23/11/2021
ခုအရမ်းအရမ်းတွေ ခေတ်စားနေတဲ့ Thrift အထည်လေးတွေကို ရွေးချယ်သင့်တဲ့အကြောင်းလေးပါ... ❤️
𝐓𝐡𝐫𝐢𝐟𝐭 ( ခြိုးခြံချွေတာခြင်း )
( 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 ) ဆိုတာ ပိုင်ရှင်က၀တ်ပီးသော်လည်း နောက်တစ်ဦး ၀တ်ဖို့အတွင် လုံလောက်တဲ့ Quality နဲ့ သက်တမ်းရှိပြီးသားပါ....
Branded တွေ ၀တ်မှ Smart ကျတဲ့ ခေတ်က နောက်ကျကျန်ခဲ့ပါပီနော် ....
အခုဆို လူငယ်တော်တော်များအနေနဲ့ ကိုယ်နဲ့ Comfortable ဖြစ်ပီး ဈေးသက်သက်သာသာနဲ့ ရနိုင်တဲ့ Second Hand Clothes ( 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬) လို့ခေါ်တဲ့ မြန်မာ မှာဆိုရင် (ဘေထုပ်) လို့ လူသိများတဲ့ အ၀တ်အထည်တွေကို ရွေးချယ်၀တ်ဆင်နေကြပါပီ ....
နိုင်ငံတကာမှာလည်း
𝐓𝐡𝐫𝐢𝐟𝐭 - ( Store ) တွေ တော်တော်များများရှိတာကို တွေ့နေရပါတယ် ...
တစ်ချို့ အနောက်နိုင်ငံသားလူငယ်တွေဆိုရင် Second Hand Clothes တွေကိုတောင် Save Money အနေနဲ့ ရှာဖွေ ၀တ်နေကြပါဘီ...
မြန်မာမှာ (ဘေထုပ်) ၀တ်တာနဲ့ ပိုက်ဆံမတက်နိုင်လို့ ၀တ်တယ်ဆိုတဲ့ ခေတ်က ကုန်သွားပါပီနော်........👌
ဟုတ်ပီ ...ဒါဆို ဘာလို့ 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 (ဘေထုပ်) ကို ၀တ်ဆင်ကြသလဲ?
🤷♂️ ပိုက်ဆံ အကုန်အကျ သက်သာမယ် (𝐒𝐚𝐯𝐞 𝐌𝐨𝐧𝐞𝐲)
🤷♂️ ဖိအားမရှိဘူး (𝐒𝐚𝐯𝐞 𝐒𝐭𝐫𝐞𝐬𝐬)
👉ပိုက်ဆံအကုန်အကျသက်သာမယ်....
𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬ထဲမှာ ရွေးချယ်နိုင်ရင်
တကယ့် Branded အ၀တ်အစားတွေကအစ ပါပါတယ်..
ပုံမှန် အ၀တ်အစားစတိုး ဆိုင်တစ်ခုမှာ Branded အကျီတစ်ထည်အနေနဲ့ ပေးရမဲ့ ပမာဏ ထက်အဆပေါင်းများစွာ သက်သက်သာသာနဲ့ ၀တ်ဆင်နိုင်ပါမယ် ....
ဒါဆို သင့်ရဲ့ ပိုက်ဆံ အကုန်အကျများစွာ သုံးစရာမလိုတော့ဘူး (ရွေးတတ်ဖို့တော့ လိုတာပေါ့ )
👉ဖိအားမရှိဘူး.....
အ၀တ်အစား ၀တ်ပီဆိုတာနဲ့ ကိုယ်ဈေးကြီးကြီးပေး၀ယ်ထားတဲ့အ၀တ်အစားဆိုရင် ဘယ်နေရာသွားသွား ဂရုတစိုက်တော့ရှိရတယ် ...
အစွန်းအထင်းတွေ ပေသွားမလား /ညစ်ပတ်သွားမလားဆိုပြီးပေါ့....
ဘာလို့လဲ ❓
ကိုယ့်လုပ်အားခနဲ့ ပိုက်ဆံအကုန်အကျများများပေး၀ယ်ထားရတာကို .....
ဒါကြောင့်ဒီ ( 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 ) တွေ၀တ်တဲ့အခါမှာဆိုရင် အဲ့ဒီအပေါ်စိတ်မသက်ရောက်တော့ဘူး
ဈေးသက်သက်သာသာနဲ့ပေး၀ယ်ထားတာကြောင့် စွန်းပေသွားလည်း ( Easy )😉 လွှင့်ပစ်လို့ရတယ်....
မကြိုက်တော့ဘူးလား အ၀တ်အထည်တွေ ပြန်လှူဒါန်းလို့တောင်ရပါသေးတယ် ....
Brand အစွဲမရှိပဲ ကိုယ်နဲ့ Comfortable ဖြစ်နိုင်ပီး အ၀တ်အစားတစ်မျိုးကို အချိန်အကြာကြီး ပေးမ၀တ်ချင်တဲ့ လူငယ်တွေအနေနဲ့ကတော့ 𝐓𝐡𝐫𝐢𝐟𝐭 𝐂𝐥𝐨𝐭𝐡𝐞𝐬 တွေက ရွှေပါပဲ....🥰🥰🥰