Thrift Fashion Men & Girl Online Shop

Thrift Fashion Men & Girl Online Shop 𝑯𝑰𝑮𝑯 𝑭𝑨𝑺𝑯𝑰𝑶𝑵 𝑻𝑯𝑹𝑰𝑭𝑻

Vintage တွေကြိုက်တဲ့အသဲလေး 🖤
15/07/2022

Vintage တွေကြိုက်တဲ့အသဲလေး 🖤

ဘေထုပ်နဲ့ Second Hand တွေ မဝတ်တတ်ရွံတယ်ပြောတတ်သူများ ....အပြင်မှာမုန့်ဟင်းခါးမစားပါနဲ့တဲ့ လူပေါင်းစုံစားပြီးသားဇွန်းကြီး...
11/03/2022

ဘေထုပ်နဲ့ Second Hand တွေ မဝတ်တတ်
ရွံတယ်ပြောတတ်သူများ ....

အပြင်မှာ
မုန့်ဟင်းခါးမစားပါနဲ့တဲ့ လူပေါင်းစုံ
စားပြီးသားဇွန်းကြီး ပါးစပ်ထဲထိ ခနခနထဲ့ရလို့တဲ့
Restaurant ကြီးမှာလည်း
မစားနဲ့တဲ့ ပန်းကန်တွေက Brand New ဝယ်ချပေးတာမဟုတ်ဘူးတဲ့ 😖
Hotel တွေမအိပ်နဲ့တဲ့ ခေါင်းအုံးက သွားရည်ကွက်တွေ ပြန်လျော်ထားတာတဲ့
Supermarket မှာ ရှူးရှူးမပေါက်နဲ့တဲ့
ဘိုထိုင်မှာ ဖင်ပေါင်းစုံ အရာတွေရှိတယ်တဲ့ 😂
Bus ကားတွေ taxi တွေ လေယာဉ်တွေပါသေးတယ် .....

နှစ် ၅ဝ ကျော် ဘေထုတ်ရောင်းသော
ဂျပန်နိုင်ငံမှ Mr. Yosuke Otsubo
(စီလျော်အောင်မြန်မာမှု ပြုသည်)

Crd

𝐖𝐡𝐚𝐭 𝐢𝐬 𝐲𝐨𝐮𝐫 𝐟𝐚𝐯𝐨𝐮𝐫𝐢𝐭𝐞 𝐨𝐮𝐭𝐟𝐢𝐭𝐬?
17/11/2021

𝐖𝐡𝐚𝐭 𝐢𝐬 𝐲𝐨𝐮𝐫 𝐟𝐚𝐯𝐨𝐮𝐫𝐢𝐭𝐞 𝐨𝐮𝐭𝐟𝐢𝐭𝐬?

ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ် 🙅🏻တကယ်တော့ နိုင်ငံတကာမှာ ✈Vintage ခေါ် ဘေ အဝတ်အထည်များကို...
01/11/2021

ဘေထုတ်လို့ပြောတာနဲ့ အယူအဆမှားနေတဲ့
လူတချို့က ဟင်ခနဲဆိုဖြစ်ပါတယ် 🙅🏻

တကယ်တော့ နိုင်ငံတကာမှာ ✈
Vintage ခေါ် ဘေ အဝတ်အထည်များကို
သာမာန်အဝတ်အထည်များထက်ပိုပြီး😱
စိတ်ဝင်စားလေ့ရှိပါတယ် 👨🏻‍💼

ဘာကြောင့်လဲဆိုတော့ 🤔
နံမည်ကြီးအမှတ်တံဆိပ်တွေမှ 🏷
အသစ်ထပ်မံ 🤷🏻‍♀️ ထုတ်လုပ်ခြင်းမရှိတော့တဲ့
အဝတ်အထည်တွေကို 💁🏻
တစ်ခုတည်းသောရရှိနိုင်တဲ့ နေရာက
Vintage (ဘေ) ဆိုင်တွေမှာပဲ ဖြစ်ပါတယ်😱

သူကအသစ်မဟုတ်လို့ဆိုပြီးဝယ်ရင်စိတ်မသန့်တာမျိုးမဖြစ်ပဲဒီဇိုင်းကွာလာတီကိုပိုကြိုက်လို့ဆိုပြီးဝယ်စေချင်တယ်

ဒါ့အပြင်
✅ ဒီဇိုင်းအသစ်တွေ
✅ ဘဝမှာ တစ်ခါမှ မမြင်ဘူးတဲ့ ပုံစံတွေ
✅မြန်မာနိုင်ငံထုတ်မဟုတ်ပဲ နိုင်ငံခြားက ထုတ်တဲ့ အဝတ်အထည်တွေ ကို
✅💰 စျေးနှုန်းသက်သာစွာနဲ့ ရ ရှိနိုင်တဲ့
အခွင့်အရေးကို မရွေးချယ်မိဘူးဆိုရင်တော့
သင်ဟာ အရမ်းခေတ်နောက်ကျနေပါပြီ 🤷🏻‍♀️

 #လမ်းဘေးထည်ရောင်းခဲ့တဲ့ ကမ္ဘာအချမ်းသာဆုံး သူဌေးတချိန်က စပိန်မှာ သူငယ်ချင်း နှစ်ယောက် ရှိတယ်၊ ဘရန်ကိုနဲ့ အော်တေဂါလို့ခေါ...
01/11/2021

#လမ်းဘေးထည်
ရောင်းခဲ့တဲ့

ကမ္ဘာအချမ်းသာဆုံး
သူဌေး

တချိန်က စပိန်မှာ
သူငယ်ချင်း
နှစ်ယောက် ရှိတယ်၊

ဘရန်ကိုနဲ့ အော်တေဂါလို့
ခေါ်တယ်၊
ဘရန်ကို မိဘတွေက
ချမ်းသာတယ်၊

ဒီတော့ ဘရန်ကိုက
ဆေးကျောင်းအရင်
တက်တယ်၊ ပြီးတော့
စာမကျက်နိုင် တော့ဘူး
ဆိုပြီး
အင်ဂျင်နီယာလိုင်း
ပြောင်းတယ်၊

ဒါလည်း
ကြာကြာမခံပါဘူး၊

ရုပ်ရှင် မင်းသား
ပြောင်းလုပ်ပြန်တယ်၊
မအောင်မြင်ဘူး၊

နောက်ဆုတ်ဖို့ လမ်း
ရှိတော့
အလွယ်တကူ အရှုံး
ပေးတယ်၊
အကြောင်း ပြချက်
ပေါင်းစုံ ပေးပြီး

နောက်ဆုံးတော့
သူ့မိဘ
လက်ငုပ် ကုန်သည်ပဲ
လုပ်တော့တယ်၊

သူ့ပုံပြင်လေးက ဒီမှာ
ပြီးပြီ၊

မပြီးသေးတဲ့ ပုံပြင်ထဲက
ဇာတ်လိုက်နာမည်က
အမန်စီယို အော်တေဂါ၊

သူ့မိသားစုက
ဆင်းရဲတယ်၊
သူ့အဖေ က
မီးရထားဌာနက
အောက်ခြေဝန်ထမ်း၊

လခ တစ်လစာ က
ကြက်ဥ ဆယ်ဒါဇင်
ဝယ်ရင်ကုန်ပြီ၊

ဆင်းရဲလွန်း လို့
၁၄နှစ်မှာ ကျောင်းထွက်
လိုက်ရတယ်၊

အလုပ် လိုက်ရှာရင်းနဲ့
အင်္ကျီ ရောင်းတဲ့ ဆိုင်မှာ
အကူအလုပ် ရတယ်၊

ဒီအလုပ်ကို လုပ်ရင်း
အရင်း အနှီးနဲ့
အတွေ့အကြုံ
ရှာခဲ့တယ်၊

လမ်းဘေးမှာ
အထည်ဟောင်းတွေ
ရောင်းတဲ့ အလုပ်ကို
နှစ်ပေါင်းများစွာ
လုပ်ခဲ့တယ်၊

အခက်အခဲတွေ
မရေမတွက်အောင်
တွေ့လွန်း တော့

နောက်ဆုတ်လိုက်ချင်စိတ်
အကြိမ်ကြိမ် ပေါ်တယ်၊

နောက်ဆုတ် ဖို့
ပြန်ကြည့် တော့
တခြား
ထွက်ပေါက်မရှိဘူး၊

ဆင်းရဲ လွန်းပြီး
ပညာရေးမပြီးတဲ့ အတွက်
တစ်ခြားအလုပ် ရှာမရဘူး၊

ဒါနဲ့ဒီအလုပ် တစ်ခုပဲ
ဇောက်ချ
လုပ်တော့ မယ်ဆိုပြီး
အားတင်း ကြိုးစားတယ်၊

နောက်နှစ် နှစ်ဆယ်
လောက် အကြာမှာ
ကိုယ်ပိုင်
အဝတ် အထည်တွေ
ချုပ်ပြီး
စရောင်းကြည့်ရာ ကနေ
နည်းနည်း
အဆင်ပြေ လာတယ်၊

အဲဒီအချိန်
အသက် ၃၆နှစ်၊

သူ့အသက်
လေးဆယ်ဝန်းကျင်
၁၉၇၅ မှာ ZARA ဆိုတဲ့
တံဆိပ်တပ်ပြီး
အဝတ်အထည်
စရောင်း တယ်၊

အဝတ်စျေးကွက်ကို
နှစ်ပေါင်းများစွာ
အရည်ကျို
သောက်လာတဲ့ သူဟာ

ZARA ကို
ဆယ်နှစ် အတွင်း
အောင်မြင်အောင်
ဦးဆောင်နိုင်ခဲ့တယ်၊

၁၉၈၉ မှာ
ပေါ်တူဂီ စျေးကွက် ကို
စတင်ဝင်တယ်၊

နောက် ဆယ်နှစ် မှာ
ကမ္ဘာ အဝတ်အထည်
လောက ရဲ့
ထိပ်တန်း ပြင်သစ်၊
လန်ဒန်စျေးကွက်ထဲကို

ZARA ရောက် လာပါပြီ၊

၂၀၀၁ မှာ ZARA ကို
စတော့စျေးကွက်
တင်တယ်၊

ZARA ဟာ
အလွန် လျင်မြန်စွာ
တိုးတက် လာတယ်၊

၂၀၁၅ မှာ နိုင်ငံပေါင်း
၈၈ နိုင်ငံ မှာ
ဆိုင်ပေါင်း (၆၇၄၆)
ဖွင့်လှစ်နိုင်ခဲ့ပြီး

အမြဲတမ်း ဝန်ထမ်း
တစ် သိန်း လေးသောင်း
ကျော်ခန့်ထား
နိုင်ခဲ့ပါတယ်၊

ဖို့ မဂ္ဂဇင်းရဲ့၂၀၁၅
ကမ္ဘာ့တန်ဖိုး အကြီးဆုံး
တံဆိပ် တစ်ရာမှာ

ZARA က တံဆိပ်
တန်ဖိုးသက်သက် ကို
ဒေါ်လာ ၉.၄ ဘီလီယံ နဲ့
နံပါတ် ၅၈
ချိတ်ခဲ့ပါ တယ်၊

ကျွန်တော်တို့ကြားဖူးတဲ့

Sony, Panasonic,
Lexus,
Rolex, Adidas,
Hyundai,
KIA, Volkswagen,
Nissan,
Canon, Chevrolet,
Colgate,
Red Bull,
Estée Lauderတို့ထက်

ZARA ရဲ့
တံဆိပ်တန်ဖိုးက
ပိုမြင့်ပါတယ်၊

လာမယ့် ၂၀၁၆ မှာ
တံဆိပ် တန်ဖိုး
အဆင့်ပိုတောင်
တက်လာနိုင်တယ်၊

အော်တေဂါဟာ
Inditex ကုမ္ပဏီကို
ထူထောင်ပြီး

ZARA ရဲ့
မိခင်ကုမ္ပဏီ အဖြစ်
သတ်မှတ်ကာ
Inditex ရဲ့
ဖွဲ့စည်းပုံ ထဲထည့်ခဲ့
တယ်၊

Inditex ရဲ့ အောက်မှာ
ZARA, Pull&Bear,
Massimo Dutti
အပါအဝင်
တံဆိပ်
ရှစ်ခုပိုင်ဆိုင် တယ်၊

၂၀၀၄ နဲ့ ၂၀၁၄
ဆယ်နှစ် အတွင်း
Inditex ဟာ
ရာခိုင်နှုန်း (၅၇၀)
ကြီးထွား လာပြီး

၂၀၁၄ ကနေ
၂၀၁၅ တစ်နှစ် အတွင်း

နောက်ထပ်
ငါးဆယ် ရာခိုင်နှုန်း
ထပ် ကြီးထွားတယ်၊

Inditex ကုမ္ပဏီရဲ့
စုစုပေါင်း
ရှယ်ယာတန်ဖိုး
၅၉.၂၉ ရာခိုင်နှုန်းကို
ပိုင်ဆိုင်တဲ့
တချိန်က ဆင်းရဲလှတဲ့
အော်တေဂါရဲ့
ကြွယ်ဝမှုဟာ
တစ်ရှိန်ထိုး တိုးတက်
လာပြီး

၂၀၁၀ မှာ
ကမ္ဘာ အချမ်းသာဆုံး
နံပါတ် ကိုး ၊
၂၀၁၃ မှာ နံပါတ် သုံး ကို
ရောက်ရှိလာ ပါတယ်၊

ပြီးခဲ့တဲ့ သောကြာနေ့
အောက်တိုဘာ ၂၃ ရက်
၂၀၁၅
မနက် အစောပိုင်းမှာတော့
Inditex ရဲ့ ရှယ်ယာ
တစ်ခု တန်ဖိုး
၃၃.၉၉ ယူရိုထိ
တက်သွား လို့

အော်တေဂါ ရဲ့
ကြွယ်ဝမှုဟာ
ဒေါ်လာ ၈၀ ဘီလီယံ
နီးပါး ဖြစ်သွားပြီး

အမေရိကန် ဘီလီယံနာ
မိုက်ခရိုဆော့ ပိုင်ရှင်
ဘီလ်ဂိတ်ရဲ့
အချမ်းသာဆုံး
နံပါတ်တစ် နေရာကို
၄ နာရီ ကြာ
ရယူလိုက်ပါတယ်၊

မနက် ၁၀:၅၂ မှာ တော့
ရှယ်ယာတန်ဖိုး
၃၃.၈၀ ယူရို ထိ
ပြန် ကျသွားလို့

ဘီလ်ဂိတ်က
ပထမနေရာ ပြန်ရ
လိုက်ပါတယ်၊

လာမယ့် ရက်တွေမှာ
စတော့ ရှယ်ယာ
အတက် အကျ
အနည်းငယ်ပေါ်
မူတည်ပြီး
သူတို့နှစ် ယောက်
တစ်လှည့်စီ
ပထမဖြစ်နိုင်ပါတယ်၊

အလွန်ကြွယ်ဝနေတဲ့
အော်တေဂါဟာ

အံ့သြ စရာကောင်းစွာ
ပုဂ္ဂိုလ်ရေး
မကျော်ကြား အောင်
(Very Low Profile) နဲ့
နေထိုင်ခဲ့တယ်၊

စျေးပေါတဲ့
အပြာရောင် ကုတ်၊
အဖြူရောင်ရှပ်နဲ့
ခဲရောင် ဘောင်းဘီပဲ
ဝတ်ပြီးနေတယ်၊

တန်ဖိုး အသင့် အတင့်
မြင့်တဲ့
သူ့ကိုယ်ပိုင်
ZARA တံဆိပ်တောင်
မဝတ်ဘူး၊

သန်းကြွယ် သူဌေး
ဖြစ်နေတာ
ကြာပြီ ဖြစ်တဲ့ ၁၉၉၉ ထိ

သူ့ ဓာတ်ပုံ
အင်တာနက်မှာ
ရှာမရဘူး၊

မီဒီယာ တွေ ကို
အင်တာဗျူး
အလုပ်မခံ ဘူး၊

၂၀၀၀ ခုနှစ်မှ
အင်တာဗျူးလုပ်ခံရလို့

သူ့ဘဝ အကြောင်း
လူတွေသိလာတယ်၊

ဒါကလည်း ၂၀၀၁ မှာ
သူ့ ကုမ္ပဏီ ကို
စတော့ စျေးကွက်
တင်မှာမိုလို့
CEO Branding အနေနဲ့
မဖြစ်လို့သာ
အဗျူးခံ တာ၊

မြန်မာပြည်
အဝတ်အထည်
စျေးကွက် ထဲက

ကိုယ်ပိုင် တံဆိပ်နဲ့
ထုတ်လုပ်ချင်တဲ့
မိတ်ဆွေ တွေကို
ZARA ရဲ့လုပ်ဟန်
တချို့ကို
ပြောပြချင်ပါ တယ်၊

အကုန်ယူလို့မရရင်
တောင်
ဗဟုသုတ အနေနဲ့ပါ၊

၁၊ ဆိုင်ခန်းအတွက်
အကောင်းဆုံး
နေရာ တွေကို ပဲ
ရွေးဖွင့်ခဲ့တယ်၊

၂၊ ကြေငြာစရိတ်ကို
လျော့ချခဲ့တယ်၊

တခြား ပြိုင်ဘက်
ကုမ္ပဏီတွေ ဝင်ငွေရဲ့
၃.၅ မှ ၅ ရာခိုင်နှုန်း
ကြား
ကြေငြာစရိတ်သုံးချိန်မှာ

အော်တေဂါ က
အံ့သြဖွယ်
၀.၃ ရာခိုင်နှုန်းပဲ
သုံးခဲ့တယ်၊

၃၊ အလုပ်ချိန်ကို
တိုးမြင့်ပြီး
ရောင်းအားပိုကောင်း
စေခဲ့တယ်၊

၄၊ အရေးအကြီးဆုံး
အချက်က
အဝတ်ဒီဇိုင်းတစ်ခု ရဲ့
သက်တမ်းကို

အတိုဆုံးထားခဲ့တာပါပဲ၊

ဖန်တီးမှု အသစ်တွေ
စဉ်ဆက်မပြတ်
လုပ်နေခဲ့တဲ့ အတွက်

ဒီဇိုင်းအသစ်တွေ
အဆက်မပြတ်
ထွက်နေခဲ့တယ်၊

အော်တေဂါဟာ
ခုဆို
အသက် ၇၉ နှစ်ရှိပါပြီ၊

ဆင်းရဲ လွန်းလို့
၁၄ နှစ်မှာ
ကျောင်းထွက်ခဲ့ရပြီး
အလုပ် သမား ဘဝနဲ့
နှစ်ပေါင်း များစွာ
နေခဲ့ရတဲ့သူဖြစ် ပါတယ်၊

အသက် ၄၀ ရောက်မှ
ကိုယ်ပိုင်လုပ်ငန်း
စတင်နိုင်ခဲ့တဲ့

မီးရထား အောက်ခြေ
ဝန်ထမ်းတစ်ဦး ရဲ့
သားတစ်ယောက်
ဖြစ်ပါ တယ်၊

လမ်းဘေး အထည် တွေ
စရောင်းပြီး ဘဝစခဲ့တဲ့
အော်တေဂါ ဟာ

ZARA တည်ထောင်ပြီး
နှစ် လေးဆယ်
အကြာ မှာ
ယှဉ်ပြိုင်ဖို့ခက်လှတဲ့
နည်းပညာခေတ်ရဲ့
ဘီလူး (Titan) တွေကို

မယုံနိုင်စရာ ကျော်ဖြတ်ပြီး
ကမ္ဘာ အချမ်းသာဆုံးတစ်ဦးဖြစ်ခဲ့တယ်

to Ko Naing
K.K(ကနောင်)

𝑾𝒉𝒂𝒕 𝒊𝒔 𝑩𝒓𝒂𝒏𝒅𝒆𝒅 𝑻𝒉𝒓𝒊𝒇𝒕? Branded Thrift ဆိုတာဘာလဲ ? ဟုတ်ကဲ့ Branded Thrift ဆိုတာ Bale ဆိုတဲ ဘေထုတ်ထဲက Branded အဝတ်အစားတွေ...
27/10/2021

𝑾𝒉𝒂𝒕 𝒊𝒔 𝑩𝒓𝒂𝒏𝒅𝒆𝒅 𝑻𝒉𝒓𝒊𝒇𝒕?

Branded Thrift ဆိုတာဘာလဲ ?

ဟုတ်ကဲ့ Branded Thrift ဆိုတာ Bale ဆိုတဲ ဘေထုတ်ထဲက Branded အဝတ်အစားတွေကို ဆိုလိုတာပါ

Bale ထဲမှာဘယ်လို Branded တွေပါလဲဆိုရင် Zara,H&M,Gap,Uniqlo,Tommy Hilfiger,Old Navy,Converse,Levis,Nike,Addidas,Champion စတဲ့ High range,Middle range Brand တွေပါပါတယ်

အသစ်တွေလား မေးရင်?
Tag တွဲလောင်းအသစ်တွေလည်းပါသလို error အထည်တွေလည်းပါပါတယ် တပတ်ရစ်အသုံးပြုပြီးသားတွေလည်းပါပါတယ်

Bale ထုတ်တွင် 100 Kg / 50 Kg / 45 Kg စတဲ့ Kgအမျိုးမျိုးနဲ့လာပါတယ်
Bale ကိုဘယ်နိုင်ငံတွေကသွင်းလို့ရလဲ?
China /Japan/ Korea / Philippines စတဲ့နိုင်ငံတွေကသွင်းလို့ရပါတယ်
Bale ထုတ် ၁ ထုတ်ထဲ မှာ Branded သီးသန့်မလာပါ
တစ်ချို့ အလုံးတွေမှာ ၁၀ထည်လောက်ပဲပါသလို အထည် ၁၀၀ ကျော်တဲ့အထိပါတာလည်းရှိပါတယ်
ဝယ်တဲ့သူရဲ့ကံပေါ်လည်းမူတည်ပါတယ်

Vintage Vibe ကိုကြိုက်တဲ့ သူတွေအတွက်လည်း Bale ထုတ်ထဲမှာ Vintage အထည်လေးတွေပါပါတယ်
Fast Fashion Trend ကိုမကြိုက်ဘူး Vintage မှ့ Vintage သူတွေအတွက်တော့ Bale ဟာ တန်ဖိုးရှိတဲ့အရာတစ်ခုပါ ဘာကြောင့်ဆို Vintage အထည်တွေဟာ Bale ထဲမှာပဲရနိုင်တာမလို့ပါ

နောက်ထပ် Branded တွေကိုကြိုက်နှစ်သက်တဲ့သူတွေအတွက်လည်း Bale ဟာ Buget ကိုအနည်းဆုံးလျော့ချပေးပါတယ်

စျေးလည်းအများကြီးမသုံးချင်ဘူး Branded လည်းဖြစ်ရမယ် error လည်းကင်းရမယ် ဆိုတဲ့ bro တွေအတွက် ကျွန်တော်တို့ Branded Thrift Collection မှာ ဝယ်ယူအားပေးလို့ရပါတယ်

thrift collection

Address

No 35 , Thadi Pahtan Street , Kyauk Myaung Tamwe
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959986553830

Website

Alerts

Be the first to know and let us send you an email when Thrift Fashion Men & Girl Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Thrift Fashion Men & Girl Online Shop:

Share

Category