ReveVista

ReveVista Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ReveVista, Yangon.

25/08/2026

Skirt Blockလေးကို Adobe illustrator သုံးပြီးဆွဲထားတာလေးပါ ✌🏻ဖြည်းဖြည်းချင်းလိုက်ဆွဲကြည့်လို့ရမယ်ထင်ပါတယ်🫶🏼
tiktokမှာတင်ရင်းဒီမှာပြန်တင်လိုက်တာပါ

THE WEEPING CUP🪄From a surreal idea to a mini fashion collection ✨    A little throwback to an assignment I did during m...
17/08/2026

THE WEEPING CUP🪄

From a surreal idea to a mini fashion collection ✨

A little throwback to an assignment I did during my INCF class.

ပြောင်းလဲလာတဲ့ fashion industry အရ ခုနောက်ပိုင်းမှာ brand တော်တော်များများက Digital pattern နဲ့ digital tools တွေကို pro...
31/07/2026

ပြောင်းလဲလာတဲ့ fashion industry အရ ခုနောက်ပိုင်းမှာ brand တော်တော်များများက Digital pattern နဲ့ digital tools တွေကို production process တွေမှာ ပိုပြီးအသုံးပြုလာကြတာ သတိထားမိကြလား ✂️

အစ်မကတော့ ဒီ fashion field ထဲကို စဝင်လာတဲ့အချိန်ကစပြီး pattern တွေကို paper pattern နဲ့ပဲ အမြဲဆွဲလာခဲ့တဲ့သူပါ။

ဒါပေမယ့် ဒီနှစ်ထဲရောက်မှ Adobe Illustrator နဲ့ digital pattern ဆွဲတာကို သေချာအချိန်ပေးပြီး လေ့လာဖြစ်နေပါတယ်🙆🏼‍♀️

အခုမှစလေ့လာတာဆိုတော့ tool တစ်ခုချင်းစီကို စမ်းကြည့်တာ၊ shortcut တွေမှတ်တာ၊ မှားလိုက်ပြင်လိုက်နဲ့ နေ့တိုင်းအသစ်တွေ သင်ယူနေရဆဲပါ 🤍

လေ့လာရင်းနဲ့ သိလာတာကတော့ paper pattern နဲ့ digital pattern မှာ ဘယ်ဟာကပိုကောင်းတယ်ဆိုတာထက် ကိုယ်စီအားသာချက်တွေရှိနေတယ်ဆိုတာပါ။

Paper pattern က pattern making ရဲ့ အခြေခံ concept တွေဖြစ်တဲ့ measurement, balance, shape နဲ့ fitting တွေကို နားလည်ဖို့ အရမ်းကောင်းပါတယ်။ လက်နဲ့တိုက်ရိုက်ပြင်ဆင်ရတာကြောင့် design idea တွေကို လွယ်လွယ်ကူကူ စမ်းသပ်နိုင်ပြီး အခြေခံလေ့လာဖို့အတွက် အရေးကြီးတဲ့ skill တစ်ခုလည်း ဖြစ်ပါတယ်💁🏽

ဒါပေမယ့် pattern တွေများလာတဲ့အခါ သိမ်းဆည်းရတာ၊ copy လုပ်တာ၊ modification ပြန်လုပ်တာတွေမှာ အချိန်ပိုယူတတ်ပါတယ်။

Digital pattern ကတော့ edit လုပ်တာ၊ copy ပြုလုပ်တာ၊ measurement ပြင်ဆင်တာနဲ့ file အဖြစ် စနစ်တကျသိမ်းထားတာတွေမှာ အများကြီးအဆင်ပြေပါတယ်။တစ်နေရာမှတစ်နေရာကို အလွယ်တကူပို့ပေးလို့လည်းရပါတယ် နောက်ပိုင်း tech pack, portfolio နဲ့ production workflow တွေအတွက်လည်း အကျိုးရှိပါတယ်။

ဒါပေမယ့် အစပိုင်းမှာတော့ software နဲ့ ရင်းနှီးအောင် လေ့ကျင့်ဖို့ အချိန်ပေးရပြီး လက်နဲ့ဆွဲတဲ့ feeling လောက် အားရမှုမရှိသေးတာကိုလည်း ခံစားရပါတယ်။

ဘယ်ဟာပိုကောင်းလဲဆိုရင်တော့ paper pattern နဲ့ digital pattern နှစ်မျိုးလုံးကို လေ့လာထားတာက ပိုကောင်းတယ်လို့ အစ်မကတော့မြင်ပါတယ်။ပြီးတော့ Fashion industry မှာ digital skill ရှိထားတာက အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်လည်း အထောက်အကူဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ကိုယ်တိုင်အမြင်အရတော့ pattern making ရဲ့ အခြေခံဖြစ်တဲ့ paper pattern ကို မှန်ကန်စွာ နားလည်ပြီးမှ digital tools တွေကို လေ့လာရင် ပိုပြီးနားလည်လွယ်မယ်လို့ ထင်ပါတယ် ✌🏻

အစ်မကတော့ အခုမှစပြီး လေ့လာနေတဲ့သူမို့ အများကြီးသင်ယူစရာတွေ ကျန်သေးပါတယ်။

ဒါပေမယ့် လေ့ကျင့်ရင်း သိလာတဲ့ Illustrator tips လေးတွေ၊ shortcut လေးတွေ၊ pattern ဆွဲတဲ့ workflow လေးတွေကို ကျွန်မလို စိတ်ဝင်စားတဲ့သူတွေ အတူတူလေ့လာလို့ရအောင် အားရင်အားသလို video လေးတွေနဲ့ မျှဝေပေးသွားပါမယ်။

အတူတူလေ့လာပြီး တိုးတက်ကြရအောင်နော် 🤍

26/07/2026

Naw 🥹

25/07/2026

1% skill, 99% pressing Ctrl + Z🫩🫩

Address

Yangon
10260

Telephone

+959774252108

Website

Alerts

Be the first to know and let us send you an email when ReveVista posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share