24/08/2025
Vintage၊ Thrift၊ Export ဆိုတာ ဘာလဲ? ဘာကြောင့် လူတိုင်းမှာ ကြိုက်တာ မတူကြတာလဲ? -
အဝတ်အစားဝယ်တဲ့အခါမှာ တချို့က Vintage ကို စိတ်ဝင်စားကြတယ်၊ တချို့ကတော့ Thrift ကို သဘောကျကြတယ်၊ တချို့က Export ကို ဈေးချိုချိုနဲ့ ဖက်ရှင်ကျကျ ဝယ်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတာနဲ့ အမျိုးအစားတွေက ဘာကွာခြားသလဲဆိုတာ admin သိသလောက်လေး
Knowledge sharing အနေနဲ့ပြောပြချင်ပါတယ်။
Vintage Clothes
အနည်းဆုံး နှစ် ၂၀ ကျော်သက်တမ်းရှိပြီး၊ တစ်နည်းအားဖြင့် တစ်ခေတ်တစ်ခါထင်ပေါ်ကျော်ကြားခဲ့တဲ့ ဒီဇိုင်းအထည်တွေလို့လွယ်လွယ်ပြောလို့ရပါတယ်။ Retro vibes တို့ classic look တို့ကြိုက်တဲ့သူတွေဝယ်ကြတာများတယ်။ ပြီးတော့ Collectors တွေ Stylists တွေနဲ့ Artists တွေလည်းဝယ်ယူစုစောင်းလေ့ရှိတယ်။ အရည်အသွေးအရမ်းကောင်းသလို အရေတွက်လည်းရှားပါးသလောက်ရှိတယ်။ စျေးနှုန်းအရလည်း သာမန်တစ်ခြားအထည်တွေထက်စျေးများတယ်။ ဥပမာအနေနဲ့ပြောရမယ်ဆိုရင် 80s denim jackets, 70s floral dresses, or 90s band tees, 90s Levi’s denim တို့ဆိုရင် vintage cloth တွေလို့ပြောလို့ရတယ်။
Thrift Clothes
Thrift ကကြတော့ vintage လိုခေတ်ကာလတစ်ခုကအထည်တွေသီးသန့်မဟုတ်ပဲ ခေတ်ကာလပေါင်းစုံက ဝတ်ပြီးသားအထည်သန့်တာတွေ branded အထည်တွေကို ပြန်လည်သန့်စင်ပြီးရောင်းချကြတာပါ။ တစ်ချို့သူတွေက branded အထည်တွေကို အသစ်ဝယ်ရတာထက် စျေးသက်သာပြီး quality အသင့်တင့် ရှိနေသေးတဲ့ခုလို thrift အထည်တွေကိုဝယ်ယူကြတာတွေလည်းရှိပါတယ်။ တစ်ခါတစ်လေ branded ပစ္စည်းတွေကို in a very good condition အနေနဲ့ရှာတတ်ရင်ရတာမျိုးလည်းရှိပါတယ်။ ပြီးတော့Thrift ရဲ့အားသာချက်က ကိုယ်လိုချင်တဲ့ fashion ပေါင်းစုံကို လိုက်ရှာဝယ်လို့ရတယ်။ It’s kinda fun to explore ပေါ့နော်။
Export Clothes
ဒါကတော့အရမ်းကျယ်ပြန့်လာတဲ့ export clothes အကြောင်းပေါ့နော်။ သူ့ကိုများသောအားဖြင့် နိုင်ငံခြားတင်ပို့ဖို့ labour ခသက်သာပြီး အခွန်အခသက်သာတဲ့ asia ဘက်မှာရှိတဲ့စက်ရုံတွေမှာချုပ်ကြတာများတယ်။ ဥပမာ Zara, H&M, Uniqlo,Sinsay,Muji တို့လိုအစရှိတဲ့ brand အထည်တွေဖြစ်ပါတယ်။ ဘာလို့ Export ထည်တွေဖြစ်လာလည်းဆိုတော့ Quality control pass မဖြစ်တဲ့အထည်မျိုးတွေ ဥပမာ- ချည်ကျော်တာ cutting နည်းနည်း လွဲသွားတာမျိုး၊ tiny defects လေးပါတာမျိုး နောက်ပြီး ထုတ်လုပ်ရမဲ့အရေတွက်ထက် ပိုထုတ်မိရင်လည်း export အနေနဲ့နိုင်ငံခြားမတင်ပို့တော့ပဲ local ဈေးကွက်မှာ သူတို့ brand တွေရဲ့ main labels တွေကိုဖျက်ပစ်ပြီး ဈေးသက်သက်သာသာနဲ့ ပြန်ရောင်းချပါတယ်။ အဲ့တော့အပေါ်ကပြောခဲ့သလို error ပါမှာတို့ Quality မကောင်းမှာတို့စိတ်မပူရအောင် retailer တွေက အထည်တွေကို error စစ်ပြီး ပြန်သန့်ပြီးမှ export quality အတိုင်းပြန်ရောင်းကြတာပါ။ သူ့ကိုကြတော့ အသက်အရွှယ်ပေါင်းစုံက ဝယ်ယူလေ့ရှိတယ်။ Export အားသာချက်ကတော့ စျေးသက်သာတယ်၊ brand ဝတ်ရတယ်၊ trend အလိုက်ဒီဇိုင်းအသစ်အသစ်တွေအမြဲထွက်တော့ trendy outfits တွေကိုမှကြိုက်တတ်တဲ့သူတွေဆိုexport အထည်လေးတွေကအဆင်ပြေဆုံးလို့ပြောလို့ရပါတယ်။
Fashion ဆိုတာကလည်း ကိုယ်ဝတ်တဲ့အမျိုးအစားကိုသိပြီး သေချာဝယ်ဝတ်တတ်မှ ထင်းပြီးပိုလှစေတာနော် 😎
အဲ့တော့ကိုယ်က
📌 ကိုယ်က Vintage fan လား?
📌 Thrift lover လား?
📌 Export style enthusiast လား?