06/06/2026
ဘာလို့ မချစ်တော့တာလဲ ဆိုတဲ့ မေးခွန်းမျိုး ကိုယ်ဘယ်တော့မှ မေးမှာ မဟုတ်ပါဘူး။
ဒီအတိုင်း ကိုယ်မရှိတော့ရင် ဖြစ်ရဲ့လားလို့ပဲ မေးမှာပါ။တကယ်လို့ မင်းဘဝမှာ ကိုယ့်ကိုမလိုတော့ဘူး ဆိုရင်၊ ကိုယ်မရှိလဲ ရှေ့ဆက်သွားနိုင်တာ သေချာတယ်ဆိုရင် အဲဒီလက်ကို လွှတ်ပေးမှာပေါ့။
ဘာလို့ဆို ကိုယ်ဟာ ချစ်တဲ့သူကို ချည်ထားတဲ့ ကြိုးတစ်ချောင်း မဖြစ်ချင်ဘူး။
မလိုအပ်ပဲ ကပ်တွယ်နေရတဲ့ အမှိုက်တစ်စလဲ
မဖြစ်ချင်ဘူး။
လမ်းခွဲလိုက်ပြီဆိုရင်လဲ သေချာတယ်။
ကိုယ့်ကို ဘယ်တော့မှ ပြန်ရဖို့ မဖြစ်နိုင်ဘူး။