Khit Thuu Kha Online Store

Khit Thuu Kha Online Store Real Products,Low Price,Good Serives

နာဂစ်တုန်းက အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး အခု Cyclone ကိုဘေးကင်းစွာ ကျော်ဖြတ်နိုင်ဖို့ မျှဝေပေးပါ❗️မုန်တိုင်းဧရိယာအတွ...
21/03/2022

နာဂစ်တုန်းက အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီး အခု Cyclone ကိုဘေးကင်းစွာ ကျော်ဖြတ်နိုင်ဖို့ မျှဝေပေးပါ❗️

မုန်တိုင်းဧရိယာအတွင်းရှိပြည်သူများ …
🆘မိမိတို့ ခတ္တခိုလှုံရာ နေရာနှင့် အနီးဆုံးရှိမည့် ပေ၂၀ အထက် ကုန်းမြင့်တစ်ခုအား ရှာဖွေထားပါ
🆘အဆိုပါကုန်းသို့ သွားရန် အတိုဆုံးလမ်းကြောင်းအားရှာဖွေထားပါ
🆘ဘေးအန္တရာယ်ဖြစ်ပွါးပါက အဆိုပါကုန်းမြေသို့သာပြေးပါ၊ (အများပြေးသော နေရာအနိမ့်များအား လိုက်ပါမပြေးရ)
🆘မိသားစုများ ကွဲပြားခဲ့ပါက ပြန်ဆုံရန် ဆုံမှတ်တစ်ခု ကြိုတင်သတ်မှတ်ပါ
🆘ရေပေါ်တွင် ပေါလာပေါနိုင်မည့် ကော်ပုံးကဲ့သို့ ပစ္စည်းများအားရှာဖွေပါ
🆘ဖုန်းနဲ့အရေးကြီးစာရွက်များအား ရေလုံအိတ်ထဲသို့ ထည့်ကာ လည်ပင်း၌ဆွဲထားပါ

မူလလမ်းကြောင်းအတိုင်းဆိုပါက မော်တင်စွန်းကနေ ဖြတ်သန်းနိုင်ပြီး လမ်းကြောင်းသွေဖယ်မည်ဆိုပါက
လပွတ္တာ ပြင်စလူဘက်ကနေ ရွေ့လျားနိုင်ပါတယ်။

ဘယ်လိုဘဲဖြစ်ဖြစ် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသဟာ မုန်တိုင်းဖြတ်သန်းမယ့် လမ်းကြောင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။

📌 မုန်တိုင်းအခြေအနေကို တိုက်ရိုက်ကြည့်ရှုလို့ရနိုင်မယ့် Link ဖြစ်ပါတယ်

https://earth.nullschool.net/ /wind/surface/level/orthographic=-263.69,12.06,911

မုန်တိုင်း Windy လမ်းကြောင်းကို အဆက်မပြတ် ကြည့်ရှုနေပါ ဒီကနေ့ည (ဦးပိုင်း) အထိပြင်ဆင်ချိန်တွေ ရွှေ့ပြောင်းချိန်တွေအများကြီးကျန်ပါသေးတယ်။

https://www.windy.com/?12.125,94.867,6,m:d5GaiNk

စိတ်အေးအေးထားပြီး ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါ ပြန်လည်ထူထောင်ရေးအတွက် အားလုံးကရှိနေမှာပါ။

ကိုယ်ချစ်ရတဲ့သူငယ်ချင်းမိတ်ဆွေများကိုဆက်ဝေမျှပေးပါ။

အားလုံးပို့သတဲ့မေတ္တာများနဲ့ ဧရာဝတီမြေဘေးကင်းပါစေ🙏

Credit: Wai Yan Moe

16/03/2022

မုံရွာမှာ လုံးဝမတက်တဲ့ကုန်စျေးနှုန်း၊ မနက်က မြို့ထဲသွားရင်း သံလမ်းစျေးနားမှာ ရွာတွေကနေ လာရောင်းတဲ့ ခရမ်း.....

06/02/2022
06/02/2022
06/02/2022
"နှစ်သစ်တစ်နှစ် ရဲ့ တစ်နှစ်တာကာလပတ်လုံး ဘုန်းကံမြင့်မား စီးပွားတက်စေရန် ဆောင်ရွက်နည်း"1. တရော်ကင်မွန်း ဖြင့် ခေါင်းဆေးမင...
12/04/2021

"နှစ်သစ်တစ်နှစ် ရဲ့ တစ်နှစ်တာကာလပတ်လုံး ဘုန်းကံမြင့်မား စီးပွားတက်စေရန် ဆောင်ရွက်နည်း"

1. တရော်ကင်မွန်း ဖြင့် ခေါင်းဆေးမင်္ဂလာ ပြုလုပ်ပါ။
2. မေတ္တာရေချိုးပါ ( ပြုလုပ်နည်း- နွားနို့ထဲကို နှင်းဆီပန်း ဝါ ၊နီ၊ ဖြူ ကိုခြွေထည့်၍ ရတနာပစ္စည်းများကို စိမ်ထည့် ၍ မေတ္တာရေချိုးပါ)
3. သမုဒ္ဒရာ ရေချိုးပါ ( ပြုလုပ်နည်း- ဆားကိုရေဖြင့်ဖျော်ပြီးရေချိုးရန်)
4.နတ်ရေကန်ထဲသို့ဆင်းပါ ( ပြုလုပ်နည်း - အုန်းရည်ဖြင့်ရေချိုးရန်)

ဤကဲသို့ ဆောငိရွက်ပြီးပြီးပါက

အရဟံသိဒ္ဓိ ဘဂဝါအောင် ပုတီး (၁၀) ပတ်၊ လာဘ်ခေါ် ဂါထာ (၁၀) ခေါက် ရွတ်ဖတ်ပူဇော်ပြီး
- တစ်နှစ်တာကာလပတ်လုံး စီးပွားရေးတိုးတက်ပါစေ။
- ကျန်းမာရေး ကောင်းမွန်ပါစေ။
- လာဘ်လာဘပွင့်ပါစေ။
-မြန်မာပြည်ကြီးအေးချမ်းပါစေ
- ဘေးရန်အန္တရာယ်ကင်းရှင်းပါစေ ဟုဆုတောင်းပါ။

* နှစ်ဆန်းတစ်ရက်နေ့ ည ၁၂ နာရီမတိုင်မှီ အထိဆောင်ရွက်လို့ရပါသည်။

နှစ်ဆန်းတစ်ရက်နေ့ အခါသမယ
ချိန်ကာလတွင် မေတ္တာရေချိုး
သမုဒ္ဒရာစိမ်ကာ နတ်ရေကန်ဆင်းက
ကျန်းမာချမ်းသာ ဝင်ငွေဖြာပြီး
စည်းစိမ်လည်းတိုး ဘုန်းကံမြင့်ကာ
အောင်ကြောင်းဖြာမှာ အမှန်ပါတည်း

မေတ္တာဖြင့်

Thuu Kha Online Store

အားလုံးဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ 🙏🏼မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ 🙏🏼
08/02/2021

အားလုံးဘေးအန္တရာယ်အပေါင်းမှကင်းဝေးကြပါစေ 🙏🏼
မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေ 🙏🏼

ကျားဝတ်တွဲ ကြောင်ခြစ်သားHz အင်ကျီ +အသားချောဆေးခိုင် အနံကြီးကွင်းကျယ် ဆေးမကျ ရေမရုံး🍬 #၁စုံ - 11000 ks🍬အစီး - 9000 ks  💜O...
03/02/2021

ကျားဝတ်တွဲ ကြောင်ခြစ်သားHz အင်ကျီ +အသားချောဆေးခိုင် အနံကြီးကွင်းကျယ် ဆေးမကျ ရေမရုံး

🍬 #၁စုံ - 11000 ks🍬
အစီး - 9000 ks



💜Order မှာယူလိုပါက
💛စျေးနှုန်းပါပုံကို Screen Shotရိုက်ပီး
💙☎09791941219 (or) Messenger သို့
ပေးပို့မှာယူနိုင်ပါတယ်ရှင်

🏠ရန်ကုန် အိမ်ရောက်ငွေချေစနစ်ပါ

💸 အ​ခြားမြို့များ ငွေလွှဲဝင်မှ Order confirmပါရှင့်
(ငွေလွှဲဝင်ပီး ၂ရက်အတွင်း ဂိတ်ချပေးပါတယ်ရှင့်)

🚚 Deliခ မြို့နယ်အလိုက်/ဂိတ်ချခ + တန်ဆာခ ကို
ဝယ်သူယူဘက်မှ ပေးချေရပါမယ်နော်ချစ်တို့

ယုံကြည်စွာဝယ်ယူအားပေးသူများအားလုံးကို
မင်မင်တို့ Khit Thuu Kha Online Storeမှ
ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်💙💛💜

Address

Yangon

Telephone

+959791941219

Website

Alerts

Be the first to know and let us send you an email when Khit Thuu Kha Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category