Elina Fashion Villa

Elina Fashion Villa သင်တန်း နှင့် အပ်ထည်များ ကိုစိတ်တိုင်းကျဖန်တီးပေးနေပါသည်❤️

နောက်ပိုင်းတန်းခွဲသစ်မှန်သမျှ ကို international technique အတိုင်းအထည်တစ်ထည် စသင်ရင် Fashion Terminology ၊Garment Industr...
19/08/2026

နောက်ပိုင်းတန်းခွဲသစ်မှန်သမျှ ကို international technique အတိုင်း
အထည်တစ်ထည် စသင်ရင် Fashion Terminology ၊
Garment Industry Lexicon၊ နှင့်အတူ tech pack တစ်ခု သေချာဖန်တီးပြီး စနစ်သစ်နဲ့ တစ်ကျော့ပြန်ပြန်လည်သင်ကြားပေးတော့မှာမို့ သင်တန်းတတ်ချင်သူများ စရင်းပေးသွင်းနိုင်ပါပြီ။

Tech pack တွင်ပါဝင်သော

👗Mood board
👗history
👗silhouette
👗Texture Design
👗 Bill of Materials
👗 Trim Sheet
👗 Cutter Must
👗 Spec Sheet
👗 Size Grading
👗 Sewing Process/ Step-by-Step Sewing Guide (Construction Steps)

Production Process
👗brand
👗 Bulk Production
👗SMV smart minute volume (operator )
👗 Quality Control (QC)
👗packaging
👗distribution

Elina fashion institute

Pg ကိုရှယ်ပေးတဲ့ သူတွေထဲ က မဲနှိုက်ပြီး ပညာ ဒါန ပေါက်တဲ့ သူပါ။@
17/06/2026

Pg ကိုရှယ်ပေးတဲ့ သူတွေထဲ က မဲနှိုက်ပြီး ပညာ ဒါန ပေါက်တဲ့ သူပါ။@

Mat gala မှာ viral ဖြစ်နေတဲ့ dress တွေက တစ်ချိန်က အိန္ဒိယက အိမ်ပြေးခလေးမလေး Urfi ရဲ့ နာမည်ကြီး ပြီးအားလုံး ဝိုင်းအဆော်ကဲ...
08/05/2026

Mat gala မှာ viral ဖြစ်နေတဲ့ dress တွေက တစ်ချိန်က အိန္ဒိယက အိမ်ပြေးခလေးမလေး Urfi ရဲ့ နာမည်ကြီး ပြီးအားလုံး ဝိုင်းအဆော်ကဲ ခံခဲ့ရတဲ့ design တွေချည်းများတယ် Urfi က fashion ကိုရူးသွပ်ခဲ့ပေမယ့် သူ့မှာငွေမရှိတာရယ် tailor ပညာကို သေချာ တတ်မထားတာရယ်ကြောင့် သူ့စိတ်ကူးပေါက်ရာတွေ ကို စျေးပေါပေါ အပ်ချုပ်သမားတွေကိုခိုင်းတယ် Unconventional
ပစ္စည်းတွေကို အသုံးပြုပြီး ဝတ်စုံတွေ ဖန်တီးဝတ်ဆင်ခဲ့တယ် ဥပမာ- ဘလိတ်ဓားများ၊ သံကြိုးများ၊ ဖန်ကွဲစများ၊ ကော်ဖတ်များ၊ ပန်းပွင့်များကအစ အစားအသောက်တွေအထိ အသုံးပြုပြီး သူမကိုယ်တိုင် ဒီဇိုင်းထုတ် ဝတ်ဆင်တယ် အဲ့လိုအထည်တွေကို ဝတ်ပြီး public Area တွေမှာလျှောက်သွားတယ် ရဲဖမ်းခံတယ် အဲ့လိုနည်းနဲ့ မီဒီယာတွေ ရှေ့ရောက်လာရင်း လူသိများလာတာ အဲ့ထက် ကောင်းတာက သူမဟာ မွန်ဘိုင်းက international Airport မှာ ဒီနေ့ ဘယ် Cele တွေလာမလည်း ထွက်မလည်း ဘယ် Bollywood Actor၊ Actress တွေ အဝင်အထွက်ရှိလည်းဆိုတာကို အနိမ့်တန်း ပါပါရာဇီ သတင်းထောက်တွေကို မုန့်ဖိုးပေးပြီး နာမည်ကြီးcele တွေ Airport မလာခင် သူက ဘယ်နိုင်ငံမှထွက်စရာ မရှိလည်း Airport ကို ကြိုတင်သွားပြီး သတင်းထောက်တွေ သူ့ပုံ မယူ ယူအောင် သူ့ရဲ့ ရူးသွပ်တဲ့ fashion design တွေ ပေါက်ကရ ဝတ်စုံတွေ နဲ့ up and down လမ်းလျှောက်ပြမယ် အဲ့ အချိန် မှာ media တွေက သူ့ကို ပုံတွေ ယူရိုက် အပြိုင်အဆိုင် pg တွေမှာတင်ရင်း နဲ့ သူအဝတ်စားတွေ ကြောင့် ဝေဖန်ခံရင်း ခုဆို Viral Fashion Icon တစ်ယောက်ဖြစ်လာပြီး high fashion လောကသားတွေက သူမကို အသိမှတ်ပြုလာကြပါပြီ နိုင်ငံကျော်ဒီဇိုင်နာ အိန္ဒိယရဲ့ ထိပ်တန်းဖက်ရှင်ဒီဇိုင်နာကြီး Abu Jani Sandeep Khosla ရဲ့ ဝတ်စုံတွေကို ဝတ်ဆင်ခွင့်ရခဲ့သလို၊ သူတို့ရဲ့ Campaign တွေမှာလည်း ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒါဟာ သူမအတွက် ဖက်ရှင်လောကရဲ့ တံခါးကြီး ပွင့်သွားတာပါပဲနာမည်ကြီး မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Dirty Magazine ရဲ့ မျက်နှာဖုံးမှာ ပါဝင်ခဲ့ရပြီး သူမကို "Creative Force" တစ်ခုအနေနဲ့ အသိအမှတ်ပြုလာကြပါတယ်
International Recognitionသူမရဲ့ ထူးခြားတဲ့ ဖန်တီးမှုတွေကို နိုင်ငံတကာက နာမည်ကြီး ဒီဇိုင်နာတွေ (ဥပမာ- Harris Reed) ကပါ သတိထားမိပြီး သူတို့ရဲ့ Social Media တွေမှာ ချီးကျူးဖော်ပြခြင်း ခံခဲ့ရသူပါ
သူမကို တချိန်က ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူမရဲ့ "ယုံကြည်မှု" နဲ့ "ဖန်တီးနိုင်စွမ်း" ကိုတော့ ငြင်းလို့မရပါဘူး။

Kay Thi (Elina)

Draped Skirt ၏ သမိုင်းကြောင်း ကို ဖော်ပြပေးပါမယ် ရှေးခေတ်ကာလ လူသားများက အထည်ကို ချုပ်ပြီးစတင်ဝတ်ဆင်တာမျိုး မဟုတ်ဘဲ ချည်ဝ...
11/01/2026

Draped Skirt ၏ သမိုင်းကြောင်း

ကို ဖော်ပြပေးပါမယ် ရှေးခေတ်ကာလ လူသားများက

အထည်ကို ချုပ်ပြီးစတင်ဝတ်ဆင်တာမျိုး မဟုတ်ဘဲ

ချည်ဝတ်/ပတ်ဝတ် အဖြစ် စတင်အသုံးပြုခဲ့ပါတယ်။


ဥပမာ အိန္ဒိယ–Sari ဂရိ– Himation, Chiton ရောမ-Toga

ဒီအဝတ်အစားတွေဟာ ကိုယ်ခန္ဓာပေါ်မှာ အထည်ကို

သဘာဝအတိုင်း လှိုင်းပုံစံ ကျစေပြီး ပတ်ချည်

ဝတ်ဆင်တာဖြစ်လို့ Draped style ရဲ့ အစဖြစ်ပါတယ်။

အာရှဒေသမှာ အရှေ့တောင်အာရှ – Longyi ၊(မြန်မာ),

Longi တောင်အိန္ဒိယ ၊ ထိုင်း Chong Kraben ၊အင်ဒိုနီး

ရှား Sarong – Lungi, India Dhotiဒီအဝတ်အစားတွေဟာ

လှုပ်ရှားရလွယ်ကူပြီး အပူပိုင်းရာသီနှင့် ကိုက်ညီ တာ

ကြောင့် ယနေ့ထိ အသုံးများနေဆဲပါ။

အလယ်ခေတ်မှ ၁၉ ရာစုမှာ ဥရောပမှာတော့ ချုပ်

ထည်အဝတ်အစားများလာ သော်လည်း

ဘုရင်မင်းနန်းဝတ်နန်းစား အထူးအခမ်းအနားတွေမှာ

အထည်လှိုင်းကျစေတဲ့ Draping ပုံစံ ကို အလှဆင်အဖြစ်

ဆက်လက်အသုံးပြုခဲ့ပါတယ်။

၂၀ရာစု မှာပြင်သစ်ဒီဇိုင်နာ Madeleine Vionnet – က

Draping နည်းကို အနုပညာအဆင့်ထိ တိုးတက်စေပြီး

ကိုယ်ခန္ဓာလိုက်လျောညီထွေစေတဲ့ ဒီဇိုင်းများ ဖန်တီးခဲ့

သလို စပိန် ဒီဇိုင်နာ Mariano Fortuny (Delphos gown)

ကလည်း ရှေးဂရိစတိုင် Draping ကို ခေတ်သစ်နည်းနဲ့

ပြန်လည်အသုံးချခဲ့ပါတယ်


Draped skirts ဟာ အမျိုးသမီးရဲ့အလှ၊ လှုပ်ရှားမှုအလှ

ကို ထင်ရှားစေတဲ့ ဒီဇိုင်းအဖြစ်လူကြိုက်များလာပါတယ်

ယနေ့ခေတ်မှာတော့

• Draped skirt ကို Runway fashion, Evening wear,

Modern traditional wear တွင် အသုံးများသဘာဝကျ၊

အနုပညာဆန်၊ ကိုယ်ခန္ဓာအလှကို မီးမောင်းထိုးပေးနိုင်

သောကြောင့် ယနေ့ထိ ရေပန်းစားနေဆဲပါ။

Kay Thi (Elina fashion villa)

Pleated skirt ရဲ့ history ကို ပြောပြမယ်နော်။🤗Pleated  အစပြုပုံက Ancient  Egypt 📜 မှာ(ခရစ်တော်မတိုင်ခင် 3000 လောက်)မှာအမျ...
11/01/2026

Pleated skirt ရဲ့ history ကို ပြောပြမယ်နော်။🤗

Pleated အစပြုပုံက Ancient Egypt 📜 မှာ

(ခရစ်တော်မတိုင်ခင် 3000 လောက်)

မှာအမျိုးသားများ စတင်ဝတ်ဆင်လာခဲ့ ပါတယ်

Linen အထည်ကို ခေါက်ချိုးချိုးပြီး

ဝတ်လာကြတယ်နောက်ပိုင်း အမျိုးသား၊ အမျိုးသမီး

နှစ်ဦးစလုံး ဝတ်ခဲ့ကြပြီးPleats က လူတစ်ဦးရဲ့ status

(အဆင့်အတန်း) ကို ပြသတဲ့ အရာတစ်ခုဖြစ်တယ်

Greek & Roman 🏛️

Ancient Greece မှာChiton, Peplos လို

ဝတ်စုံတွေကို သဘာဝအတိုင်း

ချိုးပြီး လွတ်လပ်စွာ ဝတ်ကြတယ်

Pleats က လှပရုံတင်မက လူသားတွေအဖို့

လှုပ်ရှားရလွယ်ကူစေဖို့ အတွက် အရေးပါလာတယ်

Scotland 🏴󠁧󠁢󠁳󠁣󠁴󠁿

Pleated skirt လို့ပြောရင်

လူတွေ မျက်စိထဲပေါ်လာတာက Scottish kilt ပါ 16–17

ရာစုခန့် အမျိုးသားတွေ ဝတ်တဲ့ kilt တွေမှာ

Pleats ကို အသုံးပြုလာကြတယ်

ဒီ pleats တွေကလမ်းလျှောက်ရလွယ်၊

တောင်တက်ရလွယ်အောင်လုပ်ပေးတယ်

Modern Fashion (20th century)1900s အစော

ပိုင်းDesigner တွေက Pleats ကိုအမျိုးသမီးစကတ်တွေ

မှာ ထွင်ထွင် စတင်အသုံးပြုလာကြတယ်

1920sPleated skirt တွေက လှုပ်ရှားလွတ်လပ်တဲ့

အမျိုးသမီးပုံရိပ် (Flappers) နဲ့

တွဲပြီး နာမည်ကြီးလာ1950sSchool uniform &

feminine look အဖြစ် လူကြိုက်များ1970s–1990s

Mini pleated skirt တွေ Trend ဖြစ်လာတယ်

အခုခေတ်မှာတော့ Pleated skirt က

Classic + Trendy နှစ်မျိုးလုံး ဖြစ်နေဆဲ

• Office, Casual, Street fashion, Korean style,

Japanese style 🇯🇵

အားလုံးမှာ တွေ့ရနိုင်တယ်😊

👉🏻Types of pleats (knife pleat, box pleat, inverted)

Kay thi (elina fashion villa)

Address

No. 573, Anawmar 13th (west) , Takayta Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 10:00 - 15:00
Sunday 10:00 - 15:00

Telephone

+959695012867

Website

Alerts

Be the first to know and let us send you an email when Elina Fashion Villa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share