AMARA Fashion

AMARA Fashion မိမိကိုယ်ကိုယ်ချစ်ရင်စာဖတ်ပါ

🥳 ကံထူးရှင် (၂) ဦး ထွက်ပေါ်လာပါပြီ 🎉​အားလုံးပဲ မင်္ဂလာညချမ်းပါရှင်။ ✨ကျွန်မတို့ Amara Page ရဲ့ ကံစမ်းမဲအစီအစဉ်မှာ ပါဝင်က...
11/02/2026

🥳 ကံထူးရှင် (၂) ဦး ထွက်ပေါ်လာပါပြီ 🎉
​အားလုံးပဲ မင်္ဂလာညချမ်းပါရှင်။ ✨

ကျွန်မတို့ Amara Page ရဲ့ ကံစမ်းမဲအစီအစဉ်မှာ
ပါဝင်ကံစမ်းပေးခဲ့ကြတဲ့သူတွေထဲက စောင့်မျှော်နေကြတဲ့ ကံထူးရှင် (၂) ဦး ထွက်ပေါ်လို့လာပါပြီ။

​ဒီနေ့ရဲ့ ကံအကောင်းဆုံး ကံထူးရှင်
လေးတွေကတော့... 🎊

​🥇 Pi Si Lay(Acc ပိုင်ရှင်)
🥈 Yoon May Kha (Acc ပိုင်ရှင်)
​တို့ပဲ ဖြစ်ပါတယ်။ Congratulations ပါရှင်! 👏

​ကံထူးရှင် ညီမလေးနှစ်ယောက်အနေနဲ့ ဆုလက်ဆောင် Kpay 8,000/- စီကို ထုတ်ယူနိုင်ဖို့အတွက် Amara Page ရဲ့ Messenger (Chat Box) or Comment မှာ လာရောက်ဆက်သွယ်ပေးကြပါနော်။ 📩

​ဒီတစ်ခေါက် ကံထူးခွင့်မရလိုက်တဲ့ သူလေးတွေလည်း နောက်နောင် အစီအစဉ်တွေမှာ ကံထူးနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

အားလုံးကို💕 ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ ❄️✨

📢မင်မင်တို့ရဲ့ ကံစမ်းမဲအစီအစဉ်လေး   ပြန်လာ ပြန်ပါပြီရှင် 🎁🎊​ဒီတစ်ခါ Giveaway လေးကတော့ တကယ်ကို အခက်အခဲရှိနေသူတွေအတွက် အဆင...
26/01/2026

📢မင်မင်တို့ရဲ့ ကံစမ်းမဲအစီအစဉ်လေး
ပြန်လာ ပြန်ပါပြီရှင် 🎁

🎊​ဒီတစ်ခါ Giveaway လေးကတော့ တကယ်ကို အခက်အခဲရှိနေသူတွေအတွက် အဆင်ပြေစေဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးတာဖြစ်လို့ တကယ်လိုအပ်တဲ့သူများသာ ပါဝင်ကံစမ်းပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်။ 🙏

​💰 လက်ဆောင်: KPay 8,000 ကျပ် (၂ ဦး)

🗓 မဲဖောက်ပေးမည့်အချိန်: ၁၁.၂.၂၀၂၆ (ည ၉:၀၀ နာရီ)

​📍 ပါဝင်ကံစမ်းနည်း:
ဒီ Post ရဲ့ Comment မှာ အစက်သုံးစက် (...) ချပေးရုံနဲ့တင် ပါဝင်လို့ရပါပြီ။

🎁​မင်မင်ရဲ့ ဒီလက်ဆောင်လေးက လိုအပ်​နေတဲ့ သူတွေဆီကိုပဲ ရောက်သွားဖို့ အားလုံးက ကူညီပေးကြမယ်လို့ ယုံကြည်ပါတယ်နော်။ အားလုံးပဲ ကံကောင်းကြပါစေရှင်။ ✨

နှစ်သစ်ဆုတောင်း--------------------------အမြင်ကျဉ်းမြောင်းစိတ်ကျဉ်းမြောင်း၍တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ ။ စိတ်ဓာတ်သေးနု...
01/01/2026

နှစ်သစ်ဆုတောင်း

--------------------------

အမြင်ကျဉ်းမြောင်း
စိတ်ကျဉ်းမြောင်း၍
တွင်းအောင်းရသည့်ဘဝမှ လွတ်ပါစေ ။

စိတ်ဓာတ်သေးနုပ်
ဉာဏ်သေးနုပ်၍
ချုပ်ချယ်မှုအမျိုးမျိုးမှ လွတ်ပါစေ ။

တို့အချင်းချင်း
ခေါင်းထက်နင်း၍
သိမ်ဖျင်းလုပ်ဇာတ်
စိတ်ယုတ်ပတ်နှင့်
ပုတ်ခတ်ကြသည့်ဘဝမှ လွတ်ပါစေ ။

သူက မမှန်
ငါက မှန်ဟု
တယူသန်စွဲ
စိတ်သေးဖွဲနှင့်
ငရဲဘဝမှလည်း လွတ်ပါစေ ။

သူ့ဂုဏ်ကိုချ
ကိုယ့်ဂုဏ်ပြကာ
မာန စကား
တဖွားဖွားနှင့်
အမှားကမ္ဘာမှလည်း လွတ်ပါစေ ။

မကောင်းမှု ခင်
ကောင်းမှု ကြဉ်သည့်
ဉာဉ်ဆိုးဉာဉ်မိုက်
မီးပုံမြိုက်၍
ငိုရှိုက်ရခြင်းမှလည်း လွတ်ပါစေ ။

နှစ်သစ်မြတ်ဆု
ဤကောင်းမှုကြောင့်
သာဓု သာဓု ခေါ်စေသော် ။ ။

▪တင်မိုး

▪ ဆရာ့၏ မူရင်းဓာတ်ပုံပိုင်ရှင်အား
လေးစားစွာ credit ပေးအပ်ပါသည်ခင်မျာ🌟🌟

▪ ပုံများကို စာအုပ်အရောင်း page များ ၊ ကဗျာ
ခေါင်းစဥ်အောက်တွင် ပေါက်ကရ စာတိုများတင်နေသော Page များနှင့် tiktok တို့တွင် လုံးဝ လုံးဝ
ကူးယူဖော်ပြခွင့် မပြုပါခင်မျာ 🌟🌟

#တင်မိုး
#နှစ်သစ်ဆုတောင်း

၁၂ ဒေါ်လာတန် ကြွေးမြီအမှန်အတိုင်းပြောရရင် သူ လက်နက်တစ်ခုခု ထုတ်တော့မယ်လို့ ကျွန်မ အထင်မှားခဲ့တာ။ အဲ့ဒီနေ့က အင်္ဂါနေ့ ညနေ...
31/12/2025

၁၂ ဒေါ်လာတန် ကြွေးမြီ
အမှန်အတိုင်းပြောရရင် သူ လက်နက်တစ်ခုခု ထုတ်တော့မယ်လို့ ကျွန်မ အထင်မှားခဲ့တာ။ အဲ့ဒီနေ့က အင်္ဂါနေ့ ညနေ ၇ နာရီ ၄၅ မိနစ်၊ ဆိုင်ပိတ်ဖို့ ၁၅ မိနစ်
အလို။ စာကြည့်တိုက်ဟောင်းလေးထဲမှာ အပူပေးစက်ရဲ့ အသံနဲ့ စာအုပ်ဟောင်းနံ့တွေကလွဲရင် ဘာသံမှမရှိဘဲ တိတ်ဆိတ်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ အလိုအလျောက်တံခါးက ဝူးကနဲ ပွင့်သွားခဲ့တယ်။
သူက ခေါင်းစွပ်ကို မျက်နှာနားထိ ဆွဲချထားပြီး၊ ဆီချေးတွေပေနေတဲ့ အလုပ်သမားဂျာကင်အဟောင်းကြီးရဲ့ အိတ်ကပ်ထဲ လက်တွေနှိုက်ပြီး ဝင်လာတယ်။ ကြည့်ရတာ အသက် ၁၉ နှစ်ထက် မပိုလောက်ဘူး။ သူက တံခါးဝမှာ ခဏရပ်ပြီး လုံခြုံရေးကင်မရာတွေကို အကဲခတ်နေသလိုနဲ့ တစ်ခန်းလုံးကို ဝေ့ကြည့်နေတာ... တစ်ခုခုကို ကြောက်လန့်နေသလိုပဲ။
ဒီလိုရပ်ကွက်မျိုးမှာဆိုရင် လူတွေရဲ့ အမူအရာကို မြန်မြန်ဖတ်တတ်ဖို့ လိုတယ်။ ကျွန်မတို့က စာကြည့်တိုက်မှူးတွေတင် မကဘူး၊ လူမှုဝန်ထမ်းတွေ၊ လုံခြုံရေးတွေ၊ စိတ်ပညာရှင်တွေလိုပါ နေထိုင်လာကြရတာ။ ကျွန်မ တစ်ဖက်က စားပွဲအောက်က အချက်ပေးခလုတ်နား လက်အသင့်ပြင်ထားရင်း အသံကို ထိန်းပြီး မေးလိုက်တယ် ။”ဘာကူညီပေးရမလဲ မောင်ရင်”
သူ တုန်ကနဲ ဖြစ်သွားတယ်။ ပြီးတော့ ကျွန်မဆီ လျှောက်လာတယ်၊ ရန်လိုတဲ့ပုံစံတော့ မဟုတ်ဘူး၊ လောကကြီးရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းထားရတဲ့သူတစ်ယောက်လို လေးလံတဲ့ ခြေလှမ်းတွေနဲ့။ သူ ကောင်တာရှေ့မှာ ရပ်လိုက်ပေမဲ့ ကျွန်မမျက်နှာကိုတော့ စေ့စေ့မကြည့်ရဲဘူး။
“ကျွန်တော်... တစ်ခုခု ပြန်ပေးမလို့ပါ” သူ တိုးတိုးလေး ပြောလိုက်တယ်။ အသံက တုန်ရီနေတယ်။
သူ့ဂျာကင်အိတ်ထဲက လက်ကို ဖြည်းဖြည်းချင်း ထုတ်လိုက်တဲ့အခါ ကျွန်မ ကိုယ်ကို အသင့်ပြင်ပြီး အသက်အောင့်ထားလိုက်မိတယ်။
ဒါပေမဲ့ ထွက်လာတာက သေနတ်မဟုတ်ဘူး... စာအုပ်တစ်အုပ်ပါ။
သူ စာအုပ်ကို ကောင်တာပေါ် ဖြည်းဖြည်းချင်း တွန်းပို့လိုက်တယ်။ စုန်းကဝေတွေနဲ့ မှော်အတတ်တွေအကြောင်း ရေးထားတဲ့ နာမည်ကျော် စိတ်ကူးယဉ် ဝတ္ထုရှည်ကြီးတစ်အုပ်ပေါ့။ ဒါပေမဲ့ ဒီစာအုပ်က ဘယ်လိုမှ မှတ်မိစရာမရှိအောင် ပျက်စီးနေပြီ။ စာအုပ်ကျောရိုးကို တိပ်အပတ်ကြီးနဲ့ ပတ်ထားရတယ်၊ ထောင့်တွေကလည်း လိပ်နေပြီ။ မျက်နှာဖုံးက အရောင်တွေ လွင့်နေပြီး စာမျက်နှာတွေကလည်း ရေစိုပြီး ပြန်ခြောက်ထားသလိုမျိုး ဖောင်းကားနေတယ်။
ကျွန်မ ဘားကုဒ်ကို စကန်ဖတ်လိုက်တဲ့အခါ စက်ထဲကနေ အနီရောင် သတိပေးချက် တက်လာတယ်။

အခြေအနေ- ပျောက်ဆုံး။ ဒဏ်ကြေးစတင်သည့်ရက်- နိုဝင်ဘာ ၁၂၊ ၂၀၁၉။

“ကျွန်တော် ခိုးခဲ့တာပါ” သူက အားလုံးကို ဝန်ခံချင်နေသလို တစ်ဆက်တည်း ပြောချလိုက်တယ်။ “လွန်ခဲ့တဲ့ ငါးနှစ်ကပေါ့။ ကျောပိုးအိတ်ထဲ ထည့်ပြီး ဒီအတိုင်း ထွက်သွားခဲ့တာ။ အိမ်သာထဲမှာ တံဆိပ်ကို ခွာပစ်ခဲ့လို့ အချက်ပေးစက်က မမြည်ခဲ့တာပါ”
ကျွန်မ ကွန်ပျူတာစခရင်ကို တစ်လှည့်၊ သူ့ကိုတစ်လှည့် ကြည့်လိုက်ပြီး “ဘာလို့ အခုမှ ပြန်လာပေးတာလဲ”
“ကျွန်တော် ပြီးခဲ့တဲ့ အပတ်က အသက် ၁၈ ပြည့်ပြီ” သူက အိတ်ကပ်ထဲ ထပ်နှိုက်ပြီး တွန့်ကြေနေတဲ့ ပိုက်ဆံတွေကို ထုတ်လိုက်တယ်။ တစ်ဒေါ်လာတန်တွေ၊ ငါးဒေါ်လာတန်တွေနဲ့ အကြွေစေ့တွေ။ သူ တုန်နေတဲ့ လက်ချောင်းလေးတွေနဲ့ ပိုက်ဆံတွေကို ကောင်တာပေါ်မှာ သေချာ ဖြန့်လိုက်တယ်။
“အခု ၅ လမ်းက ကားဝပ်ရှော့မှာ အလုပ်ရနေပြီ။ ကျွန်တော်... ကိုယ့်ကိုယ်ကိုယ် လူကောင်းတစ်ယောက် ဖြစ်ချင်လို့ပါ။ တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက်ပေါ့” သူက ပျက်စီးနေတဲ့ စာအုပ်ကို ညွှန်ပြရင်း ပြောတယ်။ “ဒါက ကျွန်တော့်ဘဝမှာ တစ်ခါပဲ ခိုးဖူးတဲ့အရာပါ။ အဲ့ဒီအကြောင်း တွေးမိတိုင်း အိပ်လို့မရဘူး”
သူ ပိုက်ဆံတွေကို ကျွန်မဆီ တွန်းပေးတယ်။ အားလုံးပေါင်း ၁၂ ဒေါ်လာ တိတိ။
“ဒါ လောက်ရဲ့လား။ဒဏ်ကြေးအတွက်လေ” သူ မျှော်လင့်တကြီး မေးတယ်။
ကျွန်မ စခရင်ကို ကြည့်လိုက်တယ်။ စာအုပ်က “ပျောက်ဆုံး” စာရင်းထဲမှာ။ စနစ်ထဲက တွက်ချက်မှုအရ စာအုပ်ဖိုး၊ ဝန်ဆောင်ခနဲ့ ဒဏ်ကြေး အားလုံးပေါင်းရင် ၅၃.၉၉ ဒေါ်လာ တောင် ကျနေတာ။
၅၄ ဒေါ်လာဆိုတာ ဒီခေတ်ကြီးမှာ လူပျိုတစ်ယောက်အတွက် တစ်ပတ်စာ စားစရိတ်ပဲ။ ဒါမှမဟုတ် အလုပ်သွားဖို့ ကားဆီဖြည့်စရိတ်။ ကျွန်မ ကောင်တာပေါ်က ၁၂ ဒေါ်လာကို ကြည့်လိုက်တယ်၊ ပြီးတော့ စာအုပ်ကို လှန်ကြည့်မိတယ်။ ဒီစာအုပ်က ဖတ်ရုံတင် ဖတ်ထားတာ မဟုတ်ဘူး၊ စာမျက်နှာတွေကို ဝါးစားထားသလား အောက်မေ့ရတယ်။
ဘေးအနားတွေမှာ ဆီပေနေတဲ့ အစွန်းအထင်းတွေကြည့်ရတာ ဝပ်ရှော့မှာ ထမင်းစားရင်း ဖတ်ထားတာ ဖြစ်မှာပါ။ ခေါက်ဆွဲပြုတ်ဘူး တင်ထားခဲ့တဲ့ ရေကွင်းရာလေးတွေလည်း ရှိတယ်။ ပြီးတော့ နောက်ဆုံးမျက်နှာဖုံး အတွင်းဘက်မှာ... တုန်ရီနေတဲ့ လက်ရေးနဲ့ တစ်စုံတစ်ယောက်က ရေးထားတာက။ “မင်း တစ်ယောက်တည်း မဟုတ်ပါဘူး” တဲ့။
“အဲဒီတုန်းက ကျွန်တော့်မှာ အိမ်မရှိဘူး” ကျွန်မ လက်ရေးကို ကြည့်နေတာ မြင်တော့ သူက တိုးတိုးလေး ဖွင့်ဟတယ်။ “မေမေ နေမကောင်းဖြစ်တော့ တိုက်ခန်းက ထွက်ခဲ့ရတယ်။ ဗန်ကားလေးထဲမှာပဲ နေခဲ့ရတာ။ အင်တာနက် မရှိဘူး၊ တီဗွီ မရှိဘူး... အေးစက်နေတဲ့ ညတွေပဲ ရှိတယ်”
သူ ကျွန်မကို ပထမဆုံးအကြိမ် တည့်တည့်ကြည့်လိုက်တယ်။
“ဒီစာအုပ်ကို ကျွန်တော် အကြိမ် ၄၀ ဖတ်ခဲ့တယ်” သူက ပြောတယ် ။”ကျွန်တော် ဘဝကို လက်လျှော့ချင်တဲ့ အခါတိုင်း၊ လှေကားအောက်က အခန်းလေးထဲမှာ နေရပေမဲ့ မိမိကိုယ်ကို ထူးခြားတဲ့သူမှန်း သိသွားတဲ့ ကောင်လေးအကြောင်းကို ဖတ်တယ်။ အဲ့ဒီစာအုပ်က ကျွန်တော်ဟာ အိမ်ခြေမဲ့ကလေး မဟုတ်ဘဲ တခြားကမ္ဘာတစ်ခုကို ရောက်သွားနိုင်တဲ့ တစ်ခုတည်းသော နေရာပဲ။ အဲ့ဒါ ကျွန်တော့်အသက်ကို ကယ်ခဲ့တာပါ။ ယူသွားမိလို့ တောင်းပန်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် အဲ့ဒီတုန်းက ဒါကို တကယ်လိုအပ်ခဲ့လို့ပါ”
ကျွန်မ ရင်ထဲမှာ တစ်ဆို့သွားတယ်။
ကျွန်မတို့က စည်းကမ်းတွေကို အရမ်းတန်ဖိုးထားတဲ့ လောကကြီးမှာ နေထိုင်နေကြတာ။ ဒါပေမဲ့ ဒီစာအုပ်တွေက ဘာအတွက် ရှိနေတာလဲ။ကျွန်မတို့က စာအုပ်တွေကို စင်ပေါ်မှာ သန့်သန့်ပြန့်ပြန့်ရှိနေဖို့တင် စုထားတာ မဟုတ်ဘူး။ ဘဝတွေကို ကယ်တင်ဖို့ စုထားတာ။ ဗန်ကားလေးထဲမှာ ရှင်သန်နေရတဲ့ ကလေးတစ်ယောက် နောက်ထပ်တစ်ညကို ဖြတ်သန်းနိုင်ဖို့ အကြောင်းပြချက် ပေးနိုင်ဖို့ စုထားတာ။
ကျွန်မ ကွန်ပျူတာကို ကြည့်လိုက်တယ်။ ပြီးတော့ “ဖျက်ရန် (Delete)” ခလုတ်ပေါ် လက်တင်လိုက်တယ်။
“တကယ်တော့လေ” ကျွန်မက အတည်ပေါက်ကြီး လိမ်လိုက်တယ်။“မောင်ရင်က အချိန်ကိုက်ပဲ လာတာပဲ”
သူ မျက်တောင်ခတ်ရင်း “ဗျာ”
“ဟုတ်တယ်။ အခု အစိုးရက လူငယ်တွေအတွက် စီမံချက်အသစ်တစ်ခု ချမှတ်လိုက်တယ်။ အဲ့ဒါကတော့ ‘စာတတ်မြောက်ရေး လမ်းသစ်စီမံချက်’ တဲ့” ကျွန်မ ကီးဘုတ်ပေါ်မှာ အလုပ်ရှုပ်နေသလိုနဲ့ ဟိုနှိပ်ဒီနှိပ် လုပ်ပြလိုက်တယ်။ တကယ်တော့ စခရင်ပေါ်က စာရင်းတွေကို ဖျက်နေတာပါ။ “အသက် ၂၁ နှစ်အောက် လူငယ်တွေ ရေရှည်ငှားထားတဲ့ ပစ္စည်းတွေကို လာပြန်ပေးရင် ဒဏ်ကြေးအားလုံးကို ကင်းလွတ်ခွင့်ပေးတယ်၊ တစ်ပြားမှ ပေးစရာမလိုဘူး”
ကျွန်မ Enter ခလုတ်ကို အသံမြည်အောင် နှိပ်လိုက်ပြီး - “ကဲ... ကြွေးမြီက သုည ဖြစ်သွားပြီ” လို့ ပြောလိုက်တယ်။
သူ မှင်သက်သွားတယ် “ဒါပေမဲ့... ကျွန်တော် ခိုးခဲ့တာလေ”
“မောင်ရင်က အကြာကြီး ငှားသွားတာပါ” ကျွန်မက ပြုံးပြီး ပြင်ပေးလိုက်တယ် ။”ကြည့်ရတာလည်း ဒီစာအုပ်က မောင်ရင့်အတွက် တကယ်အသုံးဝင်ပုံရတယ်”
ကောင်တာပေါ်က တွန့်ကြေနေတဲ့ ပိုက်ဆံတွေကို သူ့ဆီ ပြန်တွန်းပေးလိုက်တယ်။
“ပိုက်ဆံကို သိမ်းထားလိုက်ပါ၊ အခု ဆီစျေးတွေလည်း တက်နေတာ။ မောင်ရင့်အတွက် ဒါ လိုအပ်လိမ့်မယ်”
သူက ပိုက်ဆံပေါ် လက်တင်ရင်း တုံ့ဆိုင်းနေတယ် “သေချာလို့လား။ကျွန်တော် ဘယ်သူ့ကြွေးမှ မတင်ချင်ဘူး”
“မတင်ပါဘူး။ ဒါပေမဲ့ ကတိတစ်ခုတော့ ပေးရမယ်”
သူ ကိုယ်ကို မတ်လိုက်တယ် “ဘာလဲဟင်”
ကျွန်မ စားပွဲအောက်ကနေ စာအုပ်အသစ်စက်စက် တစ်အုပ် ထုတ်လိုက်တယ်။ မျက်နှာဖုံးက မီးရောင်အောက်မှာ ပြောင်လက်နေတာပဲ။ အဲ့ဒါက သူဖတ်ခဲ့တဲ့ စာအုပ်ရဲ့ ဒုတိယတွဲပါ။
“ဒုတိယတွဲကို ထပ်ဖတ်ရမယ်” ကျွန်မက ပြောလိုက်
တယ်။ “ဒါပေမဲ့ ဒီတစ်ခါတော့ စနစ်တကျ ငှားရမယ်၊ စာကြည့်တိုက်ကတ်နဲ့ပေါ့”
သူ စာအုပ်ကို ငေးကြည့်နေရင်း မျက်ရည်တွေ ဝေ့လာတယ်။ ပြီးတော့ ဆီတွေပေနေတဲ့ သူ့လက်စွပ်နဲ့ အမြန်သုတ်လိုက်တယ်။
“ကျွန်တော်... ကတ် လုပ်လို့ရလား။ကျွန်တော့်ရဲ့ အတိတ်က အဖြစ်အပျက်တွေရှိနေရင်တောင်မှလား”
“စာကြည့်တိုက်ဆိုတာ လူတိုင်းအတွက်ပါ” ကျွန်မက လျှောက်လွှာဖောင်ကို သူ့ဆီ ကမ်းပေးလိုက်တယ် ။“အထူးသဖြင့် စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးကို တကယ်သိတဲ့သူတွေအတွက်ပေါ့”
သူ ဖောင်ဖြည့်တယ်၊ သူ့ရဲ့ ၁၂ ဒေါ်လာကို ပြန်ယူတယ်၊ ပြီးတော့ ဒုတိယတွဲကို ရတနာတစ်ခုလို ပွေ့ပိုက်သွားတယ်။ သူ မထွက်သွားခင် ကျွန်မဘက် လှည့်ကြည့်တယ်။ ဒီတစ်ခါတော့ သူ ကိုယ်ကို မတ်မတ်ရပ်ထားပြီး ခေါင်းစွပ်ကိုလည်း ချွတ်ထားတယ်။
“ကျေးဇူးတင်ပါတယ်” သူက ပြောတယ် ။“ကျွန်တော့်ကို အသစ်က ပြန်စခွင့်ပေးလို့”
“နောက်နှစ်ပတ်နေရင် ပြန်တွေ့မယ်နော်” လို့ ကျွန်မ နှုတ်ဆက်လိုက်တယ်။
သူ အေးစက်တဲ့ ညဘက်ထဲကို လျှောက်ထွက်သွားတယ်။ သူခိုးတစ်ယောက်အနေနဲ့ မဟုတ်ဘဲ စာကြည့်တိုက်ရဲ့ အသင်းဝင်တစ်ယောက် အနေနဲ့ပေါ့။
အဲ့ဒီအဖြစ်အပျက်က လွန်ခဲ့တဲ့ ၆ လကပါ။ အခုဆိုရင် သူ နှစ်ပတ်တစ်ခါ အင်္ဂါနေ့တိုင်း လာတတ်တယ်။ စာအုပ်ကို မကိုင်ခင်မှာလည်း သူ့လက်တွေကို သေသေချာချာ ဆေးတတ်သေးတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ လောကကြီးမှာ လုပ်ဆောင်နိုင်တဲ့ အဖိုးတန်ဆုံးအရာက ဥပဒေကို အတင်းအကျပ် ကျင့်သုံးတာ မဟုတ်ဘဲ လူသားတစ်ယောက်ကို ကယ်တင်ဖို့အတွက် စည်းကမ်းတွေကို ဘယ်အချိန်မှာ လျှော့ပေါ့ပေးရမလဲဆိုတာ သိဖို့ပါပဲ။
စာကြည့်တိုက်ဆိုတာ စာရင်းအင်းတွေအတွက်တင် မဟုတ်ဘူး၊ မျှော်လင့်ချက်တွေအတွက်လည်း ဖြစ်တယ်။ ပြီးတော့ မျှော်လင့်ချက်ဆိုတာ အမြဲတမ်း အခမဲ့ပါပဲ။

#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန် Daily Stories မှ

🥳 ကံထူးရှင် (၂) ဦး ထွက်ပေါ်လာပါပြီ 🎉​အားလုံးပဲ မင်္ဂလာညချမ်းပါရှင်။ ✨ကျွန်မတို့ Amara Page ရဲ့ ကံစမ်းမဲအစီအစဉ်မှာ ပါဝင်က...
29/12/2025

🥳 ကံထူးရှင် (၂) ဦး ထွက်ပေါ်လာပါပြီ 🎉
​အားလုံးပဲ မင်္ဂလာညချမ်းပါရှင်။ ✨

ကျွန်မတို့ Amara Page ရဲ့ ကံစမ်းမဲအစီအစဉ်မှာ
ပါဝင်ကံစမ်းပေးခဲ့ကြတဲ့သူတွေထဲက စောင့်မျှော်နေကြတဲ့ ကံထူးရှင် (၂) ဦး ထွက်ပေါ်လို့လာပါပြီ။

​ဒီနေ့ရဲ့ ကံအကောင်းဆုံး ကံထူးရှင်
လေးတွေကတော့... 🎊

​🥇 Nway Nway (Acc ပိုင်ရှင်)
🥈 Fran Satsaka (Acc ပိုင်ရှင်)
​တို့ပဲ ဖြစ်ပါတယ်။ Congratulations ပါရှင်! 👏

​ကံထူးရှင် ညီမလေးနှစ်ယောက်အနေနဲ့ ဆုလက်ဆောင် Kpay 8,000/- စီကို ထုတ်ယူနိုင်ဖို့အတွက် Amara Page ရဲ့ Messenger (Chat Box) မှာ လာရောက်ဆက်သွယ်ပေးကြပါနော်။ 📩

​ဒီတစ်ခေါက် ကံထူးခွင့်မရလိုက်တဲ့ သူလေးတွေလည်း နောက်နောင် အစီအစဉ်တွေမှာ ကံထူးနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

အားလုံးကို💕 ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။
​ရောက်ရှိလာတော့မယ့် နှစ်သစ်မှာလည်း အားလုံးပဲ ကံကောင်းခြင်းများစွာနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ❄️✨

ဘဝမှာလမ်း ခွဲပီးရင် ဘယ်လိုနေထိုင်ရမလည်းဆိုတာ..လူတိုင်း ခဏခဏ ပြန်မေးဖူးတဲ့ မေးခွန်းထဲက.. မေးခွန်းတစ်ခုပါပဲ...အချိန်အကြာကြ...
29/12/2025

ဘဝမှာလမ်း ခွဲပီးရင်
ဘယ်လိုနေထိုင်ရမလည်းဆိုတာ..
လူတိုင်း ခဏခဏ ပြန်မေးဖူးတဲ့ မေးခွန်းထဲက.. မေးခွန်းတစ်ခုပါပဲ...

အချိန်အကြာကြီးပတ်သတ်ဖူးကြတယ်..
အနာဂါတ်တွေ...စိတ်ကူးယဉ်မှုတွေနဲ့..
မျှော်လင့်ချက်တွေ...အများကြီးထားခဲ့ပြီးမှ..
မပတ်သက်မိအောင်ပြန်နေရတာက..
လွယ်ကူလွန်းမနေခဲ့ပါဘူး...

အမြဲတမ်း အတူရှိခဲ့ကြတယ် ရယ်စရာတွေပြောစိတ်ဆိုးစရာရှိစိတ်ဆိုးကြနဲ့..

ဘဝမှာအမျိုးမျိုးအဖုံဖုံ ပတ်သတ်ခဲ့ပီးမှ...
သူစိမ်းပြန်ဖြစ်ရတာက သိပ်ကိုနာကျင် လွန်းလှပါတယ်...
ဒါကို..အသည်းကွဲတာလို့ခေါ်ပါတယ်..

အများစုကတော့ Sigue adelante လုပ်ဖို့ အရမ်းခက်ခဲ ကြပါတယ်...
ဘယ်လိုနေထိုင်ရမလည်းဆိုရင်တော့..

ပထမဆုံးစပီး ..ကိုယ့်အသိစိတ်ကို..ကိုယ် လက်ခံတက်ရမှာပါပဲ..

ဘာတွေလက်ခံတက်ရမလည်း..
သူအပြုံးတွေကော.သူရဲ့ရစ်သံနဲ့
အမြဲတစေပို့နေတက်တဲ့ သူဟာ.. မင်းအနားမှာ
မရှိတော့တာကို...
ပထမဆုံး လက်ခံရပါလိမ့်မယ်..

မင်းအားငယ်တိုင်း... မင်းငိုတိုင်း..
မင်းကိုနှစ်သိမ့်ပေးမဲ့သူဟာ မင်းအနားမှာ
ရှိမနေတော့ပါဘူး...

သူအပြုံးတွေကော.သူရဲ့ရစ်သံ စကားသံတွေဟာ...မင်းနဲ့..အဝေးကြီးကို ရောက်သွားပါပီ...

ဒီအခြေနေကိုလက်ခံလိုက်ရတာက..
အရမ်းကိုဝမ်းနည်းစရာကောင်းတာကတော့
မှန်ပါတယ်...

သူပြန်လာမှာ..
ငါတို့ခဏပဲစိတ်ဆိုးစိတ်ကောက်တာပါ...ဆိုတဲ့.. မဖြစ်နိင်တဲ့ အသိစိတ်က
မင်းကိုနှစ်ခါထပ်ပိုပီးနာကျင်စေရမှာ...အမှန်မို့

အရှိတရားကို..အရင်လက်ခံတက်အောင်
ကျင့်ယူရပါလိမ့်မယ်..

ငိုချင်ရင်ငိုချလိုက်ပါ... လွမ်းပါဆွေးပါ...
စိတ်ခံစားမှုကို..အရင်ဆုံး ဖွင့်ချပြစ်ပါ..

ဘယ်သူနဲ့သူ..ရှိနေလည်း ဘာလုပ်နေလည်း..ဘယ်သူနဲ့စကားပြော နေလည်း
သူအကောင့်မှာဘာတွေတင် ထားတာလည်း..
ဒါတွေကို သွားမကြည့်မိဖို့ လိုပါလိမ့်မယ်..
နှစ်ခါပြန်သေရတက်ပါတယ်

ဒါကြောင့် ..မင်းကိုသူမလိုအပ်တော့တာကို ကျေကျေနပ်နပ်လက်ခံရင်း... နေထိုင်ဖို့လိုတာပါပဲ..

ကိုယ်နဲ့လမ်းခွဲပီးဘာတွေလုပ်နေလည်း ဘယ်သူနဲ့ Fecha နေလည်း ဆိုတာတွေဟာ မင်းနဲ့လုံးဝဆိုင်ခြင်းမရှိတော့တာကို သတိရပီး ပြတ်သားလိုက်တာ... အကောင်းဆုံးပါပဲ..

ခဏတာဆုံခဲ့ဖူးတဲ့...ရေစက်ကလေး
ဝဋ်ကြွေး ကလေးတစ်ခုအဖြစ်နဲ့သာ
မှတ်ယူရင်း......

သူစိမ်းတွေက သူစိမ်းတွေပြန်ဖြစ်ကြတာပဲမို့.... ရင်နဲ့ရင်းပီး ထွက်သွားခွင့်ပေးလိုက်ရတာက လည်းတရားနည်းလမ်းကျပါတယ်လို့...သာ ပြောလိုက်ချင်မိပါတော့တယ်..

ချစ်တဲ့သူတိုင်း...အချစ် စစ်ရကြပါစေ..
ဆုတောင်း ရင်း..

ကျွန်တော် မပါတဲ့ သူ​့အနာဂါတ်တွေ  အတွက်သူဟာ   ပျော်ရွှင် လျက်  သူမပါတဲ့  ကျွန်တော် အနာဂါတ်တွေ အတွက်  ကျွန်တော် ဟာ   ခြောက...
25/12/2025

ကျွန်တော် မပါတဲ့
သူ​့အနာဂါတ်တွေ အတွက်
သူဟာ ပျော်ရွှင် လျက်

သူမပါတဲ့ ကျွန်တော် အနာဂါတ်တွေ
အတွက် ကျွန်တော် ဟာ ခြောက်သွေ့
ကွဲအပ် လျက်

ပေါင်းစပ်ခွင့် မရှိကြတဲ့ အနာဂါတ်
နှစ်ခု အတွက် သူနဲ့ ကျွန်တော် ဟာ
ကျော ခြင်း ကပ် လျက်

သူလည်းနောက်လည့် မကြည့်ခဲ့
ကျွန်တော် လည်း နောက်လည့် မကြည့်ခဲ့
ဒီလို နဲ့ တဖြည်းဖြည်း ဝေးကွာ ခဲ့
တိမ်လွှာ တွေလို တရွေ့ရွေ့နဲ့ ။

# AMARA Fashon

ခံစားချက်နဲ့သာ နားလည်နိုင်တဲ့ အရာ တွေကို   စကားလုံးတွေနဲ့မင်းနားလည် အောင်  မရှင်းပြ တတ်ဘူးမြနှင်း​ဝေ  မင်းနဲ့သာ ဆိုတဲ့  ...
20/12/2025

ခံစားချက်နဲ့သာ နားလည်နိုင်တဲ့
အရာ တွေကို စကားလုံးတွေနဲ့
မင်းနားလည် အောင် မရှင်းပြ တတ်ဘူး
မြနှင်း​ဝေ

မင်းနဲ့သာ ဆိုတဲ့ အတွေးတစ်ချို့ကြောင့်
ကျိန်စာသင့်စေမယ့် စိမ်ရေ တွေ
မင်းကြောင့်ငါ သောက်ခဲ့ ဖူးတယ်
မြနှင်း​ဝေ

မင်းမသိပေမယ့်
မင်း မရှိတ​ဲ့ နေ့စွဲတွေက
ငါ့အတွက် တော့ ငရဲခန်းကို
ဖြတ်သန်းရသလို ငါသိပ်ပင်ပန်းခဲ့တယ်
မြနှင်းဝေ

အယူခံ မဝင်အခြေအတင်မပြု
အပြစ်ရှိသည်ဟု ယူဆပါလျင်
အမည်းစက် နဲ့ တံဆိပ် ခတ်
မင်းချမည့် စီရင်ချက် တွေ
ခံယူ ဖို့ အသင့်ပါ
မြနှင်းဝေ

သံယောဇဥ်တရား နေရာ မှားလို့
စာနာ မဲ့ ကင်း စီရင်ခြင်း၌
တုန့်ပြန်မမူ မငြူစူ ပေါ့
ငါ့ထိုက် ငါသာ ရှိစေတော့
(မင်းကို ချစ်မိ အပြစ်ရှိသူ ပါ)
မြနှင်းဝေ

Fashion

ငါထားတဲ့ တန်ဖိုးနဲ့  ငါမြတ်နိုးတဲ့ မင်းဟာ  တောက်ပလွန်းခဲ့တယ် ငါဖန်ဆင်းတဲ့ အိမ်မက်အောက်မှာ မင်းလက်  လေးကို ဆုပ်ကိုင်ထားချ...
17/12/2025

ငါထားတဲ့ တန်ဖိုးနဲ့ ငါမြတ်နိုးတဲ့
မင်းဟာ တောက်ပလွန်းခဲ့တယ်
ငါဖန်ဆင်းတဲ့ အိမ်မက်အောက်မှာ
မင်းလက် လေးကို ဆုပ်ကိုင်ထားချင်မိတယ်
မင်း ပခုံး လေးထက် ခေါင်းအပ်ပြီး
တိုးဝှေ့ ချင်မိတယ် ငါတွေးခဲ့တာ
သိပ်ရိုးပါတယ်

ဒါပေမယ့် ငါသိပ်မှားတယ်
နေရာ မှား တဲ့ တန်ဖိုး မြတ်နိုး
ခြင်းက အဆိပ် ဖြစ်ခဲ့တယ်
တွယ် မိတဲ့ သံယောဇဥ်တရား
သိပ်စျေးပေါ သွားသလား မေးချင်တယ် ။

တစ်နေ့တော့ အားလုံးဟာ ပြီးဆုံးသွား ကြမှာပါပဲချစ်ခဲ့ကြတာ ပဲ ဖြစ်စေမုန်းခဲ့ကြတာ ပဲ ဖြစ်စေနားအလည် ဆုံးသူတွေပဲဖြစ်စေပက်သက်ဖူး...
13/12/2025

တစ်နေ့တော့ အားလုံးဟာ
ပြီးဆုံးသွား ကြမှာပါပဲ
ချစ်ခဲ့ကြတာ ပဲ ဖြစ်စေ
မုန်းခဲ့ကြတာ ပဲ ဖြစ်စေ
နားအလည် ဆုံးသူတွေပဲဖြစ်စေ
ပက်သက်ဖူးခဲ့သမျှ
ကောင်းခဲ့တာ တွေလည်းရှိမယ်
ဆိုးခဲ့ တာတွေလည်း ရှိမယ်
အကောင်းတွေ ရော အဆိုးတွေရော
ပက်သက်ဖူးခဲ့ သမျှ
သက်ရှိတွေရော သက်မဲ့တွေရော
တစ်နေ့တော့ အားလုံးကို ခွဲခဲ့ရမှာ ပါ

အရမ်းချစ်တယ်ဆိုပြီး သိမ်းပိုက်ထားခွင့်မရှိသလို အရမ်းမုန်းတယ်ဆိုပြီးလည်း
ပစ်ဖယ် ထားလို့ မရနိင်ဘူး
သူ့အခိုက် အတန့်တွေနဲ့သူ
သူ့သက်တမ်းတွေ နဲ့ သူ
ပြောင်းလည်းနေတဲ့ လောက ကြီးကို
ကိုယ် ချူပ်ကိုင်နိုင်စွမ်း မှ မရှိပဲ

ပကတူပ နည်းအရ
ချစ်ခြင်းတွေက ပေါက်ဖွား
အကျိုးတရား တွေ များခဲ့ပေမယ့်လည်း
နောက်ဆုံးမှာ တော့ ဒါဏ်ရာ တွေ
ဗလ ပွ ပေါ့ ဒီတစ်ခါ သင်ကြားခွင့်ရမယ့်
သင်ခန်းစာ ကတော့ ရေငုံ နှုတ်ပိတ်
တိတ်ဆိတ် ခံစား အားလုံးနဲ့ ဝေးရာ
ထွက်သွား တစ်ယောက်ထဲ နေတတ်အောင်
ကြိုးစား ရမယ့် သင်ခန်းစာ

ချစ်ခြင်းတွေ မုန်းခြင်းတွေ
အောင်မြင်ခြင်းတွေ ရှုံးနိမ့်ခြင်းတွေနဲ့
ဝေး ရာ အတိတ်ဆိတ်ဆုံးရဲ့
ဒေါင့်တစ်နေရာ နှုတ်ဆက်ခဲ့ပြီတစ်ခါ ။

#ဆာယာ

Address

George's Lane
Yangon

Telephone

+959446933332

Website

Alerts

Be the first to know and let us send you an email when AMARA Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AMARA Fashion:

Share