Hein htet online shopping

Hein htet online shopping လက်လီလက်ကားဒိုင်

10/11/2024
လွန်ခဲ့တဲ့ (၃)လ ကျော်လောက်ကကိုယ်သောက်နေကြ လက်ဖက်ရည်ဆိုင်က စားပွဲထိုးလေးက ကိုယ့်ကို လာတိုင်ပင်ဖူးတယ်။" အစ်ကို ကျနော် ဒီဆိ...
09/10/2023

လွန်ခဲ့တဲ့ (၃)လ ကျော်လောက်က
ကိုယ်သောက်နေကြ လက်ဖက်ရည်ဆိုင်က
စားပွဲထိုးလေးက ကိုယ့်ကို လာတိုင်ပင်ဖူးတယ်။

" အစ်ကို ကျနော် ဒီဆိုင်မှာ
မနေချင်တော့ဘူး အလုပ်ထွက်တော့မယ်
ဒီမှာလုပ်တာမတိုးတက်ဘူး လစာနည်းတယ်တဲ့။

ကိုယ်ကလဲ ဆေးလိပ်တလိပ်ကို
မီးညှိ တချက်ရှိုက်ဖွာ လိုက်ပြီးတော့

'' ရော့ ညီလေးဒီစာအုပ်ကိုပြီးအောင်ဖတ်" ဆိုပြီး
မင်းသိင်္ခရဲ့ဝတ္ထုတစ်အုပ်ကို ပေးဖတ်လိုက်တယ်။

နောက်တစ်ရက်ဆိုင်ရောက်တော့......

'' အကိုပေးတဲ့စာအုပ်က ကောင်းတယ်ဗျာ
ကျနော် အားတွေရှိသွားပီ မနက်ဖြန်ကျရင်
အလုပ်ထွက်တော့မယ် ဒါပေမယ့် ဘယ်ကစပြီး
လုပ်ရမှန်းမသိဘူး" လို့ပြောလာတယ်။

ကိုယ်က လက်ဖက်ရည်ဆိုင်က
ခပ်ညံ့ညံ့ ဂျုံသားနဲ့လုပ်ထားတဲ့
သကြားပလာတာကို ကောက်ဝါးလိုက်ရင်း...

``မင်း မနက်ဖြန် ကာကီဘောင်းဘီဝတ်"
"ဗျာ ကျနော့်မှာကာကီ ဘောင်းဘီမရှိဘူးဗျ "

"အေး ကာကီဘောင်းဘီ
မရှိရင် ဂျေဂျေဘောင်းဘီဝတ်"

"ဟုတ် ... ပြီးတော့ရော"

"လမ်းထိပ်ကနေ တွေ့ရာလိုင်းကားစီး
ဂိတ်ဆုံးအထိလိုက် ဂိတ်ဆုံးတာနဲ့ ဆင်းတော့
အဲ့မှာ မင်းဘဝ စပြီကွာ" လို့ပြောလိုက်တော့
စားပွဲထိုးကလေးရဲ့ မျက်နှာမှာပီတိတွေဖြာလို့။

'' အကို့ စာအုပ်တွေထဲကလို
ပညာရှိအဘိုးကြီးတွေ တကယ်ရှိလားဟင်"

ကိုယ်လဲ နှုတ်ခမ်းလေးကွေးရုံမျှ ပြုံးလိုက်ပြီး
'' မင်းသိလာမှာပေါ့ကွာ" လို့ပြောရင်းနဲ့
သူ့ပုခုံးကိုကိုင် အားပေးပြီး ထွက်လာခဲ့ပါတယ်။

နောက်ရက်ကစပြီး ကြီးပွားချင်တဲ့
အဲ့ဒီစားပွဲထိုးကောင်လေးကို မတွေ့ရတော့ဘူး
ဘယ်ရောက်သွားမှန်းလဲမသိဘူး ကြာခဲ့ပါပြီ။

ဟိုးတလောက သူ့လုပ်ခဲ့တဲ့
လက်ဘက်ရည်ဆိုင် ပိုင်ရှင်နဲ့တွေ့လို့
သတိတရ မေးကြည့်လိုက်တော့

သူ ဘုရားကြီးဘက်မှာ
တောင်းစားနေတယ်ဆိုလား ဘာဆိုလားပဲ

ဘာပဲဖြစ်ဖြစ် တိုးတက်ချင်တဲ့
လူငယ်အတွက် ဝမ်းသာခြင်းဖြစ်မိပါတယ်။

ကိုယ့်ဝင်ငွေနဲ့ ကိုယ်ပိုင်အလုပ်
အကိုင်လေးနဲ့အတည်တကျဖြစ်သွားလို့....။

#မိုတီဗေးရှင်းစပီကာ
#ဘာလို့အခုထိမချမ်းသာသေးတာလဲ
#ထူထောင်ကြပါတူမောင်တို့ရာ
Credit

Address

Yangon Tamwe 156street No. 26
Yangon

Website

Alerts

Be the first to know and let us send you an email when Hein htet online shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Hein htet online shopping:

Shortcuts

Share