Empress Online Shopping

Empress Online Shopping 24 hours

 မြို့နယ်တိုင်းမှာ COVID ဖြစ်တဲ့ လူဦး​ရေက တစ်​နေ့တစ်ခြား ပိုပိုတိုး​နေပါတယ်။ အခု ပျံ့​နေတဲ့ COVID မျိုးစိတ် အသစ် ( SARS...
04/07/2021


မြို့နယ်တိုင်းမှာ COVID ဖြစ်တဲ့ လူဦး​ရေက တစ်​နေ့တစ်ခြား ပိုပိုတိုး​နေပါတယ်။

အခု ပျံ့​နေတဲ့ COVID မျိုးစိတ် အသစ် ( SARS CoV2 - Delta variant - India mutant) က
🚩ကူးစက်မှုနှုန်း ၅၀-၆၀% ပိုမြန်ပါတယ်။
🚩ကူးစက်ခံရပြီဆိုရင်လဲ ​ပိုပြင်းထန်ပါတယ်။
🚩ကာကွယ်​ဆေးနဲ့ လွှမ်းခြုံနိုင်မှု (herd immunity) မရ​သေးတဲ့ ​ဒေသ​တွေမှာ ပိုပျံ့ပါတယ်။
🚩ကာကွယ်​ဆေးထိုးရင်လဲ အရင်က ဖြစ်တဲ့ COVID Alpha ထက် ​​ဆေးရဲ့ အောင်မြင်မှု ​လျော့ပါတယ်
ဒါ​ကြောင့်လဲ CDC က October 2020 ကတည်းက "Varient of Concern" ပိုပြီးသတိထားရမယ့် မျိုးစိတ်လို့ သတ်မှတ်ထားခဲ့တာပါ

COVID မျိုးစိတ် အသစ်ရဲ့ လက္ခဏာ​တွေဟာ အရင် COVID alpha လိုပဲ
🔸️ဖျားတာ
​🔸️ချောင်းဆိုးတာ
🔸️အနံ့​ပျောက်တာ
🔸️အသက်ရှူကြပ်ပြီး ​မောတာ တူပါတယ်

Delta variant ဖြစ်တဲ့အတွက် တုပ်​ကွေးမိသလို
🔶️ ခေါင်းကိုက်တာ
🔶️ လည်​ချောင်းနာတာ
🔶️ နှာရည်ယိုတာ ပိုခံစားရပါတယ်

ပြီး​တော့
🔶️ ဝမ်းပျက်ဝမ်း​လျှောတာ
🔶️ မျက်စိနီတာ
🔶️ အ​ရေပြားမှာ အနီကွက်ဖြစ်တာ
​🔶️ ခြေ​ချောင်းလက်​ချောင်း အ​ရောင်​ပြောင်းတာတွေလဲ ဖြစ်တတ်ပါတယ်

ဒါ​ကြောင့် ပိုကူးမြန် ပိုပြင်းထန်တဲ့ COVID အသစ်ကို ပိုပြီး တိတိကျကျ ကာကွယ်ဖို့ လိုပါတယ်

ကာကွယ်နည်း​တွေက​တော့ အရင်လိုပါပဲ
➡️ Mask ၂ထပ်တပ်ပါ
( Surgical + အဝတ် mask)
➡️ လက်​​ဆေးပါ
➡️ ၆​ပေအကွာ​နေပါ
➡️ ကိုယ်ခံအား​ကောင်း​အောင်
အာဟာရမျှတစွာ စားသုံးပါ
လုံ​လောက်စွာ အိပ်စက်ပါ
➡️ အိမ်တွင်း ​လေဝင်​လေထွက်​ကောင်း​အောင်
ပြတင်း​ပေါက်များ ဖွင့်ထားပါ
➡️ အိမ်မှာ နာတာရှည် ​ဝေဒနာသည်​တွေရှိရင်
အထူး ဂရုစိုက်ပါ
➡️ အောက်ဆီဂျင်အိုး ငှားလို့ရမယ့်​နေရာ​တွေ
ကြို​စုံစမ်းထားပါ

ကိုးကားချက်
- WHO
- CDC

ပြည်သူများအ​ပေါင်း ကပ်​ဘေးမှ ကင်း​ဝေးနိုင်ကြပါ​စေ
အားလုံးပဲအထူးဂရုစိုက်ကြပါနော် 🙏🏻

04/07/2021


အောက်ဆီဂျင် အိုး​တွေကိုဝယ်ယူ အိမ်မှာ​ဆောင်ထားကြပြီဆို​တော့ ​ဆောင်ရန် ​ရှောင်ရန်​လေး​တွေ ​ပြော​ပေးပါမယ်​နော်။

၁။​အောက်ဆီဂျင်ဟာ radiation မဖြစ်ပါဘူး။ ဒါ​ကြောင့် သူ့နားမှာ ဖုန်း​ပြောနိုင်ပါတယ်။

၂။​အောက်ဆီဂျင်ဟာ ကိုယ်တိုင်မီးမ​လောင်နိုင်ပါဘူး၊ ဒါ​ပေမယ့် မီးလောင်ခြင်းကို အား​ပေးပါတယ်။ ဒါ​ကြောင့် မီးဖို​ဘေး၊ မီးနဲ့ပတ်သက်တဲ့ ​နေရာ​တွေနဲ့ ​ဝေး​ဝေးထား​ပေးရပါမယ်။
ဒီအိုးနားမှာ ​ဆေးလိပ်မ​သောက်ရပါဘူး။
မီးပျက်လို့ သူ့​ပေါ်မှာ ဖ​ယောင်းတိုင်​လေးထွန်းတာမျိုး လုံးဝလုံးဝမလုပ်ရပါဘူး​နော်။

၃။​လေဖြည့်ထားတဲ့ ​အောက်ဆီဂျင်အိုးဟာ အတွင်းထဲမှာ ​လေ​ပေါင် pressure 1800psi ရှိတာမို့ ​လေရှိ​နေတဲ့အိုး​တွေကို ထုရိုက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပစ်ချခြင်းမျိုးကို ​ရှောင်ကြဥ်ရပါမယ်။

၄။အ​ရေးအကြီးဆုံးက​တော့ ​အောက်ဆီဂျင်​အိုး​တွေဟာ ဆီမှန်သမျှ​ကြောက်ပါတယ်။ ဓါတ်ဆီ၊ ဒီဇယ်၊ စားဆီ၊ ​ခေါင်းလိမ်းဆီ စသည်များနှင့် လုံးဝမထိမိ​အောင်ထား​စေချင်ပါတယ်။
လှည့်တဲ့ ဝှီးဘား​လေးကြပ်​နေလို့ ဆီ​လေးထည့်လိုက်မယ်ဆိုတာမျိုးတွေ လုံးဝလုံးဝ မလုပ်မိပါ​စေနဲ့။​ filling လုပ်တဲ့အချိန်ပေါက်ကွဲ​စေတတ်ပါတယ်။

၅။​အောက်ဆီဂျင်အိုးကို လဲကျခြင်းမဖြစ်​အောင် ခိုင်မာတဲ့ တစ်ခုခုမှာ ချည်​နှောင်ထားရပါမယ်။

​သတိရှိနိုင်ကြပါ​စေ။

20/05/2021

ခုရက်ပိုင်း Local Product တွေ Local Made တွေ Handmade နဲ့ Local Owned Brand တွေအကြောင်း ဆက်တိုက်ရေးဖြစ်နေတော့ ကိုယ်တိုင်ရော Local Made ချည်ထည်တွေကို ဝတ်ဖြစ်ရဲ့လားဆိုပြီး မေးကြတယ်။ 💁‍♀️

ချည်ထည်တွေ ဝတ်မဝတ်ကတော့ ဒီမှာသာကြည့်။😁 ဒါတောင် တစ်ချို့ကဗီရိုတွေထဲရောက်နေလို့ ဒီရက်ပိုင်းဝတ်တာတွေပဲ ထုတ်ထားတာ။ 😌💕

တကယ်တော့ မေသော် Local Made တွေအကြောင်းကို I am Fashion page လေးစလုပ်ပြီး သိပ်မကြာခင်မှာပဲ ပုံမှန်ရေးဖြစ်နေခဲ့တာပါ။ ခုလိုလင့်ခ်လေးတွေ စုပေးတာမျိုး မဟုတ်ပဲ Local Made တွေ ထုတ်ကုန်တိုင်းကို က်ိုယ်တိုင်သုံးကြည့်၊ ဝတ်ကြည့်ပြီးမှ Review သဘောရေးပေးသလို Handmade ဖန်တီးမှုအကြောင်းဆိုရင် ဖန်တီးသူတွေရဲ့စိတ်နေစိတ်ထား၊ အတွေ့အကြုံတွေကိုပါ ထည့်သွင်းရေးပေးခဲ့ပါတယ်။✍️

Local Made ချည်ထည်တွေကို သဘောကျရတဲ့အကြောင်းလေးတွေ ပြောပြရရင်

(၁) ကိုယ့်ပြည်တွင်းကထွက်တဲ့၊ ထုတ်တဲ့ပစ္စည်း၊ အသုံးအဆောင်ဖြစ်လို့ ဒါကရှင်းပါတယ်။💕

(၂) သူက Slow Fashion ဖြစ်လို့။ Slow Fashion ဆိုတာကတော့ ရေရှည်ခံပြီး သဘာဝနဲ့ကိုက်ညီတဲ့ အရေအသွေးကောင်း အဝတ်အစားထုတ်ကုန်တွေကို ရည်ညွှန်းချင်တာပါ။ ဒီအဝတ်အစားထုတ်ကုန်တွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေဆိုရင်လည်း သဘာဝပစ္စည်းတွေကနေ ဖန်တီးကြသလို တစ်ခါတစ်လေ recycle ပြန်လုပ် ဖန်တီးတာမျိုးတောင် ရှိပါတယ်။ အဝတ်အစားပေါ် handmade ဖန်တီးမှုတွေထပ်ပေါင်းထားတာမျိုး ဆိုရင်တော့ အထည်က အရေအတွက်နဲ့ Limited တောင်ဖြစ်သွားတတ်ပါတယ်။ ✨

Fast Fashion နဲ့ Slow Fashion အကြောင်းသေချာလေးသိချင်ရင် ဒီမှာဖတ်နော်။

https://m.facebook.com/story.php?story_fbid=3280968652023185&id=969717173148356

(၃) ဒီလိုအခြေအနေ၊ ဒီလိုအချိန်မတိုင်ခင်ကတည်းက မေသော်ကိုယ်တိုင် ခေတ်စားသမျှ အသစ်တွေ ထပ်ဝယ်နေရတာမျိုးတွေ မလုပ်ဖြစ်တော့ဘူး။ အဝတ်အစားနဲ့ပတ်သက်ရင် သေချာလေးချွေတာသုံးစွဲတတ်လာတယ်။ Fashion Style တွေမှာ Minimalist Fashion Style ၊ Ethical Fashion တွေ သဘောကျလာတာလည်း ပါမယ်။ 💓

(၄) ချည်ထည်တွေဆိုပေမယ့် ကွာလတီပိုင်းမှာ နိုင်ငံတကာအဆင့်မီတယ်။ အဲ့ဒီအပိုင်းကို သေချာလေးဂရုစိုက်ပြင်ဆင်လာကြတယ်။ အရင်က ချည်ထည်ဆိုရင် တစ်ခါလျှော်လိုက်တာနဲ့ အရောင်မှိန်တာရွဲတာတွေ ရှိတတ်လို့ မဝတ်ရဲဘူး။ ခုကအဲ့ဒီလို မဖြစ်တော့ပဲ ဒီဇိုင်းပိုင်းရော၊ ချုပ်ရိုးချုပ်သား၊ ဖန်တီးမှုအပိုင်းသာမကပဲ packing ပိုင်းပါ အသေးစိတ်ဂရုစိုက်လာကြတာတွေ့ရပါတယ်။💁‍♀️

(၅) တစ်ချို့သော ချည်ထည်အဝတ်အစားအသုံးအဆောင်တွေဆို အစကနေအဆုံးထိ လုံးဝ handmade ဖြစ်တာမို့ သူတို့တွေဖန်တီးတဲ့အရာကို ဆင်မြန်းရတာဟာ သူတို့စိတ်နှလုံးကို ဆင်မြန်းရသလို ခံစားမိလို့သဘောကျပါတယ်။ ဒါ့အပြင် ဖန်တီးသူရဲ့လက်မှုပညာနဲ့အနုပညာတွေ ပေါင်းစပ်ထားတာကိုလည်း တန်ဖိုးထားတာကြောင့်ပါ။💝

ကဲ Local Made တွေဖြစ်ပြီး ချည်ထည်တွေဖြစ်ပြီး ဘာလို့ဈေးမြောက်ရသလဲဆိုတာကို ထပ်ပြောပြချင်ပါသေးတယ်။ မေသော်တို့ဆီမှာက raw material တွေက ပြည်တွင်းကပဲရတယ်ဆိုတာ မှန်ပေမယ့် နည်းပညာပိုင်းတွေကျတော့ man power ကိုပဲ အားကိုးရတာပါ။ စက်ယက်ကန်းထက် လက်ယက်ကန်းကို ပိုအားကိုးနေရသလိုပေါ့။ လက်မှုပညာကိုပဲသုံးရတာများတဲ့အတွက်၊ အချိန်အင်အား လူအင်အားဟာ ထင်ထားတာထက် စားရိတ်စကများတာအမှန်ပါပဲ။🥺

ဈေးသက်သက်သာသာနဲ့ ချည်ထည်ဝတ်ချင်တဲ့သူတွေအတွက်ကတော့ ဓာတုဆေးအသုံးပြုပြီး စက်ယက်ကန်းချည်နဲ့ချုပ်လုပ်ထားတဲ့ အထည်မျိုးတွေလည်း ရွေးနိုင်ပါတယ်။ သူကတော့ Fast Fashion လို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။☝️

ခုလိုကျပ်တည်းနေတဲ့ကာလမှာ တစ်ချို့သော ပြည်တွင်းဖြစ်ထုတ်ကုန်တွေဟာ ဆက်ပြီးမလည်ပတ်နိုင်တော့ပဲ နားလိုက်ရတာတွေ ရှိလာတာမို့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ။ ဆက်ပြီးထုတ်ဖြစ်နေတဲ့ Local Made တွေကိုလည်း တတ်နိုင်သလောက်ဆက်ပြီး support လုပ်ပေးရင်း ရပ်သွားတဲ့ brand လေးတွေ ပြန်နလန်ထူနိုင်စေဖို့ ဆုတောင်းလိုက်ရပါတယ်။🙏

How I spend my weekend...မင်မင့်ရဲ့ Customer တွေလည်း အက်လိုဘဲမလား ♥️
04/04/2021

How I spend my weekend...

မင်မင့်ရဲ့ Customer တွေလည်း အက်လိုဘဲမလား ♥️

♥️♥️♥️
31/01/2021

♥️♥️♥️

Giveaway အိတ် မဲပေါက်သွားတဲ့ မင့် Customer အချောလေးက အိတ်လေးကြိုက်တယ်ဆိုလို့ မင်ပျော်နေပါဘီနော်...♥️🥰 မင် နောက်ထပ် Givea...
25/01/2021

Giveaway အိတ် မဲပေါက်သွားတဲ့ မင့် Customer အချောလေးက အိတ်လေးကြိုက်တယ်ဆိုလို့ မင်ပျော်နေပါဘီနော်...♥️🥰

မင် နောက်ထပ် Giveaway လေးတွေ အများကြီးထပ်လုပ်ပေးမယ်နော်...🥰

💁‍♀️How to tuck and tie your shirts!!
24/01/2021

💁‍♀️How to tuck and tie your shirts!!

💁‍♀️ZARA shoes 👠 လေးတွေ Quality အရမ်းကောင်း...အမြင့်က 8 cm ဆိုတော့ စီးလို့ကောင်းတဲ့ အမြင့်အနေထားလေးမို့...တစ်နေ့လုံး sma...
22/01/2021

💁‍♀️ZARA shoes 👠 လေးတွေ Quality အရမ်းကောင်း...အမြင့်က 8 cm ဆိုတော့ စီးလို့ကောင်းတဲ့ အမြင့်အနေထားလေးမို့...တစ်နေ့လုံး smart ကျကျစီးနေနိုင်ပါတယ်နော်...

💰 Price - 24,000 MMK

👠 Size - 35,36,37,38,39,40

🌈 Color - 1 color

Code no : 574

💁‍♀️Pre Order 📦 Cash on delivery 🚚 Yangon.

😴 Waiting time - 3️⃣ or 4️⃣ weeks .

💁‍♀️ZARA shoes 👠 လေးတွေ Quality အရမ်းကောင်း...အမြင့်က 8 cm ဆိုတော့ စီးလို့ကောင်းတဲ့ အမြင့်အနေထားလေးမို့...တစ်နေ့လုံး sma...
22/01/2021

💁‍♀️ZARA shoes 👠 လေးတွေ Quality အရမ်းကောင်း...အမြင့်က 8 cm ဆိုတော့ စီးလို့ကောင်းတဲ့ အမြင့်အနေထားလေးမို့...တစ်နေ့လုံး smart ကျကျစီးနေနိုင်ပါတယ်နော်...

💰 Price - 25,000 MMK

👠 Size - 35,36,37,38,39,40

🌈 Color - 2 colors

Code no : 573

💁‍♀️Pre Order 📦 Cash on delivery 🚚 Yangon.

😴 Waiting time - 3️⃣ or 4️⃣ weeks .

💁‍♀️မင်ဝယ်နေကြ Korea ဆိုင်က Summer Dress လေး design အသစ်ထွက်လို့ မှာထားလို့ရပါပီရှင့်...💰 Price  - 15,000 MMK👗 Size    -...
22/01/2021

💁‍♀️မင်ဝယ်နေကြ Korea ဆိုင်က Summer Dress လေး design အသစ်ထွက်လို့ မှာထားလို့ရပါပီရှင့်...

💰 Price - 15,000 MMK

👗 Size - Free

🌈 Color - 2 colors

Code no : 572

💁‍♀️Pre Order 📦 Cash on delivery 🚚 Yangon.

😴 Waiting time - 3️⃣ or 4️⃣ weeks .

💁‍♀️mini Jeans skirt လေးတွေ cutting လှလှလေးထဲက တွေ့လို့ တင်ပေးမယ်နော်...💰 Price  - 10,500 MMK👗 Size    -  S M L 🌈 Color ...
22/01/2021

💁‍♀️mini Jeans skirt လေးတွေ cutting လှလှလေးထဲက တွေ့လို့ တင်ပေးမယ်နော်...

💰 Price - 10,500 MMK

👗 Size - S M L

🌈 Color - 3 colors

Code no : 571

💁‍♀️Pre Order 📦 Cash on delivery 🚚 Yangon.

😴 Waiting time - 3️⃣ or 4️⃣ weeks .

💁‍♀️ပွဲတတ်ဝတ် .Blouse Design အမိုက်စားလေးပါရှင့်....💰 Price  - 17,900 MMK👗 Size    -  Free 🌈 Color  - 2 colors       Cod...
22/01/2021

💁‍♀️ပွဲတတ်ဝတ် .Blouse Design အမိုက်စားလေးပါရှင့်....

💰 Price - 17,900 MMK

👗 Size - Free

🌈 Color - 2 colors

Code no : 570

💁‍♀️Pre Order 📦 Cash on delivery 🚚 Yangon.

😴 Waiting time - 3️⃣ or 4️⃣ weeks .

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Empress Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share