17/12/2020
ဆောင်းရာသီရောက်လာပြီဆိုတာနဲ့
အရမ်းမအေးသေးပေမဲ့
အသားတွေ ခြောက်လာပြီ ဟုတ်?
ပိုဆိုးတာက မျက်နှာအသားပပ်ပြီး
ဘာလိမ်းလိမ်း အဆင်မပြေ ဖြစ်လာတာပဲ။😔
အဲ့တာကြောင့် ပိုးက
#ဆောင်းရာသီမှာ_မျက်နှာအသားမပပ်အောင်ဘယ်လိုကာကွယ်ရမလဲ ဆိုတာလေး
ပြောပြမယ်နော်။
အသားပပ်တယ် ဆိုတာက
အသားအရေခြောက်လို့ ဖြစ်တာပါ။
အဲ့လိုဖြစ်လာရင် အများစုက အသားအရေ
မခြောက်အောင် အစိုဓာတ်ထိန်းခရင်မ်
တစ်ခုခု လိမ်းပြီး ကာကွယ်ကြပါတယ်။
အစိုဓာတ်ထိန်းခရင်မ်လိမ်းတာ
ကောင်းပေမယ့် အသားပပ်တာကို
ကာကွယ်ဖို့ကျတော့ သိပ်မထိရောက်ပြန်ပါဘူး။
မျက်နှာအသားပပ်တာ ကာကွယ်ဖို့
အထိရောက်ဆုံးနည်းကတော့
သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ Maskတွေ
သုံးတာပဲ ဖြစ်ပါတယ်။
ပြီးတော့ အိမ်မှာအလွယ်ရနိုင်တဲ့
ကြက်ဥ၊ ပျားရည်၊ ငှက်ပျောသီး နဲ့
သခွားသီးတို့လို သဘာဝပစ္စည်းတွေ
သုံးပြီးတော့လည်း အသားပပ်တာကို
ကာကွယ်လို့ ရပါသေးတယ်နော် ။
တကယ်လို့ ဒီစာကို ဖတ်နေတဲ့အချိန်မှာ
မျက်နှာအသားပပ်နေပြီ ဆိုရင်လည်း
စိတ်မပူပါနဲ့။
ပိုး အပေါ်မှာ ပြောခဲ့တဲ့အတိုင်း
သဘာဝပစ္စည်းတွေနဲ့ လုပ်ထားတဲ့ Mask တွေ
သုံးကြည့်ပါ။
ဒါမှမဟုတ်ရင် အိမ်မှာအလွယ်ရနိုင်တဲ့
သဘာဝပစ္စည်းတွေနဲ့ ကိုယ်တိုင်လုပ်ပြီး
သုံးကြည့်ပါနော်။
အသားပပ်တာတွေ အမြန်သက်သာပြီး
မျက်နှာလေး အရင်ကထက် ပိုစိုပြည်
ကြည်လင်လာမှာပါ။
#ဆောင်းဘယ်လောက်အေးအေး
#လုံးဝအသားမပပ်ပဲ_လှနိုင်ကြပါစေရှင် ❤️
#ဆောင်းရာသီမှာ_မျက်နှာအသားမပပ်အောင်ဘယ်လိုကာကွယ်ရမလဲ