04/07/2026
မေမေတို့ရေ… မီးမီးလေးတို့တင်မကဘဲ မေမေတို့ပါ တွဲပြီး လှလို့ရအောင် Hey Kiddo ကနေ အထူးရွေးချယ်ပေးထားတဲ့ "Chubby Mommy Collection" ဝတ်စုံလှလှလေးတွေ လာပါပြီရှင်… 🥰တစ်တုတ်မီးမီးတို့တုန်းကလိုမျိုး ဗိုက်လေးတွေ ပေါင်လေးတွေ ချောင်ချိနေဖို့အတွက် Customize အပ်ချုပ်ခိုင်းနေစရာ မလိုတော့တာမို့ ကိုယ်တိုင်လည်း အပြင်မှာ စမ်းဝတ်ကြည့်ပြီး အကြိုက်တွေ့လွန်းလို့ ချုပ်ရုံတိုက်ရိုက်ကနေ မေမေတို့အတွက်ပါ အရည်အသွေးတူတူ၊ ဈေးနှုန်းသက်သက်သာသာနဲ့ ပြန်လည်ရောင်းချချင်ပါတယ်ရှင်… ✨
ဒီတစ်ခေါက်မှာ မေမေတို့ စိတ်ကြိုက်ရွေးလို့ရမယ့် ဒီဇိုင်း (၃) မျိုးကတော့ -
👗 ပုံစံ (၁) - အင်းလေးချည်ပေါင်းသား လက်စက ဘီရှည် ဝမ်းဆက်
💰 စျေးနှုန်း - ၂၆,၅၀၀ ကျပ်
အသားအိစိမ့်နေပြီး ပူအိုက်တာမျိုး လုံးဝမရှိတဲ့ အင်းလေးချည်ပေါင်းသားစစ်စစ်…
Free Size (ပေါင် ၁၃၀ မှ ၁၇၀ ထိ) ဂျိုင်းကျပ်၊ တင်ကျပ်မှာ စိုးရိမ်စရာမလိုဘဲ ဝတ်လိုက်ရင် ကိုယ်လုံးလေးကို ပိန်သယောင် ဖြစ်စေမယ့် ရေကူးဒေါက်လေးထည့်ထားတဲ့ Cutting မျိုးပါ…
အိမ်မှာနေရင်းပဲဝတ်ဝတ်၊ အပြင်ထသွားထလာပဲဖြစ်ဖြစ် အဆင်ပြေတဲ့ ပြောင်အရောင်စုံ ရိုးရိုးရှင်းရှင်းဒီဇိုင်းလေး…
🧸 ပုံစံ (၂) - ဝါးချည်အခြစ်သားအမြင့်လိုင်း ကာတွန်းချစ်စရာ လက်ရှည် ဘီရှည် ဝမ်းဆက်
💰 စျေးနှုန်း - ၂၃,၅၀၀ ကျပ်
ဝါးချည်သား အမြင့်လိုင်းမို့ အသားက အိစက်ညက်ညောပြီး အရမ်းအေးမြပါတယ်..
ချစ်စရာ ကာတွန်းရုပ်လေးတွေနဲ့မို့ မေမေတို့ကို နုပျိုပြီး စိတ်အပန်းပြေစေမှာပါ..
မိုးရာသီနဲ့အလိုက်ဖက်ဆုံးဖြစ်သလို အဲကွန်းခန်းထဲမှာပဲဖြစ်ဖြစ်၊ ညဘက် ဘေဘီလေးတွေနဲ့ အတူအိပ်တဲ့အခါ သက်သောင့်သက်သာနဲ့ အေးအေးချမ်းချမ်း အိပ်စက်ဖို့ အကောင်းဆုံးပါပဲနော်…
👖 ပုံစံ (၃) - စပန့် ဂျင်းသားမှိုတက်အဆင် လက်တို ဘီရှည် ချစ်စရာပုံစံ ဝမ်းဆက်
💰 စျေးနှုန်း - ၂၁,၀၀၀ ကျပ်
စပန့်သားမို့ ပေါ့ပေါ့ပါးပါးနဲ့ လှုပ်ရှားရတာ အရမ်းသွက်လက်ပြီး ဂျင်းမှိုတက်ဒီဇိုင်းလေးကလဲ ပုံထဲကထက်အပြင်မှာ ပိုလွင်ပြီး ပိုလှပါတယ်ရှင်…
ဂျင်းသားစတိုင် ဖက်ရှင်ဒီဇိုင်းဖြစ်လို့ ပုံမှန်ညဝတ်အင်္ကျီထက် ပိုပြီး စမတ်ကျပြီး ချစ်စရာကောင်းနေမှာပါ။
အိမ်မှာ ကလေးထိန်းရင်းဖြစ်ဖြစ်၊ အပြင်ခဏတဖြုတ် ဈေးဝယ်ထွက်တာ/ပါဆယ်ယူတာ မျိုးတွေအတွက်ပါ ဝတ်လို့ အရမ်းအဆင်ပြေပါတယ်…
မေမေကိုယ်တိုင်က ဘယ်လောက်တောင် Shopping Spree ဖြစ်လဲဆိုတာ ရင်းနှီးတဲ့သူတွေအားလုံး သိကြမှာပါ… ဈေးဝယ်ရတာ အရမ်းဝါသနာပါပြီး သေချာရွေးဝယ်တတ်တဲ့ ကိုယ်တိုင်က အပြင်မှာ စမ်းဝတ်ကြည့်ပြီးမှ စိတ်ကြိုက်ရွေးချယ်ထားတာမို့လို့ မေမေတို့အတွက် လုံးဝ စိတ်ချရပါတယ်လို့ အာမခံပါတယ်နော်… ✨
ပုံထဲမှာ အဆင်လေးတွေအကုန်ပြပေးထားတာမို့ အကြိုက်တွေ့ပြီဆိုတာနဲ့ cb ကိုလာခဲ့လိုက်ပါတော့မေမေတို့ရေ…
#အင်းလေးချည်ပေါင်း #ဝါးချည်သားဝမ်းဆက် #စပန့်ဂျင်းသားစတိုင် #ထသွားထလာဝမ်းဆက်
'Style & Comfort for Every Curvy Mommy' ✨