ABC Active Burmese Clothing

ABC Active Burmese Clothing Good quality and good Service

🙏🙏🙏 ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🙏🙏🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏၁။...
28/07/2026

🙏🙏🙏 ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🙏🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏

၁။ အရဟံ = ကိလေသာ အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား...

၂။ သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရားမြတ်ကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် ကြွင်းမဲ့ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင် ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၃။ ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

၄။ သုဂတော = ကျိုးရှိဟုတ်မှန် နှစ်တန်သော စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုးရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန် သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြားတော်မူတက်သော မြတ်စွာဘုရား...

၅။ လောကဝိဒူ = သတ္တလောက၊ ဩကာသလောက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား...

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေးကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား...

၇။ သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသော မြတ်စွာဘုရား...

၈။ ဗုဒ္ဓေါ = သစ္စာလေးပါးမြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာလေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား...

၉။ ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊ ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား...

ဤသို့လျှင် အရဟံ စသား ဂုဏ်ကိုးပါးနှင့် ထူးခြားကုံလုံ ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ကြည်ညိုမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား 🙏🙏🙏

🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အကျိုး🙏🙏🙏

၁။ အရဟံ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစေသည်၊ သူတစ်ပါးတို့က လေးစားချစ်ခင်သည်။

၂။ သမ္မာသမ္ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အသိဉာဏ်ပညာ ထိုးထွင်းတိုးပွါးစေသည်၊ အသိဉာဏ်နှင့် စပ်လျဉ်းသည့် ကိစ္စအားလုံး အောင်မြင်စေသည်။

၃။ ဝိဇ္ဇာစရဏ သမ္ပန္နော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် ဘုန်းတန်ခိုးကြီးမားစေသည်၊ လက်ရုံးရည် နှလုံးရည် တိုးပွါးစေသည်။သတ္တိ ဗျတ္တိ နှင့် ပြည့်စုံနိုင်စေသည်။

၄။ သုဂတော - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် သူတစ်ပါးတို့က ချစ်ခင်လေးစား ကူညီသည်၊ ချီးမြင့်သည်၊ မိမိတောင့်တသမျှ ကောင်းကျိုးများ အောင်မြင်သည်၊ ရောက်လေရာရာ အခါမရွေး ဒေသမရွေး မျက်နှာပွင့်လန်းသည်။

၅။ လောကဝိဒူ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အချိန်ကာလ နေရာဌာနအားလျော်စွာ အကြံအစည် ပြုသမျှကိစ္စ အားလုံးကို အလွယ်တကူ အောင်မြင်သည်၊ သူတစ်ပါးတို့ အကြံအစည်ကိုလည်း သိနိုင်သည်။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ - သူတစ်ပါးတို့က နိုင်ထက်ကလူ မပြုနိုင်၊ အပြိုင်အဆိုင်ဟူသမျှ အနိုင်ရသည်။

၇။ သတ္တာဒဝေ မနုဿာနံ - သူတစ်ပါး၏ အကြည်ညိုခံရသည်၊ အစဉ်ထာဝရ လေးစားရိုသေမှုခံရသည်။ ဩဇာအာဏာ ထက်မြက်သည်။

၈။ ဗုဒ္ဓေါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် အရာရာကြံဆ၍ သိနိုင်ပေသည်၊ ပြဿနာ ဟူသမျှကို ဖြေရှင်းနိုင်သည်။

၉။ ဘဂဝါ - ဂုဏ်တော်အား ဆင်ခြင်ပွါးများလျှင် လူချစ်လူခင်ပေါများသည်၊ အားလုံးက ကြည်ညိုကြသည်၊ အခြွေအရံပေါများသည်၊ သူတစ်ပါးတို့ မတုပြိုင်ဝံ့ ကြောက်လန့်ရိုသေစေသည်။
....................................................................

🙏🙏🙏ဝါတွင်း(၃)လ ရက်ပေါင်း(၉၀)စိပ်ရတဲ့ " ကိုးနဝင်း " ပုတီးစိပ်နည်း🙏🙏🙏
- သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
- အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
- နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ် ခင်ဗျာ

🙏🙏🙏 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။🙏🙏🙏 crd

22/07/2026

Page လေး ပြန် run ချင်လို့ပါရှင့်

🙏🙏🙏 ဝါတွင်း(၃)လ " ကိုးနဝင်းပုတီး " ရက်ပေါင်း (၉၀) အဓိဌာန် ပုတီးစိပ်ကြမယ် 🙏🙏🙏🙏🙏🙏ဗုဒ္ဓဂုဏ်တော်ကိုးပါး အဓိပ္ပါယ်အကျဉ်း🙏🙏🙏၁။...
05/07/2025

🙏🙏🙏စိပ်ရမယ့်နေ့ရက်များ🙏🙏🙏
_________________________________
(၉) ပါးစလုံးကို ( ၉ . ၇ . ၂၀၂၅) မှ ( ၁၇ . ၇ . ၂၀၂၅ ) အထိနေ့တိုင်းတစ်ပတ်စီစိပ်ပါ။

အရဟံ (၁)ပတ်

သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်

ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်

သုဂတော (၁)ပတ်

လောကဝိဒူ (၁)ပတ်

အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်

သတ္ထာဒေဝမနုဿာနံ (၁)ပတ်

ဗုဒ္ဓေါ (၁)ပတ်

ဘဂဝါ (၁)ပတ်
________________________________

🙏အရဟံ သိဒ္ဓိ (၉)ပတ်🙏

(၁၈ . ၇ . ၂၀၂၅) မှ
(၂၆ . ၇ . ၂၀၂၅) အထိ
________________________________

🙏သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏

(၂၇ . ၇ . ၂၀၂၅) မှ
(၄ . ၈ . ၂၀၂၅) အထိ
________________________________

🙏ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်🙏

(၅ . ၈ . ၂၀၂၅) မှ
(၁၃ . ၈ . ၂၀၂၅) အထိ
________________________________

🙏သုဂတော သိဒ္ဓိ (၉)ပတ်🙏

(၁၄ . ၈ . ၂၀၂၅) မှ
(၂၂ . ၈ . ၂၀၂၅) အထိ
_______________________________

🙏လောကဝိဒူ သိဒ္ဓိ (၉)ပတ်🙏

(၂၃ . ၈ . ၂၀၂၅) မှ
(၃၁ . ၈ . ၂၀၂၅) အထိ
________________________________

🙏အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်🙏

(၁ . ၉ . ၂၀၂၅) မှ
(၉ . ၉ . ၂၀၂၅) အထိ
________________________________

🙏သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်🙏

(၁၀. ၉ . ၂၀၂၅) မှ
(၁၈ . ၉ . ၂၀၂၅) အထိ
________________________________

🙏ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်🙏

(၁၉ . ၉ . ၂၀၂၅) မှ
(၂၇ . ၉ . ၂၀၂၅) အထိ

_______________________________

🙏ဘဂဝါ သိဒ္ဓိ (၉)ပတ်🙏

(၂၈ . ၉ . ၂၀၂၅) မှ
(၆ . ၁၀ . ၂၀၂၅) အထိ
________________________________

- သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
- အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
- နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ် ခင်ဗျာ

🙏🙏🙏 လုံးစုံများစွာ သတ္တဝါ ချမ်းသာကိုယ်စိတ်မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။🙏🙏🙏 crd

Page လေးကို ပြန်run ချင်လို့ ပိုစ့်လေးတွေပြန်တင်ချင်လို့ပါရှင့် 🙏
15/03/2025

Page လေးကို ပြန်run ချင်လို့ ပိုစ့်လေးတွေပြန်တင်ချင်လို့ပါရှင့် 🙏

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ABC Active Burmese Clothing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share