VAN online shop

VAN online shop Cloths, shoes, bags , Cosmetics

Coffee Scrub .. လိုက်ရှာနေတယ်ဆိုရင်တော့  Aw Le ကို သတိရလိုက်ပါ ☺️🌱Aw Le Coffee Scrubလေးက စိုပြေလှပတဲ့ အသားအရေအတွက် အထောက...
07/11/2022

Coffee Scrub .. လိုက်ရှာနေတယ်ဆိုရင်တော့ Aw Le ကို သတိရလိုက်ပါ ☺️

🌱Aw Le Coffee Scrubလေးက စိုပြေလှပတဲ့ အသားအရေအတွက် အထောက်အကူဖြစ်စေတဲ့ organic ingredientsတွေနဲ့ပဲ ပေါင်းစပ်ထုတ်လုပ်ထားပြီး chemical freeဖြစ်လို့ ဘယ်အသားအရေမဆို ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

🌱ရိုးရိုး Coffee Scrubနဲ့ Lavender အဆီပါဝင်တဲ့ Coffee Scrub ဆိုပြီး ၂မျိုးရွေးချယ် ဝယ်ယူလို့ ရပါတယ်နော်. ပါဝင်တဲ့ ingredientsတိုင်းက ပြည်ပမှတင်သွင်းထားတဲ့ qualityစိတ်ချရတဲ့ ကုန်ကြမ်းတွေကိုပဲ အသုံးပြုထားပါတယ်

🌱ခရီးတွေသွားလို့ ညစ်ညမ်းနေတဲ့ အသားအရေတွေ၊ နေပူထဲသွားလာတာများလို့နေလောင်ထားတဲ့အသားအရေတွေ၊ အသားအရောင်မညီတဲ့သူတွေ၊ အမာရွတ်ရာတွေနဲ့ bodyအဆီထစ်အဆီခဲလျော့ချလိုသူတွေအတွက် Aw Le Coffee Scrubလေး ပုံမှန်အသုံးပြုချင်းဖြင့် သိသာထူးခြားတဲ့ ရလဒ်လေးတွေ ရရှိနိုင်ပါတယ်ရှင့်

🌱တပတ်မှာ အများဆုံး ၃ကြိမ်လောက် အထိ အသုံးပြုလို့ ရပါတယ်နော်.

🌱Scrubလေးအသုံးပြုပြီးရင် moisturzerများများပါတဲ့ lotionလေးလိမ်းပေးဖို့မမေ့ကြနဲ့နော်🥰

✨Aw Le Coffee Scrub✨
▪️Price : 5,000 kyats/ 7,000 Kyats (with Lavender oil)
▪️360g

19/09/2022

Van online shop မှာ Mamonde က ပစ္စည်းတွေ ထပ်မရနိုင်တော့ပါဘူးရှင့်။
အဆင်မပြေမှုများအတွက် တောင်းပန်ပါတယ်ရှင့်။

25/07/2022

သေသူမှာ အသက်ရှူရပ်၍
ရှင်သူမှာ အသက်ရှူကျပ်လျက်

# ဆရာ အောင်သင်း

🌸Double & Zero - Double Effect Foot Peeling Mask🌸 Price : 5000ks 💛အတော်များများ ဂရုစိုက်ဖို့ မေ့လျော့နေကြတဲ့ ခြေထောက်လေး...
15/07/2022

🌸Double & Zero - Double Effect Foot Peeling Mask🌸

Price : 5000ks

💛အတော်များများ ဂရုစိုက်ဖို့ မေ့လျော့နေကြတဲ့ ခြေထောက်လေးတစုံအတွက် ဘယ်လို ဖိနပ်လေးကိုပဲ စီးစီး သန့်ပြီး လှနေစေဖို့ ခြေထောက်လေးတွေကိုလဲ Peeling လုပ်ပြီး Mask လေး ကပ်ကြမယ်နော်

💛Feeling Effect ရော Foot Mask အာနိသင်ပါ Double ရတာမို့ အရမ်းကိုကောင်းပါတယ် ။ သုံးရတာလဲ လွယ်ကူတယ် You tube မှာလဲ Feedback တွေ အရမ်းကောင်းတာမို့စမ်းသုံးမယ် ဆိုရင်လဲ အဆင်ပြေပါတယ်

💛Korea brand Korea product လေးမို့ ပေးရတဲ့ စျေးနဲ့ ပြန်ရတဲ့ အရည်သွေးက အရမ်းကို တန်ပါတယ်နော်

💛peeling mask လေး တစ်လကို တစ်ခါလောက် သုံးပေးပြီး ကျန်တဲ့ ရက်လေးတွေအတွက် ❗ Foot scrub 🦶လေးနဲ့သာတွဲသုံးပြီး ဂရုစိုက်မယ်ဆိုရင် အပြစ်ဆိုစရာမရှိအောင်လှပတဲ့ ခြေထောက်ပိုင်ရှင်လေးတွေ ဖြစ်တော့မှာနော်

🦶ဘာတွေပါလဲ❓

🍋 Fruit Acid complex အဓိက အသုံးပြုထားပြီး lemon extract 10000ppm ပါဝင်တာမို့ သဘာဝအသီးတွေကရတဲ့ Mild Acid ဖြစ်တဲ့ 👉AHA ကိုသာ အခြေခံအသုံးပြုထားတာမို့ Side Effect မရှိပဲ အရမ်းကို အဆင်ပြေပါတယ်....

👉AHA ရဲ့ အဓိက လုပ်ဆောင်ချက်က ခြေထောက်မှာရှိတဲ့ အပေါ်ယံလွှာက Dead Cell တွေကို ဖယ်ရှားပေးပါတယ် ...

How To Use❓
**************
သေချာလေး ဖတ်ပေးပါနော်👇

➖ သူက အထဲမှာ ခြေအိတ်လို အဖြူရောင်အစွပ်လေး 2ခု ပါပါတယ် ....
➖ အဲ့ဒါကို သန့်စင်ထားတဲ့ ခြေထောက်နှစ်ဘက်မှာ အချိန်စမှတ်ပြီး ⏰ 60 - 90 မိနစ် ⏰ အထိ စွပ်ထားပေးရမှာပါ ....
‼️ ကျွတ်ကျမသွားအောင် တော့ သေချာလေး ငြိမ်ငြိမ် ထိုင်နေပေးနော်....

⚠️ တစ်ထုပ်ကို တစ်ခါသုံးပါ ⚠️

❗️မိနစ် 90 ထက် လုံးဝ အချိန်ပိုပြီးမစွပ်သင့်ပါဘူနော် ... Mask တွေ အကုန်လုံးက လိုအပ်တဲ့အချိန်ထက်ပိုပြီး ထားရင် ဘာမှပိုထားတဲ့အကျိုးရလဒ် မရှိတာမို့ သေချာလေး အချိန်ကိုဂရုစိုက်ပေးနော်...

⚠️ Foot Peeling Scrub လုပ်ပြီးတဲ့ 3-7 ရက်လောက်ကနေစပြီး ခြေထောက်က Dead Cell လေးတွေ ဖြည်းဖြည်းချင်းပုံထဲမှာ ပြထားသလို ကွာလာပါလိမ့်မယ် အဲ့ဒီအခါ အရမ်းဆွဲ ခွာတာမျိုးကိုမလုပ်ပဲ ရေချိုးရင်းနဲ့ ဖြစ်စေ ရေဇလုံလေးထဲ ထည့်ပြီးဖြစ်စေ ခြေထောက်တိုက်တဲ့ ကျောက်တုံး အသေးလေးနဲ့ ဒါမမဟုတ်လဲ Brush အနုလေးနဲ့ ဖွဖွလေးတိုက်ပေးပါနော်



15/07/2022


Cosmetics တွေအပြင် အိတ်လေးတွေပါ အားပေးနိုင်ပါတယ်နော် 😍 👉ဘာယူယူ 26000ks ပါရှင့်
22/06/2022

Cosmetics တွေအပြင် အိတ်လေးတွေပါ အားပေးနိုင်ပါတယ်နော် 😍
👉ဘာယူယူ 26000ks ပါရှင့်

ပန်းပင်ကြားထဲ ရောက်နေတဲ့ သူတို့လေးတွေ ... 😁
21/06/2022

ပန်းပင်ကြားထဲ ရောက်နေတဲ့ သူတို့လေးတွေ ... 😁

17/06/2022

Mise-en scene Perfect serum Shampoo🧡 680ml

Price: 17500 ks

ခေါင်းလျှော်ပြီးသုံးရက်လောက်ထိပုံကျကျလေးလှချင်သူတွေအတွက်😛

သဘာဝဆေးဖက်၀င် အဆီအနှစ် ၇မျိုးနဲ့ ပြုလုပ်ထားပြီးဆံသားကို တောက်ပအိဖက်ပီးအကောင်းဆုံး ပုံသွင်းပေးနိုင်မယ့်အပြင်ဆံသားပျက်စီး ကျွတ်ထွက်ခြင်း ဆံသားကြေခြင်း ကာကွယ်ပေးနိုင်ပါတယ်✅

ဆံသားအဆီကို ထိန်းပေးတဲ့ အပြင် ဆံသားတွက်
လိုအပ်တဲ့ အာဟာရကိုပါ ဖြည့်ပေးပါတယ်🥥🥥


💚JM Solution Eye Patch💚Price: 16500 ksဖုန်းတွေ အရမ်းသုံးပြီး အိပ်ရေတွေ ပျက်နေလား? screen timeတအားများရင် မျက်လုံးကျန်းမာ...
11/05/2022

💚JM Solution Eye Patch💚

Price: 16500 ks

ဖုန်းတွေ အရမ်းသုံးပြီး အိပ်ရေတွေ ပျက်နေလား?
screen timeတအားများရင် မျက်လုံးကျန်းမာရေးသာမက
မျက်လုံးအောက်ကိုလည်း အရေးအကြောင်းနဲ့ မျက်အိတ်ဖောင်းတာတွေ ဖြစ်စေပါတယ်။
အဲ့လို့ မျက်အိတ်ဖောင်းတာတွေက ရှိရင်းစွဲ အသက်ထက် ပိုကြီးတယ်ထင်စေရလို့
eyecream သို့ eye patchလေးတွေ ကပ်ပေးမှ အဆင်ပြေမယ်နော် ..

အခု JM solution pearl eye patchလေးက
hyaluronic acid ပါလို့
👉မျက်ဝန်းတဝိုက် အသားအရေကိုရေဓာတ်ဖြည့်ပေးတဲ့ အပြင်အရေးကြောင်းပါ သက်သာစေပါတယ်။

👉မျက်ဝန်းအပြင် အရေးအကြောင်းဖြစ်နေတဲ့နေရာနဲ့ smile line ဖြစ်ပေါ်နေတဲ့နေရာတွေပါ ကပ်လို့ရပါတယ်နော်

ပင်လယ်ရေအောက်ကနေ ရရှိလာတဲ့ သဘာဝနဲ့ ဓါတ်သတ္တုတွေ အမျိုးပေါင်း (၇၀) ကျော်ပါဝင်ပြီး
မျက်လုံးအောက်ကို ကပ်လိုက်တဲ့ တခဏအတွင်းမှာ ရေဓါတ်ကို ဖြည့်ပေးတာမို့ မျက်လုံးကို အေးမြကြည်လင်စေပါတယ်။

အသားအရေကို moisturizing and brightening effect လည်းပေးပါတယ်။ နေ့စဉ် ကွန်ပျူတာကြည့် ဖုန်းကြည့်ပြီးအလုပ်လုပ်နေသူတွေအတွက် အထူးသုံးသင့်တဲ့ eye patch လေးပါ

How to use...
ညဘက် မျက်နှာသစ်ပြီး skincare stepအားလုံးပြီးတဲ့နောက်
ဘူးထဲ ဇွန်းလေးနဲ့ ယူပြီး တဖက်တခုစီကပ်ပေးပါ။
Dailyလည်း ရသလို
တပတ် ၂ကြိမ် သို့ ၃ကြိမ်လည်း ရပါတယ်
၁၀ သို့ ၁၅မိနစ်ခန့်ကပ်ပြီးရင်တော့ ခွာပြီး အိပ်လို့ရပါပြီ



09/05/2022

Spf များမှ နေရောင်ဒဏ်ကို ပိုကာကွယ်ပေးနိုင်တာလား
Does a high Spf protect skin better?

sunscreen တွေလိမ်းကြတဲ့အခါ spf(Sun Protection Factor) ပမာဏကို ပိုအဓိကထားကြည့်ပြီး ဝယ်ကြတာများတယ်။ Daily အတွက်ဆို Spf 30 ကနေစဝယ်သုံးကြပြီး စျေးကွက်ထဲမှာလဲ Spf30 , Spf50 ပါတဲ့ sunscreen တွေက ပိုများပါတယ်။

spf ကတော့ UV rays တွေထဲမှာမှ အပေါ်ယံအရေပြားလွှာကို burn ဖြစ်စေနိုင်တဲ့ UVB rays တွေကနေ ဘယ်လောက်ထိ protect လုပ်ပေးနိုင်လဲဆိုတာကို ဖော်ပြပေးတာဖြစ်ပါတယ်။ ဒီမှာ စပြီး ဇဝေဇဝါဖြစ်တတ်ကြတာက spf ပမာဏများမှ စိတ်ချရမှာလား ၊ spf နဲရင် နေရောင်တကယ်ကာပါ့မလား ၊ စတဲ့ သို့လောသို့လောတွေပါပဲ။

Spf 30 နဲ့ 50 ဆိုပြီး ကြည့်လိုက်ရင် ကြားမှာ unit 20 လောက်ကွာဟနေပေမယ့် တကယ်တမ်း UV protection % မှာတော့
Spf 30 - 97%
Spf 50 - 98% မျှသာ ကွာတာဖြစ်ပါတယ်။

တကယ်ပိုကွာသွားတာက UV rays တွေကို ဘယ်လောက်ကြာကြာ block လုပ်ထားပေးနိုင်လဲဆိုတာပါ။
Spf 30 × 10 = 300mins (5hrs)
Spf 50 × 10 = 500mins (8hrs ဝန်းကျင်)

ဒါဆို spf 30 ပါတဲ့ sunscreen လိမ်းထားပြီးရင် 5hrs ကြာတဲ့ထိ ပြန်လိမ်းနေစရာမလိုဘူးလား ၊ spf 50 ဆို 8hrs ထိ အေးဆေးပဲပေါ့ အ့လိုလား ?
နေပူထဲ တစ်နေကုန်သွားနေရမယ် ၊ ချွေးထွက်မယ် ၊ မျက်နှာကို လက်နဲ့ ဖြစ်ဖြစ် ပွတ်တိုက်မိတာတွေရှိမယ် ၊ အဆီ​ပြန်လို့ ပျက်တာတွေရှိမယ်ဆိုရင်တော့ သူပြောထားတဲ့ hrs တွေအတိုင်း UV rays တွေကို block လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့် ဘယ်လောက် spf ပမာဏကိုပဲ လိမ်းလိမ်း sun exposure များတဲ့နေရာ သွားရမယ်ဆိုရင် 2hrs ခြားတစ်ခါ reapply လုပ်ပေးဖို့ လိုပါတယ်။

နောက်တစ်ခုက sunscreen လိမ်းတဲ့အခါလဲ ထိရောက်တဲ့ ကာကွယ်မှု ရနိုင်ဖို့ ပမာဏကို ချိန်ဆလိမ်းဖို့ လိုပါတယ်။
ပဲစိလောက်လေး တစ်တို့နှစ်တို့လိမ်းလို့မရတာ sunscreen ပါပဲ။ နိုနိုကတော့ 2fingers method နဲ့ လက်နှစ်ချောင်းစာ အရင်ညှစ်ယူပြီး မျက်နှာပေါ် နဲနဲချင်းစီတင် layer တစ်ထပ်ပြီးတစ်ထပ် build upလုပ်ပြီး သေချာညီအောင် လိမ်းပေးဖြစ်ပါတယ်။

ဆိုတော့ ​topic ကို ပြန်သွားရရင် spf များမှ မများမှ ဆိုတာထက် လိမ်းပုံလိမ်းနည်းနဲ့ reapply ပြန်လုပ်မလုပ်ကသာ ပိုအရေးကြီးပါတယ်။ Spf 30 ပဲ လိမ်းပေမယ့် လုံလောက်တဲ့ ပမာဏပြည့်အောင်လိမ်းတယ် ၊ reapply လဲ ပြန်လုပ်တယ်ဆိုတဲ့သူက Spf 50 ကို တစ်တို့နှစ်တို့လိမ်းတဲ့သူထက်တော့ ပိုပြီး ထိရောက်တဲ့ ကာကွယ်မှုရမှာ ဖြစ်ပါတယ်။

Sunscreen လိမ်းထားတယ်ဆိုပြီး sunscreen အားကိုးနဲ့ နေပူထဲ လသာ ၊ ဘဲဘဲနဲ့ နှစ်ယောက်ထဲကမ္ဘာလုပ်နေရင်လဲ မရဘူးနော်။ မမဲပြာဘဝကို နေ့ချင်းညချင်းရောက်မယ်မှတ် 😆

ဘယ်လိုပဲ sunscreen လိမ်းထားထား နေပူထဲသွားတဲ့အခါ ထီး၊ ဦးထုပ် ဆောင်းပါ ၊ နေရောင်ကာနိုင်မယ့် အဝတ်အစားလေးတွေ ဝတ်ပါ ဒါမှမဟုတ်လဲ နေရောင်တိုက်ရိုက်မထိဖို့ အင်္ကျီလက်ရှည် ဘောင်းဘီရှည်မျိုးလေးတွေ ရွေးဝတ်ပါ။ တတ်နိုင်သမျှ အရိပ်ရတဲ့နေရာကနေသွားပါ။

ဒါဆို ဒီ post ကလဲ အားလုံးအတွက် အထောက်အကူတစ်ခုခုရမယ်လို့ မျှော်လင့်ပါတယ်။

Address

No. 36, Train Station Campus, BOC Bus-stop, Insein Tsp
Yangon
11011

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 09:00 - 21:00

Telephone

+959788335176

Website

Alerts

Be the first to know and let us send you an email when VAN online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to VAN online shop:

Share

Category