AShein. - II

AShein. - II Local & Export Collections

ဂရုစိုက်ကြပါနော် ..
06/07/2024

ဂရုစိုက်ကြပါနော် ..

ကာလဝမ်းရောဂါအကြောင်း
••••••••••••••••••••••••••••

ကာလဝမ်းရောဂါကို Cholera လို့ခေါ်ပါတယ်။ မကုသဘဲဒီတိုင်းထားရင် နာရီပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်ပါတယ်။ ကာလဝမ်းရောဂါဟာ ရေအရင်းအမြစ်သန့်စင်မှုမရှိခြင်းနဲ့ အခြေခံသန့်ရှင်းမှုမရှိတဲ့အတွက်ဖြစ်ရတာပါ။

အပျော့စားဖြစ်ရင် Oral Rehydration Salt လို့ခေါ်တဲ့ဓာတ်ဆားရည်သောက်ပြီး သက်သာနိုင်ပါတယ်။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင်တော့ ပိုးသတ်ဆေးနဲ့ IV Fluids (အကြောဆေးသွင်းကုသမှု)တွေပါလိုအပ်နိုင်ပါတယ်။

🔷ကာလဝမ်းရောဂါဖြစ်ရတဲ့အကြောင်းအရင်း

မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ (ရောဂါပိုးရှိတဲ့အစာနဲ့ရေ)ကို စားသောက်မိလို့ ဖြစ်ရတာပါ။ ရောဂါပိုးကို V.Cholerae လို့ခေါ်ပါတယ်။ ရောဂါပိုးကူးစက်ပြီး ၁၂နာရီမှ ၅ရက်အတွင်း ရောဂါလက္ခဏာပြသပါတယ်။

🔷ရောဂါလက္ခဏာများ

အစောပိုင်းလက္ခဏာများမှာ

▪️ဝမ်းအရည်များသွားခြင်း
▪️ဝမ်းအရောင်မှာ ဆန်ဆေးရည်ကဲ့သို့ အဖြူရောင်များဖြစ်နေခြင်း
▪️အော့အန်ခြင်း
▪️ခြေထောက်ကြွက်တက်ခြင်းတို့ပါဝင်ပါတယ်။

🔺မကုသဘဲနေရင် ရောဂါပြင်းထန်လာပြီး ရေဓာတ်ဆုံးရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ ကျောက်ကပ်ပျက်စီးခြင်း၊ မေ့မျောခြင်း၊ သွေးလန့်ခြင်းနဲ့ အသက်ဆုံးရှုံးခြင်းအထိ နောက်ဆက်တွဲဖြစ်နိုင်ပါတယ်။

🔷ကာကွယ်ခြင်း

မဖြစ်ခင်ကြိုတင်ကာကွယ်ဖို့အလွန်အရေးကြီးပါတယ်။ ကာလဝမ်းရောဂါဖြစ်ပွားတဲ့အချိန်တွေဟာ အခုလိုမိုးတွင်းကာလတွေမှာဖြစ်တတ်ပါတယ်။

◾ရေသန့်ကိုသာသောက်ပါ။
ရေသန့်မရှိပါက ကလိုရင်းဆေးခတ်ထားသောရေကိုသောက်ပါ။
Aquatabs -ရေသန့်စင်ဆေးပြားခတ်ပြီးလည်းသောက်သုံးနိုင်ပါတယ်။
အကယ်၍ အထက်ပါအရာများ လက်လှမ်းမမီဘူးဆိုရင် ကြိုချက်ပြီးသောက်ပါ။ ရေဆူပွက်လာတဲ့အထိကြိုပါ တစ်မိနစ်ခန့်ဆူပွက်အောင်ထားပါ။ ကြိုချက်ပြီးသားရေကို ပြန်သိမ်းရင်တော့ သိမ်းတဲ့ဘူးကသန့်ရှင်းမှဖြစ်မှာပါ။

◾လက်ဆေးပါ။

လက်ကို ရေ၊ဆပ်ပြာနဲ့ မကြာခဏဆေးကြောပေးပါ။အထူးသဖြင့် အစားမစားခင်၊ အိမ်သာတက်ပြီးနဲ့ အစားအစာတွေမကိုင်တွယ်ခင် လက်ဆေးပေးပါ။ ကလေးလေးတွေကို Diaper လဲခြင်း၊ အောက်ပိုင်းအညစ်အကြေးသန့်ရှင်းခြင်းတို့ပြုလုပ်ပြီးရင်လည်း လက်ဆေးဖို့မမေ့ပါနဲ့။

◾ရေ၊ဆပ်ပြာမရှိရင် Alcohol 60% ပါဝင်တဲ့ လက်သန့်ဆေးရည်သုံးလို့ရပါတယ်။

◾ယင်လုံအိမ်သာအသုံးပြုပါ။

◾အစားအစာတွေကို ချက်ပြုတ်ပြီးမှစားပါ။ အသားငါးအစိမ်းစားတာတွေရှောင်ပါ။ ကျက်အောင်ချက်စားပါ။ ယင်လုံအောင် ဖုံးအုပ်ထားပါ။

🔷ဖြစ်ခဲ့ရင်ဘာလုပ်ကြမလဲ?

ရောဂါစဖြစ်ပြီဆိုတာနဲ့ ဓာတ်ဆားရည်သောက်ပါ။ ကလေးသူငယ်တွေ၊ ရောဂါအခံရှိတဲ့လူကြီးတွေကို မပေါ့လျော့စေချင်ပါဘူး။

🔺ဓာတ်ဆားရည်မှာ အမှတ်မှားကြတာက ဝမ်းလျှောရင်သောက်တဲ့ဓာတ်ဆားနဲ့ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားမှားကြတာပါပဲ။ ဝမ်းပျက်တဲ့အခါ ချွေးထွက်များရင်သောက်တဲ့ဓာတ်ဆားသောက်လို့မရပါဘူး။

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် WHO Formula နဲ့ထုတ်ထားတဲ့ဓာတ်ဆားထုပ်တွေကိုသောက်ရမှာပါ။

ကျွန်မသိသလောက် လက်ရှိဈေးကွက်ထဲမှာဝယ်လို့ရတဲ့ WHO Formula ဓာတ်ဆားတွေက BPI ဓာတ်ဆား၊ Relyte ဓာတ်ဆား၊ Peditral ဓာတ်ဆား၊ Pharolit ဓာတ်ဆားတွေဖြစ်ပါတယ်။ ဒီတံဆိပ်တွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် သောက်လို့ရပါတယ်။ BPI ၊ Relyte၊ Peditral စတာတွေက ရေသန့် သို့မဟုတ် ကြိုချက်ပြီးအအေးခံထားသောရေ 1000ml နဲ့ဖျော်စပ်ရတာဖြစ်ပြီး Pharolit ဓာတ်ဆားကတော့ ကလေးတွေမှာအသုံးများပြီး ရေ 200ml နဲ့ဖျော်စပ်ရတာဖြစ်ပါတယ်။

မိမိဝယ်လာတဲ့ဓာတ်ဆားထုပ်ကို ရေဘယ်လောက်နဲ့ဖျော်ရမလဲမသိရင် ဆေးဆိုင်မှာသေချာမေးခဲ့ပါ။ ဘယ်လောက်ရေပမာဏနဲ့ဖျော်စပ်ရလဲဆိုတာကိုပါ။ တိတိကျကျဖျော်စပ်မှသာ ကုသမှု အကျိုးရလဒ်ရှိမှာပါ။ ဈေးကွက်ထဲမှာတော့ အထက်ပါဓာတ်ဆားထုပ်တွေသာအများဆုံးရှိတဲ့အတွက် ကျွန်မပြောတဲ့ info လေးကအသုံးဝင်မှာပါ။

နောက်တစ်ခုက Probiotics ကိစ္စပါ။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီဆိုရင် နံပါတ် ၁ က ဓာတ်ဆားရည်ဖြစ်ပါတယ်။ ဓာတ်ဆားရည်မသောက်ဘဲ Probiotics တမျိုးတည်းသောက်လို့မရပါဘူး။ ဓာတ်ဆားရည်ကသာ အသက်ကယ်နိုင်မှာပါ။

🔷ဓာတ်ဆားရည်ပြုလုပ်နည်း

ဓာတ်ဆားထုပ်ဝယ်ယူလို့မရတဲ့နေရာတွေအတွက်ဖြစ်ပါတယ်။

◾ကြိုချက်ထားသောရေတစ်လီတာ(1000ml)ထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်၊ သကြား လက်ဖက်ရည်ဇွန်း ခြောက်ဇွန်းထည့်ပါ။ ဖျော်ပါ။ ၂၄နာရီအတွင်းကုန်အောင်သောက်ပါ။ (ကိုးကား -WHO)

🔺ဝမ်းအရည်တွေတစ်နေ့ကို သုံးကြိမ်ထက်ပိုပြီးသွားတာကို ကုသမှုမခံယူဘူးဆိုရင်၊ လုံလောက်တဲ့အရည်ပမာဏပြန်ပြီးမဖြည့်တင်းဘူးဆိုရင် ရေဓာတ်ဆုံးရှုံးခြင်းဖြစ်စေနိုင်ပါတယ်။

◾ရောဂါမပြင်းထန်ဘူးဆိုရင်တော့ အဓိကကဓာတ်ဆားရည်သောက်ပြီး ရေဓာတ်ပြည့်ဝအောင်ပြုလုပ်ဖို့ပါ။ ဆိုဒါမပါသော လတ်ဆတ်တဲ့အသီးအနှံဖျော်ရည်၊ ကြက်ပြုတ်ရည်သောက်လို့ရပါတယ်။ ရေများများသောက်ရပါမယ်။ ဓာတ်ဆားရည်ဟာ ဝမ်းလျှောလို့ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ဓာတ်ဆားတွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အတွက် သေချာသောက်ပေးရပါမယ်။ အစားစားပြီးတဲ့အခါမှာ ဓာတ်ဆား(သို့မဟုတ်)အရည်ကိုကြားထဲမှာ သောက်ပေးရပါမယ်။ မကြာခဏလည်းတစ်ငုံချင်းသောက်ပေးရပါမယ်။ ဝမ်းလျှောနေစဉ်မှာ ပင်လယ်စာ၊ နို့နဲ့နို့ထွက်ပစ္စည်း အစားအစာတွေ ခေတ္တရှောင်ပေးပါ။

🔷အရေးကြီးတဲ့လက္ခဏာတွေကတော့

◾ကိုယ်အပူချိန် 101'F ထက်များခြင်း၊ နှစ်ဆယ့်လေးနာရီကျော်အောင်ကိုယ်ပူခြင်း

◾နှစ်ရက်ကျော်အောင်ဝမ်းလျှောခြင်း

◾ပျို့ခြင်း၊ အစားစားမရအောင်အန်ခြင်း

◾ဗိုက်ထဲမှရစ်ပြီးနာခြင်း

◾ရေဓာတ်ဆုံးရှုံးခြင်း (ခြေဖျား၊လက်ဖျားအေးစက်ခြင်း၊သွေးပေါင်ကျခြင်း၊ ရေအလွန်ငတ်ခြင်း၊ မူးဝေသတိလစ်ခြင်း)

ဒီလိုလက္ခဏာတွေဖြစ်နေမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်လို့ရေးသားလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

5.7.24 ; 11:30PM

Edited 🔺 လတ်တလောပျံ့နှံ့နေသော ဝမ်းပျက်ဝမ်းလျှောသတင်းတွေကြောင့် Panic မဖြစ်စေချင်ပါဘူး။ ကာလဝမ်းရောဂါပိုးဟုတ်မဟုတ်လည်း ဘယ်သူမှအတည်မပြုသေးပါဘူး။ အခုဆောင်းပါးကို Educational Purpose အရသာ ဖတ်ရှုစေချင်ပါတယ်။ အခု မိုးရာသီမှာ Gastroenteritis လို့ခေါ်တဲ့ ရိုးရိုးဝမ်းပျက်ဝမ်းလျှောလည်း အဖြစ်များပါတယ်။ ဘယ်လိုဝမ်းပျက်ဝမ်းလျှောဖြစ်ဖြစ် ဒီနည်းလမ်းတွေအတိုင်း ကာကွယ်၊ သတိပြုလို့ရပါတယ်ရှင်။

✅စာများကို လွတ်လပ်စွာ share နိုင်ပါတယ်။ ခွင့်ပြုချက်တောင်းရန်မလိုပါ။
❗️တစ်ဆင့်ပြန်လည်ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါတယ်

#ဝမ်းလျှောခြင်း
#ကာလဝမ်းရောဂါ

အိစက်ပေါ့ပါးပြီး ဝတ်လို့အင်မတန်ကောင်းတဲ့ ဝါးချည်ခြစ်ဘောင်းဘီလေးတွေပါ။အားသာချက်တစ်ခုက သူ့ပိတ်စအသားက weight လေးရှိတော့ ဝတ်...
22/05/2024

အိစက်ပေါ့ပါးပြီး ဝတ်လို့အင်မတန်ကောင်းတဲ့
ဝါးချည်ခြစ်ဘောင်းဘီလေးတွေပါ။

အားသာချက်တစ်ခုက သူ့ပိတ်စအသားက
weight လေးရှိတော့ ဝတ်တဲ့အခါ အိအိတွဲတွဲလေး ..
✅ အသားလည်း လုံးဝ မပါးဘူးနော

🌷Size က ခါးပတ်လည် သားရေကြိုးနဲ့မို့
-ခါး 22/24 လောက်ကနေ ခါး 36/38 ထိ
-တင် 46 ဝန်းကျင်ထိ အေးဆေးဝတ်ပါ။

🔺(ခန့်မှန်းပေါင်ချိန် 90ကနေ 150 လောက်အထိရ)

🌈 Color ကတော့ အရမ်းစုံတယ်။
တစ်ခေါက်နဲ့တစ်ခေါက်လည်း အရောင်တွေက မတူဘူး

Price > တစ်ထည် - 7,500 ကျပ်
အရောင်မရွေး 3 ထည်ယူ - 21,000 ကျပ် (save 1,500 ကျပ်)


#ဝါးချည် #ဘောင်းဘီရှည်

လှတယ်ဟုတ် 😍😍ဝါးချည်လေးတွေမို့ အေးနေရောပဲ
22/05/2024

လှတယ်ဟုတ် 😍😍

ဝါးချည်လေးတွေမို့ အေးနေရောပဲ

ဒါမျိုး ဝမ်းဆက်လေးတွေ ကြိုက်ကြတယ်မလားအသားထူထူကြီးမဟုတ်လို့ ပေါ့ပေါ့ပါးပါးလေးဝတ်ဘောင်းဘီမှာ ဖောက်အိတ်လေးပါတော့ ပိုက်ဆံလေး...
20/05/2024

ဒါမျိုး ဝမ်းဆက်လေးတွေ ကြိုက်ကြတယ်မလား
အသားထူထူကြီးမဟုတ်လို့ ပေါ့ပေါ့ပါးပါးလေးဝတ်

ဘောင်းဘီမှာ ဖောက်အိတ်လေးပါတော့
ပိုက်ဆံလေးကောက်ထည့်ပြီး

သူငယ်ချင်းတွေနဲ့ မုန့်သွားစားမလား
အိမ်နေရင်းနဲ့ ဟိုနားဒီနား ထသွားမလား

တစ်စုံကို 11,000 ကျပ်ထဲနဲ့ အေးဆေးဝတ် ..

✅ ခန့်မှန်းပေါင်ချိန် 130/135 ထိရ
(ပေါင်ချိန်သည် အရပ်အနိမ့်၊ အမြင့်နဲ့လည်း ဆိုင်ပါတယ်ရှင်။)

🌈 Color - 3 ရောင် (မိုးပြာ၊ အသားညို၊ ခိုပြာ)

AShein. - II

ပန်ကာတပ်ထားသလိုအေးနေမယ့် စပန့်ဝမ်းဆက်စပန့်ကို လည်ပင်းကော်လံမပါတာ ကြိုက်တဲ့သူတွေအတွက် ကွက်တိပေါ့ 😁အရင်က export ထည်တွေပဲ ရ...
16/05/2024

ပန်ကာတပ်ထားသလိုအေးနေမယ့် စပန့်ဝမ်းဆက်

စပန့်ကို လည်ပင်းကော်လံမပါတာ ကြိုက်တဲ့သူတွေအတွက် ကွက်တိပေါ့ 😁

အရင်က export ထည်တွေပဲ ရောင်းပေမယ့်
နောက်ပိုင်းကျ ခုလို local အထည်လေးတွေပါ ဝယ်လို့ရမယ်နော်

🌷ရင် -38 (အတိတိုင်း 40)
🌷ခါး - 22 မှ 32 (ခါး သားရေးကြိုး)
🌷တင် - 40/42

အင်္ကျီအရှည် - 23ခွဲ / 24ခွဲ
ဘောင်းဘီအရှည် - 18ခွဲ

✅ ခန့်မှန်းပေါင်ချိန် 140/145 ထိရ
(ပေါင်ချိန်သည် အရပ်အနိမ့်၊ အမြင့်နဲ့လည်း ဆိုင်ပါတယ်ရှင်။)

🌈 Color - 6 ရောင်
(ပန်း၊ နို့စိမ်း၊ မိုးပြာ၊ ချိုချဉ်၊ အနီ၊ အနက်)

💰Price - 9,500 ကျပ်

AShein. - II

မှီသေးလား မသိဘူး နွေစာလေးတွေ ရောင်းပေးမို့ 😁😁AShein
15/05/2024

မှီသေးလား မသိဘူး
နွေစာလေးတွေ ရောင်းပေးမို့ 😁😁

AShein

ဒီနေ့မနက်လည်း အဲ့အပင်မှာ ပိတောက်တွေ ပွင့်နေသေးတယ် 💛💛
14/05/2024

ဒီနေ့မနက်လည်း အဲ့အပင်မှာ

ပိတောက်တွေ ပွင့်နေသေးတယ် 💛💛

ပိတောက်တွေ ခုမှ တွေ့ရတော့တယ် 💦

တစ်ပင်လုံး ဝေပြီး အရမ်းလှ 🥰🥰

Zoom ဆွဲပြီးရိုက်တာ အဆင်မပြေလိုက်တာ
ဆမ်ဆောင်းအာထွာ တွမ်တီသရီး ဝယ်ဦးမှ 🌝

07/01/2024

Page လေး ပြန်ဝင်လို့ရပြီကွယ် 🤩🤩

Page က ဘယ်လိုဖြစ်လို့လဲ မသိဘူးပြောလက်စ conversation တွေ ပျောက်ကုန်လို့ ..Customer ဘက်က စာပို့ရင် noti ဝင်တယ် .. ဝင်ကြည့်...
29/09/2023

Page က ဘယ်လိုဖြစ်လို့လဲ မသိဘူး

ပြောလက်စ conversation တွေ ပျောက်ကုန်လို့ ..
Customer ဘက်က စာပို့ရင် noti ဝင်တယ် ..
ဝင်ကြည့်ရင်မတွေ့ဘူး .. spam ထဲမှာ ကြည့်တော့လည်းမရှိပြန်ဘူး 😥

မင်မင်ပြန်တော့ ရှာကြည့်နေပါတယ်။ reply မရတဲ့သူလေးတွေက ကျေးဇူးပြုပြီး ခဏစောင့်ပေးပါနော် .. အရင်လိုရင် viber no (09 9700 230 15) ကို လာ hi လို့လည်း ရပါတယ်ရှင်။

တော်ကြာ စာပို့တာတွေ မပြန်ဘူးဆိုပြီး စိတ်ဆိုးကြမှာစိုးလို့ပါ 🙏

Address

East Shwegondine Road, Bahan Tsp
Yangon
11201

Telephone

+959970023015

Website

Alerts

Be the first to know and let us send you an email when AShein. - II posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AShein. - II:

Share

Category