KKH Second Hand Clothing Shop

KKH Second Hand Clothing Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KKH Second Hand Clothing Shop, Vintage Store, Thit Sar Pan Street, Yangon.

ဒီနေ့ ဝါဆိုလပြည့်နေ့(ဓမ္မာစကြာနေ့)ဟာ မြန်မာနိုင်ငံအတွက်အားလပ်ရက်တစ်ရက်ဖြစ်သလို နေ့ထူးနေ့မြတ်ဆိုလည်းဟုတ်ပါတယ်။ ဝါဆိုလပြည့...
03/08/2020

ဒီနေ့ ဝါဆိုလပြည့်နေ့(ဓမ္မာစကြာနေ့)ဟာ မြန်မာနိုင်ငံအတွက်အားလပ်ရက်တစ်ရက်ဖြစ်သလို နေ့ထူးနေ့မြတ်ဆိုလည်းဟုတ်ပါတယ်။ ဝါဆိုလပြည့်အခါသမာယမှာ လူနဲ့သတ္တဝါခပ်သိမ်း ငြိမ်းချမ်းပြီး ချစ်ခြင်းမေတ္တာများပြည့်စုံပါစေလို့ KKH SECOND HAND CLOTHING SHOP မိသားစုကဆုတောင်းလိုက်ရပါတယ်။ (Zawgyi version)

ဒီနေ့ ဝါဆိုလပြည့်နေ့(ဓမ္မာစကြာနေ့)ဟာ မြန်မာနိုင်ငံအတွက်အားလပ်ရက်တစ်ရက်ဖြစ်သလို နေ့ထူးနေ့မြတ်ဆိုလည်းဟုတ်ပါတယ်။ ဝါဆိုလပြည့်အခါသမာယမှာ လူနဲ့သတ္တဝါခပ်သိမ်း ငြိမ်းချမ်းပြီး ချစ်ခြင်းမေတ္တာများပြည့်စုံပါစေလို့ KKH SECOND HAND CLOTHING SHOP မိသားစုကဆုတောင်းလိုက်ရပါတယ်။ (Unicode version)



ယနေ့ ဝါဆိုလပြည့်နေ့ ဥပုသ်နေ့မှာကုသိုလ်ကောင်းမှုများ ပြုလုပ်ဖို့မမေ့ကြပါနဲ့အမျိုးတို့ရေ🙏🙏🙏
03/08/2020

ယနေ့ ဝါဆိုလပြည့်နေ့ ဥပုသ်နေ့မှာ

ကုသိုလ်ကောင်းမှုများ ပြုလုပ်ဖို့မမေ့ကြပါနဲ့အမျိုးတို့ရေ🙏🙏🙏




ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ……………………………………………………ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ      သန္ဓေ တောထွက် ဓမ္မ...
02/08/2020

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
……………………………………………………

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြ္ဒိယပ
ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာစျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။



………………………………………………………………

ဒါနအားလုံးကို ဓမ္မဒါနက အောင်နိုင်၏။
အရသာအားလုံးကို တရားအရသာက အောင်နိုင်၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

26/07/2020

ယနေ့တွင် ဇွဲကပင်တောင်ပေါ်တွင် အစောင့်လုပ်သားနှစ်ဦးသေဆုံးမှု ဖြစ်ပြန် ဇွဲကပင်တောင်ပေါ်က ကျောင်းဆောင် တစ်ခုမှ...

  - George�  - 2XL  - 20�  - 5000 #စိတ်ဝင်စားလို့မှာယူချင်ရင်တော့ ဲ့CHAT_BOX� #ကနေမြန်မြန်လေးသာHIလိုက်တော့ဗျို့� �� #ချန...
24/07/2020

- George�

- 2XL

- 20�

- 5000

#စိတ်ဝင်စားလို့မှာယူချင်ရင်တော့

ဲ့CHAT_BOX� #ကနေမြန်မြန်လေးသာHIလိုက်တော့ဗျို့� ��

#ချန်ထားမပေးပါခင်ဗျာ�

#ငွေလွှဲဝင်သူသာဦးစားပေးပါမည်ခင်ဗျာ��

#ဒီနံပါတ်တွေကိုလည်းHELLO� #လို့ရတယ်နော်

��������

�09455035691 �09767693565���







👏👏👏ကဲရွှေညီကိုတို့စောင့်မျော်နေကြတဲ့ KKH SECOND HAND CLOTHING SHOP Page မှ မကြာခင်မှာပြန်လည်ရောင်းချတော့မယ့်Vintage Clot...
21/07/2020

👏👏👏ကဲရွှေညီကိုတို့စောင့်မျော်နေကြတဲ့ KKH SECOND HAND CLOTHING SHOP Page မှ မကြာခင်မှာပြန်လည်ရောင်းချတော့မယ့်
Vintage Clothing Brand အသစ်နီးပါးသန့် လေးတွေကို အရင်လို ​ေစျးသက်သက်သာသာနဲ့ပြန်လည် ​ေရာင်းချေပးသွားမည်ဖြစ်ပါတယ်ခမျ🥰🥰
အရင်က Page လေးပျက်သွားသည့်အတွက် ယခု Page အသစ်လေးမှာ
ယခင်မိတ်ဟောင်းများကောမိတ်သစ်များပါ ယခုPage အသစ်လေးမှာ စိတ်တိုင်းကြ ပြန်လည်အားပေးဝယ်ယူနိုင်ပါပြီခမျ

မကြာခင်မှာပြန်လည်ရောင်းချတော့မည်ဖြစ်ပါသဖြင့်
Like, Share, Follow ပြုလုပ်ထားပေးပါရန်နှင့်

👏👏👏Like, Share, Follow များများပြုလုပ်ထားသူများအား
Authentic Brand များဖြစ်သော
Guess🥼, Armani👕, polo👔, Boss👔, Wrangler 🥼
💥Brand💥 များအား ကံစမ်းမဲ များဖောက်ပေးသွားမည်ဖြစ်သည့်အတွက်
Like, Share, Follow များများ လေးလုပ်ပြီးPage ကိုစောင့်ကြည့်ပေးဖို့မမေ့နဲ့နော်😍😍

အားပေးသူ Customer တဦးချင်းဆီကိုလည်းအထူးပင် ကျေးဇူးတင်ပါတယ်
စိတ်ချမ်းသာ ကိုယ်ကျန်းမာ ဖြင့် စီးပွါးလာဘ်လာဘများလည်းတိုးတက်ကျပါ စေကြောင်းဆုမွန်ကောင်းတောင်းပေးပါတယ်ခမျာ။





21/07/2020


ဘာကြောင့် ဖလန်နယ်(ခ) ချည်ထည်တွေကို
၀တ်သင့်သလဲဆိုတဲ့ အချက် (၆) ချက်
========================================
သဘာ၀ကပေးတဲ့ လက်ဆောင်ဖြစ်ခြင်းဟာ ချည်ထည်ကို ၀တ်ဆင်သင့်တဲ့ အကျိုးအကြောင်းတွေရဲ့ အခြေခံပဲ ဖြစ်ပါတယ်။

စိုထှိုင်းမှု့ကို ထိန်းသိမ်းပေးနိုင်ခြင်း
-----------------------------
ချည်ထည်တွေဟာ စုပ်ယူမှု့အားကောင်းတာကြောင့် စိုထှိုင်းမှု့ကို ထိန်းချုပ်တဲ့ နေရာမှာ ကောင်းလှပါတယ်။ ချည်ထည်တွေဟာ ချွေးတွေကို သင့် ခန္ဓာကိုယ်ကနေ စုပ်ယူပေးပါတယ်။ အဲ့ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ် နဲ့ အကျီင်္ အကြားမှာ ဖြစ်ပေါ်တဲ့ စိုထိုင်းမှု့ကို ဖယ်ရှားပေးတာမို့ ချွေးအအေးပတ်တာမျိုးကို မဖြစ်စေပဲ သင့်ကို အမြဲခြောက်သွေ့နေစေပါတယ်။ ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ချည်ထည်တွေဟာ သူ့အလေးချိန်ရဲ့ ၅ ပုံ ၁ ပုံ အထိ စိုထှိုင်းမှု့ကို စုပ်ယူနိုင်ပါတယ်။ အဲ့ဒီထက်ပိုရင်တော့ ချည်ထည်လေးပါ စိုထိုင်းသွားပါတယ်။

ရာသီတိုင်းနဲ့ ကိုက်ညီခြင်း
----------------------
ချည်ထည်တွေဟာ မတူညီတဲ့ အပူချိန်ရှိတဲ့ ရာသီဥတုအခြေအနေ (ဒါမှမဟုတ်) နွေမိုးဆောင်းရာသီတိုင်းမှာ ၀တ်ဆင်လို့ရပါတယ်။ နွေရာသီနဲ့ အသင့်တော်ဆုံး ဖြစ်ပေမယ့် အေးတဲ့အချိန်အခါတွေမှာလည်း လေအေးတွေ ခန္ဓာကိုယ်ကို မထိအောင် ကာပေးထားနိုင်ပါတယ်။ ဘာကြောင်လဲဆိုရင် လေအေးတွေကို ချည်ထည်ရဲ့ ချည်မျှင်လေးတွေကြားမှာ ထွက်မရအောင် ပိတ်မိနေစေလို့ပါ။ ဒါ့အပြင် ချည်ထည်တွေဟာ သင့် ခန္ဓာကိုယ်ပေါ်ကို ကပ်မနေတတ်တာကြောင့် သင့် ခန္ဓာကိုယ်ကို အပြင်က ရာသီဥတုနဲ့ သီးခြားဖြစ်နေစေပါတယ်။

ဓါတ်မတည့်မဖြစ်ခြင်း
------------------
ချည်ထည်တွေဟာ ဓါတ်မတည့်ခြင်းကို မဖြစ်စေပါဘူး။ ဓါတ်မတည့်ခြင်းကို ဖြစ်စေတယ်ဆိုတာ အလွန်ပဲ ရှားပါတယ်။ အဲ့ဒါကြောင့် အရေပြားအထူးကု ဆရာ၀န်ကြီးများဟာ ဓါတ်မတည့်ဖြစ်လေ့ရှိတဲ့ အရေပြားပိုင်ရှင်တွေကို ချည်ထည်၀တ်ဆင်ဖို့ အကြံပြုလေ့ရှိပါတယ်။ ချည်ထည်တွေဟာ အရေပြားကို စပ်ဖျဉ်းဖျဉ်းမဖြစ်စေတာကြောင့် ဆေး ပစ္စည်းများမှာ အသုံးပြုကြပါတယ်။ ဥပမာ၊ ပတ်တီး။ ဒါ့အပြင် ကလေး အ၀တ်အထည် အသုံးအဆောင်များကိုလည်း ဝါချည်နဲ့ ပြုလုပ်ကြပါတယ်။ အကြောင်းကတော့ ဝါချည်မျှင်ဟာ ထိခိုက်လွယ်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးမို့ပါ။

ကြာရှည်ခံခြင်း
-------------
ချည်ထည်တွေဟာ ကြာရှည်ခံတဲ့ အရာတွေထဲက တစ်ခုလို့ မှတ်ယူကြပါတယ်။ ချည်ထည်တွေက အကြိမ်များစွာ လျှော်ဖွတ်ရင်တောင် အလွယ်တကူမပြဲကြပါဘူး။ ဘယ်အရာတွေက ချည်ထည်ကို စံပြဖြစ်စေတာလည်းဆိုတော့ သူဟာ အနံဆိုးတွေကို စုပ်ယူမထားတတ်တာကြောင့် အလျင်အမြန်လျှော်လို့ရစေပါတယ်။ ချည်မျှင်လေးတွေဟာ တစ်ခုနဲ့ တစ်ခု တော်တော်လေးပူးကပ်နေတတ်တာမို့ ဓါတုနဲ့လုပ်ထားတဲ့ ပိတ်စတွေထက်စာရင် မပြဲလွယ်ပါဘူး။ အဲ့ဒီလိုကြာရှည်ခံတာကြောင့် ချည်ထည်တွေ ၀တ်ခြင်းဟာ သင့်အတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု့ တစ်ခုပဲ ဖြစ်ပါတယ်။

အဆိပ်အတောက်မဖြစ်ခြင်း
-----------------------
သဘာ၀ထွက်ကုန်ဖြစ်တာမို့ တခြား ဓါတုအ၀တ်အထည်တွေနဲ့ ယှဉ်ရင် လူကို အဆိပ်အတောက်ဖြစ်စေမှု့ အလွန်မှ နည်းပါးပါတယ်။ လူ့အရေပြားဟာ ဓါတုနဲ့ ပြုလုပ်ထားတဲ့ အ၀တ်အထည်တွေဆီက ဓါတုဓာတ်တော်တော်များများကို ဆုပ်ယူနိုင်ပါတယ်။ အဲ့ဓာတ်တွေဟာ အရေပြားတင်မကပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ အသုံးများတဲ့ ဓါတုပစ္စည်းတွေကတော့ ပိုလီအက်စတာ (polyester) မှာ terephthalic acid၊ အက်ခရီလစ် (acrylic) အထည်တွေမှာ ဆာလဖြူရစ် အက်စ်စစ် (sulfuric acid)၊ ရေယွန်ပိုးတု (rayon) တွေမှာ အမိုးနီးယားဓါတ်ငွေ့ (ammonia) နဲ့ နိုင်လွန်ချည်ထည် (nylon fabric) မှာတော့ ရေနံမှ ထုတ်ယူရရှိသော အရည်တမျိုး (petroleum) တို့ ပဲဖြစ်ပါတယ်။

သက်တောင့်သက်သာရှိခြင်း
------------------------
သက်တောင့်သက်သာရှိခြင်း ဆိုတာကတော့ ချည်ထည်တွေရဲ့ လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် နဲ့ အရေပြားကြားမှာ ရာသီဥတုဒဏ်ခံနိုင်အောင် လုပ်ပေးတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ချည်ထည်တွေက သက်တောင့်သက်သာ ဖြစ်စေတာမို့ အတွင်းခံတွေ အောက်ခံအင်္ကျီတွေမှာ အသုံးပြုကြတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင် သင့့်အတွက် သက်တောင့်သက်သာရှိပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ ချည်ထည်တွေရှိနေလျှက်နဲ့ ဘာလို့များ သင့် ခန္ဓာကိုယ်ကို ဓါတုတွေကြောင့် အန္တရာယ်ဖြစ်စေ တော့မှာလဲ။

💖💖💖💖💖

ဒီအကျိုးရှိစေတဲ့ အချက်လေးတွေကို ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင် ကိုယ်ချစ်တဲ့ သူတွေသိဖို့လည်း ရှယ်ပေးသွားဖို့လည်း မမေ့နဲ့နော် 😍

to Original



ဘာကြောင့် ဖလန်နယ်(ခ) ချည်ထည်တွေကို
ဝတ်သင့်သလဲဆိုတဲ့ အချက် (၆) ချက်
========================================
သဘာဝကပေးတဲ့ လက်ဆောင်ဖြစ်ခြင်းဟာ ချည်ထည်ကို ဝတ်ဆင်သင့်တဲ့ အကျိုးအကြောင်းတွေရဲ့ အခြေခံပဲ ဖြစ်ပါတယ်။

စိုထှိုင်းမှု့ကို ထိန်းသိမ်းပေးနိုင်ခြင်း
-----------------------------
ချည်ထည်တွေဟာ စုပ်ယူမှု့အားကောင်းတာကြောင့် စိုထှိုင်းမှု့ကို ထိန်းချုပ်တဲ့ နေရာမှာ ကောင်းလှပါတယ်။ ချည်ထည်တွေဟာ ချွေးတွေကို သင့် ခန္ဓာကိုယ်ကနေ စုပ်ယူပေးပါတယ်။ အဲ့ဒါဟာ သင့်ရဲ့ ခန္ဓာကိုယ် နဲ့ အကျီင်္ အကြားမှာ ဖြစ်ပေါ်တဲ့ စိုထိုင်းမှု့ကို ဖယ်ရှားပေးတာမို့ ချွေးအအေးပတ်တာမျိုးကို မဖြစ်စေပဲ သင့်ကို အမြဲခြောက်သွေ့နေစေပါတယ်။ ပညာရှင်တွေရဲ့ တွေ့ရှိချက်အရ ချည်ထည်တွေဟာ သူ့အလေးချိန်ရဲ့ ၅ ပုံ ၁ ပုံ အထိ စိုထှိုင်းမှု့ကို စုပ်ယူနိုင်ပါတယ်။ အဲ့ဒီထက်ပိုရင်တော့ ချည်ထည်လေးပါ စိုထိုင်းသွားပါတယ်။

ရာသီတိုင်းနဲ့ ကိုက်ညီခြင်း
----------------------
ချည်ထည်တွေဟာ မတူညီတဲ့ အပူချိန်ရှိတဲ့ ရာသီဥတုအခြေအနေ (ဒါမှမဟုတ်) နွေမိုးဆောင်းရာသီတိုင်းမှာ ဝတ်ဆင်လို့ရပါတယ်။ နွေရာသီနဲ့ အသင့်တော်ဆုံး ဖြစ်ပေမယ့် အေးတဲ့အချိန်အခါတွေမှာလည်း လေအေးတွေ ခန္ဓာကိုယ်ကို မထိအောင် ကာပေးထားနိုင်ပါတယ်။ ဘာကြောင်လဲဆိုရင် လေအေးတွေကို ချည်ထည်ရဲ့ ချည်မျှင်လေးတွေကြားမှာ ထွက်မရအောင် ပိတ်မိနေစေလို့ပါ။ ဒါ့အပြင် ချည်ထည်တွေဟာ သင့် ခန္ဓာကိုယ်ပေါ်ကို ကပ်မနေတတ်တာကြောင့် သင့် ခန္ဓာကိုယ်ကို အပြင်က ရာသီဥတုနဲ့ သီးခြားဖြစ်နေစေပါတယ်။

ဓါတ်မတည့်မဖြစ်ခြင်း
------------------
ချည်ထည်တွေဟာ ဓါတ်မတည့်ခြင်းကို မဖြစ်စေပါဘူး။ ဓါတ်မတည့်ခြင်းကို ဖြစ်စေတယ်ဆိုတာ အလွန်ပဲ ရှားပါတယ်။ အဲ့ဒါကြောင့် အရေပြားအထူးကု ဆရာဝန်ကြီးများဟာ ဓါတ်မတည့်ဖြစ်လေ့ရှိတဲ့ အရေပြားပိုင်ရှင်တွေကို ချည်ထည်ဝတ်ဆင်ဖို့ အကြံပြုလေ့ရှိပါတယ်။ ချည်ထည်တွေဟာ အရေပြားကို စပ်ဖျဉ်းဖျဉ်းမဖြစ်စေတာကြောင့် ဆေး ပစ္စည်းများမှာ အသုံးပြုကြပါတယ်။ ဥပမာ၊ ပတ်တီး။ ဒါ့အပြင် ကလေး အဝတ်အထည် အသုံးအဆောင်များကိုလည်း ဝါချည်နဲ့ ပြုလုပ်ကြပါတယ်။ အကြောင်းကတော့ ဝါချည်မျှင်ဟာ ထိခိုက်လွယ်တဲ့ အသားအရေအတွက် အသင့်တော်ဆုံးမို့ပါ။

ကြာရှည်ခံခြင်း
-------------
ချည်ထည်တွေဟာ ကြာရှည်ခံတဲ့ အရာတွေထဲက တစ်ခုလို့ မှတ်ယူကြပါတယ်။ ချည်ထည်တွေက အကြိမ်များစွာ လျှော်ဖွတ်ရင်တောင် အလွယ်တကူမပြဲကြပါဘူး။ ဘယ်အရာတွေက ချည်ထည်ကို စံပြဖြစ်စေတာလည်းဆိုတော့ သူဟာ အနံဆိုးတွေကို စုပ်ယူမထားတတ်တာကြောင့် အလျင်အမြန်လျှော်လို့ရစေပါတယ်။ ချည်မျှင်လေးတွေဟာ တစ်ခုနဲ့ တစ်ခု တော်တော်လေးပူးကပ်နေတတ်တာမို့ ဓါတုနဲ့လုပ်ထားတဲ့ ပိတ်စတွေထက်စာရင် မပြဲလွယ်ပါဘူး။ အဲ့ဒီလိုကြာရှည်ခံတာကြောင့် ချည်ထည်တွေ ဝတ်ခြင်းဟာ သင့်အတွက် မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု့ တစ်ခုပဲ ဖြစ်ပါတယ်။

အဆိပ်အတောက်မဖြစ်ခြင်း
-----------------------
သဘာဝထွက်ကုန်ဖြစ်တာမို့ တခြား ဓါတုအဝတ်အထည်တွေနဲ့ ယှဉ်ရင် လူကို အဆိပ်အတောက်ဖြစ်စေမှု့ အလွန်မှ နည်းပါးပါတယ်။ လူ့အရေပြားဟာ ဓါတုနဲ့ ပြုလုပ်ထားတဲ့ အဝတ်အထည်တွေဆီက ဓါတုဓာတ်တော်တော်များများကို ဆုပ်ယူနိုင်ပါတယ်။ အဲ့ဓာတ်တွေဟာ အရေပြားတင်မကပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ အသုံးများတဲ့ ဓါတုပစ္စည်းတွေကတော့ ပိုလီအက်စတာ (polyester) မှာ terephthalic acid၊ အက်ခရီလစ် (acrylic) အထည်တွေမှာ ဆာလဖြူရစ် အက်စ်စစ် (sulfuric acid)၊ ရေယွန်ပိုးတု (rayon) တွေမှာ အမိုးနီးယားဓါတ်ငွေ့ (ammonia) နဲ့ နိုင်လွန်ချည်ထည် (nylon fabric) မှာတော့ ရေနံမှ ထုတ်ယူရရှိသော အရည်တမျိုး (petroleum) တို့ ပဲဖြစ်ပါတယ်။

သက်တောင့်သက်သာရှိခြင်း
------------------------
သက်တောင့်သက်သာရှိခြင်း ဆိုတာကတော့ ချည်ထည်တွေရဲ့ လက္ခဏာ တစ်ခုပဲ ဖြစ်ပါတယ်။ ခန္ဓာကိုယ် နဲ့ အရေပြားကြားမှာ ရာသီဥတုဒဏ်ခံနိုင်အောင် လုပ်ပေးတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ချည်ထည်တွေက သက်တောင့်သက်သာ ဖြစ်စေတာမို့ အတွင်းခံတွေ အောက်ခံအင်္ကျီတွေမှာ အသုံးပြုကြတာပဲ ဖြစ်ပါတယ်။

အဲ့ဒါကြောင် သင့်အတွက် သက်တောင့်သက်သာရှိပြီး ကျန်းမာရေးအတွက်ကောင်းတဲ့ ချည်ထည်တွေရှိနေလျှက်နဲ့ ဘာလို့များ သင့် ခန္ဓာကိုယ်ကို ဓါတုတွေကြောင့် အန္တရာယ်ဖြစ်စေ တော့မှာလဲ။

💖💖💖💖💖

ဒီအကျိုးရှိစေတဲ့ အချက်လေးတွေကို ဖတ်ပြီးလို့ သဘောကျတယ်ဆိုရင် ကိုယ်ချစ်တဲ့ သူတွေသိဖို့လည်း ရှယ်ပေးသွားဖို့လည်း မမေ့နဲ့နော် 😍

to Original

21/07/2020

ြောင်းသိကောင်းစရာ Levis ဖခင်ကြီး

Levi Strauss - လီဗိုင်း စထရော့ (စ်) နှင့် 501 - သမိုင်း
( February 26 ,1829 - September 26 ,1902 )
================================

လဗိုင်း စထရော့(စ်) (Levi Strauss) က ဂျင်းဘောင်းဘီ ကို စတင် ဖန်တီးခဲ့သူ နာမည် ကြီး "Levi's" တံဆိပ် ကို တည်ထောင် ခဲ့သူ ဖြစ်တယ်။ ၁၉၇၉ ခုနှစ် မှာ အမေရိကန်နိုင်ငံ ရှိ လဗိုင်း ( Levi's ) ကုမ္ပဏီ ရဲ့ရောင်းအားငွေ က ဒေါ်လာသန်း (၁၃၃၉) ရှိခဲ့ တယ်။ ပြည်ပ ရောင်းရ ငွေ အသားတင် အမြတ် ဒေါ်လာသန်း (၂၀၀၀) ရှိခဲ့ တယ်။ ကမ္ဘာ့ လုပ်ငန်းကြီး ၁၀ ခုထဲ မှာ အပါအဝင် ဖြစ်ခဲ့ လို့ အချမ်းသားဆုံး ဂျင်း ဘောင်းဘီ ဘုရင် ဖြစ်ခဲ့ တယ်။

၁၈၂၉ ခုနှစ် မှာ လဗိုင်း စထရော့(စ်) ကို ဂျာမန် ဝန်ထမ်း မိသားစု က မွေးဖွား ခဲ့ ပါ တယ်။ ဂျာမဏီဖွား ဂျူး လူမျိုး ဖြစ်တဲ့ လဗိုင်း ဟာ ငယ်စဉ် ကထဲ က ထူးချွန် ထက်မြက် ခဲ့ တယ် ။ အလယ်တန်း ၊အထက်တန်း ကို ရှောရှော ရှူရှူ အောင်မြင် ခဲ့ပြီး သူ့ ဖခင် လိုပဲ သာမန် စာရေး တစ်ဦး ဖြစ်ခဲ့တယ်။ ၁၈၅၀ ခုနှစ် မှာ လူတွေ ကို အံံ့သြ ဝမ်းသာ စေတဲ့ သတင်း တစ်ခု ပျံ့လွင့် ခဲ့တယ်။

အဲဒီ သတင်း ဟာ အမေရိကန်နိုင်ငံ ရဲ့ အနောက်အရပ် မှာ ရွှေ ထွက်တယ် ဆိုတဲ့ သတင်း ဖြစ်တယ်။ အဲဒီ သတင်း က လူတွေ ကို မျှော်လင့်ချက် နဲ့ စိတ်ကူးတွေ ဖြစ်စေပြီး လူတိုင်း ရွှေတူးမယ့် အိမ်မက် ကို မက်ခဲ့ ကြတယ်။ တစ်ည တည်း နဲ့ သူဌေး ဖြစ်ချင် တဲ့ လူတွေ ဟာ ခြောက်သွေ့ ဝေးခေါင် တဲ့ လူသူ ကင်းမဲ့ တဲ့ အမေရိကန် အနောက် အရပ်ဆီ ဒီရေ အလား တစ်ဟုန်ထိုး စုဝေး ရောက်ရှိ ခဲ့ ကြ တယ်။

အဲဒီ အချိန် မှာ လဗိုင်း ဟာ အသက် ၂၀ အရွယ် ပါ။ သူ့ ရင်ထဲ မှာ လဲ စွန့်စား လိုတဲ့ ဆန္ဒတွေ ဟုန်းဟုန်း ထနေ ခဲ့ပါ တယ်။ သာမန် စာရေးဘဝ နဲ့ ပဲ သူ မတင်းတိမ် နိုင်ခဲ့ ဘူး။ စွန့်စား လို စိတ် တွေ ပြင်းပြ ပြီး သူ့ ခွန်အား နဲ့ ကံစမ်း ကြည့်ဖို့ ဆုံးဖြတ် လိုက် တယ်။

ဒီလို နဲ့စာရေး ဘဝ ကို သူ စွန့်လွှတ် ပြီး ရွှေတူး သွားမယ့် လူအုပ်စု နဲ့ အတူ အမေရိကန် အနောက် အရပ်ကို စီးမျော လိုက်ပါ ခဲ့ တော့တယ်။

ဝေးလံ ရှည်လျား တဲ့ ခရီး ကို ဖြတ်သန်း ပြီး အမေရိကန် ဆန်ဖရန်စ္စစကို ကို လဗိုင်း ရောက်ရှိ လာခဲ့ တယ်။ ခရီး အပြင်း နှင် ခဲ့တဲ့ လူ က ပထမဆုံး ရောက်ရှိ လာတဲ့ သူ က ရွှေတူး သူ မဟုတ်မှန်း သူ သိလိုက် တယ်။

လူသူ ကင်းမဲ့ တဲ့ အနောက်အရပ် ဟာ အခုတော့ ရွှေတူးမယ့် လူတွေ ရဲ့တဲ အိမ်ငယ် ထဲ ကနေ ရွှေတူးမယ့် အိမ်မက်တွေ ကို အကောင်အထည် ဖော်နိုင် ပါ့ မလား။

ကျေကျေနပ်နပ် နဲ့ ရွှေထုပ် ပိုက်ပြီး အိမ်ပြန် နိုင်မလား။အလုပ် ကို ပြစ်ပြီး ဒီကို ရောက်လာ ခဲ့တာ ဟာ မျှော်လင့်ချက် မဲ့တဲ့ နေ့ရက်တွေ ကို စောင့်စား ဖို့လား၊ ဒီလို မေးခွန်းတွေ က လဗိုင်း ကို အတွေး နယ်ထဲ တိုးဝင် စေခဲ့ တယ်။

ရွှေတူး ရွှေကျင် နေသူ တွေဟာ နေရာ တစ်ခု ထဲ မှာ စုပြုံ နေကြ တယ်။ဝေးခေါင် တဲ့ နေရာ ဖြစ်တဲ့ အတွက် လိုအပ်တဲ့ ပစ္စည်းတွေ ကို ဝယ်ဖို့ ခက်ခဲ ခဲ့တယ်။တစ်ခါ က ရွှေတူး သူတွေ ဟာ နေ့စဉ် သုံး ပစ္စည်း ဝယ်ဖို့ ခရီးဝေးကြီး သွားရ တာ ကို လဗိုင်း တွေ့တော့ ရွှေတူးမယ့် အိမ်မက် ကို ဆက် မမက် တော့ဘဲ နေ့စဉ်သုံး ပစ္စည်း ဆိုင် တစ်ဆိုင် ဖွင့်ဖို့ သူ ဆုံးဖြတ် လိုက် တယ်။ ခိုင်ခိုင်မာမာ ဆုံးဖြတ် လိုက်တာ ဖြစ်တယ်။

မြေကြီး ထဲ ကနေ ရွှေ မတူး တော့ပဲ ရွှေတူး တဲ့ လူတွေ ဆီ ကနေ ကိုယ့် အိမ်မက် အသစ် ကို အကောင်အထည် ဖော်ဖို့ သူ ဆုံးဖြတ် လိုက် တယ်။

လဗိုင်း ခန့်မှန်း ထားတဲ့ အတိုင်း ပါပဲ၊ သူ့ဆိုင် က လက် မလည် အောင် ရောင်းးရ ခဲ့တယ်။သူ့ငွေရင်း တွေ မြန်မြန်ဆန်ဆန် ပြန်ရ သလို အမြတ်ငွေ တွေပါ ရခဲ့ တယ်။တစ်နေ့ မှာ လဗိုင်း ဟာ လှေစီး ပြီး နေ့စဉ်သုံး ပစ္စည်းတွေ၊ လူနေ တဲ့ အိမ်၊ မြင်းအိမ်တွေ မိုး ဖို့ ရွက်ဖျင်စတွေ သွားဝယ် ခဲ့ ပါတယ်။

နေ့စဉ်သုံး ပစ္စည်းတွေ ရောင်းလို့ ကောင်းပေမယ့် ရွက်ဖျင်စ က ရောင်း မထွက် ခဲ့ဖူး။လူတွေ က နေဖို့ တဲ အိမ်တွေ ရှိပြီး သားမို့ ဘယ်သူ မှ ရွက်ဖျင် စကို မလို ခဲ့ တော့ဘူး။ ဒီ အတိုင်းဆို ရွက်ဖျင်စ ဝယ်ခဲ့ တဲ့ ငွေရင်းတွေ ဆုံးရှုံး ရတော့မယ် လို့ သူ တွက်ထား ခဲ့တယ်။ ဒီ အတွက် သူ စိတ်ညစ် နေတုန်း သူ့ ဘက်ကို လျှောက်လာ တဲ့ ရွှေတူးသမား တစ်ယောက် ကို သူ ရုတ်တရက် တွေ့လိုက် တယ်။

အဲဒီ လူက ရွက်ဖျင်တွေ ကို ကြည့်ပြီး လျှောက် လာတာ မို့ လဗိုင်း က ဝမ်းသာ အားရ နဲ့ " ရွက်ဖျင်တွေ ဝယ်ဖို့လား " လို့ မေးလိုက် တယ်။

အဲဒီ လူက ခေါင်းခါပြီး "ကျွန်တော့် မှာ တဲအိမ် ရှိ နေပြီ ဖြစ်တော့ နောက်ထပ် တဲအိမ် တစ်လုံး လုပ်ဖို့ မလို တော့ဘူး။ ဒါပေမယ့် ဒီ ရွက်ဖျင် စလို ခိုင်တဲ့၊ အကြမ်း ခံတဲ့ ဘောင်းဘီ တော့ လိုချင်တယ် ခင်ဗျား မှာ ရှိလား" လို့ မေးလိုက် တယ်။

" ဘောင်းဘီ ဘာဖြစ် လို့လဲ" လဗိုင်း က တအံ့တသြ ပြန် မေးတယ် ”

ရွှေတူး သူက

"ရွှေတူး တဲ့ အလုပ် ဟာ အရမ်း ပင်ပန်း တဲ့ အလုပ် ပါ၊ အဝတ်အစားတွေ က သဲ ၊ ကျောက်ခဲတွေ နဲ့ အမြဲ ပွတ်တိုက် နေရ တယ်။ ချည်ထည် ဘောင်းဘီ က အကြမ်း မခံဘူး ခဏလေး နဲ့ ပေါက်ပြဲ ကုန် တယ်။ တကယ်လို့ ဒီလို ထူပြီး မာတဲ့ ရွက်ဖျင်စ ကို ဘောင်းဘီချုပ် ရင် အကြမ်းခံ တာမို့ လူကြိုက်များ မှာ ပဲ" လို့ ပြန်ပြော တယ်။ ”

အဲဒီ လူရဲ့စကား ဟာ ရွက်ဖျင်စ တွေ ရောင်းမရ လို့ စိတ်ညစ် နေတဲ့ လဗိုင်း ကို လှုပ်နှိုးလိုက် သလို ပါပဲ ရောင်းလို့ မရ မယ့် အတူတူ ရွက်ဖျင်စ တွေကို ဘောင်းဘီချုပ် ပြီး စမ်းကြည့်ဖို့ သူ အကြံ ရ လိုက် တယ်။

ဒီလို နဲ့ ရွက်ဖျင်စ တွေ နဲ့ ချုပ်လုပ် ထားတဲ့၊အကြမ်း ခံတဲ့ အညိုရောင် အလုပ် ဘောင်းဘီ တစ်ထည် က ရွှေတွင်း မှာ ထွက်ပေါ် လာ ခဲ့တယ်။

၁၈၅၃ ခုနှစ် မှာ "ဂျင်း ဘောင်းဘီ"လို့ နောင်တစ်ချိန် မှာ အမည်တွင် မယ့် ရွက်ဖျင်စ နဲ့ ချုပ်လုပ် ထားတဲ့ ပထမဆုံး ဘောင်းဘီ တစ်ထည် က လဗိုင်း ရဲ့လက်ထဲ ကနေ မွေးဖွား ခဲ့တယ်။ အဲဒီ ဘောင်းဘီ ကို ထိုစဉ် အခါ က"လဗိုင်း အလုပ် ဘောင်းဘီ"လို့ လူတွေ ခေါ်ခဲ့ ကြတယ်။

ဘောင်းဘီ က အကြမ်းခံ ခိုင်ခန့် တဲ့ အပြင် ဝတ်ရတာ သက်သောင့်သက်သာ ရှိတာမို့ အမေရိကန် အနောက် အရပ် မှာ နေတဲ့ နွားကျောင်းသား နဲ့ ရွှေတူးသူတွေ နှစ်သက် ခဲ့ ကြတယ်။ ဘောင်းဘီ အော်ဒါ မှာ သူတွေ များလာ တာမို့ လဗိုင်း ဟာ ရောင်းနေကျ ဆိုင်ကို ဆက်မရောင်း တော့ပဲ ကိုယ်ပိုင် ဂျင်းဘောင်းဘီ ကုမ္ပဏီ တစ်ခု ကို ၁၈၅၃ ခုနှစ် မှာ တရားဝင် ဖွင့်လှစ် လိုက်ပြီး နာမည်ကျော် တံဆိပ် လဗိုင်း ရဲ့ ရှည်လျား တဲ့ လမ်းကို စတင် ဆွဲဖွင့် ခဲ့ ပါတေ့ာ တယ်။

-----------+++++++++++++------------++++++++++++-------------

Levi's Jeans ဘောင်းဘီ အကြောင်း

လူကြိုက်များ တာ ကြယ်သီးတပ် 501 ပဲ ဖြစ်မယ် ထင်ပါတယ်..။ 501 ခြင်းတူပြီး ဘာလို့ ကွဲတာ လဲ...ဘာကွာတာလဲ ဆိုတာရဲ့ အဖြေလဲ ဖြစ်မှာပါ..။နောက် CUT မတူတာ နဲ့ ငါ့ဟာ က အစစ် မင်းဟာ က အတု ဆိုပြီး ငြင်းခံ ကြ တာလဲ

501 က အတု အများကြီး ထွက် ပါတယ်...။ ဖြစ်သလို ထုတ်တဲ့ အတု နဲ့ အစစ် နီးပါး အတုထိ ရှိပါတယ်...။ 501 ဖြစ်ပြီး ကြယ်သီး နဲ့ မဟုတ်ဘဲ ဇစ် နဲ့ ဖြစ်နေ တဲ့ အတု ကတော့ လုံးဝ ရုပ်ဆိုး တဲ့ အတုပေါ့ ။

အစစ် ဘောင်းဘီ တွေမှာ ထုတ်တဲ့ ခုနှစ် နဲ့ လ ပါ ပါတယ်..။ နောက် ကြယ်သီး အနောက်ဖက် မှာ နံပါတ် ပါပြီး အဲ့ နံပါတ် ကလဲ တံဆိပ် မှာ ပြန်ပါ ပါတယ်...။ တထည်ချင်း စီမှာ နံပါတ် ပါ ပါတယ်...။

နောက် ကုတ် နံပါတ်ပေါ် မူတည် ပြီး ဘယ် ရီဂျင် ကနေ ထုတ်သလဲဆို တာ ခွဲလို့ ရ ပါတယ်။အဓိက တော့ ရီဂျင် ၃ နေရာ ရှိ ပါတယ်..

လုံးဝ ခွဲ မရအောင် တူတဲ့ အစစ် နဲ့ အတု ဘယ်မှာ ကွာ သလဲ ဆိုရင် အချိန် ကြာ လာရင် ကွာသွား ပါတယ်...။ အစစ် က ကြာလာ လေ အသား အိလာလေ ပိုဝတ်လို့ ကောင်းလာလေ ဖြစ်ပြီး အတုက ကြာလာလေ မဝတ်ချင်လေ ဖြစ်လာ ပါ လိမ့်မယ်. ။ ဒါပေမယ့် ကြာရှည်ခံအောင် ထိန်းသိန်းနည်း လဲ ရှိသေး တာပေါ့....။

501 ကို မှ အမျိုးမျိုး ထပ် ခွဲထား ပါ သေးတယ်...CUT ထဲ မှာ အကြမ်း အားဖြင့် ဒီလို ခွဲထား ပါတယ်...။

1- 501 Original , 2- 501 Shrink-to-Fit , 3- 501 CT

4- 501 Short , 5- 501 Students

• 501 Original •

ဒါ ကတော့ အော်ရယ်ဂျီနယ် ဆိုတဲ့ အတိုင်း ပုံမှန် ပါပဲ....။ ကိုယ်ဘာ ကြိုက်မှန်း မသိရင် ဒါပဲ မှာ မမှားဘူး...

• 501 Shrink-to-Fit •

ဒါ က ရေလျှော် ပြီးရင် နည်းနည်း ပြန်ကျုံ့ပါ တယ်...။ ကိုယ့် ဝတ်နေကျ ဆိုဒ် ကနေ တဆိုဒ် ကြီးတာ ဝယ်ပြီး ဝတ်ရင် အကောင်းဆုံး ပါ..။ ဆိုဒ် ကွက်တိ ဝယ်ပြီး ရေချ ပြီးတဲ့ အခါ ကျပ်နေ တတ် ပါတယ်...။ တခု ကောင်းတာ က သူက အချိုးအစား သိပ် မမှန်တဲ့ ခြေထောက်တွေ အတွက် ပို အဆင် ပြေတယ် ။

ဆိုလိုတာ က ခြေသလုံး တုတ်တဲ့သူ..ပေါင်လုံး တုတ်တဲ့ သူတွေ အတွက် ဆို ပုံကျ သွားတတ် ပါတယ် ။ Shrink-to-Fit ဖြစ် လို့ ပါ...။ တချို့က ခါးရိုး ရှည်တယ်.. တချို့က ခြေတံ ရှည်တယ်.. အဲ့လို ကွဲပြား တဲ့ သူတွေ ကြောင့်ပါ...။

နောက် ရေလျှော်တာ နဲ့ အဝတ် အပူပေးတာ ပေါ်လဲ မူတည် ပါတယ်...။ အနောက်နိုင်ငံတွေ ဖက်မှာ အဝတ်လျှော်တာ ပိုးသေအောင်လို့ ရေပူ နဲ့ လျှော်ကြ ပါတယ်...။ နောက် နေလှမ်း အခြောက် မခံပဲ အခြောက်ခံစက် ထဲ ထည့်ပြီး အပူပေး ခြောက်အောင် လုပ်ကြ ပါတယ်...။ အဲ့ ကျရင် ပိုပြီး ကျုံ့တာ မြန် ပါတယ်...။

မြန်မာပြည် မှာကျ ရေအေး နဲ့သာ လျှော်ပြီး နေလှန်း အခြောက်ခံ တာမို့ မြန်မြန် မကျုံ့သွား ပါဘူး...။ နောက် ဖြစ်နိုင်ရင် ဂျင်း ဘောင်းဘီ တွေကို မီးပူ မထိုး ပါနဲ့.....။ မီးပူ ထိုးလိုက်ရင် အသားပျော့အောင် အတွင်းဖက် မှာ ဖျန်းထား တဲ့ ပျော့ဆေး..( ဖယောင်းသား ပါဝင်တဲ့ ပျော့ဆေး) က အပူကြောင့် ကြာလာ တော့ ဆေးကုန်သွား တတ် ပါတယ်....။။ ဂျင်း ကို မီးပူ ထိုးပြီး ဝတ်ခါစ မှာ တောင့်တောင့်ကြီး ဖြစ်နေတာ ဒါကြောင့် ပါ....။

• 501 CT • CT Stand For CUSTOMISED AND TAPERED

ကာစတန်မိတ် ပုံစံ ဖြစ်တာကြောင့် ပုံ ပိုကျ ပါတယ်..။ ကိုယ် ဝတ်နေကျ ဆိုဒ်ကို ၁ ဆင့် အတိုးအလျှော့ လုပ်ပြီး ဝတ်လို့ရ ပါတယ်..။ ပုံမှန် ၃၃ ဝတ်တဲ့ သူက CT မှာ ၃၂၊ ၃၃၊ ၃၄ သုံးမျိုး ဝတ်လို့ ရ ပါတယ်...။ ၃၂ ဆို နည်းနည်း ကျပ် aပမယ့် ပုံကျ တာကြောင့် ကြိုက်ကြ ပါတယ်...။ ၃၄ ကျတော့ နည်းနည်း ပွယောင်းယောင်း ဖြစ်ပေမယ့် လှုပ်ရှားရ ပို ပေါ့ပါးပြီး ပို သက်တောင့် သက်သာ ဖြစ်ပါ တယ်တဲ့...။

ထုံးစံ အတိုင်းပဲ ကာစတန်မိုက် လုပ်ထားတယ် ဆိုတော့ စျေးလဲ ပိုကြီး ပါတယ်...။ ချုပ်သား နည်းနည်း ကွာ ပါတယ်...။ ခါး အပေါ် မတက် သွားဘူး...။

• 501 Short •
ဒါ ကတော့ အတို ပါ...။ နွေ ရာသီ လို ရာသီဥတု..... အထူးသဖြင့် မြန်မာပြည် လို ရာသီဥတုမျိုး မှာ ကိုက်ညီ ပါတယ်...။

• 501 Students •

ဒီ ပုံကတော့ Original နဲ့ အပေါ်ပိုင်း မှာ ကြယ်သီး က ၃ လုံးပဲ ပါလို့ ဘောင်းဘီဂွ က ပိုတို ပါတယ်...။ အဲ့ဒါကြောင့် ခါးဆိုဒ် ၃၀ အောက် ပိန်ပိန်ပါးပါး အရွယ်လေး တွေ ဝတ်ရင် ပိုလှ ပို စတိုင်ကျ လို့ 501 Students လို့ ခေါ်တာပါ...။

ခါး ၃၀ အထက် လူတွေ က လူကြီးပိုင်း ဖြစ်လာ လို့ ခါးတုတ် လာ သလို ဂွ တို တဲ့ အခါ တခါတလေ နေရခက် ပါတယ်...။ အပေါ်ပိုင်း က ဂွတို သလို အောက်ဆုံး နေရာမှာ မှ ရှူးပြီး ကျဉ်းသွား တာပါ...။ ဘောင်းဘီ ကို ကန်ထရီဘု ထဲ ထည့်စီး ချင်တဲ့ သူတွေ အတွက် သင့်တော် ပေမယ့်...။ အပြင် ထုတ်ဝတ်တဲ့ သူတွေ အတွက်တော့ ဝတ်လို့ မရဘူး ပေါ့။

နောက် ဘောင်းဘီကို အောက်မှာ ခေါက်ဝတ်တဲ့ သူတွေ အတွက် အဆင် မပြေဘူး...။အဲ့ဒါ ကြောင့် ဝတ်မယ်ဆို အရှည် ကွက်တိ ပဲ ဝယ်သင့် ပါတယ်... ပိုရှည်တာ ဝယ်မိရင် အောက်ခြေမှာ ဂျင်းသား ပုံကျ နေပြီး ကြည့်ရတာ နည်းနည်း ဆိုး ပါတယ်...။

နောက်တချက် က ခြေထောက်ပြား ကြီးတဲ့ အာရှသားတွေ အတွက်တော့ ဝတ်ရ နည်းနည်း ခက်တယ် အောက်ခြေ ကျဉ်းလို့ ခြေသလုံး တုတ်တဲ့ သူတွေ ကို နည်းနည်း ရုပ်ဆိုး စေတယ် ။ နောက်ပိုင်း ဆိုင်တိုင်း မှာ မတင် တော့ဘူး....။ ဆိုဟို တို့ ဘရော့ဝေး တို့ ဖက်က ဆိုင်တွေ မှာပဲ ရောင်း တော့တယ် ။

ဝတ်လိုက် ရင် ချုပ်ရိုး က အတွင်းဖက် ကို လိမ်သွား လို့ ( အောက်ခြေ ကို ကျဉ်းထားတော့ ချုပ်ရိုး က သေချာ မချုပ်တတ် တဲ့ သူဆို လိမ်သွား တယ်) ။ စျေး က ရိုးရိုးထက် သက်သာတယ်...။

အပေါ်က ထဲမှာ မပါ တဲ့ 501 တမျိုး က 501 BoyFriend Jean ဖြစ် ပါတယ်...

မိန်းကလေး က ယောက်ကျားလေး ဝတ် ဂျင်း ဘောင်းဘီ ကို ဝတ်တာ ကနေ စလို့ အဲ့ နာမည်တွင် တာပါ....။ မိန်းကလေးတွေ အတွက်ပဲ သီးသန့် ထုတ် တာပါ.။ မိန်းကလေး ဝတ်ဆိုတော့ တင် နေရာ မှာ နည်းနည်း ပိုကြီး ထားပြီး အလက်စတစ်သား နည်းနည်း ပိုထည့် ထားလို့.. တင်းတင်းရင်းရင်း နဲ့ ထင်းသွား ပါတယ်...

နောက် 501 ထဲ မှာပဲ ထပ်ခွဲ တာ စတိုင် ပါ.. ဥပမာ StoneWash တို့ဘာတို့ ဆိုပြီး စတိုင် ကွာပါ သေးတယ်...။

နောက် အရောင်.......။ အရောင်စုံ ရှိ ပါတယ်...။ ဘောင်းဘီ မချုပ် ခင်မှာ ဆေးဆိုး ထားတဲ့ အရောင် နဲ့...ဘောင်းဘီချုပ်ပြီး မှ ဆေးဆိုး တဲ့ အရောင်ဆိုပြီး ကွဲ ပါတယ် ( ခါး က တံဆိပ် မှာ အသားရောင် မဟုတ်ဘူး ဆိုရင် ချုပ်ပြီး မှ ဆေးဆိုးတယ် လို့ အကြမ်းဖျင်း ယူဆ လို့ ရ ပါတယ်)။

ဆေးဆိုး တဲ့ အရောင်ရယ် ဘယ်လို ဆိုးတယ် ဆိုတာ ပေါ်မူတည် ပြီးတော့ ရေလျှော်ရင် အရောင် ကျွတ်တာရယ် ရေလျှော်ရင် အရောင် မကျွတ်တာ ရယ် ဆိုပြီး ရှိပါ သေးတယ် ။ နောက် အလင်း ထဲမှာ တရောင် အလင်းရောင် မကောင်းတဲ့ နေရာ မှာ တရောင် ဖြစ်တဲ့ အရောင်တွေ လဲ ရှိ ပါတယ်...။

အများဆုံး ဝတ်ကြ တဲ့ အရောင်က အပြာပါ.... ရိုးရိုးအပြာ က ပထမ ဖြစ်ပြီး မိုးပြာ က ဒုတိယပါ...။ နက်ပြာ ( အနက်ဖက် သန်းတဲ့ ) က တတိယ ပါ...။ နောက် မှ အနက် တို့ အစိမ်းပုတ် တို့...ဝတ်ကြ ပါတယ်...။ မြန်မာပြည်ဖက် မှာတော့ အနီ ကို ယောက်ျားလေးတွေ ဝတ်ကြ ပေမယ့် ဒီဖက် မှာတော့ ယောက်ကျားလေး အနီဝတ်တာ မတွေ့ဖူးပါဘူး...။

ဒါ ကတော့ 501 ထဲက အကျမ်းဖျင်း ခွဲပြထား တာပါ...။ 501 ကို မှ အမြင့်၊အနိမ့်တွေ ရှိပါ သေးတယ် ။ 501### လို့ လဲခေါ် ဘစ်အီး လို့လဲ ခေါ်တဲ့ ကောင်တွေ လဲ ရှိပြီး တထည်ထဲ ကို ဒေါ်လာ၂၀၀ ဝန်းကျင် ကနေ စ ပါတယ်... နောက် ပုံ ပိုကျ တဲ့ Made & Crafted တွေလဲ ရှိပါ သေးတယ်။

အဲ့ဒါ တွေလဲ ၁၅၀ လောက် ကနေစ ပါတယ်...။ ဒါတွေ ကတော့ အကြမ်းဖျင်း ပါ...။ 501 အပြင် တခြား နံပါတ်တွေ ကတော့ အများကြီး ပါ...310 ကနေ စလို့ 800 ကျော် စီးရီး ထိ အစားစား ရှိပါတယ်....

စျေးတတ် နိုင်တဲ့ သူတွေ ဆိုရင် တော့ Made & Crafted ကို စမ်းပြီး ဝတ်ဖို့ အကြံပေး ချင်တယ်...။ အဲ့ဒါ ဝတ်ပြီး ရင် တခြား နံပါတ် ပါတဲ့ ဂျင်းတွေ 501 ကစ လို့ ဘယ်ဟာ မှ မဝတ်ချင် တော့ဘူး ဖြစ်သွား ပါ လိမ့်မယ်...။

Credit : CoCo Tin , Tun Lin Thein

 ယနေ့ ၂၀၂၀ခုနှစ်ဇူလှိုင်လ ( ၂၁ ) ရက်နေ့မင်ဂလာရှိသောနေ့တနေ့ဖြစ်ပါစေခင်ဗျာ့မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံးနှင့်ကမ...
21/07/2020


ယနေ့ ၂၀၂၀ခုနှစ်
ဇူလှိုင်လ ( ၂၁ ) ရက်နေ့
မင်ဂလာရှိသောနေ့တနေ့ဖြစ်ပါစေခင်ဗျာ့
မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား အားလုံးနှင့်
ကမ်ဘာသူ ကမ်ဘာသား အားလုံး
ချစ်သူ ခင်သူ ရန်လိုသူ မုန်းတီးသူ
မိတ်ဆွေများအားလုံး
စိတ်ချမ်းသာ ကိုယ်ကျန်းမာလို့
မိသားစုများနှင့်တကွ
ထာဝရပြည့်စုံ
ပျော်ရွှင်ချမ်းမြေ့ ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။

# Zawgyi-One
ဒီနေ့ ၂၀၂၀ ခုနှစ်
ဇူလိုင်လ ( ၂၁ ) ရက်နေ့
မင်္ဂလာရှိသောနေ့တစ်နေ့ဖြစ်ပါစေ
မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားအားလုံးနှင့်
ကမ်ဘာသူ ကမ်ဘာသားအားလုံး
ချစ်သူ ခင်သူ ရန်လိုသူ မုန်းတီးသူ
မိတ်ဆွေများအားလုံး
စိတ်ချမ်းသာ
ကိုယ်ကျန်းမာလို့
မိသားစုများနဲ့တစ်ကွ
ထာဝရပြည့်စုံ
ပျော်ရွှင်ချမ်းမြေ့ ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။


#21/07/2020

Address

Thit Sar Pan Street
Yangon
(11031,11032)

Website

Alerts

Be the first to know and let us send you an email when KKH Second Hand Clothing Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category