PPK SHOP

PPK SHOP Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PPK SHOP, Clothing Store, Yangon.

သီတင်းကျွတ် မီးထွန်းပွဲတော်
16/10/2024

သီတင်းကျွတ် မီးထွန်းပွဲတော်

29/05/2023

စိတ်မပျော်တဲ့အခါ....
- နားကြပ်တပ်ပြီး သီချင်းနားထောင်ပါ။
- motivation ပေးတဲ့စာအုပ်ဖတ်ပါ။
- စိိတ်မထိန်းနိုင်တဲ့အခါ ငိုချင် ငိုလိုက်ပါ။
- ဘာမှ မတွေးဘဲ တရေးလောက် အိပ်လိုက်ပါ။
- အချိုဓာတ်လေး အနည်းငယ်ဖြည့်ပေးပါ။
ဥပမာ ကိတ်စားတာ၊သကြားလုံးငုံပေးတာ။
ဘဝက ခါးပေမဲ့ လက်ထဲမှာ သကြားလုံး
ရှိတယ်လေ။
- ဆရာလယ်တွင်းသားစောချစ်ရဲ့စာပေ
ဟောပြောပွဲတွေ နားထောင်ကြည့်ပါ။
- ခံစားနေရတာ စာအုပ်ထဲ ချရေးလိုက်ပါ။
စိတ်မပျော်တဲ့အကြောင်း သုံးခါလောက်
ထပ်ခါထပ်ခါ ချရေးလိုက်ပါ။ဒီအရာက
ထင်သလောက် အရေးမပါမှန်း သိသွားမယ်။
- ဖုန်းထဲက Album ထဲ ကိုယ့်ဓာတ်ပုံတွေ
ကို ပြန်ကြည့်ပါ။အမှတ်တရကောင်းတွေကို
ပြန်တွေးကြည့်ပါ။
- ဘဝက ထင်သလောက် မလွယ်ကူဘူး။
ကြိုးစားရှင်သန်ရတယ်ဆိုတာ သတိရပါ။
- ကောင်းကင်ပေါ်က ငှက်လေးတွေကို
ငေးကြည့်ပါ။တောင်တန်းတွေကို ကြည့်ပါ။
- ဝါသနာပါရာ တစ်ခုခုလုပ်ပါ။
ပန်းချီဆွဲတာ၊ဂီတာတီးတာ၊ဟင်းချက်တာ၊
ဂိမ်းဆော့တာ၊ပန်းစိုက်တာ စသဖြင့်။
- Run Your Race ကိုယ့်ဘဝရဲ့
လမ်းကြောင်းပေါ်မှာပဲ ပြေးနေပါ။
- It's a bad day not a bad life
ဆိုတဲ့ စကားကို ပြန်သတိရလိုက်ပါ။
- ဘာမှ လုပ်ချင်စိတ်မရှိရင် ဒီတိုင်းစိတ်ကို
လေလွင့်ခွင့်ပေးလိုက်ပါ။ခဏလောက်
လွတ်ချလိုက်ပါ။

(ကိုယ့်ဘဝအတွက် ကိုယ်ဟာ အမြဲတမ်း
ကြံ့ခိုင်သန်မာနေရမယ်။မောလာတဲ့အခါ
စိတ်ရောကိုယ်ပါ ခဏအနားယူပြီး ပြန်ရှေ့
ဆက်ကြမယ်။အေးဆေးပေါ့....။)

#နူးနူးအောင်

29/05/2023

အချိုကြိုက်ရင်တော့ ကြံခင်း မှာနေပါ😁😁
အနေဖြောင့်ချင်ရင် 'မကွေး' မှာ နေပါ
ရောင့်ရဲတတ်ရင် 'ဘိတ်' မှာ နေပါ
အပေါ်ယံ သမားဆို 'ဖြူး' မှာ နေပါ
လမ်းဆုံကြိုက်ရင် 'ဂွ' မှာ နေပါ
မနှေးချင်ရင် 'မြန်အောင်'မှာ နေပါ
သူများ ပုခုံးထက်က လိုက်ချင်ရင် 'ဝေါ' မှာ နေပါ
ရေပေါပေါ သုံးချင်ရင် 'မြစ်ကြီးနား' မှာ နေပါ
ပျင်းနေရင် 'ပျော်ဘွယ်' မှာနေပါ
အစိုမကြိုက် ရင် 'ချောက်' မှာ နေပါ
အမြင့် တက်ချင်ရင် 'ထန်းတပင်' မှာ နေပါ
စွပ်ပြုတ် သောက်ချင်ရင် 'ဝက်လက်' မှာ နေပါ
မသောက်ဘဲ မူးချင်ရင် 'တမူး' မှာ နေပါ
ရေသောက်များရင် 'ပေါက်' မှာ နေပါ
အသက် မကြီးချင်ရင် 'ကလေး' မှာ နေပါ
အပျိုကြီး မဖြစ်ချင်ရင် 'ရွှေပန်းတော' မှာ နေပါ
သားသမီး လိုချင်ရင် 'ပူတာအို' မှာနေပါ
စာမသင်ချင်ရင် 'ဝမ်းတွင်း' မှာ နေပါ
မင်းမရှိတဲ့ အရပ်မှာ နေချင်ရင် 'မင်းကင်း'မှာ နေပါ
ရန်မများချင်ရင် 'ရန်ကုန်' မှာ နေပါ
ရုန်းကန်ချင်ရင် 'သဲတော' မှာ နေပါ
စကားကြောမပြတ်ရင် 'လေရှီး' မှာ နေပါ
မကြောက်တတ်ရင် 'တောင်စွန်း' မှာ နေပါ
ဆေးမသုတ်ချင်ရင် 'အိမ်မဲ' မှာ နေပါ
ကားမစီးချင်ရင် 'လှည်းကူး' မှာ နေပါ။
-Credit

တနေ့တာအမောတွေပြေစေချင်လို့ပါ😁😁😁😁

29/05/2023

ကိုယ်ချင်းစာစိတ်

မွန်းကျပ်တဲ့အရသာကို သိလို့
တဖက်လူကို
လွတ်လပ်မှု ဘယ်လိုပေးရမလဲ
တွေးပေးတတ်တယ်။

စိတ်ဖိစီးမှုကို ခံစားဖူးလို့
တဖက်လူကို စိတ်သက်သာရအောင်
ပြောပေးတဲ့အကျင့်ရှိတယ်။

ရပိုင်ခွင့်တွေ ဆုံးရှုံးဖူးလို့
တဖက်လူရဲ့ ရပိုင်ခွင့်ကို
လေးစားနားလည်ပေးတတ်တယ်။

ကျရှုံးဖူးလို့
တခြားသူတွေ ရှုံးနိမ့်တဲ့အခါ
အပြစ်တင်မယ့်အစား အားပေးဖြစ်တယ်။

ဆုံးရှုံးဖူးလို့
ကိုယ့်အတွက် တန်ဖိုးရှိတဲ့အရာတွေကို
တန်ဖိုးထားရကောင်းမှန်းသိတယ်။

ဘဝမှာ အဆိုးတွေကြုံတဲ့အခါ
အဲဒီအဆိုးတွေကို နောက်လူတွေ
ထပ်မခံစားရအောင်
ကိုယ့်ဆီကပဲ စပြီး ပြင်ဖို့ ကြိုးစားတယ်။

ဒါကို ကိုယ်ချင်းစာစိတ်လို့
သတ်မှတ်နိုင်ပါတယ်။

နေ့စဥ်ဘဝတွေဟာ
မလွယ်ကူပါဘူး။

တစ်ယောက်နဲ့ တစ်ယောက်
ကိုယ်ချင်းစာစိတ်မထားဘဲ
ကိုယ်ခံရသလို
သူလည်းခံရမယ်ဆိုတဲ့ စိတ်နဲ့တွေးရင်
နေ့ရက်တွေဟာ
သတ်ကွင်းတစ်ခုနဲ့ တူနေပါလိမ့်မယ်။

ဘဝဟာ ဒီလောက်
ခက်ခဲမနေသင့်ပါဘူး။

Crd. Dr. Pyae Sone Ko Ko

Address

Yangon

Website

Alerts

Be the first to know and let us send you an email when PPK SHOP posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category