28/06/2022
Crepe Maker /
Pancake Maker
ဒီစက်ကလေးရှိရုံနဲ့ မုန့်မျိုးစုံလုပ်စားနိုင်ပါပြီနော်။
ပီဇာ, ခေါက်မုန့် , ကြက်ဥထမင်းလိပ် ,သရက်pillow ,
ဒူးရင်းpillow ,ဖက်ထုပ်ကြော်, ကော်ပြန့်လိပ် ,ပူရီ
မုန့်အစုံလုပ်စားလို့ရအောင် မရှိမဖြစ်ဝယ်ထားသင့်တဲ့ Crepe Maker အိုးလေးပါရှင်။
စိတ်ကူးရှိရင် ရှိသလို ကိုယ်လုပ်တတ်တာလေးတွေ, အခြားအသစ်အဆန်းလေးတွေ လုပ်စားလို့ရပါတယ်
အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး pancake လုပ်နည်းလေးလည်း ပြောပြပေးမယ်နော် 😍
လိုအပ်သောပစ္စည်းများ
- ဂျုံမှုန့် 1+1/2 Cups
- Baking powder 3+1/2 Teaspoons
- နို့ 1+1/4 Cups
- ကြက်ဥ တစ်လုံး
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ထောပတ် အရည် လက်ဖက်ရည်ဇွန်း ၃ ဇွန်း
- သကြားဖြူ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရင်ဆုံး ဇလုံခပ်လတ်လတ်ဇလုံတစ်ခုထဲမှာ ဂျုံ, baking powder, ဆားနဲ့ သကြားတို့ကို ရောထည့်ပါ...အလယ်မှာ နေရာလွတ်နည်းနည်းချန်ပြီး နို့, ကြက်ဥ နဲ့ ထောပတ်ရည်တို့ထည့်ပြီး ပျစ်နှစ်ချောမွေ့သွားသည်အထိ ရောသမမွှေပါ...
ပြီးရင် စက်နဲ့အတူပါလာတဲ့ ပန်းကန်ပြားလေးထဲကိုလောင်းထည့်ပါ...Maker ရဲ့အပူချိန်ကို medium နဲ့ high နဲ့ကြားလောက် ခဏထားပြီး နှစ်လိုက်လို့ရှိရင် pancake အပြားလေးရပြီပေါ့...ပျားရည်ဆမ်းပြီး စားရင်လည်း အရမ်းကောင်းတယ်...
အခုပြောပြသွားတဲ့နည်းလမ်းက ဒီစက်လေးကိုသုံးပြီး အလွယ်ကူဆုံးလုပ်လို့ရတဲ့နည်းလမ်းလေးပါနော်။
Price -16500Kyats