04/11/2023
ကျွန်တော်တို့ အခုကြုံတွေ့နေရတဲ့
နိုင်ငံရေး အခြေအနေကြောင့် ပစ္စည်းလေးတွေ ရောက်မယ့်ရက်ကို အတိကျမသိနိုင်တဲ့အတွက်
preorder ရော instock ပစ္စည်းလေးတွေ
တစ်ဖက်မှာ ပိတ်မိနေတာလေးတွေစတဲ့
အခက်ခဲလေးတွေကြောင့်
ကျွန်တော်တို့ page လေးကို ရက်အကန့်အသတ်မရှိ
နားထားကြောင်း ဝမ်းနည်းစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ...။
ပစ္စည်းလေးတွေကိုက ကျွန်တော်တို့ဘက်က ဝယ်ပေးပြီးထားပြီဖြစ်ဘို့ preorder မရောက်သေး ပိတ်မိနေတဲ့ပစ္စည်းလေးတွေကိုတော့ ဂိတ်ပြန်ဖွင့်တဲ့အခါ မစောင့်နိုင်တဲ့ cus တွေကို ငွေပြန်လည်တွက်ချက်ပြီး ပြန်အမ်းပေးသွားပါမယ်ဗျ။
July နောက်ပိုင်း order များတော့ ပစ္စည်းလေးရောက်မှပဲယူလို့ရပါမယ်ခင်ဗျ။ ကျွန်တော်တို့ July နောက်ပိုင်း order တွေကိုတော့ ငွေပြန်လည်အမ်းပေးမှာမဟုတ်ပါဘူးခင်ဗျာ။
အခုထိ အားပေးခဲ့ကြတဲ့ Cus တစ်ယောက်ချင်းစီကိုလဲ ကျေးဇူးတင်ပါတယ်ခင်ဗျ။ Page လေးပြန်လည် run တဲ့အခါ ကျွန်တော်တို့ ပြန်လည်အသိပေးသွားပါ့မယ်ခင်ဗျာ။