Thet Tant Paing

Thet Tant Paing Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Thet Tant Paing, Baho Street, Yangon.

20/03/2025
အားကစားအင်္ကျီးဝတ်ဆင်ခြင်း၏ အကျိုးကျေးဇူးများအားကစားဝတ်စုံသည် အားကစားရုံအတွက်မဟုတ်တော့ပါ။ တကယ်တော့၊ လူတိုင်းရဲ့နေ့စဉ်ဗီရ...
18/03/2025

အားကစားအင်္ကျီးဝတ်ဆင်ခြင်း၏ အကျိုးကျေးဇူးများ
အားကစားဝတ်စုံသည် အားကစားရုံအတွက်မဟုတ်တော့ပါ။ တကယ်တော့၊ လူတိုင်းရဲ့နေ့စဉ်ဗီရိုထဲကို ပေါင်းထည့်သင့်တဲ့ အရာဖြစ်လာနေပါပြီ။ အားကစားဝတ်စုံနှင့်ပတ်သက်လာလျှင်အထင်ရှားဆုံးအကျိုးကျေးဇူးတစ်ခုမှာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြစ်သည်။ ခန္ဓာကိုယ်လှုပ်ရှားမှုကို အထောက်အကူပြုဖို့ အပြင်းအထန် လေ့ကျင့်ခန်းလုပ်ဖို့ ဒါမှမဟုတ် ပန်းခြံထဲမှာ ပြေးဖို့ ချွေးစိုခြင်းကို ထိန်းပေးကာ လေ့ကျင့်ခန်းကို အာရုံစိုက်နေစေမည်ဖြစ်သည်။ အားကစားဝတ်စုံနှင့်ပတ်သက်လာလျှင် သက်တောင့်သက်သာရှိမှု ပျော့ပျောင်းမှု၊ လေဝင်လေထွက်ကောင်းမှု
တို့သည် အဓိကဖြစ်သည်။
အားကစားဝတ်စုံသည် စွမ်းဆောင်ရည်နှင့် သက်တောင့်သက်သာရှိရုံသာမက စတိုင်လ်လည်းရှိသည်။ သင့်လေ့ကျင့်ခန်းမှ သင့်တစ်နေ့တာ၏ကျန်ရှိသောအချိန်များသို့ ချောမွေ့စွာကူးပြောင်းနိုင်စေမည်ဖြစ်သည်။

နေ့စဉ်အားကစားနှင့်ကျန်းမာရေး၁၉၇၀ ပြည့်နှစ်မှာ မွေးဖွားခဲ့သူတစ်ဦးကို အရွယ်ရောက်ပြီးတဲ့အထိ မှတ်တမ်းမှတ်ယူထားတဲ့ ကျန်းမာရေး...
17/03/2025

နေ့စဉ်အားကစားနှင့်ကျန်းမာရေး

၁၉၇၀ ပြည့်နှစ်မှာ မွေးဖွားခဲ့သူတစ်ဦးကို အရွယ်ရောက်ပြီးတဲ့အထိ မှတ်တမ်းမှတ်ယူထားတဲ့ ကျန်းမာရေးအချက်အလက်တွေကို လန်ဒန်တက္ကသိုလ် (UCL) က သုတေသီတွေရဲ့လေ့လာချက်အရ နေ့စဉ်ပြုလုပ်နေကျ ကိုယ်လက်လှုပ်ရှားမှုတွေနဲ့ လေ့ကျင့်ခန်း တွေကို ခြောက်မိနစ်စာ လုပ်ဆောင်ပေးမယ်ဆိုရင် သက်လတ်ပိုင်းအရွယ်မှာ ဦးနှောက်စွမ်းအားကို ပိုမိုမြှင့်တင်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

အဲဒီလေ့လာမှုမှာ ပါဝင်သူတိုင်း အသေးစိတ် ကျန်းမာရေးအချက်အလက်တွေ၊ ဘဝနောက်ခံပုံစံနဲ့ ဘဝနေထိုင်မှုပုံစံတွေအကြောင်း မေးခွန်းတွေနဲ့ လေ့လာစစ်တမ်းကောက်ယူမှုကို ခြေရာခံစက်တပ်ဆင်ပြီး လေ့လာခဲ့ကြတာဖြစ်ပါတယ်။ စစ်တမ်းကောက်ယူတဲ့ အချိန်မှာ မှတ်ဉာဏ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ရဲ့လုပ်ဆောင်ချက် ပြောင်းလဲမှုတွေကိုပါ လေ့လာမှတ်တမ်းတင်ခဲ့ကြပါတယ်။ ငယ်စဉ် ကတည်းက လေ့ကျင့်ခန်းတွေနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို နေ့စဉ်ခြောက်မိနစ်စာ လုပ်ဆောင်ပေးရုံနဲ့ သက်လတ်ပိုင်း အရွယ်ရောက်ချိန်မှာ ဦးနှောက်စွမ်းအား ပိုမိုကောင်းမွန်တာကို လေ့လာတွေ့ရှိခဲ့ကြတယ်လို့ UCL မှ အခြေခံစောင့်ရှောက်မှုနှင့် လူဦးရေ ကျန်းမာရေးဌာနမှ ပါမောက္ခ ဒေါက်တာဂျွန်မစ်ရှဲလ်ကဆိုပါတယ်။

လူတိုင်း နေ့စဉ် နာရီဝက်၊ တစ်နာရီခန့် အားကစားတစ်ခုခုဖြစ်တဲ့ အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး စတာတွေ ပြုလုပ်သင့်ပါတယ်။ အားကစားလုပ်ခြင်းဖြင့် စားသောက်လို့ပိုလျှံတဲ့ ကယ်လိုရီတွေကို ချွေးအဖြစ်စွန့်ထုတ်လို့ အဆီအဖြစ် မစုဆောင်းနိုင်ဘဲ အဝလွန်ခြင်း၊ သွေးချိုဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါဖြစ်ပွားမှုတို့ကနေ ကင်းဝေးစေပါတယ်။

ကျန်းမာရေးအကြောင်း စဉ်းစားတဲ့အခါ အားကစားနဲ့ အစားအသောက်ကိုပဲ ပြေးမြင်လေ့ရှိပါတယ်။ အရေးပါတဲ့နောက်တစ်ချက်က ပျော်ရွှင်မှုဖြစ်ပြီး မိမိရဲ့စားသောက်ပုံနဲ့ အားကစားလှုပ်ရှားမှုပုံလိုပဲ မိမိရဲ့အထွေထွေကျန်းမာရေးကလည်း အရေးကြီးပါတယ်။ ဘဝပျော်ရွှင်မှု အဆင့်ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရင် အကျိုးကျေးဇူးများစွာရနိုင်ပါတယ်။ ပျော်ရွှင်မှုနဲ့ကျန်းမာရေးက သက်ရောက်မှုရှိပါတယ်။ ပျော်ရွှင်မှုမရှိတဲ့အခါ ကျန်းမာရေးချို့ယွင်းလာပြီး ကျန်းမာရေးမကောင်းရင်လည်း မပျော်ရွှင်နိုင်ပါဘူး။ မိမိပျော်ရွှင်မှုအပေါ် သက်ရောက်တဲ့ အချက်တွေသာမက အားကစားရုံမှာ တစ်ပတ်ကို အချိန်ဘယ်လောက်ကြာအောင် ကစားသလဲ ဆိုတဲ့အချက်ကိုလည်း ကြည့်သင့် ပါတယ်။

ငွေကြေးက ကျန်းမာရေးနဲ့လူမှုဆက်ဆံရေးထက် ပျော်ရွှင်မှုအပေါ် သက်ရောက်မှုပိုနည်းတာကို တွေ့ရှိထားပါတယ်။ ပျော်ရွှင်မှုနဲ့ ပတ်သက်ရင် ရုပ်ပိုင်းဆိုင် ရာတွေဖြစ်တဲ့ ကျန်းမာရေး၊ လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အချက်တွေကလည်း အရေးကြီးပါတယ်။ အဆင်မပြေတဲ့ ဆက်ဆံရေးနဲ့ ကျန်းမာရေးမကောင်းမှုတို့ကြောင့် ပျော်ရွှင်မှုလျော့ပါးသွားနိုင်သလို စီးပွားရေးအခြေအနေ အပြောင်း အလဲမှာ သက်ရောက်မှုပိုများနိုင်ပါတယ်။ အဲဒီရလဒ်တွေက နိုင်ငံလေးခုမှာရှိတဲ့ လူဦးရေ နှစ်သိန်းဆီကရရှိတဲ့ အချက်အလက် တွေအပေါ် အခြေခံထားတာဖြစ်ပါတယ်။

ကျန်းမာရေးအပေါ်သက်ရောက်တဲ့ ထင်ရှားတဲ့သုတေသနတစ်ခုအရ ပျော်ပျော်နေတတ်သူတွေက အသက်ပိုရှည်တာ တွေ့ရှိထား ပါတယ်။ ကန်တပ်ကီတက္ကသိုလ်က သုတေသီတွေလေ့လာခဲ့ရာမှာ အပြုသဘောထားက ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိကြောင်း ထောက်ပြနိုင်ခဲ့ပါတယ်။

လူတွေရဲ့ ၉၀ ရာခိုင်နှုန်းမှာ အပျော်ရွှင်ဆုံးသူတွေ က ၈၅ နှစ်အထိ အသက်ရှည်ကြတယ်။ တကယ်တော့ ပျော်ရွှင်သူတွေရဲ့ ထက်ဝက်ကျော် ၅၄ ရာခိုင်နှုန်းက ၉၄ နှစ်ကျော် အသက်ရှည်နိုင်ပါတယ်။ ပျော်ရွှင်တဲ့စိတ်နေသဘောထားက မိမိကို အမှန်ပဲ အသက်ရှည်စေပါတယ်။ ပိုမိုပျော်ရွှင်တဲ့သူတွေက ပိုပြီးဝမ်းနည်းတတ်တဲ့သူတွေထက် သူငယ်ပြန်မှု (ီနာနညအငေ) လျော့ပါး တာတွေ့ရပါတယ်။ သူတို့ရဲ့အသက်ရှည်တဲ့ဘဝမှာ ကျန်းမာရေးလည်း ပိုကောင်းလာတယ်။ ပျော်ရွှင်မှုက နှလုံးကျန်းမာရေး အတွက်လည်း အရေးပါနေပြန်တယ်။ ပျော်ရွှင်သူတွေက နှလုံးခုန်နှုန်းပိုနည်းတာတွေ့ရပြီး ကျန်းမာရေးကောင်းတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ပျော်ရွှင်ခြင်းက မိမိကို ကျန်းမာရေး ပြဿနာကြီးတွေကနေ ကာကွယ်ပေးရုံသာမက အအေးမိတုပ်ကွေးစတဲ့ အသေးအဖွဲရောဂါတွေကို ပါလျှော့ချပေးတယ်။ လေ့လာမှုအရ ပိုပြီးအပြုသဘောဆောင်ခြင်းက ကိုယ်ခံအားစနစ်ကို အားကောင်း စေပါတယ်။ မိမိခန္ဓာကိုယ်က ဗိုင်းရပ်စ်တွေကို ကူညီတိုက်ထုတ်ပေးပြီး အဲဒီပိုးတွေကြောင့် ကိုယ့်အပေါ်သက်ရောက်မှု ကန့်သတ် ပေးပါတယ်။

အားကစားပြုလုပ်ရာမှာလည်း သက်သောင့်သက်သာမရှိခြင်းက ထိခိုက်မှုအန္တရာယ် ရှိနိုင်ပါတယ်။ အဆစ်လွဲခြင်းကို ပြင်းထန်မှုပေါ် မူတည်ပြီး အမျိုးအစားခွဲခြားထားပါတယ်။ အပျော့စားအဆစ်လွဲခြင်း၊ အလယ်အလတ်အဆင့် အဆစ်လွဲခြင်း၊ ပြင်းထန်တဲ့ အဆစ်လွဲခြင်းတို့ ဖြစ်ပါတယ်။ အရွတ်နာကျင်ခြင်းကိုလည်း အဆစ်လွဲခြင်းမှာလို အပျော့စား၊ အလယ်အလတ်နဲ့ အပြင်းစား နာကျင်ခြင်းဆိုပြီး ခွဲခြားနိုင်ပါတယ်။ ထိခိုက်နာကျင်မှုမှာ အရိုးကျိုးနိုင်တဲ့သက်ရောက်မှုတွေမှာ အားကစားပြုလုပ်စဉ် ချော်ကျတာ၊ တစ်ခုခုနဲ့အပြင်းအထန် တိုက်မိတာကြောင့် ဖြစ်နိုင်ပါတယ်။ ထိခိုက်နာကျင်မှုတွေက အရေပြားပေါ်မှာ သွေးခြည်ဥမှုနဲ့ ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။

အားကစားပြုလုပ်စဉ် ထိခိုက်နာကျင်မှုကနေ ရှောင်ကြဉ်နိုင်ဖို့ သွေးပူလေ့ကျင့်ခန်းပြုလုပ်တဲ့အခါ အားထုတ်ဖို့လိုအပ်တဲ့ အားကစားနည်းမျိုး မပြုလုပ်ဖို့လိုပါတယ်။ လုံလောက်တဲ့ သွေးပူလေ့ကျင့်ခန်းက ကြွက်သားတွေ အကြောလျော့စေပြီး တင်းရင်းမှု၊ နာကျင်မှုကနေ ကင်းဝေးစေပါတယ်။ ကြွက်သားတွေ တင်းမာနေမှုအပေါ် လျော့ပါးစေပါတယ်။ အားကစားလုပ်စဉ် ထိခိုက်မှုဖြစ်ရင် ရှေးဦးသူနာပြုစုနည်းနဲ့ကုသပြီး ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။

အားကစားပြုလုပ်ချိန် အနာတရဖြစ်ရင် ကစားတာရပ်နားပြီး ပြန်လည်ကောင်းမွန်တဲ့အထိ အနားယူသင့်ပါတယ်။ အအေးဓာတ်နဲ့ ဖိနှိပ်နိုင်ပါတယ်။ အနာနေရာကို ရေခဲ ဒါမှမဟုတ် အအေးပေးထားတဲ့ဂျယ်အိတ်နဲ့ ဖိပေးတာက သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်းနဲ့ အနာပျံ့နှံ့ခြင်းကို လျှော့ချပေးပါတယ်။ ဆန့်/ကျုံ့မှုရှိတဲ့ ပတ်တီးစည်းခြင်းက ဖိအားရရှိပြီး နာကျင်မှုနဲ့သွေးထွက်မှုတို့ လျော့ကျစေ ပါတယ်။ အနာကို တတ်နိုင်သမျှ ပင့်တင်ထားသင့်ပါတယ်။ ထိခိုက်နာကျင်တဲ့အနာကို တတ်နိုင်သလောက် မြှောက် ထားခြင်းက အနာသက်သာစေတဲ့အပြင် သွေးထွက် မှုကို လျော့ကျစေပါတယ်။

အရေးကြီးတဲ့အချက်အနေနဲ့ ဒူးကျီးပေါင်းရောဂါက အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်ပွားခြင်းဖြစ်ပါတယ်။ အားလုံးနီးပါး ဒူးကျီးပေါင်းရောဂါကို အနည်းနဲ့အများ ခံစားဖူးပါတယ်။ ဒူးကျီးပေါင်းရောဂါဖြစ်တာက အကြောင်းအမျိုးမျိုးရှိပါတယ်။ အသက် အရွယ်ကြီးလာခြင်း၊ ကိုယ်အလေးချိန်မြင့်တက်လာခြင်း၊ မကြာခဏထိခိုက်ဒဏ်ရာရခြင်းတို့က ဒူးကျီးပေါင်းရောဂါ ဖြစ်ပွား စေနိုင်ပါတယ်။

အသက် ၄၀ ကျော် လူနာတွေအနေနဲ့ ဒူးရောင် ရမ်းနာကျင်မှု၊ တောင့်တင်းခြင်းဝေဒနာတို့ကိုခံစားကြရတယ်။ အသက် ၆၀ ကျော် လူနာတွေရဲ့ ၅၀ ရာခိုင်နှုန်းက ဒူးကျီးပေါင်းရောဂါဖြစ်ပွားနိုင်ပါတယ်။ အရင်က ထိခိုက်ဒဏ်ရာရရှိမှု၊ ကိုယ်အလေးချိန်မြင့်တက်မှု၊ အားကစားလုပ်ရာမှာ သွေးပူလေ့ကျင့်ခန်းကစပြီးမလုပ်လို့ ထိခိုက်ဒဏ်ရာရရင် ဒူးကျီးပေါင်းရောဂါခံစားရပါတယ်။ အမျိုးသမီးတွေ မီးယပ်သွေးဆုံးချိန်မှာ ဟော်မုန်းအားနည်းလို့ အရိုးကျိုးလွယ်တဲ့ အတွက် အားကစားပြုလုပ်ရာမှာ ဆောင်ရန်၊ ရှောင်ရန်တွေကို လိုက်နာကျင့်သုံးသင့်ကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

Credit ဒေါက်တာလွင်သန့်

03/09/2024

ဖြစ်ရမယ်😆

08/08/2024
▪️အားကစားလုပ်ရင်ပဲဖြစ်ဖြစ်၊၊ အပြင်သွားလို့ outfit အနေနဲ့ပဲဖြစ်ဖြစ် ဝတ်လိုက်ရင် သန့်ပြန့်နေစေမဲ့ Sport Wear လေးတွေပါ။▪️Ma...
18/03/2024

▪️အားကစားလုပ်ရင်ပဲဖြစ်ဖြစ်၊၊ အပြင်သွားလို့ outfit အနေနဲ့ပဲဖြစ်ဖြစ် ဝတ်လိုက်ရင် သန့်ပြန့်နေစေမဲ့ Sport Wear လေးတွေပါ။
▪️Made in Vietnam 🇻🇳
▪️Made in Singapore 🇸🇬
ပုံအောက်တွင် စျေးနှုန်းလေးတွေရေးထားပါတယ်ဗျ

✅ အိမ်မှာနေရင်းပဲဖြစ်ဖြစ်၊ အပြင်သွားရင်းပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးလေးဝတ်လို့ရမယ့် Essentials ချည်ထိုး Short pants လေးတွေပ...
02/03/2024

✅ အိမ်မှာနေရင်းပဲဖြစ်ဖြစ်၊ အပြင်သွားရင်းပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးလေးဝတ်လို့ရမယ့် Essentials ချည်ထိုး Short pants လေးတွေပါခင်ဗျ
✅ အသားအရမ်းကောင်းပီးဝတ်ရတာလဲပေါ့ပေါ့ပါးပါးနဲ့အဆင်ပြေတယ်အပြင်ပေးရတဲ့စျေးနဲ့မထင်မှတ်ထားတဲ့Quality လေးကိုရမှာပါဗျ🥰🥰🥰
တစ်ထည် ၈၅၀၀ကျပ်
short pants

ဒီလိုဘဲဖြစ်ရမယ်
01/03/2024

ဒီလိုဘဲဖြစ်ရမယ်

12/02/2024

တစ်နေ့တစ်နေ့ ကိုယ့်ရဲ့ အချိန်စက်ကွင်းက အလုပ်လုပ် ၊ ထမင်းစား အိပ်ရာဝင် ဒါနဲ့ပဲ လည်ပတ်နေတာဆိုရင် သင့် Lifestyle မှာ....

ပေါ့ပေါ့ပါ့ပါ့နဲ့ ချွေးစုပ်ပြီးအသားလည်းအေး သက်တောင့်သက်သာလည်းရှိတဲ့င်္အကျီလေးတွေရှာနေပြီဆိုရင်BKK T-Shirt 100% Cotton Sm...
12/02/2024

ပေါ့ပေါ့ပါ့ပါ့နဲ့ ချွေးစုပ်ပြီးအသားလည်းအေး သက်တောင့်သက်သာလည်းရှိတဲ့င်္အကျီလေးတွေရှာနေပြီဆိုရင်
BKK T-Shirt 100% Cotton Small logo ချည်ထိုး လေးတွေကိုရွေးချယ်လိုက်တာအကောင်းဆုံးပါပဲ
100% cotton ချည်သားစစ်စစ်တွေမို့ ဝတ်လို့ရှယ်ကောင်း
ပေါင် 90 ကနေ 160 ထိဝတ်လို့ရပါတယ်
Free Size ပါဗျ
တစ်ထည် - ၆၀၀၀ ကျပ်
T Shirt

Address

Baho Street
Yangon
11061

Website

Alerts

Be the first to know and let us send you an email when Thet Tant Paing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share