25/06/2026
အခု ကျောင်းတွေ လျှောက်ကြ၊ တက်ရောက်ကြရတော့မယ့်အချိန်ကို ရောက်လာတော့ ကျွန်တော့်ဆီကို လာမေးကြတာရော၊ group တွေထဲမှာမေးနေကြတာရောတွေ့လို့ အကူအညီဖြစ်လိုတဲ့ စေတနာနဲ့ ရေးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မေးကြတာက..... Fashion school တက်မယ်၊ fashion major ယူမယ်ဆိုရင် ဘာပြင်ဆင်ရမလဲပေါ့နော်။ အချို့ကလည်း fashion illustration ပြင်ရမလား ဘာလားပေါ့နော်။
ဟုတ်ပါတယ်။ ကြိုပြင်ဆင်ထားတာကတော့ အကောင်းဆုံးပါပဲ။
ဒါပေမဲ့ fashion drawing/illustration လောက်ပဲ ပြင်ထားရုံနဲ့ လုံလောက်သလားဆိုရင်တော့ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
ကျောင်းသားအများစု မျှော်လင့်ထားတာက fashion school တက်မယ်ဆို ဆရာတွေက အခြေခံကနေစပြီးသေချာသင်ယ်၊ မသိတာတွေ သေချာရှင်းပြကြလိမ့်မယ်၊ သိသွားမယ် စသဖြင့်ပေါ့နော်။......ဒီလို မဖြစ်နိုင်ဘူးလို့ ဆိုလိုချင်တာတော့ မဟုတ်ပေမဲ့ ကျောင်းပေါ်မူတည်ပါတယ်။
အကယ်၍ ကိုယ်က selective ဖြစ်တဲ့ လူနည်းတဲ့ ကျောင်း၊ ဈေးကြီးတဲ့ ကျောင်းတွေ သွားမယ်ဆိုရင်တော့ တစ်မျိုးပေါ့။
မဟုတ်ပဲ university တက်မှာဆိုရင်တော့ အခြေခံကနေ စသင်ဖို့ မမျှော်လင့်ပဲ၊ အဲဒီအခြေခံတွေကို ကြိုသိ၊ ကြိုတက်ထားအောင် ကြိုလေ့လာထားဖို့ အကြံပေးပါရစေ။
ဘာကြောင့်လဲ? University တော်တော်များများက ကျောင်းသားအများနဲ့ သင်ကြရတာများပါတယ်။ ဆိုလိုတာက ကျောင်းသား ပမာန များလွန်းတာနဲ့ ကြုံခဲ့ရင် ဆရာတွေက တစ်ယောက်ချင်းစီ သေချာပြပေး၊ သင်ပေးဖို့က မဖြစ်နိုင်သလောက်ပါ။ အားလုံးကို ချုံငုံပြီးပဲ သင်ပေးဖို့ပဲ ဖြစ်နိုင်ပါတယ်။ ဒါကလည်း စေတနာကောင်းတဲ့ ဆရာနဲ့ ကြုံခဲ့ရင်တော့ သူက အပင်ပန်းခံပြီး တစ်ယောက်စီလိုက်ကြည့်ပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မဟုတ်ပဲ တာဝန်ကျေရုံသင်တဲ့ ဆရာမျိုးနဲ့ ကြုံရင်တော့ ကိုယ်က သိသင့်သလောက် မသင်ရ၊ မတတ်သွားတာမျိုး ဖြစ်နိုင်ပါတယ်။
ဒီလိုဆိုတော့ ကိုယ်က ပုံဆွဲတာအပြင် အခြား fashionရဲ့ အခြေခံသဘောတရားတွေ ဖြစ်တဲ့ pattern making, sewing, inspiration , fashion collection စတဲ့ အပိုင်းတွေကို အခြေခံသဘောလောက် တီးမိခေါက်မိအောင် သိထားတတ်ထားရင် ဆရာတွေ သင်တဲ့အခါ စမ်းတဝါးဝါး မဖြစ်တော့ပဲ တန်းမြင်နိုင်၊ သဘောပေါက်လွယ်နိုင်မှာပါ။
ဒါဟာ ကိုယ့်ရဲ့ သင်ယူမှု အပိုင်းမှာ အများကြီး အထောက်အကူ ဖြစ်စေရုံတင်မကပဲ ... စာပိတာ၊ အိမ်စာပိတာ၊ နားမလည်လို့ စာလွတ်တာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ စကားမဆက် fashionက အတတ်ပညာ major မျိုးမို့ စာရော၊ လက်တွေ့နဲ့ရော assignment တွေက အခြား major မျိုးတွေထက် ပိုလုပ်ရလေ့ရှိပါတယ်။
အတိုချုပ်အနေနဲ့ အကြံပေးရရင် fashion illustration လို အပိုင်းသာမက အခြားသော fashion fundamentals ကဏ္ဌတွေကိုပါ ရှာဖွေ လေ့လာ ဖတ်ရှု ကြည့်ထားဖို့ အကြံပြုရင်း။ ။
Win ( NIW: New Innovative Ways to Fashion)
About the photo: International Sportwear competition တစ်ခုမှာ finalist အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တုန်းက ကိုယ်တိုင်ရိုက် backstage မြင်ကွင်းတစ်ခုပါ။
#ဖက်ရှင် #ဖက်ရှင်ကျောင်း