T Land - mom&baby store

T Land - mom&baby store မင်္ဂလာပါရှင်! အဝတ်အထည်များကို လက်လ?

13/12/2020

လူကြီးရော ကလေးတွေအတွက်ပါ ခြင် အန္တရာယ် ကာကွယ်ဖို့ အတွက် ခြင်လုံ စကာလေးတွေရောင်းပေးမယ်နော်...

ကိုယ်တိုင်အလွယ်တကူ ကပ်လို့ဖြုတ်လို့ရတော့ အဆင်ပြေတာပေါ့

Quality ​လေးကို video ​လေးမှာ လေ့လာလို့ရပါတယ်နော်..
မှာယူလိုပါက Tland ရဲ့ cb or viber 09420887700 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်..
size 70*190cm
80*200cm
95*210cm
110*210cm
120*210cm

သားသား မီးမီးတို့ နှာစေး နှာပိတ် ကင်းစေဖို့ Humidifier တစ်လုံးတော့ အိမ်မှာဆောင်ထားသင့်တယ်နော်....ဆောင်းတွင်းဝင်လာပီမို့ ...
13/12/2020

သားသား မီးမီးတို့ နှာစေး နှာပိတ် ကင်းစေဖို့
Humidifier တစ်လုံးတော့ အိမ်မှာဆောင်ထားသင့်တယ်နော်....

ဆောင်းတွင်းဝင်လာပီမို့ မေမေတို့တွေ ကြုံတွေ့လာနိုင်တဲ့ မိမိသားသမီးလေး များ နှာစေး နှာပိတ် ဖြစ်လာရင် စိတ်ညစ်ရပါတယ်...
မွေးကင်းစ သားသမီးများရှိတဲ့ မိခင်ဆို ပိုဆိုးပါတယ် ကလေးနှာပိတ်ရင် ကလေးက မအိပ် ငို တော့ စိတ်မကောင်း နှာခေါင်းထဲ အစက်ချတာလဲ ခဏပဲ သက်သာတော့ အဆင်မပြေမှုများဖြစ်တတ်ပါတယ်

မင်မင် ကိုယ်တိုင်လဲ အဲ့ဒုက္ခ ခံစားဖူးတာမို့ humidifier ရဲ့ အသုံးဝင်ပုံကို ပြောပြပေးတာပါ..

အသုံး​ပြု ပုံ- ရေက 5L ဆန့်တာမို့ အဖုံးဖွင့် ရေထည့် ပလက်ပေါက်ထိုး level 3 ဆင့်ပါပါတယ်.. အငွေ့ထွက်နှုန်းပေါ်မူတည်ပီး level ​ပြောင်းလို့ရပါတယ်ရှင်. Timer လဲ 12hrs လိုသလိုပေးလို့ရတော့ အဆင်ပြေတာပေါ့..

DEERMA brand တံဆိပ် humidifier ​လေးက အခန်းတွင်း စိုထိုင်းမှုကိုထိန်းပေးပီး aircon နဲ့​နေသော ကလေးငယ်များ နှာခေါင်းလည်ချောင်းခြောက်သွေ့မှုကို ပြုလုပ်ပေးပါတယ်! လေထုထဲမှ မမြင်နိုင်တဲ့ ပိုးမွှားလေးများ ကို 99.9% သတ်တာကြောင့် မိခက်ရော ကလေးပါ အဆင်ပြေတဲ့ humidifier ​လေးကို T Land မှာ မှာယူလိုက်တော့နော်..

cb or viber 09420887700 သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင်!

*စာသားများသည် ကူးယူခြင်းမပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်! *

28/11/2020

" ပံ့သကူ " ပစ်ပါ

တန်ဆောင်မုန်း လပြည့်ည ၁၂ နာရီမှာ ပံ့သကူ
ပစ်ပါ။ ( တခြားအချိန်လည်း ပစ်လို့ရပါတယ် )

ကိုယ်ပြန်ရမယ့် စီးပွား လာဘ်လာဘ ကိုမမျှော်ကိုးပဲ
စိတ်စေတနာ သန့်ရှင်းစွာ ပံ့သကူပစ်ပါ။

အစစအရာရာ ကြပ်တည်းလာတဲ့ ခေတ်မှာ
ပံ့သကူပစ်ပါ ရတဲ့ သူ ပျော်ရွှင်ပါစေ။

ငွေပမာဏ နဲသည် ဖြစ်စေ ၊ များသည်ဖြစ်စေ
ပစ္စည်း နဲသည်ဖြစ်စေ၊ များသည်ဖြစ်စေ

ကိုယ် တတ်နိုင်သည့် ပမာဏလေးကို စေတနာ များစွာဖြင့် ပံ့သကူပစ်ပါ။

နောင်ဘဝရမည့်ကုသိုလ်၊ ယခုရမည့် ကုသိုလ် အသာထား ကြပ်တည်းနေကြတဲ့ အချိန်မှာ
ကိုယ့် ပံ့သကူလေးကြောင့် ရတဲ့သူပျော်သွားရင်

ကိုယ်ပီတိဖြစ်ရတာက အခုချက်ခြင်းရတဲ့
အကျိုးကျေးဇူးပါပဲ။

သူခိုးကြီးညမှာ စနောက်ပြီး ကျီးမနိုးပွဲလုပ်ကြသလို။

ပံ့သကူပစ်ပွဲ အစဉ်အလာလေးလဲ ဆက်ထိန်းသိမ်းကြပါစို့နော်။

ငွေ ၅၀၀ ဖြစ်စေ၊ ဆန်အိတ် သေးသေးလေးဖြစ်စေ
ဖန်ခွက်လေး တစ်ခုဖြစ်စေ ပံ့သကူပစ်ပါသည်လို့ စာလေးရေးပြီး ပံ့သကူပစ်ကြပါနော်။

ပံ့သကူရတဲ့ သူကလည်း မည်သူမည်ဝါပေးမှန်းမသိတော့ ဦးဘယ်သူက၊ ဒေါ်ဘယ်သူက ငါ့ကို ပေးကမ်းထားတာပဲဆိုတဲ့ အကြွေးလို ခံစားရမည့်အသိ
ကျေးဇူးကြွေး ဝန်ထုပ်ဝန်ပိုးလည်း မရှိတော့ဘူး။

သူလည်း လွတ်လပ်စွာ ပျော် ကိုယ်လည်း ပုဂ္ဂိုလ်စွဲမရှိ ဖြူစင်စွာလှူ ဘယ်လောက် ဖြူစင် အေးချမ်းလိုက်သလဲ။

ပံ့သကူပစ်တဲ့ အခါ
ဗုံးလား၊ မသမာတဲ့ ပစ္စည်းလား ဆိုပြီး
မြင်တဲ့သူ စိတ်မပူရအောင်

ကိုယ်လှူမယ့် ပစ္စည်းက
၁။ အိတ်နဲ့ ထည့်မှ ရမည်ဆိုလျှင် ကြွပ်ကြွပ်အိတ် အကြည်သုံးပေးပါ။

၂။ အိတ်မလိုရင် ဒီအတိုင်းလေး ပစ်ပါနော်

အထူးအရေးကြီးတာက
"ပံ့သကူပစ်ပါသည်" ဆိုတဲ့ စာလေး ကပ်ထားပေးနော်
ရတဲ့သူတွေ ဘေးကင်းပြီး သောက ကင်းစွာ
ရယူနိုင်ကြပါစေ။

တန်ဆောင်မုန်း လပြည့်ညမှာ
ပံ့သကူပစ်တဲ့ အစဉ်အလာလေး ပိုပြီးတွင်ကျယ်လာအောင် တစ်ဖက်တစ်လမ်းက ပါဝင်ကြမယ်နော်။

ရယူတဲ့ ပျော်ရွှင်မှုထက် ပေးကမ်းလို့ရတဲ့ ပျော်ရွှင်မှုက ပိုအေးချမ်းရပါတယ်..

မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါသည်

တန်ဆောင်မုန်း လပြည့်နေ့က
၁၃၈၂ခုနှစ်၊ (29.11.2020) တနင်္ဂနွေနေ့။

22/10/2020

#ကိုယ့်ကိုယ်ကိုယ်_ကိုဗစ်သံသယဖြစ်ပီဆိုရင်

ဒါလေးတွေ ကျိန်းသေလုပ်ပါ

🌺*ခေါင်းတွေ ထိုးကိုက်ပါတယ်
ပေါက်ကွဲမတတ် (day 1)⛽

🌺*လည်ချောင်းမှာ ယားပီး
ချောင်းခြောက်ဆိုးချင်လာပါတယ်(day 2)⛽

🌺*အနံ့တဖြေးဖြေးလွင့်လာပါတယ် လုံးဝမပျောက်သွားသေးပါဘူး(day3)⛽

🌺*ကိုယ်စားတဲ့အစားအစာတွေ
အနံ့စပျောက်လာပီ
အိမ်သာ အနံ့ ဟင်းချက်တဲ့အနံ့
ဘေးပတ်ဝန်းကျင်အနံ့
လုံးဝ အရှင်းပျောက်သွားပါပီ (day 4)⛽

စိတ်အေးအေးထားပါ
စိတ်ကိုတင်းထားပါ
စိတ်ကိုခိုင်ခိုင်ထားပါ
ဘာသောကမှ မရောက်ပါနဲ့

🎈ဒီရောဂါသည် ကိုယ်ခံအားလျော့တဲ့အချိန်
ဝင်လာတတ်ပီး
ကိုယ်ခံအား ပြန်ပြည့်တဲ့အခါ
သူ့အလိုလို ပြန်ထွက်သွားမှာပါ။🎈

မိမိလုပ်ရမှာက
ရောဂါအခံ ဆီးချိူ သွေးချိူသွေးတိုး ရှိလားအရင်စစ်ရပါမယ်
(အိမ်မှာပဲ စက်ဖြင့် စစ်ဆေးပါ
လူ အထိတွေ့နည်းနိုင်သလောက် နည်းအောင်ဂရုစိုက်ပါ)
ရောဂါအခံရှိလျှင် ဆေးရုံတန်းသွားပါ ။

အကယ်၍ ရောဂါအခံမရှိခဲ့လျှင်

🌺*ကြက်ဥ တနေ့2လုံးစားရန်

🌺*နံနက်စာ ပေါင်မုန့် နို့ ဂျုံ ပြောင်း ဆန်အကုန်စားပါ
နံနက်စာ စားပီးတာနဲ့
(သေချာတာတစ်ခုက အနံ့ပျောက်နေတဲ့အတွက်အစားအသောက်တွေ
သည် အရသာရှိမှာ စားချင်မှာ မဟုတ်ပါဘူး )
မစားချင်ဘူး ဆိုပီး မစားပဲမနေပါနဲ့ကိုယ်ခံအားကောင်းအောင်
စားရမှာပါ)ပီးရင်

🌺* Civit bbi 100 ကို ၂လုံးသောက်ပါ

🌺*ရေနွေးနဲ့ဆားရည် ပါးလုပ်ကျင်းပါ

🌺*ရေနွေးကြမ်း အဖန်ရည်သောက်ပါ ဂျင်းနဲ့ထန်းညက် ပြုတ်ထားတာသောက်ပါ

🌺*အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ

🌺*နေပူနေရင် မနက်နေကို မိနစ် ၂၀လောက်
နေပူစာလှူံပါ

🌺*နေခင်းဘက်လည်း ထမင်းစားပါ
အသီး၊အရွက်တွေစားပါ
ကွကျသား ငါးစားပါ

🌺*ပီးရင် ရေနွေးနဲ့သံပုရာရည် ဖျော်သောက်ပါ သံပုရာသီးကို နှစ်ပီးများများထည့်သောက်ပါ

🌺*နေ့ခင်း ၂နာရီလောက် အနည်းဆုံး ပြန်အိပ်ပါ

🌺*နိုးတာနဲ့စားဖို့လုပ်ပါ
အားရှိတာစားပါ

🌺*ညဘက်လည်း ထမင်းစားပါ

🌺*Civit 2လုံးထပ်သောက်ပါ

🌺*အိပ်ခါနီး ရေနွေးနဲ့ဆားရည် ပါးလုပ်ကျင်းပါ

🌺*ညဘက်စောစော အိပ်ပါ

🌺*သုံးရက်မြောက်နေ့ဆို အနံ့အနည်းအကျင်းပြန်ရလာပါလိမ့်မယ်

🌺*တစ်ပတ် ဆယ်ရက်ဆို
ပြန်ကောင်းသွားမှာပါ

🌺*အိမ်မှာပဲ stay home ပါ

(မှတ်ချက်-
ချောင်းအရမ်းဆိုးတာ
အသက်ရှူကြပ်တာ
ဝမ်းသွားတာ
မောဟိုက်တာ
အဖျားတတ်လာတာဆို
ဆေးရုံသွားပီး ဆေးကုသမူခံယူရပါမယ်ရှင်)

🎁- တနေ့ကို ဆားရည် ၂ခါပလုပ်ကျင်းရန်

🎁- ကြက်ဥ 2လုံးစားရန်

🎁- ထမင်း 2ကြိမ်စားရန်
(နေ့လည်စာနှင့်ညစာ)

🎁- အစာပြေ 2နပ်စားရန်
(နံနက်စာနှင့်ညနေစာ)

🎁- ကြက်သွန်ဖြူ ကြက်သွန်နီ နေ့တိုင်းစားပါရန်

🎁- Civit 4လုံး(vitamin C 1000)သောက်ရန်

🌺- ကိုယ်ခံအားကောင်းအောင် စားပီးအိပ် အိပ်ပီးစားပါရန်

🌺- အအေးမခံပါနဲ့
နွေးနွေးထွေးထွေးနေပါရန်

🌺- ရေနွေးသောက်ပါရန်

🌺- ထမင်း ဟင်း ပူပူနွေးနွေး စားပါရန်

🌺- သေးခဏခဏပေါက်ရန်နှင့်
ချွေးထွက်အောင်နေပါရန်

🌺- အအေးတွေ သောက်မည့်အစား
Royal D လိုဓာတ်ဆားများများသောက်ပေးရန်

🌺- ကိုယ်လက်လေ့ကျင်ခန်းလုပ်ပါ
(ပင်ပန်းလောက်သည်ထိ ပြင်းပြင်းထန်ထန် မလုပ်ပါရန်)

ကမ္ဘာပေါ်မှာအမျိုးသမီး ၈ယောက်မှာ ၁ယောက်က ရင်သားကင်ဆာဖြစ်ပွားနေပါတယ်. အမျိုးသမီးနဲ့ မိခင်တွေကို ခြိမ်းခြောက်နေတဲ့ရင်သားကင...
17/10/2020

ကမ္ဘာပေါ်မှာအမျိုးသမီး ၈ယောက်မှာ ၁ယောက်က ရင်သားကင်ဆာဖြစ်ပွားနေပါတယ်. အမျိုးသမီးနဲ့ မိခင်တွေကို ခြိမ်းခြောက်နေတဲ့ရင်သားကင်ဆာကိုကာကွယ်ဖို့ပြောပြပေးချင်ပါတယ်
ရင်သားကင်ဆာက မျိုးရိုးရှိသူနဲ့ အသက် ၃၀ အထက်ဖြစ်ပွားနိုင်ပါတယ်
ကင်ဆာက နောက်မှသိရင် ကုသဖို့အချိန်မမီပဲ အသက်ပါဆုံးရှုံးနိုင်တာမလို့ မိန်းကလေးတွေ မိမိရင်သားကို ကိုယ်တိုင် စစ်ဆေးသင့်ပါတယ်

ဒီလ October လဟာ ရင်သား ကင်ဆာ ကြောင့် သေဆုံးရတဲ့ အမျိုးသမီးတွေရှိတာ သတိမူဖို့ နဲ့ အတွင်းခံဘရာစီယာ မဝတ်ပဲ သက်တောင့်သက်သာ နေထိုင်နိုင်တဲ့ အပြုအမူ ကို လက်ခံ ထောက်ခံ တဲ့ အထိမ်းအမှတ် တွက် လလယ် အောက်တိုဘာ ၁၃ ရက်နေ့ကို No bra day လို့ သတ်မှတ်ခဲ့တာပါ။

ရင်သား မှာ အကြိတ်တို့ ထူးခြားတဲ့ မူမမှန်တာတွေဖြစ်လာရင် ပြသကြဖို့ သတိပေးလိုက်ပါတယ်။ စောစီးစွာသိရှိရင် မြန်မြန်ကုသရင်ပျောက်ကင်းသက်သာနိုင်ပါတယ်.....
ရင်သားကင်ဆာအကြိတ်ဖုဟာ ယေဘုယျ အားဖြင့် မာကြောခြင်း၊ နာကြင်မှုကင်းမဲ့ခြင်း၊ ရွေ့လျားမှုမရှိခြင်း စတဲ့သဘာဝရှိ ပါတယ်။
ရင်သားအကျိတ်ကိုကိုယ်တိုင်စစ်နိုင်သလို အတိကျဆုံးဆရာဝန်ဆီမှာ mammogramဖြင့်စစ်နိုင်ပါတယ်
ရင်သားကင်ဆာ လက္ခဏာများမှာ -
(၁) နို့သီးခေါင်း အရေပြား နဲ့ရင်သားပေါ်ယံအရေပြားတို့ အရေခွံကွာကျခြင်း၊ အရေခွံ ပက်ကျားအက်ခြင်း။
(၂) ရင်သားအရောင် နီရဲလာခြင်း။
(၃) နို့သီးခေါင်းမှသွေးစက်ကျခြင်း။
(၄) ရင်သားအရွယ်အစားနဲ့ ပုံစံ သိသိသာသာပြောင်းလဲသွားခြင်း။
(၅) ရင်သား အရေပြားတို့ တင်းရင်းမနေဘဲ လိမ္မော်သီးအခွံကဲ့သို့ ပုံသဏ္ဍာန်မမှန် ဖောင်း ကြွခြင်း (သို့) ချိုင့်၀င်သွားခြင်း။
(၆) နို့သီးခေါင်းပုံစံ မမှန်တော့ဘဲပြောင်းလဲသွားခြင်း။ (အထဲသို့ချိုင့်၀င်သွားခြင်း)
(၇) နို့သီး ခေါင်းမှာ အဖုအပိမ့်ကွက်များထွက်ပေါ်ခြင်း။
(၈) ရင်သားထဲ မှာ ငြိမ်နေ(မရွေ့မရှား)သော အကျိတ်တည်လာခြင်း။
(၉) ရာသီလာ စဉ် ကာလမဟုတ်ဘဲ၊ ဂျိုင်းကြား နဲ့ရင်သားတို့ နာကျင်စွာခံ စားနေရခြင်း။
(၁၀) ဂျိုင်းကြားမှာအကြိတ်တည်လာခြင်း။
(၁၁) ရင်သားတစ်ရှုးတွေထူထဲကာမာတင်းတင်းဖြစ်၍ နေထိုင်ရ ခက်ခဲ ခြင်း.. စသည်တို့ဖြစ်ပါတယ်။
ကိုယ်တိုင် စစ်ဆေးကြည့်ဖို့ ပုံလေးပြထားပါတယ်

ရင်သားကင်ဆာဖြစ်လာခြင်းကြောင့်နောက်ဆက်တွဲ
1.ရင်သားနာကျင်ခြင်း. ကင်ဆာအကျိတ်ရှိသောရင်သားကိုဖျက်ရခြင်း
2.ဆံပင်ကျွတ်ခြင်း
3.စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်ရခြင်း
4.အသက်သေးဆုံးနိုင်ခြင်း ထိ ဖြစ်နိုင်ပါတယ်

hello pretty

Crd childhealthmyanmarကာကွယ်ဆေး သွားထိုးရမလား၊ မထိုးသေးဘဲ စောင့်လို့ရလား။********************************************ကို...
13/10/2020

Crd childhealthmyanmar

ကာကွယ်ဆေး သွားထိုးရမလား၊

မထိုးသေးဘဲ စောင့်လို့ရလား။
********************************************

ကိုဗစ်ကာလမှာ မိဘတွေအမေးများတဲ့ ကာကွယ်ဆေးထိုးရမယ့်ရက်ရောက်ပြီ။ သွားထိုးရမလား၊ မထိုးရဘူးလား၊ နောက်ကျလို့ရလားဆိုတဲ့ မေးခွန်းတွေအတွက် ဒီပုံလေးတင်ပေးလိုက်ပါတယ်။

ကာကွယ်ဆေးတစ်ခုချင်းစီအတွက်

အစိမ်းရောင် - ကာကွယ်ဆေးထိုးရန် အသင့်တော်ဆုံး အသက်အရွယ်ကို ပြထားပါတယ်။

အဝါရောင် - အကြောင်းတစ်ခုခုကြောင့် ကာကွယ်ဆေးထိုးဖို့ နောက်ကျခဲ့ရင် အခွင့်အရေးပေးတာနဲ့ ပြန်ထိုးနိုင်ဖို့ ထိုးနိုင်တဲ့ အသက်အရွယ်အပိုင်းအခြားကို ပြထားပါတယ်။

မီးခိုးရောင် - ထိုးလည်း မထူးတော့တဲ့အတွက် မထိုးရတော့မယ့် အသက်အရွယ်ကို ပြထားပါတယ်။

ဆိုပြီးပြထားတာကို တွေ့နိုင်ပါတယ်။

ကာကွယ်ဆေးသွားထိုးမယ်၊ မထိုးဘူးကတော့ ကိုယ်နေတဲ့ဒေသမှာ Covid 19 ဖြစ်ပွါးမှု ဘယ်လောက်မြင့်မားနေလဲ၊ ကာကွယ်ဆေးထိုးပေးတဲ့ ကျန်းမာရေးဌာနရဲ့အနေအထားတွေပေါ် ကြိုတင်မေးမြန်းစုံစမ်းပြီး စဉ်းစားဆုံးဖြတ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးဖို့ ခေါင်းခဲနေတဲ့မိဘများ အပူငြိမ်းပါစေ။ ။

ဒေါက်တာသက်ထားရွှေစင်ဝင်း
ကလေးဆရာဝန်

—————————————————————

အောက်ကစာကတော့
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းရဲ့ FB page က ကာကွယ်ဆေးထိုးအစီအစဉ်နဲ့ပတ်သက်တဲ့ စက်တင်ဘာ ၃၀ က ကြေညာချက်ပါ။

ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်နှင့်ပတ်သက်ပြီး မိဘပြည်သူများသို့ အသိပေးခြင်း”

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှု မြင့်မားနေတဲ့ မြို့နယ်တွေမှာ မိမိနေအိမ်မှာပဲနေဖို့ (Stay At Home) ညွှန်ကြားထားပါတယ်။

ဒါကြောင့် အဲဒီ မြို့နယ်တွေမှာ (၂၀၂၀) ခုနှစ်၊ အောက်တိုဘာလမှာ ဆောင်ရွက်ရမယ့် ပုံမှန် ကာကွယ်ဆေးထိုး/တိုက် အစီအစဉ်တွေကို Stay At Home ကြေညာချက် ပယ်ဖျက်တဲ့အချိန်ထိ ခေတ္တရွှေ့ဆိုင်းသွားမှာဖြစ်ပါတယ်။

မိမိနေအိမ်တွင်နေထိုင်ဖို့ (Stay At Home) ထုတ်ပြန်ထားခြင်းမရှိတဲ့ မြို့နယ်တွေမှာတော့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်ကို ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးစုရပ်တွေကနေ ကာကွယ်ဆေးထိုးပေးသူကျန်းမာရေး ဝန်ထမ်းတွေ၊ မိဘတွေနဲ့ ကလေးငယ်လေးတွေကို COVID-19 ရောဂါကနေ ကာကွယ်နိုင်အောင် အောက်ပါအချက်တွေကို တိတိကျကျ လိုက်နာဖို့လိုပါတယ်။

• မိဘပြည်သူများ ကာကွယ်ဆေးထိုးစုရပ်ကို လာတဲ့အခါမှာ ပါးစပ်နှင့်နှာခေါင်းစည်း(mask) ဝတ်ဆင်ပါ။
• ကလေးငယ်တွေကို ကလေး မျက်နှာကာ (baby face shield) (ဒါမှမဟုတ်) ပုဝါ/အနှီး အုပ်လာပါ။
• ကာကွယ်ဆေးထိုးစုရပ်ထဲမဝင်ခင်မှာ ရေနှင့်ဆပ်ပြာသုံးပြီး စက္ကန့် (၂၀) ခန့် လက်ဆေးပါ။ (သို့မဟုတ်) အရက်ပြန် (၆၀%) ပါဝင်တဲ့ လက်သန့်ဆေးရည်နဲ့ လက်ဆေးပါ။
• ကာကွယ်ဆေးထိုးစုရပ်မှာ လူစုလူဝေး မဖြစ်စေဖို့အတွက် မိဘပြည်သူများက သက်ဆိုင်ရာ ကျန်းမာရေးဌာနကို ဖုန်းနဲ့ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်းရယူပါ။

ကာကွယ်ဆေးမထိုးလိုက်ရတဲ့ ကလေးများကို မထိုးရသေးတဲ့ ကာကွယ်ဆေးအကြိမ်အရေအတွက် အပြည့်အဝပြန်လည် ထိုးနှံပေးမှာဖြစ်လို့ စိတ်မပူပါနဲ့။ ကာကွယ်ဆေးထိုးမှတ်တမ်းကတ်ပြားလေးတွေကို သေချာသိမ်းထားကြဖို့လိုပါတယ်။

မိဘပြည်သူများအားလုံး COVID-19 ဘေးမှ ကင်းဝေးနိုင်ကြပါစေ။

———————————————————-

Photo credit from gadawin
12/10/2020

Photo credit from gadawin

ဒီတခေါက် ကားမကြိုက်တဲ့ သားသား မီးမီးတို့အတွက်.. function 5မျိုးပါတဲ့ ၅မျိုးသုံး nadle brand စက်ဘီး လေးနဲ့ မိတ်ဆက်ပေးမယ်န...
11/10/2020

ဒီတခေါက် ကားမကြိုက်တဲ့ သားသား မီးမီးတို့အတွက်..
function 5မျိုးပါတဲ့ ၅မျိုးသုံး nadle brand စက်ဘီး လေးနဲ့ မိတ်ဆက်ပေးမယ်နော်..
၁နှစ်မှ ၆နှစ်အထိ ပြောင်းလဲ အသုံးပြုနိုင်သောကြောင့် save money လဲ ဖြစ်တော့ ဖေဖေမေမေတို့ အတွက် အဆင်ပြေလွန်း နေပီပေါ့ 🤑🤑
wide curved seat ထိုင်ခုံဖြစ်ပီး PU soft material edging ဖြစ်သောကြောင့် သက်တောက့်သက်သာဖြစ်စေပါတယ်.. အရပ် အနိမ့်အမြင့်အလိုပ် အနိမ့်အမြင့်လုပ်လိုက်ပါတယ်! Light weight ဖြစ်ပီး အလွယ်တကူ ခေါက်သိမ်းနိုက်သောကြောင့် ဘယ်သွားသွား ယူသွားလို့ အဆင်ပြေတာပေါ့... certificate ရရှိပီးသားမို့ quality ကတော့ 💯➕➕➕ ပါပဲရှင်! ပုံလေးတွေကို အောက်တွင် ကြည့်ရှုနိုင်ပါတယ်...🚲🚲🚲

💓T- Land mom&baby store 💓

Product information 🚲🚲🚲
Brand name- nadle
Wt - 50kg
Material- aluminum alloy, soft tire, PP, PU
Folding mode
Color- blue, red, yellow 💙❤️💛
💸 145000 mmk
Preorder, half prepaid
Waiting time- 2 or 3 weeks

💓T- Land mom&baby store 💓

မင်္ဂလာပါ ဖေဖေ မေမေတို့ရေ...T Land မှ stay home နေရတာ ပျင်းနေတဲ့ သားသား မီးမီး လေးတို့အတွက်  Range Rover HSERange Rover ...
03/10/2020

မင်္ဂလာပါ ဖေဖေ မေမေတို့ရေ...

T Land မှ stay home နေရတာ ပျင်းနေတဲ့ သားသား မီးမီး လေးတို့အတွက်
Range Rover HSE
Range Rover Evoque
BENTLEY

ကားလေးတွေနဲ့မိတ်ဆက်ပေးမယ်နော်... တရုတ်နိုင်ငံ အသိအမှတ်ပြု certificate ရရှိထားတဲ့ ကားလေး တွေမို့ quality ကတော့ စိတ်ပူစရာမလို 💯➕➕➕ ပါပဲရှင့်... certificate ပုံလေးတွေကိုလဲ အောက်ကပုံလေးတွေမှာလဲ ကြည့်ရှုနိုင်ပါတယ်ရှင်...

Land Rover HSE 🚗🚗🚗remote control, MP4 LCD screen, four wheel drive switch, anti-total soft wheel, self driving control, Bluetooth connection, double leather seat, key start 3speed, four-wheel suspension, front&rear LED light & gear
💸570000

Land Rover Evoque 🚗🚗🚗 remote control, MP3, four wheel drive switch,soft wheels, self driving control, front&rear LED light & gear, double door design, double leather seat, portable tug, four wheel suspension
💸250000

BENTELEY🚗🚗🚗 remote control, MP3 player, leather seat, Leather seat,front&rear LED light, self driving control, racing steering wheel,
💸200000

မှာယူလိုပါက cb or 09420887700 မှတဆင့် ဆက်သွယ်မှာယူနိုင်ပါတယ်

Order confirm ပါက half prepaid ပါရှင်
Waiting time 2 or 3 weeks ပါရှင်..

02/10/2020

ကစားစရာဆိုပင်မဲ့ ဒါမျိုးလဲသုံးလို့ရသေးတယ်နော်..

ကားမောင်းသင်တဲ့ နေရာမှာလဲ အသုံးဝင်တဲ့ 360* လှည့်လို့ရတဲ့ စီယာတိုင်လေးတွေ T Land မှာ instoke ရှိတယ်နော်..

Color - pink , yellow

ထိုင်းနိူင်ငံက ကျားမကြီးတစ်ကောင်ဟာ သူ့ကလေးတွေမွေးပြီးပြီးချင် ဆုံးပါသွားလို့ ၃ ရက်လောက် အစားမစားပဲမိူင်နေတာကို တရိစ္ဆာန်...
30/09/2020

ထိုင်းနိူင်ငံက ကျားမကြီးတစ်ကောင်ဟာ သူ့ကလေးတွေ
မွေးပြီးပြီးချင် ဆုံးပါသွားလို့ ၃ ရက်လောက် အစားမစားပဲ
မိူင်နေတာကို တရိစ္ဆာန်ရုံက တာဝန်ရှိသူတွေက ဝက်ပေါက်လေး
တွေကို ကျားရည်ခြုံစေပြီ မိခင်နိူ့ကို စိုစေခဲ့တဲ့အခါ
ကျားမကြီးကကျန်းမာလန်းဆန်းလာတာကို
တွေ့ရပါတယ်တဲ့ မိခင်ရဲ့မေတ္တာတရား ကြီးမားလှပါပေတယ်…

Crd #

Address

Yangon

Website

Alerts

Be the first to know and let us send you an email when T Land - mom&baby store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category