02/02/2022
ပြီးခဲ့တဲ့ ၁၅ နှစ်တာကာလအတွင်း၊ Michael Kors ဟာ သူ့ရဲ့ လက်ကိုင်အိတ်တွေအပါအဝင် Collection ထဲက အကောင်းဆုံးအစိတ်အပိုင်းတွေကို ထုတ်လုပ်ဖို့ အီတလီနိုင်ငံ၊ Florence ရှိ ဒေသခံလက်မှုပညာရှင်တွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့ပါတယ်။
MKC Monogramme အိတ်တစ်ခုဖြစ်လာဖို့ အချိန် (၁၁) နာရီကြာမြင့်ခဲ့ပြီး ဒီဖန်တီးမှုမှာ စတုရန်း ၁၈ ပေကျယ်တဲ့ မိကျောင်းဖောင်းကြွသားရေကို လက်ဖြင့်ဖြတ်ကာ စက္ကူပုံစံပလိတ်တွေကို အသုံးပြုကာ အပိုင်းပိုင်းတစ်ခုချင်းစီနဲ့ ပုံဖော်ထားတာကို မြင်တွေ့ရမှာပါ။ လက်မှုပညာရှင်တွေဟာ သားရေအပိုင်း အစတွေကို မီးရှို့ပြီးနောက် အိတ်ပုံသဏ္ဍာန်ဖြစ်လာအောင် လက်ဖြင့် ချုပ်ကြပါတယ်။ Michael Kors ဆယ်ကျော်သက်အရွယ်တုန်းက ရေးဆွဲခဲ့တဲ့ Sketch ကို ပြန်လည်ဆန်းသစ်မှုတွေနဲ့ ဖန်တီးထားဖြစ်ပြီး MKC Monogramme အိတ်ကို ၂၀၁၉ ခုနှစ်၊ Tran season မှာ မိတ်ဆက်ခဲ့ပါတယ်။