21/08/2026
✨ ရက်ကန်းသင်တန်းနဲ့ ပတ်သက်ပြီး Post လေးတင်ပြီးတဲ့နောက် Pochi Studio မှာ ရက်ကန်းလာသင်ဖို့ စိတ်ဝင်စားကြတဲ့သူလေးတွေအတွက် မေးလေ့ရှိတာလေးတွေကို အားလုံးတစ်စုတစည်းတည်း ကြည့်ရလွယ်အောင် ဖြေပေးလိုက်ပါတယ်နော်..
🙋♀️ အတွေ့အကြုံ မရှိရင်ရော တက်လို့ရလား?
✨လုံးဝ အတွေ့အကြုံ မရှိလည်း ရပါတယ်။ သင်တန်းတစ်လျှောက်လုံး အနီးကပ် ကူညီသင်ကြားပေးမယ့် ကျွမ်းကျင်ရက်ကန်းပညာရှင် အစ်မတွေ ရှိတာဖြစ်လို့ စိုးရိမ်စရာ မလိုပါဘူးနော်။
👶 ဘယ်အရွယ်တွေ တက်လို့ရလဲ?
✨အသက် (၁၀) နှစ်နီးပါး ကလေးလေးတွေကစပြီး တက်ရောက်နိုင်ပါတယ်။ (Pochi Studio မှာ လာသင်ဖူးတဲ့အထဲ အငယ်ဆုံးကတော့ အသက် ၆ နှစ်အရွယ် ကလေးငယ်လေးပါ)
👨 အမျိုးသားတွေရော သင်လို့ရလား?
✨ရတာပေါ့! ရက်ကန်းရက်လုပ်ခြင်းက လူတိုင်းနဲ့ သင့်တော်တာမို့ အမျိုးသားများလည်း လွတ်လပ်စွာ လာရောက်သင်ယူနိုင်ပါတယ်။
👭 သူငယ်ချင်းနဲ့ တူတူလာလို့ရလား?
✨Workshop အတွက် ရက်ကန်းစင် (၂) စင် ရှိတာဖြစ်လို့ သူငယ်ချင်းနဲ့ အတူတူ လာရောက် ရက်လုပ်ချင်သူများအတွက် အဆင်ပြေပါတယ်။
🧘♀️ တစ်ယောက်တည်း လာရင်ရော?
✨တစ်ယောက်တည်း လာရင်လည်း စိတ်အေးချမ်းသာစွာနဲ့ စိတ်လက်ပေါ့ပါး ပြီး စိတ်ငြိမ်မှုရရှိစေမှာပါ။ ပျော်ရွှင်စရာအချိန်လေးဖြစ်အောင် အပြည့်အဝ ဂရုစိုက်ပေးသွားမှာမို့ ရဲရဲကြီးသာ လာခဲ့ပါနော်။
⏳ သင်တန်းကြေးနဲ့ ပြုလုပ်နိုင်မယ့် ပစ္စည်းများ
တစ်နေကုန် သင်တန်း (Full Day):
➡️၁၇၀,၀၀၀ ကျပ် (တစ်ယောက်လျှင်)
➡️ ပဝါရှည် (Scarf) တစ်ထည် ပြီးစီးအောင် ရက်လုပ်နိုင်ပါသည်။
တစ်ဝက်စာ သင်တန်း (Half Day):
➡️၁၀၀,၀၀၀ ကျပ် (တစ်ယောက်လျှင်)
➡️ စားပွဲခင်း (Placemat) တစ်ထည် ပြီးစီးအောင် ရက်လုပ်နိုင်ပါသည်။
(စျေးနှုန်းအတွင်း သင်ကြားခနှင့် ချည်မျှင်ကုန်ကျစရိတ်များ အပြီးအစီး ပါဝင်ပါသည်။ သင်တန်းတွင်အသုံးပြုမည့် ချည်မျှင်အတွက် Cotton နှင့် Acrylic ကို အသုံးပြုပေးထားမှာဖြစ်ပြီး ပိုးချည်တော့မဟုတ်ပါဘူးရှင်)
🗓 ဘယ်နေ့တွေ တက်လို့ရလဲ?
✨ကြားရက်ရော စနေ၊ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေမှာပါ ကြိုက်နှစ်သက်ရာ ရက်ကို ရွေးချယ် ဘွတ်ကင်တင်နိုင်ပါတယ်။
💬 အသေးစိတ် ထပ်မံသိရှိလိုပါက သို့မဟုတ် Booking တင်လိုပါက CB (Direct Message) သို့မဟုတ် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။
📍အမှတ် ၇၊ ဗိုလ်ချုပ်ပြတိုက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်
📱09 - 402 699 422
📩[email protected]
(English Language)
✨When we post information about our weaving lessons, we always get lots of questions…..so let us we will share some answers for everyone !
🙋🏼♀️You don’t need to have any previous experience! Our weavers will stay with you and assist through the whole lesson.
👶🏻 Children from the age of about 10 years old can join (and we have even had some 6 year olds having a go!)
👨Men and boys are also welcome - everyone can weave!
👭We have two looms for workshops - so come with a friend if you would like!
🧘♀️But also feel free to come alone ! we will make sure you enjoy the day – you will find it peaceful and relaxing!
💵The price - full day MMK170,000 per person, or half day MMK100,000 per person - this includes ALL the threads (not silk....cotton & acrylic) and all teaching.
➡️If you book for one day, you can finish a scarf
➡️If you book for half a day, you can make a placemat?
✨You can book either during the week or the weekend!
Any more questions? Please call or DM!
📍 Location: No. 7, Bogyoke Museum Lane, Bahan Township, Yangon
📱 Phone: 09 - 402 699 422
📩 Email: [email protected]