KST Property Solutions

KST Property Solutions Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KST Property Solutions, Bangkok, Yangon.

09/08/2026

✨ Flexi Mega Space Bangna – August Special Promotion Deal! ✨

Special August နဲ့ Bangkok Mall နားမှာကိုပဲ up to ဘတ် ၂ သိန်းကျော် (မြန်မာငွေ သိန်း ၃၀၀ ဝန်းကျင်) ထိ သက်သာခွင့်ရနိုင်မှာနော်

Studio Room Types တွေ စိတ်ဝင်စားလို့ တင်ပေးပါဆိုသူများအတွက် နမူနာအခန်းအနေနဲ့ 24.5 sq.m ရှိတဲ့ အခန်းဒီဇိုင်းလေး တင်ပေးလိုက်ပြီနော်

ဘတ် ၆ သိန်းကျော် (မြန်မာငွေ သိန်း ၈၀၀ ကျော်) ထဲနဲ့ အထုပ်ဆွဲတက်နေလို့ရမယ့် အခွင့်အရေးနော်

Bangna ရဲ့ အနာဂတ် Bangkok Mall နီးနီးမှာ အဆင့်မြင့် ရင်းနှီးမြှုပ်နှံချင်သူများနဲ့ ကိုယ်တိုင်နေထိုင်ချင်သူများအတွက် ဒီ August လတစ်လတည်းသီးသန့် Hot Discount Promotion မို့ လက်သွက်ဖို့တော့ လိုမယ်နော်! 🔥

💥 August Promotion မှာပါဝင်မည့် ယူနစ်များနှင့် Discount များ

🛏️ Studio Rooms (22.96 – 24.49 sq.m) • Special Price: ဘတ် 21 သန်းမှစတင် (မြန်မာငွေ 2800 မှစတင်) မည်!

🛏️ 1 Bedroom Rooms (25.88 – 27.13 sq.m) • Special Price: ဘတ် 25 သန်းမှစတင် (မြန်မာငွေ 3300 မှစတင်) မည်!

🛋️ 1 Bedroom Plus & Exclusive (35.10 – 42.80 sq.m) • Special Price: ဘတ် 33 သန်းမှစတင် (မြန်မာငွေ 4400 မှစတင်) မည်!

👨‍👩‍👧‍👦 2 Bedroom Luxury Units (49.82 – 50.33 sq.m) • Special Price: ဘတ် 49.5 သန်းမှစတင် (မြန်မာငွေ 6600 မှစတင်) မည်!

🏢 Flexi Bangna အားသာချက်တချို့

✅ Ceiling Height 2.9m: မျက်နှာကြက် အမြင့် ၂.၉ မီတာအထိ ပါရှိလို့ အခန်းထဲမှာ ကျယ်ဝန်းပြီး ပေါ့ပါးမှုအပြည့်!

✅ Bangkok Mall & Mega Bangna အနီး: အရှေ့တောင်အာရှရဲ့ အကြီးဆုံး Bangkok Mall နဲ့ ကားနဲ့ ၅ မိနစ်ပဲ ကွာဝေးလို့ အနာဂတ် တန်ဖိုးတက်ဖို့ သေချာသလောက်ရှိတဲ့ Location!

✅ Solar Cell Rooftop: Common Fee (ဗဟိုဖိုး) စရိတ် သက်သာစေမည့် နည်းပညာ!

✅ Pet-Friendly Option: အိမ်မွေးတိရစ္ဆာန် မွေးမြူနိုင်သော ဇုန်များပါဝင်ခြင်း!

⚠️ Promotion ရရှိနိုင်သော Units အရေအတွက် ကန့်သတ်ချက်ရှိပါသဖြင့် အမြန်ဆုံး ဆက်သွယ်စုံစမ်းလိုက်ပါ.

📞 Direct Contact / Booking: 093 63 71811 💬 Line ID: merry_mayzin
Viber : +66 93 63 71811

08/08/2026

ကဲမြင်ပါကြားပါများလို့ ချစ်ကျွမ်းဝင်ကြပြီဆိုတော့ ပြောပြပေးရမှာပေါ့နော့ .

မေးထားတဲ့ မေးခွန်းတွေက 👇👇👇

ကွန်တွေ၊ အိမ်ယာတွေကို Bangna မှာပဲ ဘာလို့ စုပြုံဝယ်ချင်ကြတာလဲ ???

ဘန်ကောက်မှာ နေရာတိုင်း Shopping Mall ရှိနေတာ ဆောက်နေတယ်ဆိုတဲ့ Bangkok Mall ဆိုတာကို ဘာလို့အပြောများနေကြတာလဲ???

ရင်တွင်းစကားတွေ ထွက်လာကြပြီဆိုတော့ကာ

🏢 ဒီနေတော့ မေးထားတဲ့ မေးခွန်းတွေနဲ့အတူ ဘာကြောင့် Bangna က အနာဂတ် Property Investment အတွက် မျက်စိကျစရာ နေရာတစ်ခု ဖြစ်လာတာလဲ?

လေ့လာတွေ့ရှိသလောက် ပြောပြပေးထားတာမို့ အဆုံးထိတော့ ဖတ်ကြည့်ဖို့လိုမယ်နော်

Bangkok ရဲ့ အရှေ့ဘက်အဝင်ဝ Bangna ဟာ မကြာမီကာလအတွင်း အရှေ့တောင်အာရှရဲ့ အကြီးမားဆုံး Shopping & Mixed-Use Complex ကြီးတစ်ခုဖြစ်တဲ့ Bangkok Mall ကြောင့် ပုံစံသစ်တစ်ခုနဲ့ လုံးဝပြောင်းလဲတော့မှာ ဖြစ်ပါတယ်။

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူ (Property Investor) တွေအတွက် Bangna ဧရိယာနဲ့ Bangkok Mall Project က ဘာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေရတာလဲဆိုတာ နားလည်လွယ်အောင် စုစည်းပြောပြရရင် 👇

💡 Bangkok Mall ရဲ့ Highlight

▪️အကောင်အထည်ဖော်သူ

Thailand ရဲ့ ထိပ်တန်း Shopping Mall Developer တစ်ခုဖြစ်တဲ့ The Mall Group

▪️ရင်းနှီးမြှုပ်နှံမှု ပမာဏ

ဘတ် ဘီလီယံ ၅၀ ကျော် (မြေဧရိယာ ရိုင် ၁၀၀ ကျော်ပေါ်မှာ တည်ဆောက်နေတာပါ)

▪️Mixed-Use Concept

Retail Shopping Mall အပြင် Office Towers၊ Luxury Hotel/Serviced Apartments (Chatrium Group)၊ Water Park နဲ့ စုစုပေါင်း ဧရိယာ စတုရန်းမီတာ ၉၀၀,၀၀၀ ကျော် ပါဝင်ပါမယ်။

▪️Bangkok Arena

ပွဲကြည့်ပရိသတ် ၁၆,၀၀၀ ~ ၁၈,၀၀၀ နီးပါး ဆံ့တဲ့ ကမ္ဘာ့အဆင့်မီ Concert & Indoor Arena ဟောပါဝင်ပြီး US က ပွဲစီစဉ်သူ AEG နဲ့ ပူးပေါင်းထားပါတယ်။

📈 Property Investment အမြင်နဲ့ ဘာတွေ မျှော်လင့်နိုင်မလဲ?

1️⃣ Capital Appreciation (အိမ်ခြံမြေ တန်ဖိုး မြင့်တက်လာခြင်း)

Bangkok Mall ကြီးပြီးစီးသွားရင် Bangna လမ်းဆုံ (Bangna Intersection) တစ်ဝိုက်ဟာ လူစည်ကားရာ New Business Hub အဖြစ် ပြောင်းလဲသွားမှာဖြစ်တာကြောင့် Near-Mall Condominium များနဲ့ မြေကွက်များတွေရဲ့ တန်ဖိုး (Capital Gain) ဟာ ဆက်လက်မြင့်တက်လာဖို့ သေချာသလောက်ရှိနေလို့ပါ။

2️⃣ High Rental Yield & Tenant Demand (ငှားရမ်းမှု ဝယ်လိုအား မြင့်မားခြင်း)

Mall အတွင်းမှာရှိမယ့် Office စုံ၊ Hotel စုံ၊ Commercial Space တွေနဲ့ Concert Arena တွေပါရှိမှာဖြစ်တာကြောင့်

▪️နိုင်ငံခြားသား Expat များ
▪️အလုပ်သမား/ဝန်ထမ်းများ
▪️Event & Concert တက်ရောက်သူများ

စတဲ့ ရေတို/ရေရှည် ငှားရမ်းသူ (Long-term & Short-term Tenants) ဝယ်လိုအား အများအပြား စီးဝင်လာမှာဖြစ်ပြီး Rental Yield ကို ခိုင်မာစေမှာဖြစ်တယ်။

3️⃣ Infrastructure & Transportation Connectivity

BTS Bang Na နဲ့ BTS Udom Suk ဘူတာတို့နဲ့ နီးကပ်စွာ တည်ရှိပြီး Expressway (Chaloem Maha Nakhon) အပြင် အနာဂတ် ရထားလိုင်းသစ်များနှင့် လေဆိပ်သွားရာ EEC (Eastern Economic Corridor) လမ်းကြောင်းရဲ့ Strategic Hub ဖြစ်တာကြောင့် သွားရေးလာရေး အလွန်လွယ်ကူပါတယ်။

🎯 အကျဉ်းချုပ်ရရင်
Mega Project ကြီးတွေ မကြာခင် ဖွင့်လှစ်တော့မယ့်အချိန်မျိုးဟာ အနီးပတ်ဝန်းကျင်မှာရှိတဲ့ Condominium (သို့) Property တွေကို ကြိုတင်လေ့လာ ရင်းနှီးမြှုပ်နှံဖို့ အကောင်းဆုံး Opportunity Window တစ်ခုဖြစ်နေပါတယ်။

Bangna ဧရိယာဟာ အရင်က suburban (မြို့ပြင်) လို့ ထင်ရပေမဲ့ အခုကတော့ Live-Work-Play Complete Lifestyle Hub အဖြစ် သတ်မှတ်လို့ရနေပါပြီ။

Bangna မှာ ကွန်ဒို / အိမ်ခြံမြေ ဝယ်ယူထားသူတွေရှိနေကြပြီလား?

Bangkok Mall ပွင့်သွားရင် Bangna ရဲ့ Property Market ဘယ်လောက်အထိ တက်လာမယ်လို့ ထင်ကြပါလဲ? လို့

💬 Comment မှာ ဝင်ဆွေးနွေးပေးခဲ့ကြပါဦးနော်

ဆက်လက်ဆွေးနွေးချင်တယ်ဆိုရင်တော့
Phone: 093 63 71811
Viber/Whatsapp : +66 93 63 71811
ကို အားမနာတမ်း Hello လုပ်လိုက်နော် 🤗

07/08/2026

🔥Flexi Mega Space Bangna – August Discount Deals! 🔥

ဘန်ကောက်မှာ ဘတ် ၆ သိန်းကျော် (မြန်မာငွေ ကျပ် သိန်း 8 ရာလောက်နဲ့ ကွန်ဒိုတစ်ခန်းပိုင်ဆိုင်နိုင်မယ်ဆို သင် စိတ်ဝင်စားလား?

ဟုတ်ကဲ့ မျက်နှာကြက် အမြင့် 2.9 မီတာ ပါဝင်တဲ့ Bangna လမ်းမကြီးပေါ်က Luxury Condominium အခန်းများကို ဒီ August လမှာ သီးသန့် Discount ဘတ် ၂ သိန်းကျော်အထိ ရရှိနိုင်ပါပြီ!

🌟 Promotion Price Starts:
• Studio: 2.15M THB မှ စတင်
• 1 Bedroom: 2.56M THB မှ စတင်
• 1 Bedroom Plus: 3.32M THB မှ စတင်
• 2 Bedroom: 4.95M THB

📍 အရှေ့တောင်အာရှရဲ့ အကြီးဆုံး Bangkok Mall နဲ့ ၅ မိနစ်၊ Central & Mega Bangna အနီး!

📩 အခန်း(၁၀) ခန်းကိုသာရောင်းချပေးသွားမှာဖြစ်လို့ အကွက်အကွင်းလှပြီး Discount ရမည့် အခန်းများကို ဦးစွာရွေးချယ်နိုင်ဖို့ အခုပဲ Dm/Call မှတစ်ဆင့် ဆက်သွယ်လိုက်ပါ။

📱 Tel: 093 63 71811
Viber/Whatsapp: +66 93 63 71811

24/07/2026

ထိုင်းနိုင်ငံရဲ့ Real Estate စျေးကွက်ကို ဘာလို့ စိတ်ဝင်စားကြတာလဲ❓❓❓

ထိုင်းနိုင်ငံရဲ့ အိမ်ခြံမြေ (Real Estate) ဈေးကွက်ဟာ အရှေ့တောင်အာရှမှာ ရင်းနှီးမြှုပ်နှံသူတွေအတွက် အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခု ဖြစ်နေပါတယ်။

မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ ဘာကြောင့် ထိုင်းကွန်ဒိုတွေကို အလုအယက် ဝယ်ယူနေကြသလဲဆိုတဲ့ အချက်တွေကို လေ့လာဖြစ်သလောက် အပိုင်း (၂) ပိုင်းနဲ့ ပြောပြပေးလိုက်ပါတယ်။

အပိုင်း (၁) ထိုင်းနိုင်ငံရဲ့ Real Estate ဈေးကွက်ကို ဘာကြောင့် စိတ်ဝင်စားကြတာလဲ❓

ထိုင်းအိမ်ခြံမြေဈေးကွက်ဟာ တည်ငြိမ်မှုရှိပြီး ခိုင်မာတဲ့အခြေခံအချက်အလက်တွေကြောင့်
လူကြိုက်များရခြင်း ဖြစ်ပါတယ်။

👉တည်ငြိမ်တဲ့ အကျိုးအမြတ် (Stable ROI)

ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်ယူထားရင် တစ်နှစ်ကို ငှားရမ်းခအကျိုးအမြတ် (Rental Yield) ၅% မှ ၇% ဝန်းကျင်အထိ ပုံမှန်ရရှိနိုင်သလို၊ အိမ်ခြံမြေတန်ဖိုး တက်ရိပ် (Capital Appreciation) ကလည်း တစ်နှစ်ထက်တစ်နှစ် မြင့်တက်နေပါတယ်။


👉ခေတ်မီအခြေခံအဆောက်အအုံ

ကမ္ဘာ့အဆင့်မီ ဆေးရုံတွေ၊ နိုင်ငံတကာကျောင်းတွေ၊ စျေးဝယ်စင်တာကြီးတွေနဲ့ စနစ်ကျတဲ့ လူထုသယ်ယူပို့ဆောင်ရေး (BTS/MRT) စနစ်တွေကြောင့် လူနေမှုဘဝ အရည်အသွေး မြင့်မားပါတယ်။

👉ခရီးသွားကဏ္ဍ အားကောင်းခြင်း

ကမ္ဘာလှည့်ခရီးသည် အများဆုံးလာရောက်တဲ့ နိုင်ငံဖြစ်လို့ ကွန်ဒိုတွေကို နေ့ချင်းပြန် ဒါမှမဟုတ် ကာလတိုငှားရမ်းတဲ့ ဈေးကွက် (Airbnb style) က အမြဲတမ်း အလုပ်ဖြစ်နေပါတယ်။

👉စျေးနှုန်း အသင့်အတင့်ရှိခြင်း

စင်ကာပူ ဒါမှမဟုတ် ဟောင်ကောင်လို နိုင်ငံတွေနဲ့ ယှဉ်ရင် ထိုင်းရဲ့ အိမ်ခြံမြေဈေးနှုန်းဟာ အရည်အသွေးတူ၊ အဆင့်အတန်းတူမှာ အများကြီး သက်သာနေပါသေးတယ်။

ဘာကြောင့် အပြိုင်အဆိုင်ဝယ်ကြလဲ ဆိုတာကို အပိုင်း (၂ ) အနေနဲ့ နောက်မှာ ဆက်တင်ပေးသွားပါမယ်။

ထိုင်းနိုင်ငံရဲ့ Real Estate နယ်ပယ်ကို လေ့လာနေသူများ သိရအောင့် ထပ်ဆင့် Share သွားခြင်းဖြင့် ကူညီပေးစေချင်ပါတယ်။

Phone : 093 63 71811
Viber/Telegram : +66 93 63 71811



22/07/2026

💥ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနိုင်ငံသားတွေအနေနဲ့ ကွန်ဒိုဝယ်ဖို့တွေးနေတယ်ဆိုရင် ထည့်သွင်းစဉ်းစားရမယ့် လမ်းကြောင်းအခွင့်အလမ်းများ💥

ထိုင်းနိုင်ငံမှာ အိမ်ခြံမြေဝယ်ယူရင်း မိသားစုနဲ့အတူ အခြေချနေထိုင်ဖို့ ဒါမှမဟုတ် သားသမီးပညာရေးအတွက် ပြင်ဆင်နေတဲ့သူတွေအတွက် သိထားသင့်တဲ့ အချက်အလက်တွေကို အနှစ်ချုပ်ပြီး စုစည်းပေးလိုက်ပါတယ်။

✅ အိမ်ခြံမြေ ဝယ်ယူခြင်း (Real Estate)

နိုင်ငံခြားသားတစ်ယောက်အနေနဲ့ ထိုင်းမှာ အိမ်/မြေ ဝယ်မယ်ဆိုရင် ဒီအချက်တွေကို သတိပြုရပါမယ်

▪️Condo ဝယ်ယူခြင်း

နိုင်ငံခြားသားတွေဟာ မိမိအမည်ပေါက်နဲ့ Condo (တိုက်ခန်း) ကို ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အဲဒီအဆောက်အအုံတစ်ခုလုံးရဲ့ Unit စုစုပေါင်းထဲက ၄၉% ထက်မကျော်တဲ့ အချိုးအစားအတွင်းမှာပဲ ဖြစ်ရပါမယ်။

▪️မြေကွက်နှင့် အိမ်

နိုင်ငံခြားသားတွေ မြေအမည်ပေါက် ပိုင်ဆိုင်ခွင့် မရှိသလောက် ရှားပါတယ်။ အများအားဖြင့် Leasehold (နှစ်ရှည်ငှားရမ်းခြင်း) စနစ် (ဥပမာ - နှစ် ၃၀ + ၃၀ + ၃၀) နဲ့ပဲ ဝယ်ယူကြရတာ များပါတယ်။

▪️ရင်းနှီးမြှုပ်နှံမှုနေရာ

ဘန်ကောက်ဆိုရင် (Sukhumvit, Rama 9)၊ ချင်းမိုင် နဲ့ ဖူးခက် မြို့တွေဟာ နေထိုင်ဖို့ရော၊ ပြန်ငှားဖို့ပါ ဈေးကွက်အကောင်းဆုံး နေရာတွေဖြစ်ပါတယ်။

✅ နေထိုင်ခွင့် ဗီဇာ (Residency & Visa)

Condo ဝယ်ရုံ အိမ်ဝယ်ရုံနဲ့ နေထိုင်ခွင့် (PR) တန်းမရပါဘူး။ ရေရှည်နေထိုင်ဖို့အတွက် ဒီလို👇 ဗီဇာအမျိုးအစားတွေကို အသုံးများကြပါတယ်

▪️Education Visa (ED Visa)

ကလေးတွေ ကျောင်းတက်ရင် ရသလို၊ လူကြီးတွေအနေနဲ့လည်း ဘာသာစကားသင်တန်း တက်ရောက်ရင်း ဒီဗီဇာနဲ့ နေထိုင်နိုင်ပါတယ်။

▪️Guardian Visa

သားသမီးက ကျောင်းတက်နေတယ်ဆိုရင် မိဘတစ်ဦးက အုပ်ထိန်းသူဗီဇာ (Non-O) လျှောက်ထားနိုင်ပါတယ်။

▪️DTV (Destination Thailand Visa)

Digital Nomads အနေနဲ့ လုပ်ကိုင်သူတွေ ကျွမ်းကျင်လုပ်ငန်းရှင်တွေအတွက် (၅) နှစ်အထိ နေထိုင်ခွင့်ပေးတဲ့ ဗီဇာဖြစ်ပါတယ်။

▪️LTR Visa (Long-Term Resident)

ချမ်းသာကြွယ်ဝသူတွေ ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်တွေအတွက် ၁၀ နှစ်အထိ နေထိုင်ခွင့်ပေးတဲ့ ဗီဇာဖြစ်ပါတယ်။

▪️Thailand Privilege Card

ငွေကြေးအနည်းငယ် ပိုသုံးနိုင်ရင် (၅ နှစ် ကနေ အနှစ် ၂၀ အထိ) ဗီဇာအခက်အခဲမရှိ နေထိုင်လို့ရတဲ့ Elite အဖွဲ့ဝင်ကတ်မျိုး ဖြစ်ပါတယ်။

✅ ကျောင်းပညာရေး (Education)

ထိုင်းနိုင်ငံရဲ့ နိုင်ငံတကာကျောင်း (International Schools) တွေဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းက ရှိနေပါတယ်။

▪️Curriculum

British, American နဲ့ IB Curriculum တွေကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

▪️ကျောင်းလခ

တစ်နှစ်ကို ဘတ် ၂ သိန်းဝန်းကျင်ကနေ ၁ သန်းကျော်အထိ ကျောင်းအဆင့်အတန်းအလိုက် ကွာခြားမှု ရှိပါတယ်။

✅ Location

ဥပမာ ကလေးပညာရေးအတွက် ဦးတည်ပြီး ရွေ့ပြောင်းနေမယ်ဆိုရင် Condo/အိမ်ဝယ်တဲ့အခါ ကျောင်းနဲ့ နီးစပ်မှုကို အဓိကထားစဉ်းစားသင့်ပါတယ်။ ဘန်ကောက်မှာဆိုရင် Bang Na နဲ့ Nonthaburi ဘက်တွေမှာ နာမည်ကြီး နိုင်ငံတကာကျောင်းတွေ အများအပြား ရှိပါတယ်။

ဒါဟာလဲ သမားရိုးကျပါဘဲ ကလေးအတွက်စိတ်ကူးပြီး အိမ်ဝယ်တော့မယ်ဆိုရင် BTS/MRT ရထားလမ်းနဲ့ နီးဖို့ထက် သားသမီးတက်မယ့် ကျောင်းနဲ့ နီးဖို့ကို ပိုရွေးတတ်ကြတယ်။

Plus အနေနဲ့ပြောရရင် ထိုင်းနိုင်ငံ (အထူးသဖြင့် ဘန်ကောက်) ရဲ့ ကားပိတ်တဲ့ဒုက္ခဟာ ကလေးတွေရဲ့ ပညာရေးအာရုံစိုက်မှုကို ထိခိုက်စေနိုင်လို့ပါ။

စာဖတ်သူတို့အနေနဲ့ သိထားတာရှိသေးရင်လဲ ဖြည့်စွပ်ပြောပြပေးခဲ့ပါဦးနော်😍


15/07/2026

(၂) နှစ် အတိုးမဲ့ အရစ်ကျဝယ်ယူလိုတဲ့ မိတ်ဆွေတွေအတွက် Sena Development ရဲ့ အထပ်မြင့် အသင့်နေ့ Flexi Mega Space Bangna ကွန်ဒိုအသစ်နဲ့မိတ်ဆက်ပေးချင်ပါတယ် 🤗

✅ Project Details

▪️33 လွှာရှိပြီး၊ Space Design ကို အဓိကထားတဲ့အပြင် Ceiling မြင့်တဲ့ Loft / Vertical Suite Type အခန်းတွေပါဝင်တာဖြစ်လို့လူကြိုက်မျာရပါတယ်။

▪️Condo မှာ Facilities ပေါင်းများစွာပါဝင်မှာဖြစ်ပြီး၊ 2.2 M ဝန်းကျင် (မြန်မာငွေသိန်း 2700 ကျော်) မှစတင်ဝယ်ယူနိုင်ပါတယ်။

▪️2026, First Quarter ကမှ ပြီးစီးထားတဲ့ Condo အသစ်ဖြစ်ပါတယ်။

📍Project Location

အာရှာမှ အကြီးဆုံး Mall ဖြစ်လာမယ့် Bangkok Mall Project ကြီးအနီး Ramkhamhaeng 2 ဘက်နဲ့ Bangna Trade လမ်းမကြီးပေါ်မှာရှိတာကြောင့် ရင်းနှီးမြှုပ်နှုံသူများအနေနဲ့ ကျောင်းသား/ကျောင်းသူများ၊ လေဆိပ်ဝန်းထမ်းများနဲ့ Bangna ဇုန်ရှိ Industrial Estate/Office မှာ အလုပ်လုပ်ကိုင်သူတွေကို အငှါးချဖို့ (Rental Yield) အတွက် Target ထားလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

▪️Ramkhamhaeng University (Bangna Campus) ကို 13 မိနစ်ဝန်းကျင်နဲ့သွားလို့ရတဲ့အပြင် အခြား International Schools များလဲ ရှိပါတယ်။

▪️ဘန်ကောက်ရဲ့အကြီးဆုံး Landmark Mall တွေဖြစ်တဲ့ Mega Bangna & IKEA Bangna တွေအပြင် Central Bangna, Market Village Suvarnabhumi တို့ကို အလွယ်တကူ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။

▪️Suvarnabhumi Airport ကို 15-20 မိနစ် Drive ခန့်သာဖြစ်ပြီး Burapha Withi Expressway (အမြန်လမ်း) အနီးမှာရှိလို့ မြိုံထဲဘက်ကို သွားရလဲ လွယ်ကူပါတယ်။

✅ရွေးချယ်ဝယ်ယူနိုင်မည့်အခန်းများနှင့်စျေးနှုန်းများ။

▪️Studio room _ 22 & 24 sqm _ 2.2 -2.5 M

▪️One Bedroom (Open kitchen) _ 27.5 sqm _ 2.6 - 2.8M (B1)

▪️One Bedroom _ 24 sqm _ 2.5 - 2.7M (B2)

▪️One Bedroom (Open kitchen) _ 29 sqm _ 2.8 to 2.9M (B3)

▪️One bedroom _ 34.5 sqm _ around 3.5 M (C1-1)

▪️One bedroom exclusive plus _ 35 sqm _ 3.5-3.6 M (C1-2)

▪️One Bedroom Plus _ 35 sqm _ 3.4- 3.6M (C2)

▪️One bedroom exclusive _ 42.5 sqm _ 4.3 M (D)

▪️Two Bedroom 50sqm - 4.9- 5.2 M (E1)

💥ပိုင်ဆိုင်မှုအခြေအနေ

✅နိုင်ငံခြားသားဝယ်ယူခွင့် Foreign Quota အခန်းများဖြစ်ပါတယ်။

✅Freehold မြေဖြစ်တဲ့အတွက် လက်ဆင့်ကမ်းပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

✅အမည်ပေါက် ဂလုန်နီစာချုပ်ရရှိမှာဖြစ်ပါတယ်။

💥အရစ်ကျပိုင်ဆိုင်ခွင့်

▪️ကနဦးသွင်းငွေ (Down Payment) - 30% ပေးပြီးတာနဲ့ တက်နေလို့ရပါမယ်။

▪️အဌားချမယ်ဆိုရင်တော့ ကျန်တဲ့ 70% ပေးချေပြီးမှ အငှါးချလို့ရပါမယ်။

▪️ကျန် 70% ကို အတိုးမဲ့ ၂ နှစ် အရစ်ကျသွင်းလို့ရမှာဖြစ်ပြီး ပေးသွင်းမယ့်ပုံစံကိုတော့ ညှိုနှိုင်းရပါတယ်။

Condo ကို ကိုယ်တိုင်ကိုယ်ကျလာရာက်ကြည့်ချင်ပါတယ်ဆိုင်တော့ Page Messenger ကနေ Appointment လေးယူနိုင်ပါပြီရှင်။

☎️Contact:

Thai Phone: +66 93 63 71811
Viber/Telegram/Whatsapp: +66 93 63 71811

07/07/2026

ဘန်ကောက်မြို့ရဲ့ အချက်အချာကျတဲ့ Sukhumvit - Rama 4 လိုနေရာကောင်းမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ ကိုယ်တိုင်နေထိုင်ဖို့အတွက် အကောင်းဆုံးဖြစ်မယ့် High-Rise ကွန်ဒိုပရောဂျက်အသစ် "Life Sukhumvit - Rama 4"

ထိုင်းနိုင်ငံရဲ့ ထိပ်တန်း Developer တစ်ခုဖြစ်တဲ့ AP (Thailand) မှ စနစ်တကျပုံဖော်ထားပြီး၊ BTS Phra Khanong ဘူတာနဲ့ နီးကပ်စွာ တည်ရှိတာကြောင့် သွားလာရ အလွန်အဆင်ပြေပြီး မြို့ပြလူနေမှုဘဝကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပါတယ်။

အခန်း Layout (၂) မျိုးရှိပါတယ်။

🌟 1 Bedroom (Type B2, 31 SQ.M)

ဒါကတော့ Space ကို အကျိုးရှိရှိနဲ့ အမိအရ အသုံးချထားတဲ့ Layout မျိုးဖြစ်ပြီး အိပ်ခန်းထဲမှာ သီးသန့် Walk-in Closet ဝတ်လဲခန်း ပါဝင်တာကြောင့် လူငယ်တွေနဲ့ ရုံးသမားတွေအတွက် အလွန်အဆင်ပြေစေပါတယ်။ ဧည့်ခန်းနဲ့ မီးဖိုချောင်ကိုလည်း သပ်ရပ်စွာ ပိုင်းခြားပေးထားပါတယ်။

🌟 1 Bedroom Plus (Type C4, 35 SQ.M)

မာစတာအိပ်ခန်းအပြင် စိတ်ကြိုက်ဖန်တီးနိုင်တဲ့ Multi Room (Plus Room) တစ်ခန်း အပိုပါဝင်တဲ့အတွက် Work from Home ရုံးခန်းအဖြစ်ဖြစ်စေ၊ Live လွှင့်ခန်း သို့မဟုတ် Studio အဖြစ်ဖြစ်စေ စိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်ပြီး အငှားဈေးကွက်မှာ အလွန်ရေပန်းစားတဲ့ အခန်းအမျိုးအစားဖြစ်ပါတယ်။

✨ ဘာကြောင့် ရင်းနှီးမြှုပ်နှံသင့်လဲ?

▪️Prime Location: Sukhumvit နဲ့ Rama 4 လမ်းမကြီးကို ချိတ်ဆက်ပေးတဲ့ နေရာကောင်းဖြစ်လို့ အချက်အချာကျတယ်။

▪️High Rental Yield: နိုင်ငံခြားသားများနှင့် ရုံးဝန်ထမ်း အများဆုံး အခြေစိုက်ရာဇုန်ဖြစ်လို့ အငှားချထားရန် အလွန်လွယ်ကူပြီး အလားအလာကောင်းတယ်။

▪️ Top-Notch Facilities: ကွန်ဒိုရဲ့ အမြင့်ဆုံးထပ်တွေမှာ Premium ဆန်တဲ့ အများသုံး Facilities (ရေကူးကန်၊ Fitness၊ Co-working Space) တွေ ပါဝင်ပြီး ဘန်ကောက်မြို့ရဲ့ မြို့ပြအလှအပ (City View) ကို အပြည့်အဝ ခံစားနိုင်တယ်။

📩 အခန်းဈေးနှုန်းများနဲ့ စီမံကိန်းအသေးစိတ်ကို စုံစမ်းလိုပါက Comment မှာဖြစ်စေ၊ Inbox (Message) ကနေဖြစ်စေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Phone : 093 63 71811
Viber : +66 93 63 71811


Address

Bangkok
Yangon

Website

Alerts

Be the first to know and let us send you an email when KST Property Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share