09/08/2023
" ပြုံးလိုက်ပါ "
တခါတုန်းက သူဌေးကြီး တစ်ဦးဟာ မြို့ပေါ်ကို ကောက်ပဲ၊သီးနှံတွေရောင်းပြီး ခိုးသား ဓါးပြရန် ကြောက်သည့်အတွက် သူဆင်းရဲအသွင်ဆောင်ပြီး မိမိဒေကကို ပြန်လာခဲ့တယ်။
အိမ်ပြန်မရောက်ခင် နေဝင်သွားသည့်အတွက် ညအိပ်ရန်သင့်တော်သည့် ဇရပ်တခုပေါ်မှာ မိမိပါလာသည့် အသပြာထုပ်ကို ခေါင်းအုံးပြီး ဇရပ်ပေါ် ဝင်ရောက်နားခိုလိုက်တယ်။
များမကြာမီ သူဌေးကြီး နားခိုရာ ဇရပ်သို့ အရက်သမား တစ်ယောက် ရောက်လာပြီး လဲလျောင်နေတဲ့ သူဌေးကြီးကို အရက်သမားက "ဟေ့ အစောကြီး မှောက်နေပြီလား နောင်းကြီး" " ကျုပ်ကတော့ အခုမှ ကောင်းနေတုန်းဘဲဗျို့ " "ကျုပ်လောက်သာ သောက်ရမည်ဆိုရင် ခင်များ ဘယ်လိုနေမလဲမသိဘူး" အရက်သမား ပြောစကားကို သူဌေးကြီး ခွန်းတုန့်မပြန်ဘဲ ပြုံး၍သာ နေလိုက်တယ်။
အရက်သမား ဇရပ်က ထွက်သွားပြီး တခဏကြာတော့ အထုပ်ကြီး တစ်ထုပ်နဲ့ သူခိုးတစ်ယောက်ရောက်လာပြန်ပြီး သူဌေးကြီး ခေါင်းအုံးနေတဲ့ အထုပ်ကို တစ်ချက်ကြည့်ပြီး " ဘယ်လိုလဲ အခြေအနေကောင်းရယ်လား " သူခိုးက သူခိုးလာတဲ့ ပစ္စည်းအထုပ်ကို လက်နဲ့ ပုတ်ပြပြီး " ကျွန်တော်က ဒီည အခြေအနေ အတော်ကောင်းတယ်ဗျို့"
" ခင်မျာလဲ ကျုပ်လောက်ရအောင်ရှာဦးနော်" " ခင်များရထားတဲ့ ပစ္စည်းက နည်းသေးတယ် "
" ကဲပါဗျာ......အချိန်ရှိတုန်းလေး လစ်လိုက်ဦးမယ် "ဆိုပြီး ဇရပ်ကနေ အထုပ်လေး ထမ်းပြီး ထွက်သွားတော့တယ်။
သူဌေးကြီးကတော့ ခွန်းတုန့်မပြန်ဘဲ ပြုံး၍သာ နေနေ လိုက်တယ်။
တတိယအကြိမ်ရောက်လာသူကတော့ ဆေးသမား။ ဇရပ်ပေါ်တက် ခွေခွေကလေးလဲလိုက်ပြီး " ဘယ်လိုလဲ ကောင်းနေပြီလား၊ ကျွန်တော်လဲ တော်တော်လေး ကောင်းနေပြီဗျို့၊ နှပ်လိုက်ဦးမယ် "ဆိုပြီး ဇရပ်ခြေရင်းမှာ ခွေခွေလေး အိပ်နေလေရဲ့။
သူဌေးကြီးကတော့ ဘာမှ ခွန်းတုန့်စကားမဆိုဘဲ " အေးပေါ့လေ တညတာ ငါအတွက်တော့ အဖော်ရတာပေါ့ " စိတ်ထဲမှာတွေးပြီး အိပ်လိုက်တော့တယ်။
ဒီတော့ အရက်သမားကလဲ သူ့စိတ်နဲ့နှိုင်းပြီး သူဌေးကြီးကို ပြောလိုက်တယ် ဒါပေမည့် သူ့စိတ်နဲ့နှိုင်းလိုက်တိုင်း သူဌေးကြီးကအရက်သမား ဖြစ်မသွားဘူး။
သူခိုးကလဲ သူစိတ်နဲ့နှိုင်းယှဉ်ပြီး သူဌေးကြီးကို ပြောသွားတယ်။ သူဌေးကြီးက သူခိုးဖြစ်မသွားဘူး။
ဆေးသမားကလဲ သူ့စိတ်နဲ့ နှိုင်းသွားတယ်။ ဘယ်သူတွေ ဘယ်လို ခိုင်းနှိုင်သွားသွား သူဌေးကြီးကတော့ သူဌေးကြီးပါဘဲ။ ဘာမှ ပြောင်းလဲသွားတာ မရှိပါဘူး။
ဒီလိုပါဘဲ.....အချို့သောသူတွေက သူတို့မှာရှိတဲ့ အသိ၊ဗဟုသုတ၊ အတွေ့အကြုံ၊ စိတိဓာတ်ပေတံနဲ့ တစ်ပါးသူကို တိုင်းတာကြတယ်။အပျက်သဘော ဆောင်တဲ့ဝေဖန်မှု့မျိုးနဲ့ ဝေဖန်ကြတယ်။ ပုတ်ခက်ကြတယ်။
သူတို့ ပေတံထက် သာလွန်းနေရင် " စံ "သက်မှတ်ချက် မညီဘူး ပြောကြတယ်။ သူတို့ပေတံထက်လျော့ပါးနေရင် အထင်သေးသလိုအကြည့်နဲ့ " စံ "နှုန်းဘောင်မဝင်ဘူး ဆိုကြပြန်ကော။ သူတို့ ကိုင်ထားတဲ့ ပေတံကသာ "စံ" အပြည့်မှီလို့ တစ်ဘက်ပိတ်အတွေးနဲ့ ကျဉ်ထောက်လို့ လူသာတွေးက လက်ကိုင်ထားကြတယ်။
တကယ်တော့ အတိုင်းတာခံလိုက်ကတဲ့ သူက သူတို့တိုင်းတာလို့ ဘာမှ ဖြစ်မသွားဘူး၊ပြောင်းလဲ မသြားဘူး။ တကယ်ဖြစ်သွားတာက သူတို့။ သူတို့ရဲ့ ဗီဇရုပ် ဘယ်လောက်အတိုင်းအတာရှိတယ် ဆိုတာကို ပြလိုက်တာဘဲ။
လူဆိုတာ အမှားတော့ မကင်းဘူးပေါ့ သိုပေသော်ညားလည်း ကိုယ့်ဘက်က အကောင်းဆိုး၊ အပြုသဘောဆောင်တဲ့ ရပ်တည်မှု့မျိုးနဲ့ နေကြည့်လိုက်ပါ။
ဘယ်သူတွေ ဘာပြောပြော လိပ်ပြာလုံတယ်။ ဘယ်သူတွေ အမုန်းပွားပွား၊ အပစ်တင်ဝေဖန် နေနေ ကိုယ့်ဘက်က အပြုံးတစ်ခုနဲ့ တုန့်ပြန်လိုက်ပါ။
"ကိုယ်ပြုံးလေသမျှ
သူတို့ရှုံးနေရတယ်" ။
"ကိုယ့်ရဲ့ အပြုံးက
သူတို့အတွက် ထာဝရ အရှုံး"
Credit
#သတင်းပေါင်းစုံ