Nyein's Vintage Store

Nyein's Vintage Store Vintage Clothes With Me!

USA Tee လေးတွေကြိုက်တာယူ 5000 ပဲနော်အသဲတို့ရေ။ခနနေ Live sale လေးရှိပါမယ်နော်။ ♥️
30/01/2022

USA Tee လေးတွေကြိုက်တာယူ 5000 ပဲနော်အသဲတို့ရေ။
ခနနေ Live sale လေးရှိပါမယ်နော်။ ♥️




USA Tee လေးတွေရောက်ပါပြီနော်။ညကျ Live sale လေးရှိပါမယ်အသဲတို့ရှင့် ။
30/01/2022

USA Tee လေးတွေရောက်ပါပြီနော်။
ညကျ Live sale လေးရှိပါမယ်အသဲတို့ရှင့် ။



ဟယ်လို ကာကာတို့ရှင့်မင်မင်တို့ ဝန်းရှေ့မှာ မနက် ၉ နာရီတည်းကဆိုင်လေးဖွင့်နေပါပြီအသဲတို့ရေ။ဆိုင်ဖွင့်ဖွင့်ချင်း လာရောက်အား...
29/01/2022

ဟယ်လို ကာကာတို့ရှင့်
မင်မင်တို့ ဝန်းရှေ့မှာ မနက် ၉ နာရီတည်းကဆိုင်လေးဖွင့်နေပါပြီအသဲတို့ရေ။

ဆိုင်ဖွင့်ဖွင့်ချင်း လာရောက်အားပေးသွားတဲ့သူများအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင့်💖

ဖွင့်ချိန်_မနက် ၉နာရီ ကနေ ၁၁နာရီ နှင့်
ညနေ ၄နာရီ ကနေ ၆ခွဲ ထိ ရှိပါမယ်

ဆိုင်ထိလာရောက်ရွေးချင်တဲ့ကာကာတို့ရှိရင်
မင်မင်တို့ကို Chatbox မှာ လိပ်စာလေး
လာမေးနိုင်ပါတယ်ရှင့်

USA Teeလေးတွေ မနက်ဖန်ဆိုရောက်ပီနော်
လာရောက်အားပေးကြပါအူးရှင့်❤️



ဟယ်လို ကာကာတို့ရှင့်..မင်မင်တို့ Live မလွှင့်ဖြစ်တဲ့ရက်အတောအတွင်းမှာ..မန်းလေးမြို့ရဲ့ ရွှေထွန်းဈေးမှာ မနက်ပိုင်းတဖြတ်နဲ့...
28/01/2022

ဟယ်လို ကာကာတို့ရှင့်..
မင်မင်တို့ Live မလွှင့်ဖြစ်တဲ့ရက်အတောအတွင်းမှာ..
မန်းလေးမြို့ရဲ့ ရွှေထွန်းဈေးမှာ မနက်ပိုင်းတဖြတ်နဲ့ ညနေပိုင်းမှာတော့ ဝန်းရှေ့မှာတဖြတ်ရောင်းနေပါတယ်နော်။

မနက်ဖြန်လည်း မနက် ၈ခွဲကနေ နေ့လည် ၁၂ ထိနဲ့
ညနေ ၃ခွဲကနေ ည ၆ခွဲထိ ဝန်းရှေ့မှာပဲရှိနေပါမယ်နော်။
လာရောက်ရွေးချင်သူများကတော့ မင်မင်တို့ကို လိပ်စာလေးလာတောင်းလို့ရပါတယ်နော်။

Live မလွှင့်ဖြစ်ပေမယ့်လည်း အပြင်ကနေလာရောက်အားပေးကြသော ကာကာတို့ကိုလည်း မင်မင်တို့ကကျေးဇူးအထူးတင်ပါတယ်ရှင့်။

ဪ..ဒါနဲ့ USA TEE လေးတွေလဲ အခုလာမယ့် Sunday မှာရောက်ဖို့ရှိပါတယ်နော်။
ရောက်လာရင်လည်း အသဲတို့အားပေးကြပါဦးရှင့်။



Sean Wotherspoon ဆိုရင် မသိတဲ့ သူ သိပ်မရှိလောက်ပေမဲ့ သူ့ရဲ့ ဆိုင် Round Two ကိုတော့ မသိတဲ့ သူရှိပါလိမ့်မယ် Round Two မှာ...
26/01/2022

Sean Wotherspoon ဆိုရင် မသိတဲ့ သူ သိပ်မရှိလောက်ပေမဲ့ သူ့ရဲ့ ဆိုင် Round Two ကိုတော့ မသိတဲ့ သူရှိပါလိမ့်မယ် Round Two မှာမှ Vintage by Round Two ဆိုတာက Vintage အဝတ်အစားတွေပဲရောင်းတဲ့ ဆိုင်တစ်ခုပါ။

မြန်မာလို လွယ်လွယ် ပြောရရင် ခင်ဗျားတို့ အများစု ခေါ်ကြတဲ့ ဘေထုပ် တွေ ကို စျေးသက်သက်သာသာနဲ့ ဝယ်ပြီး စျေးကြီးကြီးနဲ့ ပြန်ရောင်းတာပေါ့ဗျာ

Round Two က LA မှာ အခြေစိုက်ပြီး LA တစ်ဝိုက် က အင်္ကျီ အဟောင်းတွေ (used) တွေကို အဓိက ထား ပြီး ရွေးချယ် ရောင်းချရုံတင်မကပဲ ကမ႓ာတစ်ဝှမ်းမှာရှိတဲ့ ဘေထုပ် Supplier တွေနဲ့လည်း ချိတ်ဆက်ရောင်းချပါတယ်။
Round Two ကို စဖွင့်တုန်းက ၁၀ ပေ ပတ်လည် ဆိုင်ခန်းလေးနဲ့ စခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ ပထမရည်ရွယ်ချက်ကတော့ ဒီလိုပဲ စိတ်ကြိုက် အင်္ကျီလေးတွေကို ကိုယ့်ဖာကို ဘေထုပ်က အဟောင်းတန်းက ရွေးပြီးဝတ်ကြတာပါပဲ။ ဒါပေမဲ့ နောက်ပိုင်းကျ ဒါဟာ စီးပွားရေးအဖြစ် ပြောင်းလဲ နိုင်တာကို မြင်လာလို့ ဖွင့်ဖြစ်သွားကြတာပါ။

အခုအချိန်မှာတော့ ကမ႓ာပေါ်မှာ နာမည်အကြီးဆုံး Vintage Clothing Store အဖြစ် လူသိများနေရုံတင်မကပဲ Physical ဆိုင်ပေါင်းများစွာ ပိတ်သိမ်းနေရချိန်မှာ Round Two ကတော့ ဆိုင်ပေါင်းများစွာ ဖွင့်လှစ်ပြီး အောင်မြင်လျက်ရှိပါတယ်။

နောက်တစ်ခု သိစေချင်တာက Sean က Recycle Fashion ကို အားပေးတဲ့ သတ်သတ်လွတ်သမား ဖြစ်ပါတယ်။ သူ့သားလေးကိုဆို အဝတ်အစားအသစ် ဝယ်ပေးခဲ ပါတယ်။

မြန်မာနိုင်ငံက လူငယ်အများစုကတော့ စောက်စုတ်တွေ လေဘေး အလှူတွေ အဟောင်းတွေ လို့ သတ်မှတ်ကြပေမဲ့ Round Two ကို အားပေးနေတဲ့ လူငယ်တွေကတော့ သူတို့ရောင်းချတဲ့ အဝတ်အစားတွေရဲ့ နောက်ကွယ်က သမိုင်းကို သဘောကျကြတာရယ် အင်္ကျီတိုင်းက ပေးတဲ့ Vintage Feeling ကို သဘောကျကြတာရယ်ကြောင့် ဝယ်ကြတာတွေ့ရပါတယ်

တစ်ခုတော့ ရှိတာက သူတို့ရောင်းတဲ့ အင်္ကျီတွေက ဘေထုပ်ဖြစ်ပြီးရော အဟောင်းဖြစ်ပြီးရော ရောင်းတာမဟုတ်ပဲ Sean Wotherspoon နဲ့ Round Two Team ကိုယ်တိုင်က သေသေချာချာ Hand Select လုပ်ထားတာပါပဲ
လူငယ် တွေ ရွေးချယ်ပြီး ပြန်လည်ရောင်းချတာကို လူငယ်အများစုက relate လုပ်နိုင်တာကြောင့်လည်း အောင်မြင်ရတာလို့ ကျွန်တော်က မြင်ပါတယ်။

ဥပမာ Round Two Vintage မှာ Sony က ထုတ်ခဲ့တဲ့ PlayStation1,2 အင်္ကျီတွေရှိတယ် ဒါမှမဟုတ် Stone Cold, The Rock, The Undertaker တို့လို WWE အင်္ကျီတွေ နောက် Titanic, The Matrix တို့လို အင်္ကျီတွေ Cartoon Network ခေတ်က Powerpuff Girls တို့ လို အင်္ကျီတွေ Green Day , Eminem စတဲ့ အင်္ကျီတွေကို သေချာ ရှာဖွေ ရွေးချယ်ထားတာကို တွေ့ရမှာပါ။ သေချာ မြင်ရအောင် ကို သွားကြည့်စေချင်ပါတယ်။

ဟိုတနေ့က ကြည့်ရတာဆို Sean က အင်ဒို သွားပြီး ဘေထုပ် ရှော်ပင်လုပ်ပါတယ်။ Nike Vintage Track Jacket ကို အင်ဒိုမှာ ၁၂ ကျပ်လောက်နဲ့ ဝယ်ပြီး အင်္ကျီ ပေါ်က ပေတာ ကွက်တာ ကွန်ဒစ်ရှင်ပေါ်မူတည်ပြီး ၆၀-၉၀ လောက် အမေရိကမှာပြန်ရောင်းပါတယ်။ ဒါကလည်း အမေရိကမှာ တန်း sold out ဖြစ်ပါတယ်။

One man's trash is another man's treasure ဆိုတဲ့ အတိုင်း တန်ဖိုးသိတဲ့ သူက လည်း ရွေးချယ်ပြီး သူဝယ်ခဲ့တဲ့ စျေးထက် ၃-၄-၅ ဆ တင်ရောင်းသလို တန်ဖိုးကို သိတဲ့ နောက်လူကလည်း အဲ့စျေးကို ဂျင်းထည့်တယ် ဘာညာမပြောပဲ ပြန်ဝယ်ပါတယ်။

အဓိက ပြောချင်တာကတော့ ဒီလို Hand Select အင်္ကျီ အဟောင်း ကို သေချာ ပြန်ရွေးဖို့ကလည်း ထင်သလောက်မလွယ်သလို ဒါကို ပြန်ရောင်းတာကလည်း စောက်ပြစ်ကြီးမဟုတ်ပါဘူး။ မင်း ၂သောင်းလောက် နဲ့ ဝယ်ပြီး ၁ သိန်းနဲ့ပြန်ရောင်းတယ် ဂျင်းကောင်လို့ သွားပြောလို့မရပါဘူး

ဘာလို့လည်းဆိုတော့ သူသွားရွေးရတဲ့ ဝီရိယ ရှိသလို သူ့မှာ ရွေးချယ်နိုင်တဲ့ Taste တစ်ခုလည်း ရှိသေးတယ်ဆိုတာ ကို သတိထားရမှာဖြစ်ပါတယ်။ ဒီ Thrfiting ဆိုတာ Free For All ပါ အားလုံး ရှာဖွေ ကြည့်လို့ရနိုင်တာပဲဆိုတော့။

Vintage , Thrifting အဓိက ဝတ်ကြတာကတော့ ဒီ င်္အကျီတွေ နောက်က သမိုင်းတွေ အမှတ်တရတွေကြောင့်ပဲ..

Round Two က အခုဆို International Shipping နဲ့ပါ Vintage အဝတ်အစားတွေကို ရောင်းချနေပါပြီ

https://vintagebyroundtwo.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မြန်မာ ကိုတောင် ပို့တယ်ဗျ ဟိုးခေတ်က ဟာလေ အင်္ကျီတွေ ကိုလာ အင်္ကျီတွေ Band Merch တွေ အစုံရှိတယ် သဘောကျစရာတွေကြီးပဲ။
Pics from Sean_wotherspoon instagram

to owner


.

အခုတော့ မြှောင့်ဥ လည်းဈေးတက်သွားပါပြီတဲ့။ 🥲
24/01/2022

အခုတော့ မြှောင့်ဥ လည်းဈေးတက်သွားပါပြီတဲ့။ 🥲

အမှောင်လွန်းသွားတာ...🥲🤌
23/01/2022

အမှောင်လွန်းသွားတာ...🥲🤌

လိုချင်တာတွေဝယ်ချင်ပေမယ့် ပိုက်ဆံမရှိသောအခါ...🥺🥲.. photo Crd
21/01/2022

လိုချင်တာတွေဝယ်ချင်ပေမယ့် ပိုက်ဆံမရှိသောအခါ...🥺🥲
.. photo Crd

အထည်လေးတွေဝယ်ယူအားပေးရင်းအဆင်လေးကိုလည်း ငမ်းရင်း...🥲တချက်ခုတ်နှစ်ချက်ပြတ်ပေါ့ရှင်... ☺️
21/01/2022

အထည်လေးတွေဝယ်ယူအားပေးရင်း
အဆင်လေးကိုလည်း ငမ်းရင်း...🥲
တချက်ခုတ်နှစ်ချက်ပြတ်ပေါ့ရှင်... ☺️



အာညှော်ရော်‌ယော်ဘွန်းတို့ရှင့်...မင်မင်တို့ page လေးကိုပစ်ထားမိတဲ့အတွက် စောင့်ကြည့်နေတဲ့ကာကာများကို‌...တောင်းပန်ပါတယ်ရှင...
20/01/2022

အာညှော်ရော်‌ယော်ဘွန်းတို့ရှင့်...

မင်မင်တို့ page လေးကိုပစ်ထားမိတဲ့အတွက် စောင့်ကြည့်နေတဲ့ကာကာများကို‌...တောင်းပန်ပါတယ်ရှင့်။

Vintage dress လေးတွေကို အခု ကြိုက်တာယူ 4000 နဲ့အထူးဈေးချပေးလိုက်ပါပြီ အသဲတို့ရှင့်။
ကြိုက်တာယူမှ 4000 ပါနော်။

ကုတ်လေးတွေကတော့ နှစ်ထည်ပဲကျန်တော့ပါတယ်အသဲတို့ရေ။
Size လေးတွေကတော့ lb 90 to 105 ထိပဲရပါမယ်နော်။မူရင်းဈေး 8000 ကိုမှအခုမင်မင်က 5500 နဲ့ပဲရောင်းပေးလိုက်ပြီမို့ အမြန်လေး cb လာလိုက်တော့နော်။ ♥️

ရန်ကုန် မန်းလေးအိမ်အရောက်ငွေချေရပြီးကျန်နယ်မြို့များကတော့ ဂိတ်တင်ခ 1000 နှင့်အတူ ငွေကြိုလွဲပြီးတာနဲ့ဂိတ်တင်ပေးပါတယ်ရှင့်။

Vintage လေးတွေမို့လို့ cancel လို့တော့မရတာမို့သေချာပြီဆိုမှ ဝယ်ယူအားပေးပေးပါအသဲတို့ရှင့်။

NO Error
New 95%%%
တချို့အထည်လေးတွေဆို Brand လေးတွေတောင်ပါပါတယ်နော်။

ပေးရတဲ့ဈေးနဲ့ အရည်အသွေးကောင်းမွန်တာမို့လို့ခုချိန်မယူထားရင် နောင်တရနေမယ်နော်အသဲတို့ရေ။

မြန်မြန်လေးသာ cb မှာအမည် လိပ်စာ ဖူန်းနံပါတ်လာပို့ပြီးမှာယူလို့ရပါပြီရှင့်။

Page လေးကိုစောင့်ကြည့်ပေးကြတဲ့ အသဲတို့ကို မင်မင်တို့က ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ ❣️



ဒီနေ့ ကိုကိုနဲ့ ဒိတ်နေလို့ Live sale လေးနားပါမယ်အသဲတို့ရှင့်။ 🌚🥲
18/01/2022

ဒီနေ့ ကိုကိုနဲ့ ဒိတ်နေလို့ Live sale လေးနားပါမယ်
အသဲတို့ရှင့်။ 🌚🥲



မင်မင်တို့ ဒီနေ့ Live sale မရှိပါဘူးရှင့်။ 🥲မနက်ဖြန် အပြင်မှာရောင်းဖို့အတွက်ရော Deli အပ်ဖို့အတွက်ရော စာရင်းလေးတွေလုပ်နေရ...
17/01/2022

မင်မင်တို့ ဒီနေ့ Live sale မရှိပါဘူးရှင့်။ 🥲

မနက်ဖြန် အပြင်မှာရောင်းဖို့အတွက်ရော Deli အပ်ဖို့အတွက်ရော စာရင်းလေးတွေလုပ်နေရလို့ပါအသဲတို့ရှင့်။



..

Address

Yangon

Telephone

+959771263958

Website

Alerts

Be the first to know and let us send you an email when Nyein's Vintage Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nyein's Vintage Store:

Share

Category