Baby Shoon

Baby Shoon Kids goods

03/02/2025
24/06/2023
23/06/2023

ကျေးဇူးပြုပြီး ကလေးလေးတွေမြင်ရင် ညှက်တယ်နော်ဆိုတဲ့စကားမပြောပါနဲ့နော်။

'ကလေးကညှက်တယ်နော်'

'ကျွန်တော်/ကျွန်မတို့ သားတုန်းက ဒီထက်ထွားတယ်'

'ဪ ၆လတောင်ရှိပြီလား...နည်းနည်းသေးသလိုပဲနော်' စတဲ့စကားတွေဟာ ပြောတဲ့သူကဘာရယ်လွှတ်ခနဲပြောလိုက်ပေမယ့် မိဘတွေဘက်က ခံစားရပါတယ်။

▪️ငါ့ကလေးနို့မှဝရဲ့လား
▪️ပေါင်ချိန်မှတက်ပါ့မလားဆိုပြီး အမြဲကြိုးစားနေတဲ့ မိဘတွေမှာ အဲဒီလိုစကားတွေကြားရတိုင်း ရင်ထဲအောင့်အောင့်သွားရပါတယ်။

သားသမီးရှိတဲ့မိဘတွေမှာ ကိုယ့်ကလေးအလေးချိန်ပုံမှန်လေးတ​က်ဖို့ ဘယ်လောက်ကြိုးစားနေရတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ပဲသိပါတယ်။ သားသမီးအပေါ်ထားတဲ့စိတ်ပူပင်မှုဘယ်လောက်ရှိလဲဆိုတာလည်း ခံစားဖူးတဲ့သူချင်းပဲသိပါတယ်။

ဒါကြောင့်် ကျွန်မတို့ပတ်ဝန်းကျင်ရဲ့ အဲဒီအမူအကျင့်လေးတစ်ခုကိုမရှိတော့စေချင်ပါဘူး။

အရွယ်ရောက်သူအချင်းချင်းမြင်ရင် 'ဝလာတယ် ၊ ပိန်သွားတယ်' ဆိုပြီးနှုတ်ဆက်တဲ့ယဉ်ကျေးမှု ၊ ကလေးလေးတွေမြင်ရင် 'ညှက်တယ်နော်..သေးတယ်နော်'စသဖြင့် ဝေဖန်တဲ့ယဉ်ကျေးမှုကို ပျောက်သွားရင်သိပ်ကောင်းမှာပဲလို့ ကျွန်မအမြဲတွေးမိပါတယ်...။

မေတ္တာဖြင့်

မောင်(ဆေး-၁)မာမီ

----------------

▪️မူရင်းပို့စ်ကို လွတ်လပ်စွာ share နိုင်ပါတယ်။
▪️Page များတွင် ခွင့်ပြုချက်မပါဘဲ ထပ်ဆင့်ကူးယူခြင်းမပြုပါ။

Address

YANGON
Yangon

Telephone

+959260451773

Website

Alerts

Be the first to know and let us send you an email when Baby Shoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share