OllieBoo

OllieBoo Professional Handsfree Breast Pumps, Mommy & Baby’s Essentials

Breast Pump ဆိုတာ တစ်ခါဝယ်ပြီး သိမ်းထားတဲ့ပစ္စည်းတစ်ခု မဟုတ်ပါဘူး။မေမေတို့က နေ့တိုင်း၊ တစ်ပတ်ကို အကြိမ်များစွာ အသုံးပြုရ...
22/08/2026

Breast Pump ဆိုတာ တစ်ခါဝယ်ပြီး သိမ်းထားတဲ့ပစ္စည်းတစ်ခု မဟုတ်ပါဘူး။

မေမေတို့က နေ့တိုင်း၊ တစ်ပတ်ကို အကြိမ်များစွာ အသုံးပြုရတဲ့ Daily-use product ဖြစ်တဲ့အတွက် အချိန်ကြာလာရင် Valve, Diaphragm, Duckbill စတဲ့ Spare Parts တွေကို လဲဖို့လိုလာနိုင်ပါတယ်။

အဲ့ဒီအချိန်မှာ…
“Spare Parts ဘယ်မှာဝယ်ရမလဲ?”
“Pump အားမကောင်းတော့ရင် ဘယ်သူ့ကို မေးရမလဲ?”
“Warranty ရှိသေးလား?”
“ပြဿနာဖြစ်ရင် Service Center ရှိလား?”
ဆိုတာတွေက Pump ရဲ့ Suction Level ထက်တောင် မေမေတို့အတွက် ပိုအရေးကြီးလာနိုင်ပါတယ်။

ဒါကြောင့် Breast Pump ရွေးတဲ့အခါ—
🍼 Product Quality
🍼 Spare Parts Availability
🍼 Warranty
🍼 Service Center
🍼 Customer Support
ဒီ ၅ ခုကို တစ်ခါတည်းကြည့်ပါ။

ဈေးသက်သာတဲ့ Pump တစ်လုံးဝယ်ပြီး နောက်ပိုင်း Parts မရလို့၊ Service မရလို့ စိတ်ပျက်ရတာထက် ကိုယ်အသုံးပြုနေတဲ့ Pump အတွက် ရေရှည် Support ရှိမရှိကို အရင်သေချာမေးပြီးမှ ရွေးတာ ပိုစိတ်ချရပါတယ်။

OllieBoo မှာတော့ 3 Months Warranty + Spare Parts Available + Warranty ကာလကျော်ပြီးနောက်လည်း In-house Service Center ရှိတာကြောင့် မေမေတို့ Pump ဝယ်ပြီးသွားတဲ့နောက်ပိုင်းမှာလည်း လိုအပ်တဲ့အခါ Support ရနိုင်အောင် စီစဉ်ပေးထားပါတယ်။ 💗

Pump တစ်လုံးကို ဝယ်တဲ့အချိန်မှာ “ဘယ်လောက်ကောင်းလဲ?” တစ်ခုတည်းမမေးပါနဲ့။“ဝယ်ပြီးသွားရင် ကျွန်မကို ဘယ်သူကူညီပေးမှာလဲ?” လို့ပါ မေးပါ။ 🫶

Because a good breast pump is not only about the pump itself.

It’s also about the service behind it.

🕘 9–5 အလုပ်လုပ်ရတဲ့ မေမေ… အလုပ်ချိန်ထဲမှာ Pump ဘယ်နှကြိမ်လုပ်ရမလဲ?“မနက် ကလေးကိုနို့တိုက်ပြီး အလုပ်သွားပြီ… ညနေ ၅ နာရီထိ ...
21/08/2026

🕘 9–5 အလုပ်လုပ်ရတဲ့ မေမေ… အလုပ်ချိန်ထဲမှာ Pump ဘယ်နှကြိမ်လုပ်ရမလဲ?

“မနက် ကလေးကိုနို့တိုက်ပြီး အလုပ်သွားပြီ… ညနေ ၅ နာရီထိ Pump မလုပ်ဘဲနေလို့ရလား?”🤔

အလုပ်လုပ်တဲ့ မေမေတွေအတွက် Pumping က
နို့ညှစ်ထုတ်တာတင်မဟုတ်ဘဲ မေမေရဲ့တစ်နေ့တာ Routine ထဲမှာ ထည့်စဉ်းစားဖို့လိုတဲ့အရာ ပါ။ ❤️

ဒီနေ့မှာတော့ မင်မင် အလုပ်မှာpumping လုပ်ခဲ့တဲ့ routine လေးအကြောင်း sharing လုပ်ပေးမယ်နော်❤️

**7:30 AM** → အလုပ်မသွားခင် Direct Breastfeed / Pump

**10:30 AM** → Pump Session ①

**1:30 PM** → Pump Session ②

**4:00 PM** → Pump Session ③ *(လိုအပ်ရင်)*

**6:00 PM နောက်ပိုင်း** → အိမ်ရောက်ပြီး Direct Breastfeeding

မင်မင်ကတာ့ ဒီလို routine လေးနဲ့အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ဒီအချိန်ဇယားကို မေမေတိုင်း အတိအကျလိုက်ဖို့မလိုပါဘူး။

ကလေးရဲ့အသက်၊ Direct Breastfeeding အကြိမ်ရေ၊ မေမေရဲ့ Milk Supply၊ အလုပ်ခွင်မှာ Pump လုပ်နိုင်တဲ့အချိန် စတာတွေပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။

💡 အဓိကမှတ်ထားရမှာက

အလုပ်ချိန် 8 နာရီလုံး Pump မလုပ်ဘဲ နေလိုက်တာထက် မေမေ့အတွက် အဆင်ပြေတဲ့ Interval နဲ့ Pump Session တွေ ထည့်ပေးတာက ပိုအရေးကြီးပါတယ်။

အထူးသဖြင့် Direct Breastfeeding + Pumping တွဲလုပ်နေတဲ့ မေမေဆိုရင် “ဘယ်နှကြိမ် Pump လုပ်ရမလဲ?” ထက်“မေမေ့နေ့စဉ် Routine ထဲမှာ ဘယ်လိုအလွယ်တကူထည့်မလဲ?”ဆိုတာကိုပါ စဉ်းစားသင့်ပါတယ်။ 🌷

အလုပ်ချိန်မှာ Meeting တွေရှိတယ်၊ ကလေးကိုလည်း စိတ်ပူနေရတယ်၊ Pump လုပ်ဖို့အချိန်ကလည်း ကန့်သတ်ထားတယ်ဆိုရင်…Handsfree Pump တစ်လုံးက မေမေ့အတွက် “နို့ညှစ်တာအပြင် မေမေတို့ရဲ့ time management”အတွက်ပါပိုပြီးအသုံးဝင်လာပါတယ်။** 💗

OllieBoo Handsfree Pumpလေးက မေမေ့ရဲ့ အလုပ် + ကလေး + Pumping Routine သုံးခုကို တစ်ပြိုင်နက်တည်း စီမံရလွယ်အောင် ရွေးချယ်နိုင်တဲ့ option တစ်ခုပါ။ 🍼✨

After sales services 👇
♥️Warranty 3 months (ရေ/ နို့ဝင်ခြင်းအကျုံးမဝင်ပါဖူးနော်)
♥️Handsfree accessories ပစ္စည်းတွေ ပျက်စီးပျောက်ရှရင် ပြန်ဝယ်လိုအောင် Spareparts တွေ Instock ထားပေးထားပါတယ်
❤️Warranty ကာလကျော်သွားရင်တောင် Service fee အနည်းငယ်ဖြင့် တတ်နိုင်သမျှ Serviceထက်လုပ်ပေးတယ်ဆိုတော့ ဘာလိုသေးလဲနော်

🏠 ဆိုင်လိပ်စာ - အမှတ်(၅) မြောင်းမြလမ်း စမ်းချောင်း၊ ရန်ကုန် (09443203086)

“မေမေတို့ရေ … ကလေးက ငယ်သေးလို့ အပြင်ကလဲခေါ်ထုတ်မရ၊ အလုပ်ကိစ္စနဲ့အပြင်သွားနေရင်း နို့တွေတင်းလာတဲ့အချိန်မျိုး မေမေတို့ ခံစ...
20/08/2026

“မေမေတို့ရေ … ကလေးက ငယ်သေးလို့ အပြင်ကလဲခေါ်ထုတ်မရ၊ အလုပ်ကိစ္စနဲ့အပြင်သွားနေရင်း နို့တွေတင်းလာတဲ့အချိန်မျိုး မေမေတို့ ခံစားဖူးတယ် ဟုတ်?” 🥺

အိမ်ကနေထွက်တုန်းကတော့“ခဏလေးပဲ… ပြန်ရောက်မှာပါ” ဆိုပြီး ထွက်လာတာ။

အလုပ်တွေလုပ်နေရင်း နာရီတွေကြာလာတော့ ရင်သားထဲမှာ တင်းတင်းကြီးဖြစ်လာတယ်…နို့တွေကလဲ သပ်နဲ့ပေါ့…အင်္ကျီနဲ့ထိတာတောင် မသက်မသာဖြစ်လာပြီးစိတ်ထဲမှာတော့“အိမ်ပြန်ပြီးကလေးဆီပဲပြေးပြီးတိုက်လိုက်ချင်ပြီ…” ဆိုတာပဲ တွေးနေမိတယ်။ 🥹

“အခုဆို ကလေးက နို့ဆာနေလောက်ပြီ…” “အိမ်ရောက်ရင် နို့တိုက်ရမယ်…”ဆိုပြီး ကလေး ကိုပဲ စိတ်ကရောက်ပြီး နောက်ဆံတင်းရတာမျိုးဖြစ်ဖူးကြပါလိမ့်မယ်

ဒါပေမယ့် မေမေကလည်းအလုပ်ထဲမှာ…အိမ်ကလည်း မပြန်နိုင်သေးဘူး။ အဲ့ဒီလိုအချိန်မှာOllieBoo Wearable Pump လေးတစ်လုံးက မေမေ့အတွက် တကယ်ကို အသုံးဝင်မဲ့အရာတစ်ခု ဖြစ်လာမယ်ဆိုတာ မင်မင်အာမခံပါတယ်။ 🤍

အပြင်မှာရှိနေရင်းအချိန်နည်းနည်းရတာနဲ့ Pump လုပ်လို့ရတယ်။ထိုင်ပြီး စက်ကိုင်ထားစရာမလို၊အလုပ်ကိစ္စတွေကြားထဲမှာလည်း ကိုယ့်ရဲ့ Pumping Routine ကို ဆက်ထိန်းထားနိုင်တယ်။

မေမေတို့ကလေးလေးက အိမ်မှာ…မေမေက အလုပ်မှာ…ဒါပေမယ့် မေမေ့နို့ကတော့ ကလေးအတွက်ချန်ထားလို့ရတော့ နောက်ဆံတင်းမှာမပူရတော့ဖူး 🍼❤️

အလုပ်လုပ်ရတဲ့ မေမေဖြစ်လို့မေမေက နို့တိုက်ချင်တဲ့စိတ် လျော့သွားတာမဟုတ်ဘူး။အချိန်မရတာပဲရှိတာ…OllieBoo နဲ့ဆို မေမေ့နို့ရည်လေးကတော့ ကလေးလေးနားမှာ အမြဲရှိနေတယ်။ ❤️

“နို့ထွက်ကောင်းတဲ့မေမေတောင် တချို့ Session တွေမှာ ml နည်းနိုင်တဲ့အကြောင်း”“ဒီနေ့တော့ နို့ထွက်တာ အရမ်းနည်းသွားတယ်…” 😥Pump...
19/08/2026

“နို့ထွက်ကောင်းတဲ့မေမေတောင် တချို့ Session တွေမှာ ml နည်းနိုင်တဲ့အကြောင်း”

“ဒီနေ့တော့ နို့ထွက်တာ အရမ်းနည်းသွားတယ်…” 😥
Pump လုပ်ပြီး Bottle ထဲက ml ကိုကြည့်ရင်း ကိုယ့် Milk Supply ကျသွားပြီလားလို့ စိုးရိမ်ဖူးလား မေမေ?

တကယ်တော့ Session တစ်ကြိမ်မှာ ထွက်တဲ့ ml နည်းတာနဲ့ Milk Supply ကျသွားတာ မတူပါဘူး။
မေမေ့နို့ထွက်ပမာဏက Session တိုင်း တူနေမှာမဟုတ်ပါဘူး။

💗 နောက်ဆုံး Pump/နို့တိုက်ခဲ့တဲ့အချိန်နဲ့ ကြားချိန် ကြားချိန်တိုရင် တစ်ကြိမ်ထွက်တဲ့ပမာဏ နည်းနိုင်ပါတယ်။အဲဒီအချိန်မှာ ရင်သားပြည့်နေမှု Session တစ်ကြိမ်နဲ့တစ်ကြိမ် ရင်သားထဲမှာရှိတဲ့နို့ပမာဏ မတူနိုင်ပါဘူး

💗 စိတ်ဖိစီးမှု၊ ပင်ပန်းမှု၊ အိပ်ရေးမဝမှု အဲဒီနေ့မှာ Let-down ကောင်းကောင်းမဖြစ်ရင် Pump ထဲကို နို့စီးဝင်တာ နှေးနိုင်ပါတယ်။

💗 Pump Setup မမှန်တာ Fl**ge Size မကိုက်တာ၊ ni**le ခေါင်းသေချာမဝင်နေတာ၊ Pump Parts တပ်ဆင်မှုမမှန်တာတွေကလည်း Output ကို သက်ရောက်နိုင်ပါတယ်။
ဒါကြောင့်

“ဒီတစ်ခါ 60 ml ပဲထွက်တယ်” → “ငါ့နို့နည်းသွားပြီ”လို့ တန်းပြီးမဆုံးဖြတ်လိုက်ပါနဲ့။ ❤️

တစ်ကြိမ်တည်းရဲ့ ml ထက်တစ်နေ့တာစုစုပေါင်း Output၊ Pumping Frequency နဲ့ ရက်ပိုင်း/အပတ်ပိုင်း Trend ကိုကြည့်တာက ပိုအသုံးဝင်ပါတယ်။

ပြီးတော့ Pump ရွေးတဲ့အခါလည်းSuction အမြင့်ဆုံးဆိုတာထက် မေမေ့အတွက် သက်တောင့်သက်သာနဲ့ ပုံမှန်အသုံးပြုနိုင်ဖို့က ပိုအရေးကြီးပါတယ်။

မေမေ့ Pumping Journey မှာတစ်ကြိမ်နည်းသွားတဲ့ ml ကြောင့် ကိုယ့်ကိုယ်ကို မဆုံးဖြတ်ပါနဲ့။ 🫶🏻

“နို့နည်းသွားပြီလား?” ဆိုတဲ့စိုးရိမ်မှုထက်“ဒီနေ့ Session က ဘာကြောင့်နည်းသွားတာလဲ?” လို့ ပြန်စဉ်းစားကြည့်ပါ။ 💗

OllieBoo လေးမှာက ni**le & fl**ge fit မဖြစ်မှာစိုးမရိမ်နဲ့နော်… original fl**ge 24 mm အပြင် 17mm/ 19mm/ 21mm/ 27mm fl**ge အစရှိတဲ့ ni**le အလိုက် fl**ge size အစုံ ပြောင်းတာတွေပါရောင်းပေးသေးပါတယ်

After sales services 👇
♥️Warranty 3 months (ရေ/ နို့ဝင်ခြင်းအကျုံးမဝင်ပါဖူးနော်)
♥️Handsfree accessories ပစ္စည်းတွေ ပျက်စီးပျောက်ရှရင် ပြန်ဝယ်လိုအောင် Spareparts တွေ Instock ထားပေးထားပါတယ်
❤️Warranty ကာလကျော်သွားရင်တောင် Service fee အနည်းငယ်ဖြင့် တတ်နိုင်သမျှ Serviceထက်လုပ်ပေးတယ်ဆိုတော့ ဘာလိုသေးလဲနော်

🏠 ဆိုင်လိပ်စာ - အမှတ်(၅) မြောင်းမြလမ်း စမ်းချောင်း၊ ရန်ကုန် (09443203086)

“နို့ထွက်များအောင်… အချစ်ဟော်မုန်း တည်ဆောက်မယ် ❤️”မေမေတို့ရေ…နို့ထွက်ကောင်းဖို့ဆိုတာ Pumping လုပ်နေရုံနဲ့ မပြီးပါဘူးနော်...
18/08/2026

“နို့ထွက်များအောင်… အချစ်ဟော်မုန်း တည်ဆောက်မယ် ❤️”

မေမေတို့ရေ…နို့ထွက်ကောင်းဖို့ဆိုတာ Pumping လုပ်နေရုံနဲ့ မပြီးပါဘူးနော်။

မေမေ့ရဲ့ ခန္ဓာကိုယ်က “ကလေးအတွက် နို့လိုတယ်” ဆိုတဲ့ Signal ရရှိဖို့အတွက်စိတ်အေးချမ်းမှု၊ ကလေးနဲ့နီးကပ်မှု၊ နို့တိုက်/နို့ညှစ်တဲ့အချိန်မှာ သက်တောင့်သက်သာဖြစ်မှု တွေလည်း အရေးကြီးပါတယ်။ 🥰

ဒီနေရာမှာ မေမေတို့ကြားဖူးတဲ့💗 Oxytocin ဆိုတဲ့ “အချစ်ဟော်မုန်း” က အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

Oxytocin က Milk Ejection / Let-down Reflex ကို ကူညီပေးတဲ့အတွက်နို့ညှစ်နေချိန်မှာ နို့စီးဆင်းမှု ပိုကောင်းလာနိုင်ပါတယ်။

ဒါကြောင့် Pump မလုပ်ခင်…
👶 Baby လေးရဲ့ပုံကို ကြည့်ပါ
🤱 Baby လေးကို အနားရှိရင်ပွေ့ဖက်ပြီး ခဏနေပါ
🎵 ကိုယ်ကြိုက်တဲ့ သီချင်းလေးနားထောင်ပါ
😮‍💨 အသက်ရှူကို ဖြည်းဖြည်းချင်း လျှော့ပြီး စိတ်ကို Relax လုပ်ပါ
🎬ဟာသရုပ်ရှင်တွေကြည့်ပါ
💆‍♀️ ရင်သားကို နူးနူးညံ့ညံ့ Massage လုပ်ပြီးမှ Pump စလုပ်ပါ

“နို့ပိုထွက်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးနေမယ့်အစားကိုယ့်စိတ်ကို အရင်အေးချမ်းအောင်လုပ်ကြည့်ပါ…” ❤️

မေမေ့ခန္ဓာကိုယ်က စက်တစ်လုံးမဟုတ်ပါဘူး။စိတ်ခံစားချက်နဲ့လည်း ဆက်စပ်နေတဲ့ ခန္ဓာကိုယ်ပါ။

✨ဒါကြောင့် pumping လုပ်တဲ့အခါ မေမေ့စိတ်ကိုလည်း ခဏလောက် အနားပေးပေးပါ။ 🥰မေမေတို့ရဲ့ ကလေးလေးရဲ့မျက်နှာလေးကို ကြည့်ရင်း၊ကလေးလေးရဲ့အနံ့လေးကို ခံစားရင်း၊ဒါမှမဟုတ် ကလေး လေးကို ချစ်တဲ့စိတ်လေးနဲ့ Relax လုပ်ပြီး Pump လုပ်ကြည့်ပါ။

တစ်ခါတလေ နို့စီးဖို့လိုတာ Pump ရဲ့အားတစ်ခုတည်း မဟုတ်ပါဘူး…မေမေ့ရဲ့ စိတ်အေးချမ်းမှုလည်း ပါဝင်နေပါတယ်နော်။ ❤️

နောက်တစ်ခုက နို့ထွက်ပါမာဏတိုးဖို့က oxytocin လဲတိုးအောင်လုပ်ပေးဖို့လိုသလိုမကြာခဏနို့ထုတ်ခြင်း၊ ထိရောက်စွာနို့ထုတ်ခြင်းနဲ့ နို့လိုအပ်ချက်/ထုတ်လုပ်မှုစနစ် က အဓိကပါဝင်တယ်ဆိုတာလည်းမမေ့နဲ့နော်

စိတ်လေးလဲ relaxed ဖြစ်နေမယ် pumping လေးလဲမှန်မှန်လေးလုပ်နေမယ်ဆို မေမေတို့ရဲ့ နို့ရည်တွေက ပိုပိုပြီးတိုးလာမှာပါ❤️

OllieBoo Wearable Breast Pump ကို ဘာကြောင့်ရွေးဖြစ်နေကြတာလဲ? 💗✨သိပ်ကိုရိုးရှင်းပါတယ်…မေမေတွေအတွက် တကယ်လိုအပ်တာတွေကို ထည့...
17/08/2026

OllieBoo Wearable Breast Pump ကို ဘာကြောင့်ရွေးဖြစ်နေကြတာလဲ? 💗

✨သိပ်ကိုရိုးရှင်းပါတယ်…

မေမေတွေအတွက် တကယ်လိုအပ်တာတွေကို ထည့်စဉ်းစားပြီး ထုတ်ထားလို့ပါ။

🤍 ပေါ့ပါးတယ်
နေ့စဉ် Pump လုပ်ရတာ မလေးမကန်နဲ့ သုံးရအဆင်ပြေတယ်။

🤍 လွတ်လပ်မှုရတယ်
Pump လုပ်နေတဲ့အချိန်မှာပဲ ထိုင်ပြီး အချိန်ကုန်နေစရာမလိုဘူး။ ကိုယ့် Routine အတိုင်း ဆက်သွားလို့ရတယ်။

🤍 Spare Parts ပြန်ဝယ်လို့ရတယ်
Pump တစ်လုံးဝယ်ပြီးရင် အစိတ်အပိုင်းတစ်ခုခုလိုလာတိုင်း အသစ်တစ်လုံးပြန်ဝယ်စရာမလိုအောင် Spare Parts တွေကိုလည်း စီစဉ်ပေးထားပါတယ်။

🤍 Fl**ge Size ရွေးချယ်စရာ ၅ Size ရှိတယ်
Original Fl**ge နဲ့ မကိုက်ညီတဲ့ မေမေတွေအတွက်လည်း ကိုယ့်အတွက် ပိုအဆင်ပြေမယ့် Size ကို ရွေးချယ်ဝယ်ယူနိုင်အောင် ၅ Size အထိ စီစဉ်ပေးထားပါတယ်။

🤍 သယ်ရလွယ်တယ်
ဘယ်သွားသွား အလွယ်တကူသယ်သွားလို့ရအောင် Dust Cover + Carrying Bag လေးပါ ထည့်ပေးထားပါတယ်။

🤍 Battery ကလည်း မေမေတို့အတွက် အဆင်ပြေတယ်
တစ်ခါအားသွင်းထားရင် အသုံးပြုပုံပေါ်မူတည်ပြီး ၂ နာရီခွဲ–၃ နာရီခန့် အသုံးခံလို့ မကြာခဏ အားသွင်းနေစရာမလိုပါဘူး။

🤍 ဝယ်ပြီးရင်လည်း မေမေတို့ကို မထားခဲ့ပါဘူး
Warranty 3 လ ပါရှိပြီး Warranty ကာလကျော်သွားရင်တောင် လိုအပ်တဲ့ Service တွေကို Service Fee အနည်းငယ်နဲ့ ပြန်လည်
ဆောင်ရွက်ပေးပါတယ်။

ဒါကြောင့် OllieBoo ကို ကျွန်မတို့အတွက် “Pump တစ်လုံးရောင်းလိုက်တာ” ထက်ပိုပါတယ်။

မေမေတွေ နေ့တိုင်းသုံးရမယ့်ပစ္စည်းတစ်ခုဆိုရင် ဝယ်တဲ့နေ့မှာ အဆင်ပြေတာတင်မကဘဲ သုံးနေတဲ့အချိန်မှာလည်း အဆင်ပြေနေဖို့၊လိုအပ်တဲ့အခါ Support ရှိနေဖို့ အရေးကြီးတယ်လို့ ယုံကြည်ပါတယ်။ 🤍

Product Quality + Service Quality ကို အမြဲအလေးထားခဲ့လို့Customer Satisfaction ကောင်းကောင်းရလာတာနဲ့အမျှမေမေတစ်ယောက်ကနေ နောက်မေမေတစ်ယောက်ကို OllieBoo ကို ပြန်ညွှန်းပေးလာကြတာ က မင်မင်တို့အတွက် အကြီးမားဆုံး Social Proof တစ်ခုပါ။ 🥹💗

Wearable Breast Pump ဆို OllieBoo လို့ မေမေတွေ တဖြည်းဖြည်းရွေးလာကြတာက Advertisement ကြောင့်တစ်ခုတည်းမဟုတ်ဘဲ သုံးဖူးတဲ့မေမေတွေရဲ့ ယုံကြည်မှုကြောင့်လည်း ဖြစ်ပါတယ်။ 💕

🌙 “အိပ်ရေးဝဝအိပ်ရင် နို့ပိုထွက်တယ်ဆို… ညဘက်ထပြီး Pump လုပ်သင့်လား?” 😳ဒီမေးခွန်းကို Pumping Mom တော်တော်များများ သိချင်ကြ...
16/08/2026

🌙 “အိပ်ရေးဝဝအိပ်ရင် နို့ပိုထွက်တယ်ဆို… ညဘက်ထပြီး Pump လုပ်သင့်လား?” 😳

ဒီမေးခွန်းကို Pumping Mom တော်တော်များများ သိချင်ကြပါတယ်…

“အိပ်ရေးဝရင် နို့ထွက်ကောင်းတယ်”ဆိုတာလည်း ကြားဖူးတယ်…
“ညဘက် Pump မလုပ်ရင် နို့ထွက်ကျသွားမယ်”ဆိုတာလည်း ကြားဖူးတယ်…

ဒါဆို မေမေက ဘာလုပ်ရမလဲ? 🤯
အဖြေက👉 မေမေတိုင်း ညဘက်ထပြီး Pump လုပ်ဖို့ မလိုပါဘူး။

Breast Milk Production က Supply & Demand နဲ့ အဓိကဆက်စပ်ပါတယ်။ရင်သားထဲက နို့ကို ပုံမှန်နဲ့ ထိရောက်စွာ ဖယ်ရှားပေးနိုင်တာက Supply ထိန်းထားဖို့ အရေးကြီးပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း အိပ်ရေးမဝ၊ ပင်ပန်းနွမ်းနယ်ပြီး Stress များနေရင် မေမေ့ရဲ့ Breastfeeding/Pumping Journey ကို ပိုခက်ခဲစေနိုင်ပါတယ်။
ဒါကြောင့်…
❌ “ညဘက် Pump မလုပ်ရင် နို့ကျမယ်” လို့ အမြဲတမ်း မယူဆသင့်ပါဘူး။
❌ “အိပ်ရင် နို့ပိုထွက်မယ်ဆိုတော့ Pump မလုပ်တော့ဘူး” လို့လည်း မဆုံးဖြတ်သင့်ပါဘူး။

🍼 အရေးကြီးတာက “Balance” ပါ။
မေမေ့ရဲ့ Baby အသက်၊နို့ထွက်တည်ငြိမ်မှု၊Direct Breastfeeding လုပ်နေတာလား၊ Exclusive Pumping လုပ်နေတာလား၊တစ်နေ့တာ Milk Removal အကြိမ်ရေ ဘယ်လောက်ရှိလဲဆိုတာတွေက အရေးကြီးပါတယ်။

အထူးသဖြင့် နို့ထွက်တည်ဆောက်နေဆဲကာလ မှာ Milk Removal ကို အကြာကြီးကျော်သွားတာက Supply ကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မေမေတို့အနေနဲ့“ညဘက် မဖြစ်မနေ Pump လုပ်ရမလား?” ဆိုတာထက်👉 “ကိုယ့် Milk Supply ကို ထိန်းထားနိုင်ရင်း ကိုယ်တိုင်လည်း အနားယူနိုင်မယ့် Pumping Routine က ဘာလဲ?”ဆိုတာကို စဉ်းစားကြည့်သင့်ပါတယ် ❤️

Pumping Journey ဆိုတာနို့ပိုထွက်အောင် ကြိုးစားတာတစ်ခုတည်း မဟုတ်ပါဘူး။
မေမေ့ခန္ဓာကိုယ်၊ မေမေ့အိပ်စက်ချိန်နဲ့ မေမေ့နေ့စဉ်ဘဝကိုပါ Balance ဖြစ်အောင် စီမံတာ ပါ။ 🌷

“မေမေကောင်းကောင်းအနားယူတာလည်း ကလေးအတွက် မေမေ့ရဲ့ Care တစ်ခုပါပဲ။” 🤍

“နို့ထွက်ကောင်းတဲ့မေမေတိုင်း Suction အမြင့်ဆုံးနဲ့ Pump လုပ်ကြတာ မဟုတ်ပါဘူး” 🍼“ပိုပြင်းရင် နို့ပိုထွက်မယ်” လို့ မေမေတစ်ခ...
15/08/2026

“နို့ထွက်ကောင်းတဲ့မေမေတိုင်း Suction အမြင့်ဆုံးနဲ့ Pump လုပ်ကြတာ မဟုတ်ပါဘူး” 🍼

“ပိုပြင်းရင် နို့ပိုထွက်မယ်” လို့ မေမေတစ်ချို့က မှားယွင်းစွာထင်နေကြတာပါ

မေမေတို့ 🤍Breast Pump သုံးတဲ့အခါ Suction Level ကို အမြင့်ဆုံးတင်ထားတာ = နို့ပိုထွက်တာ လို့ တိုက်ရိုက်မဆိုနိုင်ပါဘူး။

တချို့မေမေတွေအတွက် Suction အရမ်းပြင်းသွားရင်
❌ နို့သီးခေါင်းနာကျင်နိုင်တယ်
❌ မသက်မသာဖြစ်နိုင်တယ်
❌ Pumping Session ကို ကြာကြာလုပ်ဖို့ ခက်နိုင်တယ်

အရေးကြီးတာက မေမေအတွက် သက်တောင့်သက်သာရှိပြီး နို့စီးဆင်းမှုကောင်းတဲ့ Suction Level ကို ရှာဖို့ ပါပဒ

မေမေတစ်ယောက်နဲ့တစ်ယောက် Ni**le Sensitivity, Milk Flow နဲ့ Pumping Response မတူကြတာကြောင့် ကိုယ့်အတွက်အဆင်ပြေတဲ့ Level က တခြားမေမေတွေနဲ့ မတူနိုင်ပါဘူးနော်

ဒါကြောင့် Breast Pump ရွေးတဲ့အခါ “Suction အမြင့်ဆုံး ဘယ်လောက်လဲ?” တစ်ခုတည်း မကြည့်ဘဲ—
✨ Suction Level ချိန်ညှိလို့ရလား
✨ Massage / Stimulation Mode ပါလား
✨ ကိုယ့် Ni**le Size နဲ့ Fl**ge Fit ဖြစ်လား
✨ Pump လုပ်တဲ့အချိန် သက်တောင့်သက်သာရှိလားဆိုတာတွေကိုပါ ထည့်စဉ်းစားဖို့လို့ပါတယ်

မေမေ့အတွက် အကောင်းဆုံး Pump ဆိုတာ အပြင်းဆုံး Pump မဟုတ်ပါဘူး။
✅မေမေ့ခန္ဓာကိုယ်နဲ့ အဆင်ပြေဆုံး Pump ပါ။ 🤍🍼

🍼❄️ “Milk Storage Bag ကို ဘာကြောင့် အပြည့်မဖြည့်သင့်တာလဲ?”Pumping လုပ်ပြီး နို့ထွက်လာပြီဆိုရင် “အိတ်တစ်အိတ်ထဲ များများထည...
14/08/2026

🍼❄️ “Milk Storage Bag ကို ဘာကြောင့် အပြည့်မဖြည့်သင့်တာလဲ?”

Pumping လုပ်ပြီး နို့ထွက်လာပြီဆိုရင် “အိတ်တစ်အိတ်ထဲ များများထည့်ထားရင် နေရာသက်သာမယ်” ဆိုပြီး အပြည့်ဖြည့်ချင်ကြပါတယ်။

ဒါပေမယ့် Frozen Breast Milk သိမ်းတဲ့အခါ Milk Storage Bag ကို သတ်မှတ်ထားတဲ့ Ml အထိမဖြည့်တာ ပိုကောင်းပါတယ်။ 👇

🧊 ဘာကြောင့်လဲ?

1️⃣ နို့က အေးခဲတဲ့အခါ Volume တိုးနိုင်လို့ပါ
ရေဓာတ်ပါဝင်တဲ့ မိခင်နို့ဟာ Freezer ထဲမှာ အေးခဲသွားတဲ့အခါ ချဲ့ထွင်နိုင်ပါတယ်။

အိတ်ကို အပြည့်ဖြည့်ထားရင်
❌ အိတ်ဖောင်းလာနိုင်တယ်
❌ Seal ပေါ်မှာ ဖိအားများနိုင်တယ်
❌ Leak ဖြစ်နိုင်တယ်
❌ အိတ်ပေါက်ပြီး နို့ဆုံးရှုံးနိုင်တယ်

2️⃣ အိတ်ကို ပြားပြားလေးသိမ်းရင် ပိုအဆင်ပြေပါတယ်
နို့ကို အိတ်ထဲမှာ အရမ်းပြည့်မနေအောင်ထားပြီး ပြားပြားလေး Freeze လုပ်ထားရင်—
❄️ Freezer ထဲမှာ နေရာသိမ်းရလွယ်
❄️ အထပ်လိုက်စီရလွယ်
❄️ နောက်ပိုင်း ပြန်ဖျော်ရလည်း ပိုလွယ်ပါတယ်။

💡 မေမေတို့အတွက် Tips

၂၀၀ ml = Bag ရဲ့ Maximum Capacity ဖြစ်တဲ့အတွက် ၂၀၀ ml အပြည့်ဖြည့်ဖို့ မလိုပါဘူး။ Frozen လုပ်မယ်ဆိုရင် နို့အေးခဲတဲ့အခါ ချဲ့နိုင်လို့ အပေါ်မှာ နေရာလွတ်ချန်ထားတာ ပိုသင့်တော်ပါတယ်။

✨ Frozen Milk အတွက်တော့ အိတ်ကို အပြည့်ကျပ်ကျပ် မဖြည့်တာ ကောင်းပါတယ်။

ဥပမာ—200 ml အိတ်အတွက်ဆိုရင်
🍼 150 ml → အဆင်ပြေတဲ့ပမာဏ
🍼 180 ml → Bag ရဲ့ fill line ကိုစစ်ပြီး သင့်တော်နိုင်
⚠️ 200 ml အပြည့် → Frozen လုပ်မယ်ဆိုရင် မသင့်တော်နိုင်
အရေးကြီးတာက bag ပေါ်က manufacturer ရဲ့ maximum/fill line ကို ဦးစားပေးလိုက်နာပါ။

200 ml လို့ရေးထားတာက အိတ်ရဲ့ capacity ဖြစ်ပြီး “အမြဲတမ်း 200 ml အပြည့်ထည့်ရမယ်” လို့ မဆိုလိုပါဘူး။

Note: နို့သိမ်းအိတ်က ml အတိုင်းနဲ့ နို့ဘူးက ml အတိုင်းတွေကမတူပါဖူးနော်။ နို့ဘူးနဲ့ တိုင်းတဲ့ ml အတိုင်းက မှန်ကန်တာဖြစ်လို့ နို့ဘူးနဲ့ ml အတိုင်းနှင့်ချိန်ထည့်ပြီး နို့သိမ်းအိတ်ကို ပြောင်းထည့်ပေးပြီး ml အတိုင်းကို စာရင်းမှတ်ပေးပါ

👉 “နို့တစ်စက်မှ မဆုံးရှုံးချင်လို့ အပြည့်ဖြည့်တာ… ပြန်ပြီး နို့ဆုံးရှုံးစေနိုင်တယ်” ဆိုတာ မေမေတို့ သိထားသင့်တဲ့ Pumping Tip လေးကိုမျှဝေပေးလိုက်ပါတယ် 🍼❄️

OllieBoo ရဲ့ milk storage bag လေးက 200 ml maximum capacity ရှိတာမလို့ များများstore ချင်တဲ့ မေမေအတွက်ကွက်တိ 🍼

“ကလေးငိုလာမှ နို့ဆာတာလို့ ထင်နေတုန်းလား? 👀”တကယ်တော့…ကလေးငိုတာက Hunger Cue ရဲ့ “နောက်ဆုံးအဆင့်” ဖြစ်နိုင်ပါတယ်။ 🥺ကလေးက နိ...
13/08/2026

“ကလေးငိုလာမှ နို့ဆာတာလို့ ထင်နေတုန်းလား? 👀”
တကယ်တော့…ကလေးငိုတာက Hunger Cue ရဲ့ “နောက်ဆုံးအဆင့်” ဖြစ်နိုင်ပါတယ်။ 🥺

ကလေးက နို့ဆာလာပြီဆိုရင် ငိုမလာခင်ကတည်းက မေမေတို့ကို အချက်ပြနေတတ်ပါတယ်။

🍼 ကလေးနို့ဆာလာပြီဆိုတဲ့ Early Hunger Cues

👀 မျက်လုံးလှုပ်ရှားလာတယ်
အိပ်နေရင်း မျက်လုံးဖွင့်ဖွင့်ကြည့်လာတာ၊ ပတ်ဝန်းကျင်ကိုရှာလာတာမျိုး။

👄 ပါးစပ်လေးဟပြီး ပိတ်လိုက်ဖွင့်လိုက်လုပ်တယ်
နှုတ်ခမ်းလေးစုပ်တာ၊ လျှာထုတ်တာ၊ နို့စို့ချင်သလို mouth movement လုပ်တာတွေရှိနိုင်ပါတယ်။

👅 လက်ချောင်းလေးတွေ စုပ်လာတယ်
လက်ကို ပါးစပ်နားယူလာတာ၊ လက်ချောင်းစုပ်တာကလည်း Hunger Cue တစ်ခု ဖြစ်နိုင်ပါတယ်။

🤱 ရင်ဘတ်ဘက်ကို ခေါင်းလှည့်ရှာလာတယ်�မေမေရဲ့ရင်ဘတ်ကို မျက်နှာလှည့်ပြီး ရှာတဲ့ပုံစံမျိုးကို Rooting လို့ခေါ်ပါတယ်။

😣 လှုပ်ရှားမှုများလာတယ်
အိပ်နေရာက မငြိမ်မသက်ဖြစ်လာတာ၊ လက်ခြေတွေ လှုပ်ရှားလာတာမျိုးပါ။

😭 ငိုလာပြီဆိုရင်?
အဲဒါက Hunger Cue ရဲ့ Late Sign ဖြစ်နိုင်ပါတယ်။

ကလေးအရမ်းဆာပြီး ငိုနေတဲ့အချိန်မှာစိတ်လှုပ်ရှားမှုများနေလို့ နို့စို့ဖို့အတွက် Latch လုပ်ရတာတောင် ပိုခက်နိုင်ပါတယ်။

ဒါကြောင့်“ငိုမှ နို့တိုက်မယ်” ဆိုတာထက် ကလေးရဲ့ Early Hunger Cues လေးတွေကို သတိထားကြည့်ပေးတာ ပိုကောင်းပါတယ်။ ❤️

ဒါဆို… “ကလေးနို့ဝပြီ” ဆိုတာရော ဘယ်လိုသိမလဲ? 🤔

ကလေးတိုင်း မတူနိုင်ပေမယ့်—
😌 ကိုယ်လက်တွေ ပိုပြီး relaxed ဖြစ်လာတယ်
👄 နို့စို့တာ နှေးလာတယ် / ရပ်လာတယ်
🤱 ရင်ဘတ်ကို ကိုယ်တိုင်လွှတ်လာတယ်
😴 ကျေနပ်ပြီး အေးအေးဆေးဆေးဖြစ်လာတယ်
🙈 နို့ကို ဆက်မရှာတော့ဘူး
စတဲ့ Satiety Cues တွေကို တွေ့ရနိုင်ပါတယ်။

အရေးကြီးတာက… နို့ဘူးထဲမှာ ဘယ်လောက်ကျန်လဲဆိုတာနဲ့ ကလေးနို့ဝ/မဝကို မဆုံးဖြတ်သင့်ပါဘူး။

Breastfeeding မှာတော့ကလေးရဲ့ အပြုအမူ + ဆီးသွားအကြိမ်ရေ + ကိုယ်အလေးချိန်တိုးတက်မှု + feeding pattern စတာတွေကို အတူတကွကြည့်ရပါတယ်။

💗 မေမေတို့အတွက် မှတ်ထားစရာလေး
ကလေးက “နို့ဆာတယ်” လို့ စကားနဲ့မပြောနိုင်သေးပေမယ့်သူ့ခန္ဓာကိုယ်နဲ့ အပြုအမူတွေကနေ အရင်ပြောနေပါတယ်။
မေမေက အဲဒီ Signal လေးတွေကို တဖြည်းဖြည်းနားလည်လာတာနဲ့“ဘာဖြစ်လို့ ငိုတာလဲ?” ဆိုတာထက်“နို့ဆာလာတာလား?” ဆိုပြီး စောစောသိလာနိုင်ပါတယ်။ 🥰

ပြီးတော့ Pumping လုပ်တဲ့မေမေတွေအတွက်လည်းကလေးရဲ့ feeding pattern ကို နားလည်ထားတာက ကိုယ့်ရဲ့ pumping routine ကို စီမံတဲ့အခါ အထောက်အကူဖြစ်စေပါတယ်။

မေမေ + ကလေးရဲ့ rhythm ကို နားလည်လာတာကPumping Journey မှာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ 🤍


Address

Myaung Mya Street
Yangon
NO(5)

Telephone

+959443203086

Website

Alerts

Be the first to know and let us send you an email when OllieBoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to OllieBoo:

Shortcuts

Share