A Charming Fashion Online Shop

A Charming Fashion Online Shop ဖက်ရှင်စတိုင်ကျကျ အိတ်လှလှလေးတွေ၊ ?

ဝါဆိုလပြည့်နေ့ဟာ 🙏🙏🙏ဗုဒ္ဓဘာသာဝင်တွေအတွက် အထူးအရေးပါတဲ့နေ့ဖြစ်ပြီး၊ဘုရားလောင်း ပဋိသန္ဓေနေ့၊ တောထွက်နေ့၊ ဓမ္မစကြာဟောတော်မူ...
29/07/2026

ဝါဆိုလပြည့်နေ့ဟာ 🙏🙏🙏
ဗုဒ္ဓဘာသာဝင်တွေအတွက်
အထူးအရေးပါတဲ့နေ့ဖြစ်ပြီး၊

ဘုရားလောင်း ပဋိသန္ဓေနေ့၊
တောထွက်နေ့၊ ဓမ္မစကြာ
ဟောတော်မူသောနေ့ဖြစ်သည်။
ဘုရားအဖြစ် ဝန်ခံတော်မူပြီး
တရားရတနာ၊ သံဃာရတနာ
ပေါ်ထွန်းခဲ့သောနေ့ဖြစ်သည်။
ပဉ္စဝဂ္ဂီ ၅ ဦးနှင့်အတူ နတ်ဗြဟ္မာတို့ကို
မိဂဒါဝုန်တောတွင် တရားဦးဟောခဲ့သောနေ့ဖြစ်သည်။
ဝါဆိုလပြည့်ကျော် ၅ ရက်အတွင်း
အနတ္တလက္ခဏသုတ္တဟောကြားခဲ့သော
“ရဟန္တာနေ့” ဖြစ်သည်။
ယနေ့ကို “ဓမ္မစကြာနေ့” ဟုလည်း
ခေါ်ကြသည်။

#ဝါဆိုလပြည့် #ဓမ္မစကြာနေ့

Coach wallet With Box 🥰Size 19cm - 42000 ks3 days စောင့်ရပါမည်။မှာယူလိုပါက CB သို့ ဆက်သွယ်နိုင်ပါသည်။
15/05/2026

Coach wallet With Box 🥰

Size 19cm - 42000 ks
3 days စောင့်ရပါမည်။

မှာယူလိုပါက CB သို့ ဆက်သွယ်နိုင်ပါသည်။

မင်္ဂလာရှိသော မြန်မာ့ရိုးရာအတာသင်္ကြန် နှစ်သစ်မင်္ဂလာအချိန်သမယတွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး ချမ်းသာခြင်းများ...
13/04/2026

မင်္ဂလာရှိသော မြန်မာ့ရိုးရာအတာသင်္ကြန်
နှစ်သစ်မင်္ဂလာအချိန်သမယတွင်
ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး
ချမ်းသာခြင်းများဖြင့် ပြည့်စုံပါစေကြောင်း
" A Charming Fashion " မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။ 🙏🙏🙏


#သင်္ကြန်

တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ★★★★★★★🌿 မြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်တွင် နှစ်ပ...
02/03/2026

တောင်သူလယ်သမားနေ့ ဖြစ်ပေါ်လာပုံအကြောင်း သိကောင်းစရာ
★★★★★★★
🌿 မြန်မာနိုင်ငံတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ လက်အောက်တွင် နှစ်ပေါင်းရာနှင့်ချီ၍ ညှိုးငယ်စွာ နေခဲ့ရသောကြောင့် တိုင်းပြည်၏ လူများစု ဖြစ်သော တောင်သူလယ်သမားများမှာ လူစဉ်မမှီဘဲ အောက်ကျနောက်ကျဖြစ်ခဲ့ရသည်။ ထိုအခြေအနေသည် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံတော် လွတ်လပ်ရေးရသည် အထိ ဆက်လက်ဖြစ်ပေါ်ခဲ့သည်။လွတ်လပ်ရေးရပြီးနောက် ဖဆပလ အစိုးရ လက်အောက်တွင် လည်း တောင်သူလယ်သမားတို့ ဘဝသည် ထူးခြားစွာ တိုးတက်ခြင်းမရှိဘဲ ဒုံဟောင်းဘဝထဲ၌သာ လည်ပတ်နေရသည်။

🌿 ၁၉၆၂ ခုနှစ် မတ်လ( ၂ ) ရက် နေ့တော်လှန်ရေးကောင်စီ လက်ထက်သို့ ရောက်သောအခါ တောင်သူလယ်သမားတို့၏ ဘဝ ပြောင်းလဲမှု အချိုးအကွေ့သို့ ရောက်ရှိလာသည်။ တောင်သူလယ်သမားများသည် အဓိကကျသော အင်အားစုကြီးဖြစ်၍ ထိုတောင်သူလယ်သမားတို့အား အမှတ်တရ ဂုဏ်ပြုသော နေ့တစ်နေ့အဖြစ် ထီးထီးထွက်ပေါ်လာရန် အရေးတကြီး လိုအပ်နေကြောင်း နှီးနှောဖလှယ်ပွဲများမှာ တောင်သူဦးကြီးများက တင်ပြခဲ့သဖြင့် ၁၉၆၂ ခုနှစ် မှ စ၍ နှစ်စဉ် ဇန်နဝါရီလ (၁)ရက် နေ့တွင် တောင်သူလယ်သမားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။

🌿 ဇန်နဝါရီလသည် တောင်သူလယ်သမားများအနေဖြင့် လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်းကြောင့်လည်းကောင်း၊ ဇန်နဝါရီလသည် အင်္ဂလိပ်နှစ်သစ်၏ အစလဖြစ်၍ နှစ်သစ်ကူးကာလကို ဂုဏ်ပြုသလိုဖြစ်နေခြင်းကြောင့်လည်းကောင်း၊ ယင်းနေ့အစား တော်လှန်ရေးကောင်စီ သမိုင်းပေးတာဝန်အရ တိုင်းပြည်တာဝန်ကို စတင် ထမ်းဆောင်သောနေ့ဖြစ်သည့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ ပေးသင့်ကြောင်း တင်ပြခဲ့ကြသည်။ ထို့ကြောင့် မတ်လ(၂)ရက်နေ့ကို တောင်သူလယ်သမားနေ့ အဖြစ် သတ်မှတ်ရန် တညီတညွတ်တည်း သဘောတူခဲ့ကြသည်။

🌿မြန်မာနိုင်ငံသည် နှစ်ပေါင်းထောင်နှင့်ချီပြီး လယ်ယာစိုက်ပျိုးရေး နိုင်ငံအဖြစ် ရပ်တည်လာခဲ့သည့် အားလျော်စွာ မြန်မာတိုင်းရင်းသားတို့ အနက် အများစုမှာလည်း တောင်သူလယ်သမားများ ဖြစ်ကြသည်။ထို့ကြောင့် နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေးနှင့် တောင်သူလယ်သမားတို့ဘဝ တိုးတက်ဖွံဖြိုးရေးမှာ ခွဲ၍ မရနိုင်အောင် ဆက်စပ်နေပေသည်။

🌿 အခြားတစ်ဖက်တွင်လည်း တောင်သူလယ်သမားများသည် အသက်ရှင်ရေး အတွက် အဓိကဖြစ်သော ဆန်စပါးနှင့် အခြားသီးနှံများကို ဆင်းရဲပင်ပန်းစွာဖြင့် စိုက်ပျိုးထုတ်လုပ်နေသူများဖြစ်သောကြောင့် နိုင်ငံတော်၏ ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။သူတို့၏ ကျေးဇူးတရားကို မမေ့ဘဲ သူတို့ဘ၀ ဖွံဖြိုးတိုးတက် သာယာလာအောင် ကြံဆောင် ကြိုးပမ်းပေးခြင်းဖြင့် ကျေးဇူးဆပ်သင့်ကြသည်။

🌿 သို့သော် တောင်သူလယ်သမားတို့၏ ဘဝနှင့် တိုးတက်ဖွံဖြိုးရေးသည် တစ်ဆက်တည်း ရှိနေသဖြင့် တောင်သူလယ်သမားတို့၏ ကျေးဇူးကို ပြန်လည်ပေးဆပ်လိုလျှင် နိုင်ငံတော်ဖွံဖြိုးရေးလုပ်ငန်းများ၌ ကျရာတာဝန် များကို ကျေပန်စွာ ထမ်းဆောင်ခြင်းသည်သာ အဓိပ္ပာယ် အရှိဆုံး၊အထိရောက်ဆုံးသော ပေးဆပ်ခြင်း ဖြစ်ကြောင်း သိရှိနားလည်သင့်ကြပေသည်။

Credit - ဦးဝမ်ထိန် (ကမ္ဘာ့နေ့ကြီးရက်ကြီးများ နှင့် မြန်မာ့နေ့ကြီးရက်ကြီးများ)

၂.၃.၂၀၂၆ #တပေါင်းလပြည့်နေ့ ✴ #မြတ်ဗုဒ္ဓ_ပြည်တော်၀င်_အခါတော်နေ့ ဆိုတာ မြတ်ဗုဒ္ဓ နှင့် တပေါင်းလတပေါင်းလသည် မြန်မာလများတွင်...
02/03/2026

၂.၃.၂၀၂၆
#တပေါင်းလပြည့်နေ့

✴ #မြတ်ဗုဒ္ဓ_ပြည်တော်၀င်_အခါတော်နေ့ ဆိုတာ

မြတ်ဗုဒ္ဓ နှင့် တပေါင်းလ

တပေါင်းလသည် မြန်မာလများတွင်
၁၂-လ မြောက် ဖြစ်သည်
တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်

တပေါင်းလ၏ ပထမလ၀က်သည်
ဆောင်းရာသီတွင် ကျရောက်သည်
ဒုတိယလ၀က်ကား နွေရာသီတွင် ကျရောက်သည်

ဆောင်းကူးနွေစ
သာယာလှသော လရာသီဖြစ်သည်
ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာ
ယနေ့တိုင်ဖြစ်သည်

ရှေးယခင်က တပေါင်းလပွဲတော်သည်
သဲပုံစေတီပွဲတော် ဖြစ်သည်

သဲပုံစေတီပွဲတော်သည်
ပုဂံခေတ် (သို့မဟုတ်) ပုဂံခေတ်မတိုင်မီကပင်
ပေါ်ပေါက်ခဲ့သည်ဟု အချို့က ဆိုကြသည်

နောက်ပိုင်းတွင် သဲပုံစေတီပွဲတော်
ကျင်းပသည့်ဓလေ့
တဖြည်းဖြည်း မှေးမှိန်သွားသည်

တပေါင်းလပြည့်နေ့တွင်
ဘုရားပွဲတော်များ ကျင်းပသည့် ဓလေ့
ခေတ်စားလာခဲ့သည်

ထိုသို့ ဘုရားပွဲတော် ကျင်းပခြင်းကိုပင်
“တပေါင်းလပွဲတော်” ဟု ခေါ်ကြသည်

တပေါင်းလသည်
ရာသီဥတု သာယာသည်နှင့်အမျှ
သာသနာရေးတွင်လည်း မှတ်တမ်း
တင်သင့်သော ဖြစ်ရပ်ကြီးများ
ပေါ်ထွန်းခဲ့သည်

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က
ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်
ဝေဠု၀န်ကျောင်းတော်၌ သီတင်းသုံးကာ

အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ
ဒကာ ဒကာမများအား တရားရေအေး
တိုက်ကျွေးလျက်ရှိသည်

ထိုသတင်းကို
ခမည်းတော် သုဒ္ဓေါဒနမင်းကြီး
ကြားသိသောအခါ သားတော်ဘုရားကို
ဖူးတွေ့ချင်နေသည်

ထို့ကြောင့် အမတ်တယောက်အား
အခြွေအရံတထောင်နှင့်အတူ
စေလွှတ်၍ ပင့်ခိုင်း၏

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ
တရားတော်ကိုနာရ၍ အခြွေအရံတို့နှင့်အတူ
ရဟန်းပြုသွားသည်

သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်
ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ

မင်းကြီးလည်း နောက်ထပ် အမတ်တို့ကို
အခြွအရံ တထောင်စီဖြင့်
ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်
သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်

ဆယ်ကြိမ်မြောက်တွင်မူ
ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော
ကာဠုဒါယီအမတ်ကို စေလွှတ်သည်

ကာဠုဒါယီအမတ်သည်လည်း
ရှေးက အမတ်များနှင့်နည်းတူပင်
နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်

သို့ရာတွင် ခရီးလမ်းပန်းသာယာသော
တပေါင်းလအချိန်သို့ ရောက်သော
အခါတွင်ကား လမ်းခရီးသာယာပုံ

တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့်
ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့
ကြွပါမည်အကြောင်း ဘုရားရှင်အား
လျှောက်ထားတောင်းပန်သည်

ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ
တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့
ကြွတော်မူခဲ့သည်

ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့
ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်

ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို
ဟောတော်မူခဲ့သည်

ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း
မဟာဓမ္မပါလဇာတ်တော်ကြီးကို
ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်

နောင်အခါ အရဟတ္တဖိုလ် တည်သွားသည်

ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့
ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့်
မိထွေးတော် ဂေါတမီသည်လည်း
သောတာပန်တည်သည်

ယသော်ဓရာကို အကြောင်းပြု၍
စန္ဒကိန္နရီ ဇာတ်တော်ကိုလည်း
ဘုရားဟောတော်မူခဲ့သည်

ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်
သားတော်ရာဟုလာ သာမဏေဘ၀သို့
ရောက်ရှိသည်

သာကီ၀င်မင်းသားတထောင်
ရဟန်းဘောင်သို့ ရောက်ရှိသည်

ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန်
ဆောင်ရွက်ရာ၌ အထူးအောင်မြင်သဖြင့်
ကာဠုဒါယီမထေရ်အား
ကုလပ္ပသာဒ ဧတဒဂ်ဘွဲ့
ချီးမြှင့်တော်မူခဲ့သည်

တပေါင်းလပြည့်နေ့သည်
ဘုရားရှင် ပြည်တော်၀င်ရန်
စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်လည်း

ထိုနေ့ကို အကြောင်းပြု၍
သာသနာတော်၌ ထူးခြားသော
ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ထိုတပေါင်းလပြည့်နေ့တွင်
ဖခမည်းတော်နှင့်မယ်တော်တို့အားတရားဖြင့်ကျးဇူးဆပ်သောနေ့ဖြစ်သောကြောင့်
အဖေများနေ့(မိဘနေ့)
ဟုလည်းပေါ်ထွန်းခဲ့ပါသည်။

ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု
တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင်

သိကြားမင်း၊ ဥက္ကလာပမင်းကြီး
တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍
ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု
သမိုင်းကဆိုသည်။

ဤကား တပေါင်းလကို အကြောင်းပြု၍
သာသနာတော်၌ ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်...



မေတ္တာဖြင့်
အိုဘယ့်ခရီးသည်
၂၈.၂.၂၀၂၆

~~~~~~~

#မူရင်းpostတင်သူ_အဆင့်ဆင့်မျှဝေသူများကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်
#ကူးယူပြီးထပ်ဆင့်မျှဝေကုသိုလ်ပြုပါသည် ။

Happy New Year 2026 🎉🎉🎉ကျန်းမာပျော်ရွှင် နှစ်သစ်ဖြစ်ပါစေ ❤️
31/12/2025

Happy New Year 2026 🎉🎉🎉
ကျန်းမာပျော်ရွှင် နှစ်သစ်ဖြစ်ပါစေ ❤️

Address

Yangon

Telephone

+959773734031

Website

Alerts

Be the first to know and let us send you an email when A Charming Fashion Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share