလည်း လုပ်ခိုင်းတတ်ရမယ် ဆိုပဲ..။

အချူပ်ပြောရရင်...

အိုင်ကျူ မြင့်ရင်လည်း.. ကောင်းပါတယ်။
မမြင့်ရင်လည်း.. ကိစ္စ မရှိပါဘူး။
ကျန်တဲ့သုံးခု..
(EQ/SQ/AQ) မြင့်မားဖို့က.. ပို အရေးကြီးပါတယ်။

ဒါမှ.. ဘဝအခက်အခဲ ဒုက္ခတွေကို.. ကျော်လွှားနိုင်တဲ့သူတွေ ဖြစ်လာကြမှာပါ။

သူရေးထားတဲ့..
နောက်ဆုံးစကားလေး ကြိုက်တယ်။

"သားသမီးတွေကို.. သူတို့လျှောက်ဖို့
လမ်းခင်း မပေးပါနဲ့။
သူတို့ကိုယ်တိုင် လမ်းခင်းပြီး.. လျှောက်တတ်ဖို့ကို သင်ပေးပါ..." တဲ့....

မူရင်းအား
ခရက်ဒစ်ပေးပါသည်
ကူးယူဖော်ပြသည်
တာတီး

သိပ်ကောင်းတဲ့စာပါလူငယ်​တွေ ဖတ်ဖြစ်အောင် ဖတ်ပေးပါ...“ထီးမပါတဲ့ ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်"ထီးမပါတဲ့ ကလေး... ဟုတ်ပ...
28/05/2024

သိပ်ကောင်းတဲ့စာပါ
လူငယ်​တွေ ဖတ်ဖြစ်အောင် ဖတ်ပေးပါ...

“ထီးမပါတဲ့ ကလေးဟာ မိုးထဲမှာ ပိုအပြေးမြန်ပါတယ်"

ထီးမပါတဲ့ ကလေး... ဟုတ်ပါတယ်

"ထီးမပါတဲ့ ကလေးဟာ မိုးထဲလေထဲမှာ ပို အပြေးမြန်တတ်ပါတယ်"

ဖခင်ဖြစ်သူ သက်ပြင်းတချက် ချလိုက်ပါတယ်။ ချေးယူလာတဲ့ ၄၅၃၃ ယွမ် ( ကျပ်ငွေ ဆယ်သိန်းခန့် ) သားလက်ထဲ ထည့်ပေးလိုက်ပါတယ်။ သားဖြစ်သူ အဲဒီပိုက်ဆံကို တုန်တုန်ရင်ရင်နဲ့ လက်ခံလိုက်ပါတယ်။ သားဖြစ်သူ သိလိုက်တယ်။ ကျောင်းလခ ယွမ်ငွေ ၄၁၀၀ ကျပ်သွင်းပြီးရင် စားဖို့ နေဖို့အတွက် ၄၃၃ ယွမ်သာ ကျန်ပါတော့မယ်။ ဘယ်လို ခရီးဆက် သွားရမလဲ။ ဖခင်ဖြစ်သူ အတတ်နိုင်ဆုံး ကြိုးပမ်းခဲ့ပြီးပြီဆိုတာ သူကောင်းစွာ နားလည်ပါတယ်။ ပိုက်ဆံရစရာလမ်း ဒီထက် မပိုနိုင်တော့ဘူးဆိုတာ သူ ကောင်းကောင်းသိပါတယ်။

“ ဖေဖေ စိတ်ချပါ။ ကျနော့်မှာ ခြေတွေ လက်တွေ ရှိပါသေးတယ်”

အဖေ့ကို ပြန်နှစ်သိမ့်ရပါတယ်။ ၀မ်းနည်းပူဆွေးပေမဲ့ အတတ်နိုင်ဆုံး ဖခင်ဖြစ်သူကို သူပြုံးပြီး နူတ်ဆက်ပါတယ်။ နူတ်ဆက်ပြီးတာနဲ့ အိမ်ထဲကနေ တချိုးတည်း ထွက်လာပါတော့တယ်။ ခန္ဓာကိုယ်ကို လှည့်ပြီး သူထွက်ခွာလာတဲ့အခိုက်မှာ မျက်ရည်တွေ မျက်နှာတပြင်လုံး ယိုဆင်းလာပါတယ်။ သူ ငိုသွားပါတယ်။ ဖခင်ကို မခွဲရက်တာပါတယ်။ ရှေ့ ပညာသင်ရမယ့် ခရီးအတွက် ပူဆွေးတာလည်း ပါပါတယ်။

ကျောပိုးအိတ်ကို လွယ်ပြီး တောင်ပေါ်လမ်း ကွေ့ကွေ့ကောက်ကောက်ကို ပြေးဆင်းပါတယ်။ သူ မိုင်ပေါင်း ၆၀ ခန့် ခရီးရှည် လျှောက်လိုက်ပါတယ်။ ကားခ ၆၈ ယွမ်နဲ့ ကားဂိတ်မှာ ဘတ်စ်ကား ပြောင်းစီးပါတယ်။ သူအနှစ်နှစ်အလလ တက်ရောက်ချင်ခဲ့တဲ့ ပြည်နယ်တက္ကသိုလ်ကို ရောက်ရှိခဲ့ပါတယ်။
ကျောင်းပေါက်ဝရောက်ပြီ၊ ကားခ ရှင်းလိုက်တယ်၊ လက်ထဲမှာ ၃၆၅ ယွမ်ပဲ ကျန်ပါတော့တယ်။

ပထမ Semester ၅ လ ကျောင်းတက်ရပါမယ်။ ယွမ်၃၀၀ ကျော်နဲ့ ဘယ်လို ခရီးဆက်မလဲ။

ပတ်၀န်းကျင်က ကျောင်းသူ ကျောင်းသားများ ထိုခေတ် ထိုအခါမှာ MP4 ကို လည်ပင်းမှာ ချိတ်ဆွဲထားကြပါတယ်။ တောက်တောက်ပြောင်ပြောင် ၀တ်ဆင်ထားကြပါတယ်။ သူ့ကို ပြုံးပြကြပါတယ်။ သူလည်း ပြန်ပြုံးပြပါတယ်။ စိတ်ထဲမှာတော့ မျက်ရည်များ ယိုဆင်းနေပြန်ပါပြီ။

ထမင်းကို တရက် နှစ်နပ်ပဲစားပါတယ်။ တနပ်စားရင် ( ၂ ) ယွမ် ပေးရပါတယ်။ ဒါ သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး အသုံးစားရိတ်ပါ။ ဒီလို ဆက်သွားရင်လည်း Semester ကုန်ဆုံးတဲ့အထိ ပိုက်ဆံ မလောက်ပါ။

ညမှာ သူအိပ်မပျော်ပါ။ အမျိုးမျိုး စဉ်းစား ကြံဆနေရပါတယ်။ နောက်တနေ့ သူ အံတချက်ကြိတ်ပြီး ဆုံးဖြတ်ချက်တခု ချလိုက်ပါတယ်။ ကျန်ရှိတဲ့ ပိုက်ဆံ ၃၀၀ ကျော်ထဲက သူယွမ် ၁၅၀ နဲ့ လက်ကိုင်ဖုန်းတခု ၀ယ်လိုက်ပါတယ်။ လက်ကိုင်ဖုန်း အဟောင်းပါ။ ဖုန်းပြောလို့ရတယ်၊ စာတို message ပို့လို့ရတယ်၊ အခြားဘာ function မှမပါတဲ့ ဖုန်းမျိုးပါ။

နောက်တရက် အဆောင်နံရံတွေမှာ၊ ဓါတ်တိုင်တွေမှာ၊ ကြောငြာပုဒ်တွေမှာ သူကြော်ငြာငယ်လေးတခု ကပ်ပါတယ်။ ခေါင်းစဉ်က

“ သင်၀န်ဆောင်မူ လိုအပ်ပါသလား” တဲ့

“ အကယ်၍ သင် ထမင်းဟင်း ၀ယ်လိုတယ်၊ ရေနွေးခပ်ချင်တယ်၊ ဖုန်းကြေး သွင်းချင်တယ်ဆိုရင်၊ အောက်ပါ နံပါတ် ######xx ကို ဆက်သွယ်လိုက်ပါ။ ကျောင်းတွင်း၀န်ဆောင်မူ ၁ ယွမ်၊ ကျောင်းပြင်ပ ၀န်ဆောင်မူ တကီလိုပိုဝေးတိုင်း ၂ ယွမ်၊ ကျနော် သင့်ကို ၀န်ဆောင်မူ ပြုပါရစေ ” လို့ ရေးထားပါတယ်။

အဲဒီနေ့က စပြီး သူ့ဖုန်း မအားလပ်တော့ပါ။ စတုတ္တနှစ် ကျောင်းသားတဦး သူ့ကို ဖုန်းဆက်လာပါတယ်။

“ ငါဆိုတဲ့လူက ပျင်းတယ်၊ အိပ်ယာထ နောက်ကျတယ်၊ ထမင်း၀ယ်တဲ့ကိစ္စ မင်း နေ့တိုင်း ငါ့ကို ကူညီပါ” တဲ့

“ စိတ်ချပါ။ ခင်ဗျားအဆောင်အထိ ကျနော်မနက်တိုင်း အချိန်မီ မနက်စာ ပို့ပေးမယ်”

ဒါ သူရဲ့ ပထမဆုံးသော ၀န်ဆောင်မူ ဖြစ်ပါတယ်။

နောက်ကျောင်းသားတဦး စာတို ပို့လာပါတယ်။

“ ခင်ဗျား ကျနော့ကို ဖိနပ်၀ယ်ပေးလို့ ရမလား၊ အခန်း ၅၀၄ ကပါ။ ဖိနပ် နံပါတ်က ၄၁၊ တံဆိပ်က ### ”

အားလုံး အဆင်ပြေသွားပါတယ်။ သူဥာဏ်ကောင်းတဲ့ ကလေးတယောက်ပါ။

၀န်ဆောင်မူ ပေးတာ သိပ်တောင် မကြာသေးဘူး၊ သူတခု သတိထားမိသွားတယ်။ ကျောင်းသူကျောင်းသား တော်တော်များများဟာ အတန်းကြီးလေ၊ အပြင်မထွက်ချင်လေ၊ အခန်းပုန်းများလေ ဆိုတဲ့ အချက်ပါပဲ။ အချို့ ကျောင်းသားများဟာ အတန်း သွားမတက်တဲ့အပြင် အိမ်ပေါ်ကနေ အိမ်အောက်တောင် မဆင်းချင်ကြဘူး၊ သူတို့ အခန်းထဲမှာ ကွန်ပြူတာဂိမ်းတွေ ဆော့နေတယ်၊ သူငယ်ချင်းများနဲ့ Chatting ထိုင်ရိုက်နေကြတယ်။ အဲဒီကျောင်းသားများ သူ့ရဲ့ ပင်မဖေါက်သည်ဖြစ်သွားပါတယ်။

တောင်ပေါ်ကလာတဲ့ ကလေးပီပီ၊ ကျန်းမာသန်စွမ်းတယ်၊ သွက်လက်တယ်၊ ပြေးနိုင်လွှားနိုင်တယ်၊ အဆောင်က ငါးထပ်ခြောက်ထပ် ဖြစ်နေတာတောင်မှ သူ မမှုဘူး၊ တချက်ကလေးမှ မညည်းဘူး၊ သူ တအားတက်ကြွတယ်။ တခုခုမှာလိုက်ရင် မိနှစ်( ၃၀ ) အတွင်း အရောက်လာပို့တယ်။

သူ့ကို ၅ ယွမ်ပေးတယ်၊ မြို့ ပြင်၀န်ဆောင်မူမို့လို့ သူ ၂ ယွမ်ယူတယ်၊ ၃ ယွမ် ချက်ချင်း ပြန်အမ်းတယ်၊ ပြန်အမ်းဖို့ အနူတ်မရှိဘူးဆိုတာမျိုး သူလုံး၀ အဖြစ်မခံဘူး၊ သူအဆင်သင့်ဖြစ်အောင် အမြဲ အနူတ်ဆောင်ထားတယ်။ သူဂတိတည်တယ်၊ ပြီးအောင်လုပ်တယ်၊ အချိန်မြန်တယ်၊ တိကျတယ်။ ကျောင်းသူကျောင်းသားများ အကြားမှာ သူအတော် နာမည်ရလာတယ်။ နောင်ဘာပဲလိုလို၊ ကိုယ်တိုင် ထွက်မ၀ယ်နိုင်ရင် သူ့ကိုပဲ အရင်သတိရကြတယ်။သူဒီလောက် အလုပ်ဖြစ်လိမ့်မယ်ဆိုတာ မျော်လင့်မထားခဲ့ပါဘူး၊ အတန်းဆင်းဆင်းချင်း ဖုန်းဖွင့်လိုက်တာနဲ့ အလုပ်ကအမြဲ သူ့ကို စောင့်နေပါပြီ။

တရက်ကျတော့ မိုးအကြီးအကျယ် ရွာသွန်းတယ်၊ သူ့ဖုန်း မြည်လာပြန်ပြီ၊ ကျောင်းသူတယောက်ဆီက ဖြစ်တယ်။ သူမိုးထဲမှာ ချက်ချင်း ပြေးထွက်သွားတယ်။ ကျောင်းသူမှာတဲ့ ထီးကို ချက်ချင်း ပို့ပေးလိုက်တယ်။ အခန်းတံခါးခေါက်ပြီး ထီးပေးတဲ့အချိန်မှာ ကျောင်းသူက သူ့ကို ကျေးဇူးတင်လွန်းလို့ တချက် သိုင်းဖက်လိုက်တယ်။ ဒါပထမဆုံးအကြိမ် သူမိန်းခလေးရဲ့ သိုင်းဖက်ခံရတာပဲ၊ သူမျက်ရည်ကျသွားပါတယ်။

နောက်ပိုင်းမှာ သူတော်တော် အလုပ်များသွားပါတယ်၊ အတတ်နိုင်ဆုံး ၀န်ဆောင်မူကို ပြည့်ဝအောင် သူကြိုးစားရှာပါတယ်။ ပထမ Semester ပြီးဆုံးသွားပါတယ်။
ဆောင်းရာသီ ကျောင်းပိတ်ပါပြီ၊ သူပြန်သွားပါတယ်။ သူ့ဖခင်က သူ့ကျောင်းစားရိတ်အတွက် ပူပင်သောက ရောက်နေဆဲပါ။ သူဖခင်ကို နှစ်သိမ့်ပါတယ်၊ ဖခင်လက်ထဲကို ပိုက်ဆံ ယွမ် ၁၀၀၀ ကန်တော့နိုင်ခဲ့ပါတယ်။

“ အဖေ၊ သားက သူများလို မချမ်းသာပေမဲ့၊ အဖေက သားကို အပြေးမြန်တဲ့ ခြေထောက် အမွေ ပေးထားတယ်လေ၊ အဲဒီ ခြေထောက်ကို အားကိုးပြီး ဒီထက် အောင်မြင်အောင် ပြေးအုံးမှာ ” လို့ သူ ရှင်းပြပါတယ်။

ဒုတိယ Semester သူတယောက်တည်း မပြေးလွားတော့ပါ။ ဘ၀တူ ကျောင်းနေဘက်များကို စုစည်းလိုက်ပါတယ်။ တကျောင်းလုံးကို ၀န်ဆောင်မူ စတင်ပေးပါတယ်။ ကျောင်းပြင်ပ ၀န်ဆောင်မူ ကိုယ်စားလှယ် အလုပ်ကို စတင်လုပ်ပါတယ်။

၀န်ဆောင်မူ ဧရိယာ တဖြည်းဖြည်း ကျယ်ပြန့်လာပါတယ်။ တောက်တိုမယ်ရ နေ့စဉ်လိုအပ်တဲ့ သွားတိုက်တံ သွားတိုက်ဆေး၊ ကျောင်းသုံးကိရိယာက အစ၊ ကွန်ပြူတာ အပိုပစ္စည်း၊ လျပ်စစ်ပစ္စည်းအစ ပါ၀င်လာပါတယ်။

စာသင်နှစ်တနှစ် ပြီးဆုံးသွားတဲ့အချိန်မှာ သူကိုယ်ပိုင်ကွန်ပြူတာ ၀ယ်နိုင်သွားပါတယ်။ အင်တာနက် ကွန်ယက်ကို အသုံးပြုပြီး သူ့ Customer အုပ်စု တော်တော် ကြီးမားလာပါတယ်။ Online Shopping ကုမ္မဏီတခု သူ့ကို ကျောင်းတွင်း ကိုယ်စားလှယ်အဖြစ် ခန့်အပ်ပါတယ်။

ပြေးတယ်၊ ပြေးတယ်၊ ဆက်ပြေးတယ်။ သူအောင်မြင်တဲ့ လမ်းပေါ်ကို စတင် တက်လှမ်းနေပါပြီ။

သူစတုတ္တနှစ် ပြီးဆုံးတဲ့အခါမှ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ခဲ့ရုံသာမက သူ့အတွက် ပထမအရင်းအနှီးကို စုမိဆောင်းမိနေပါပြီ။

သူ့ရဲ့ ကနဦး ရင်းနီးမတည်ငွေဟာ ယွမ်ငွေ ငါးသိန်း ( ကျပ်ငွေ သိန်း တထောင်ကျော်ကျော်ခန့် ) ဖြစ်ပါတယ်။ သူ့နာမည် He Jia Nan ဟိုကျားနံ ဖြစ်ပါတယ်။ တရုတ်ပြည် အရှေ့ မြောက်ပိုင်း Hei Long Jiang ပြည်နယ်မှာရှိတဲ့ Da Xing An Ling ကျေးလက်ဒေသမှ ပေါက်ဖွားလာတဲ့ လုပ်ငန်းရှင်လောင်းတဦး ဖြစ်ပါတယ်။

အခု သူ တက္ကသိုလ်နယ်မြေ တခုလုံးရဲ့ အရောင်းကိုယ်စားလှယ်ချုပ် ဖြစ်နေပါပြီ၊ သူ ရိုးရိုးရှင်းရှင်း ပုံစံအတိုင်း နေထိုင်နေဆဲပါ။ အလုပ်ကြိုးစားတယ်၊ သွက်လက်တယ်၊ ရေနွေးတဘူးခပ်တိုင်း တယွမ်ယူနေဆဲပါ။ သူ ပြေးလွားနေဆဲပါ။

သင်သာ သူ့နေရာမှာ ရှိခဲ့ရင် ဘယ်လို တုံ့ပြန်မလဲ ၊ မိဘ ဆင်းရဲတာကို ၀မ်းနည်းနေမှာလား၊ ပြစ်တင်နေမှာလား။ ခေတ်အခါကို၊ အစိုးရကို အပြစ်ပြောနေမှာလား။

ထီးမပါတဲ့ ကလေးဟာ မိုးထဲမှာ ပို အပြေးမြန်ပါတယ်။

ဒီဆောင်းပါး ကျနော့်စိတ်ကို တော်တော် ထိပါတယ်။ အများဖတ်ရူ့ နိုင်ဖို့ ဘာသာပြန်လိုက်ပါတယ်။ လူငယ်လူရွယ်များ အားလုံး ကိုယ့်ကိုယ်ကို ရပ်တည်လိုစိတ် ရှိနိုင်ကြပါစေ။ မိဘထံ လက်ဖြန့်တဲ့ဘ၀မှ လွတ်နိုင်ကြပါစေ၊ ဘ၀တိုးတက်မူ ခရီးလမ်းမှာ အပြေး မြန်နိုင်ကြပါစေ။



ကြိုက်လို့ ပြန်ကူးယူပြီး တင်ပေးတာပါ....

တံခါးပိတ်တဲ့အခါ "ဂျိန်း" ခနဲ မြည်အောင်ပိတ်ကြတယ်။ ရေခဲသေတ္တာပိတ်တာကို "ဗိန်း" ခနဲ မြည်အောင် ပိတ်ကြတယ်။ ထမင်းပေါင်းအိုး ပိ...
23/04/2024

တံခါးပိတ်တဲ့အခါ "ဂျိန်း" ခနဲ မြည်အောင်ပိတ်ကြတယ်။ ရေခဲသေတ္တာပိတ်တာကို "ဗိန်း" ခနဲ မြည်အောင် ပိတ်ကြတယ်။ ထမင်းပေါင်းအိုး ပိတ်တာကိုလည်း "ဂျောင်း" ခနဲမြည်အောင် ပိတ်ကြတယ်။ အဲဒီလို အမူအကျင့်တွေဟာ အထိန်းအမမရှိ၊ သတိမထားတဲ့ အောက်တန်းကျတဲ့ အမူအကျင့်ဖြစ်တယ်။

အိုးခွက်ပန်းကန်ဆေးတာ၊ ဟင်းရည်သောက်ပြီး ဇွန်းကိုပြန်ချတာတွေလည်း အသံမမြည်အောင် သတိထားရတယ်။ ဟင်းရည်သောက်တဲ့အခါမှာ သုရုသုရုအသံ မမြည်အောင် သောက်ရတယ်။ ထမင်းစားတဲ့အခါမှာလည်း စပုစပုအသံ မမြည်အောင် စားရတယ်။ မြည်ရင် အသံထွက်ရင် သူတပါးအထင်အမြင်သေးခံရတတ်တယ်။

စားပြီး လက်ဆေးတဲ့အခါ၊ ပလုတ်ကျင်းတဲ့အခါမှာ အသံမမြည်အောင်၊ နှလုံးပျို့စရာ၊ ရွံစရာ၊ မသတီစရာမဖြစ်အောင် ဆေးရကျင်းရတယ်။

ပြီးတော့ လူကြီးမိဘ ဆရာသမာတွေရဲ့ အိပ်ရာနေရာအပေါ်မှာ တက်မအိပ်ရဘူး။ ထိုင်ခုံ အခင်းတွေအပေါ် တက်မထိုင်ရဘူး။ အိပ်ယာခေါင်းရင်းပိုင်းကို သွားတဲ့အခါ လေးဘက်တွားသွားရတယ်။ လမ်းလျှောက်တဲ့အခါမှာ ခြေသံမကြားအောင် လျှောက်တတ်ရတယ်။ ဖိနပ်စီးသွားရင်လည်း "ရှပ်ရှပ်" အသံမြည်အောင် ရှပ်တိုက်မသွားရဘူး။

လှည်းတဲ့ကျင်းတဲ့အခါမှာလည်း သတိထားရတယ်။ ဟင်းအိုးဟင်းခွက်တွေထဲ ဖုန်မဝင်အောင် အရင်ဖုံးဖိပြီး လှည့်ကျင်းရတယ်။ မြေကြီးအပေါ် လှည့်ကျင့်းတခါ လူသွားလူလာရှိရင် ရပ်တန့်ပေးရတယ်။ လက်ဆေးရေစတဲ့ ရေညစ်ရေဆိုးသွန်တဲ့အခါ အရပ်လေးပါး ဥပစာကို ကြည့်သွန်ရတယ်။

လူကြီးမိဘ ဆရာသမားတွေနဲ့ စကားပြောတဲ့အခါ၊ လျှောက်တင်တဲ့အခါမှာလည်း "ဘူး၊ တယ်" နဲ့ ထည့်ပြီး မပြောရဘူး။ ဥပမာ "မဟုတ်ဘူးဘုရား" လို့ မလျှောက်ရ။ "မဟုတ်ပါဘုရား" လို့ လျှောက်ရတယ်။ "ဟုတ်ပါတယ်ဘုရား၊ မှန်ပါတယ်ဘုရား" လို့ မလျှောက်ရ၊ "ဟုတ်ပါဘုရား၊ မှန်ပါဘုရား" လို့ လျှောက်ရတယ်။ "ပါ" နဲ့ လျှောက်ရ၊ ပြောရတယ်။

ရဟန်းသာမဏေတွေ ကျင့်သုံးရတဲ့ ဝိနည်းသိက္ခာအချို့ကို လူတွေလည်း လိုက်နာကျင့်သုံးသင့်တယ်။ အပြောဆို၊ အသွားအလာ၊ အနေအထိုင်၊ အမူအကျင့်တွေ အထက်တန်းကျဖို့၊ အဆင့်အတန်းမြင့်ဖို့အရာ အသေးအမွှားကလေးကအစ သတိပြုရတယ်။

ဒီကနေ့ခေတ် ကလေးတွေရဲ့ အမူအကျင့်တွေဟာ မြင်ရတာ သိပ်မကောင်းဘူး။ လူကြီးမိဘများက ဖြစ်ကတတ်ဆန်း တော်ရိလျှော်ရိနေရင် ကလေးများတွေကလည်း ဒီအတိုင်းသာ ဖြစ်နေလိမ့်မယ်။ သားသမီးမကောင်း မိဘခေါင်းဆိုတဲ့အတိုင်း လက်ဦးဆရာများဖြစ်တဲ့ လူကြီးမိဘများက ကြပ်ကြပ်မတ်မတ် နည်းလမ်းကျနအောင် သွန်သင်ပြသဖို့လိုတယ်။

Credit to original writer

❤️စာအုပ်ဝယ်ဖို့ အတန်ဆုံးချိန်ရောက်ပါပြီ❤️လက်ဖက်ရည်တစ်ခွက်စျေးတောင်မရှိဘဲ စာအုပ်တစ်အုပ် အပိုင်ဝယ်နိုင်ပါပြီ။👍 တစ်အုပ် ၈၀၀...
29/03/2024

❤️စာအုပ်ဝယ်ဖို့ အတန်ဆုံးချိန်ရောက်ပါပြီ❤️

လက်ဖက်ရည်တစ်ခွက်စျေးတောင်
မရှိဘဲ စာအုပ်တစ်အုပ် အပိုင်ဝယ်နိုင်ပါပြီ။

👍 တစ်အုပ် ၈၀၀ ၊ တစ်အုပ် ၁၀၀၀ ၊ တစ်အုပ် ၁၂၀၀
အစရှိသဖြင့် ရွေးနိုင်လေလေ အကျိုးများလေလေ

👍၅၀% - ၄၀% လျှော့စျေးတွေနဲ့ အသစ်စက်စက် စာအုပ်တွေ

👍စာအုပ်တိုက်ပေါင်း ၃၀ ကျော်ရဲ့ တိုက်လုံးကျွတ် ၂၀% လျှော့စျေး

👍ကျန်စာအုပ်တိုက်များနဲ့ စာအုပ်အားလုံးကိုလည်း မူရင်းစျေးနဲ့ လုံးဝ မရောင်းဘဲ ၁၀% လျှော့ပါတယ်။

👍လက်ဆောင် အစီအစဉ်တွေ၊ အထူးအစီအစဉ်တွေ၊ စာရေးသူ အမှတ်တရ လက်မှတ်နဲ့ သီးသန့်စာအုပ်တွေလည်း ရှိပါသေးတယ်။

ဒီတော့ ဘာလိုဦးမလဲ…
တစ်ခုပဲလိုအပ်ပါတယ်…

စာအုပ်တွေ မွှေနိုင် ရှာနိုင်ဖို့ပါပဲ။

သူငယ်ချင်းတွေနဲ့ အတူတူစာအုပ်တွေ လာမွှေပါတယ်။ ကိုယ်ဖတ်ဖူးတာ၊ သူဖတ်ဖူးတာ ဖလှယ်ရင်း စာအုပ်တွေ ဝေမျှပါ။

မိသားစုနဲ့ အတူတူလာလည်ပါ။ အင်္ဂလိပ်ဘာသာနဲ့ ကလေးစာအုပ်တွေ မြန်မာဘာသာနဲ့ ကလေးစာအုပ်တွေ အများကြီးပါပါတယ်။ စာအုပ်စျေးတွေက အရုပ်တွေထက် စျေးပေါပါတယ်။ အကျိုးပိုများပါတယ်။ ကလေးတွေကိုယ်တိုင်ရွေးချယ် ဝယ်ယူပါစေ…

တစ်ခုပဲ သတိပြု‼️
ဆိုင်လုံးကျွတ်စျေးလျှော့မယ်
Yangon Book Plaza ခုနှစ်နှစ်ပြည့်ပွဲက
သုံးရက်ပါပဲ။

❤️ပွဲကျင်းပမယ့် ရက်စွဲနဲ့ အချိန်တွေကတော့
မတ် ၃၀-၃၁၊ ဧပြီ ၁
သုံးရက်ပဲ ကျင်းပမှာဖြစ်ပြီး
မနက်ကိုးနာရီကနေ ညနေ ခြောက်နာရီထိ
ဖွင့်ပါတယ်။

❤️လိပ်စာက
Yangon Book Plaza , ငါးလွှာ၊ သံစျေး ၊ လမ်းမတော် ၊ ရန်ကုန်၊ (၁၇ လမ်း ၊ သံစျေး ဝင်ပေါက်တွင် သီးသန့်ဓာတ်လှေကား ရှိပါတယ်)

စာဂျပိုးသူငယ်ချင်းတွေကို မန်းရှင်းခေါ်ပြီး လူစုလိုက်ပါတော့…

21/03/2024

လိုတာလေးတွေရှိဖြည့်ပေးခဲ့နော် ...မြန်မာနိုင်ငံမှ
အဲကွန်း / ရေခဲသေတ္တာ / အဝတ်လျှော်စက် / တီဗီ
Electronic Service Center ဖုန်းနံပါတ် လိပ်စာများ

ကျွန်တော့် Acc ထဲမှာ ကလေးအတွက် Homeschooling လုပ်မယ်ဆိုတဲ့ statusလေးတွေ တွေ့လို့ လိုအပ်နေတဲ့ မိဘတွေအတွက် ပြန် မျှဝေပေးတာ...
05/09/2021

ကျွန်တော့် Acc ထဲမှာ ကလေးအတွက် Homeschooling လုပ်မယ်ဆိုတဲ့ statusလေးတွေ တွေ့လို့ လိုအပ်နေတဲ့ မိဘတွေအတွက် ပြန် မျှဝေပေးတာပါ။

Homeschooling သင်ရင် အခမဲ့နဲ့ အကောင်းဆုံး ရရှိနိုင်သော website များ အကြောင်း

အိမ်မှာတင် မိမိကလေးကို သင်ဖို့ ဆုံးဖြတ်ထားရင် အရေးကြီးတာတွေထဲက တစ်ခုက သင်ရိုးပါပဲ။ ဘယ်လို သင်ရိုးတွေသင်မလဲ။ ဘယ်လို ဘာသာရပ်တွေသင်မလဲဆိုတာကလည်း ခေါင်းကိုက်စရာပါ။ ၈ နှစ်အောက်တွေအတွက်ကတော့ သင်ရိုးစာအုပ်ကို ဝယ်ယူပြီး သင်ရင် အဆင်ပြေပြီလို့ ဆိုပေမယ့် တကယ်တမ်း online trend နဲ့ သွားနေတဲ့ကလေးတွေမှာ ကိုယ့်ကလေးကို websites ထဲက သင်ခန်းစာတွေနဲ့ပါ ရင်းနှီးကျွမ်းဝင်အောင်လုပ်ထားပေးရပါမယ်။

ကလေးအတွက် စာကြည့်ဖို့နေရာလေးရှိပြီးပြီဆိုရင် Webstie ထဲမှ သင်ခန်းစာတွေကို လေ့လာနိုင်အောင်လည်း လမ်းညွှန်ရပါဦးမယ်။
Website တွေမှာလည်း US နိုင်ငံအတိုင်းသွားမလား UK နိုင်ငံသင်ရိုး အတိုင်း သင်မလားဆိုတာရှိပါတယ်။

အခု ပထမ ဖော်ပြပေးချင်တာကတော့ Homeschooling resources website တွေကတော့

1.Khan Academy

အကုန် free ရတယ်
Subject မျိုးစုံ ရှိတယ်
သင်ရိုးခိုင်မာမှုရှိတယ်။
စနစ်တကျ အကောင်အထည်ဖော်ထားတယ်။
မူကြို မှ ၁၂ တန်းထိ သင်ရိုးစုံတယ်။
အထူးသဖြင့် maths နဲ့ science မှာ အားကောင်းတယ်။
ရွေးချယ်စရာတွေထဲမှ နံပတ် ၁ ပညာရေး အိမ်သင်စနစ်တစ်ခုပဲ ဖြစ်ပါတယ်။
Google မှာ Khan Academy လို့ ရိုက်ထည့်လိုက်တာနဲ့ အလွယ်တကူဝင်ရောက်နိုင်ပါတယ်။

2. Duolingo

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအတွက် ဘာသာစကားမျိုးစုံ လေ့လာနိုင်မယ့် website တစ်ခုပါပဲ။
ဆိုဒ်ထဲဝင်လိုက်တာနဲ့ ဘယ် language ကို လေ့လာချင်သလဲဆိုတာ ရွေးပြီး သင်ယူရုံပါပဲ။
Totally free site ပါပဲ။
Language စုံတယ်။
အခြေခံက စသင်ပေးတယ်။
ရှင်းလင်းတိကျတယ်။
Eng လို နည်းနည်းရတာနဲ့ သင်ယူနိုင်တယ်။
www.duolingo.com မှာ အသေးစိတ် ဝင်ကြည့်လေ့လာနိုင်ပါတယ်။

3. 826 digital

ဒါလည်း Free website တစ်ခုပါပဲ။ အကျိုးအမြတ် အဓိက မထား ပညာရေး မျှဝေတဲ့ foundation ပုံစံလိုမျိုးပါပဲ။
KG မှ grade 12 အထိကို project အစုံအလင်ပါဝင်ပါတယ်။
Teacher အတွက်ဆို teaching resources ရှိတယ်။
ကလေးအတွက်ဆို student resources ရှိတယ်။
ကိုယ့်ကလေး level အလိုက် ရွေးချယ် သင်ယူလို့ရပါတယ်။
Totally free site ပါပဲ။

4.Brain POP

ဒါလည်း free website ပါပဲ
ဘာသာရပ်အစုံ
Project အစုံရှိတယ်။
ဒီ website ကတော့ level အလိုက် ခွဲပါတယ်။
Adult learning လူကြီးပိုင်း ပိုများတယ်။
အပေါ် site တွေလောက်တော့ သိပ်မကြိုက်ပါဘူး။
သူ့ဟာနဲ့သူတော့ အဆင်ပြေ အသုံးဝင် free ရပါတယ်။

5.Scholastic Learn at home

စာအုပ်တွေရော သင်ရိုးတွေရော မျိုးစုံ ရှိတယ်။
Subject အလိုက် တစ်ကန့်စီ ခွဲခြားခါးတယ်။
နေ့စဥ် တစ်နေ့တာအလိုက် လုပ်ရမှာတွေ ခွဲထားပေးတယ်။
English စာ အဆင်ပြေရင် ဝင်ရ လုပ်ရ ပိုအဆင်ပြေပါတယ်။
Pre KG..KG တန်းတွေကနေ စရှိတယ်။
Grade level အလိုက် စုပေးထားပါတယ်။

6.BBC Bitesize

ကလေးများအတွက်သာမက လူကြီးများအတွက်ပါ free ရနိုင်တဲ့ online resources ဖြစ်ပါတယ်။
Subject လည်း အစုံရှိတယ်။
အကုန် အခမဲ့ရတယ်။
သင်ရတာ လွယ်ကူတာက
နေ တစ်ဆင့်စီ သွားတယ်။
တစ်ချို့နိုင်ငံတွေမှာ သင်ရိုးထဲတောင်ထည့်သင်ကြပါတယ်။
Google မှာ BBC Bitesize လို့ရိုက်ထည့်ရှာတာနဲ့ ရပါတယ်။

7. BBC Teach
Live session ပါတယ်။
Pre video recorded video တွေပါတယ်။
Parents တွေအတွက် ဘယ်လိုသင်ရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေပါတယ်။
ကလေးတွေကို series လိုက် သင်တာတွေရှိတယ်။
Google မှာ bbc teach လို့နှိပ်လိုက်တာနဲ့ အလွယ်တကူ သင်ယူတက်မြောက်နိုင်ပါတယ်။

8.The Artful Parent
ဒါက screen time ကို လျော့စေတယ်။ ကလေးများအတွက် တီထွင်ဖန်တီးနိုင်တဲ့ နည်းလမ်းတွေ အများကြီး ပါတယ်။
Art ပိုင်း စိတ်ဝင်စားတဲ့ ကလေးတွေ အရမ်းကို ကြိုက်ကြတဲ့နေရာလေး။
ပစ္စည်းအစုံသာဝယ်ထားပေးရင် ကလေးတွေအတွက် စမ်းသပ်စရာမျိုးစုံရနိုင်တဲ့ website တစ်ခုပါ။
Google မှာ the artful parent လို့ ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။

Free learning resources တွေအများအပြား ရရှိနိုင်တဲ့ website တွေပဲ ဖြစ်ပါတယ်။

လေးစားစွာဖြင့်
စုကြည်ထွေး

Learn languages by playing a game. It's 100% free, fun, and scientifically proven to work.

Address

Latha Township
Yangon
959

Telephone

+959424177702

Website

Alerts

Be the first to know and let us send you an email when Apple Kids' Clothing and Accessories Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share