18/06/2025
မသောက်ချင်ရင် ဒါတွေကို သေချာပေါက် စားသုံးပေးဖို့လိုအပ်ပါတယ်နော်ချစ်တို့ရေ 🥝🍓🍎🍉🍇
အသက်ကြီးလာရင် အရေးကြောင်းတွေ ဖြစ်လာတာက ခန္ဓာကိုယ်မှာရှိတဲ့ collagenတွေ နည်းလာလို့ပဲဖြစ်ပါတယ်
အဲတာကြောင့်အခုခေတ်မှာ collagen supplyment အနေနဲ့ သောက်ဆေးတို့ စားဆေးတွေ အရမ်းကို ခေတ်စားလာပြီးတော့ လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိတဲ့ supplyment productထဲက တစ်မျိုးပဲဖြစ်ပါတယ်
အဲလို supplyment တွေမသောက်ခင်အစားအစာတွေကို စားပြီး collagenတွေကို မြှင့်တင်ပေးကြမယ်နော်
1.ကြက်သား 🍗
- ကြက်သားမှာ များစွာသော proteinဓါတ်တွေနှင့် amino acidတွေ များစွာပါဝင်ပါတယ်။ Amino Acidက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ collagen ထုတ်ပေးတာမို့လို့ ကြက်အရေခွံတို့ ကြက်သားတို့ကို စားပေးဖို့ မမေ့ပါနဲ့နော်
2. Citrus Fruits 🍋🍊
-Vitamin Cကလည်း collagenကို အများအပြားထုတ်ပေးနိုင်တာမို့လို့ vitamin Cဓါတ် ကြွယ်ဝတဲ့ လိမ္မော်သီး၊ သံပုရာသီးတို့ကို အရည်ဖျော်သောက်တာဖြစ်ဖြစ်၊ smoothieလုပ်ပြီး သောက်ပေးပါ
3. ပဲများ🫘🫘
- ပဲတွေမှာ သံဓါတ်နှင့် Vitamin C အများကြီး ပါဝင်တာမို့လို့ Collagenထုတ်တာကို အားပေးပါတယ်
4.အစိမ်းရောင် အရွက်များ 🥦🫑🥬
- အစိမ်းရောင် အရွက်တွေမှာ ပါဝင်တဲ့ chlorophyllဟာ collagenတွေကို ထုတ်ပေးတဲ့ antioxidantတွေပါဝင်တာမို့လို့ များများစားပေးဖို့ လိုအပ်ပါတယ်နော်။ ကန်စွန်းရွက်၊ ဟင်းနုနွယ်တို့၊ ဆလပ်ရွက်တွေကို ပြုတ်စားတာဖြစ်ဖြစ်၊ သုပ်စားတာဖြစ်ဖြစ် စားတာက အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါတယ်
5.အသားနံရိုး 🍖🍖
- ကြက်နှင့် အမဲနံရိုးတွေဟာ collagen foodလို့တောင် ခေါ်ကြပြီး collagenဓါတ်တွေ ကြွယ်ဝလွန်းလှပါတယ်။
Veganတွေကတော့ ဒါကို စားလို့မရဘူးဆိုရင်တောင် အသီးအရွက်တွေကို စားပြီး collagenကို မြှင့်တင်ပေးလို့ ရပါတယ်နော် 💚
💗 Skincareရတာ စိတ်ဝင်စားတဲ့သူတွေအတွက် အခြား စိတ်ဝင်စားစရာကောင်းတဲ့ contentလေးတွေ တင်ပေးဦးမှာမို့လို့ page ကို like & followလေး လုပ်ထားကြပါဦးနော် 💗