Moe Natt Online Shop

Moe Natt Online Shop အမျိုးသား နှင့် အမျိုးသမီးဝတ်အထည်မ? အမျိုးသားဂျင်းဝတ်နှင့်အမျိုးသမီးဝတ်အထည်များ ပွဲထိုင်အထည်များဈေးနူန်းချိုသာစွာရရှိနိုင်သည်

25/04/2017
01/04/2017

ကလေးငယ်နှင့် နွေရာသီ
မေမေတို့ရေ… ပူပြင်းလှတဲ့ နွေရာသီဟာ နုနယ်တဲ့ ကလေးတွေအတွက် မေမေတွေအနေနဲ့ ဂရုပိုစိုက်ပေးရမယ့် ရာသီတစ်ခုလို့ ဆိုရမှာပါ။ မိမိကလေးငယ်လေးတွေကို နွေရာသီမှာ ကျန်းမာအေးချမ်းစွာ နေနိုင်ဖို့ စား ဝတ် နေ ရေး စတာလေးတွေကို သေချာလေး ဂရုစိုက်ပေးဖို့ တိုက်တွန်းချင်တာပါနော်။ ဘယ်လိုတွေ ဂရုစိုက်ကြမလဲ အောက်ကအချက်တစ်ချို့ကို ကြည့်လိုက်ကြရအောင်လား။

မှန်ကန်တဲ့ အ၀တ်အစားတွေကို ရွေးချယ်ပါ။
အပြင်မထွက်ဘဲ အိမ်တွင်းမှာပဲနေရင် ကလေးငယ်တွေကို လေ၀င်လေထွက်လည်းကောင်း ချွေးလည်းစုပ်တဲ့ ချည်ထည်တွေလိုမျိုး ပွပွယောင်းယောင်း အ၀တ်အစားလေးတွေကို ၀တ်ဆင်ပေးသင့်ပါတယ်။ အပြင်ထွက်မည်ဆိုရင်တော့ ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် အရောင်ဖျော့ဖျော့လေးတွေကို ၀တ်ဆင်ပေးပါ။ နေရောင်ကာကွယ်ဖို့ ဦးထုပ်လည်းဆောင်းပေးဖို့ လိုအပ်ပါတယ်။ ကလေးချီပိုးရာမှာ နွေရာသီအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ ကလေးချီပိုးတဲ့ ပစ္စည်းများနဲ့သာ ချီပိုးသင့်ပါတယ်နော်။

လေ၀င်လေထွက်ကောင်းပါစေ။
ကလေးငယ်လေးတွေက ချွေးသိပ်မထွက်တတ်တာကြောင့် အပူအောင်းတတ်ပြီး လူကြီးတွေထက် အပူကို ပိုခံစားရပါတယ်။ ဒါကြောင့် ကလေးငယ်လေးတွေကို ပူလောင်နေတဲ့ အခန်းထဲမှာ အကြာကြီး မနေခိုင်းသင့်ပါဘူး။ ကားရပ်ထားမည်ဆိုရင် ကားထဲမှာအလုံပိတ် မထားခဲ့သင့်ပါဘူးနော်။ အလုံပိတ်ထားပြီး ပူလောင်နေတဲ့ အခန်း(သို့မဟုတ်) ကားထဲမှာ မိနစ်အနည်းငယ်မျှ နေမိခဲ့ရင်တောင် ကလေးငယ်ရဲ့ ကိုယ်တွင်းအပူချိန်ကို ထိခိုက်မြင့်တက်စေပြီး အခြေအနေပိုဆိုးပါက အသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။

ကလေးအား ရေဓာတ်ပြည့်ဝနေပါစေ။
ကလေးငယ်ရဲ့ နဖူးမှာ ချွေးသီးချွေးပေါက်များထွက်နေတာကို မမြင်ရင်တောင်မှ ကလေးငယ်လေးတွေဟာ ပူပြင်းလှတဲ့နွေရာသီမှာ ရေဓာတ်ဆုံးရှုံးနေတတ်ပါတယ်။ မျက်နှာရဲနေခြင်း၊ ထိလိုက်ရင်ပူနေခြင်း၊ အသက်ရှုမြန်နေခြင်း၊ ပင်ပန်းမောပန်းနေပုံပေါက်ခြင်းတွေကတော့ ရေဓာတ်ဆုံးရှုံးနေတယ်ဆိုတဲ့ အချက်ပြလက္ခဏာတွေပါပဲ။ (၆) လအောက် မွေးကင်းစကလေးငယ်တွေဟာ ရေမသောက်သင့်သေးတာကြောင့် သူတို့ကို နို့ပိုတိုက်ခြင်းဖြင့် ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပါ။ ကလေးငယ်တွေဟာ နွေရာသီမှာ သာမန်ထက် (၅၀)ရာခိုင်နှုန်းပိုပြီး ရေသောက်သင့်ပါတယ်။

အပြင်ထွက်ချိန်ကို သတိထားပါ။
မနက်(၁၀)ကြားမှ နေ့လယ်(၂)နာရီကြားအချိန်ဟာ ကလေးငယ်အတွက် အပြင်ထွက်ဖို့ မသင့်တဲ့ အချိန်ပဲနော်။ ကလေးငယ်ရဲ့ အသားအရေလေးတွေကို ထိခိုက်စေနိုင်လို့ပါ။ ဒါကြောင့် အပြင်ထွက်မယ်ဆိုရင် အဲဒီအချိန်မတိုင်မီ (ဒါမှ မဟုတ်) နောက်မှ အပြင်ထွက်ရင် အကောင်းဆုံးပါပဲ။

အရိပ်တွင်သာနေပါ။
နွေရာသီတွင် ကလေးငယ်လေးတွေနဲ့ ပန်းခြံ (သို့မဟုတ်) ကမ်းခြေကို သွားတဲ့အခါမှာ သစ်ပင်ရိပ်၊ ထီး၊ အမိုးအကာတစ်ခုခု ကိုရှာပြီး အရိပ်အောက်မှာသာ နေထိုင်သင့်ပါတယ်။ ပင်လယ်ကမ်းခြေကို သွားရင် လက်ထဲမှာ အလွယ်တကူ သယ်ဆောင်သွားနိုင်ပြီး နေရောင်ဒဏ် ကာကွယ်ပေးနိုင်တဲ့ ရွက်ဖျင်တဲလေး ယူဆောင်သွားသင့်ပါတယ်နော်။ ရွက်ဖျင်တဲက ဇကာပေါက်လေးတွေနဲ့ အလုံပိတ် မဟုတ်တာကြောင့် လေ၀င်လေထွက်ကောင်းလို့ပါ။

ကလေးငယ်လေးတွေကို လိုးရှင်းလိမ်းပေးပါ။
(၆)နှစ်အောက်ကလေးငယ်လေးတွေက ပါးလွှာနူးညံ့တဲ့ အသားအရေရှိတာကြောင့် နေရောင်ကို တိုက်ရိုက် မထိတွေ့သင့်ပါဘူးနော်။ နေရောင်ထဲထွက်ဖို့ ကြုံလာတဲ့အခါ နေရောင်ခံလိုးရှင်း အနည်းငယ်လိမ်းပေးဖို့ လိုပါတယ်။ (၆)နှစ်အထက်ကလေးများကိုတော့ မကြာခဏ (သို့မဟုတ်) ချွေးထွက်တဲ့အခါတိုင်းမှာ လိမ်းပေးနိုင်ပါတယ်။ ကလေးများအတွက် ရည်ရွယ်ပြီးထုတ်ထားတဲ့ SPF(15) အနည်းဆုံးရှိတဲ့ နေရောင်ခံလိုးရှင်းလေးတွေကို ရွေးချယ်အသုံးပြုပေးသင့်ပါတယ်နော်။

31/03/2017

မြန်မာလူမျိုးတွေဟာ စေတနာကောင်းတယ် ဒါပေမယ့် အများစုက ဘာလို့ ဆင်းရဲနေကြသလဲ??
ဒါကို ပညာရှင်တစ်ဦးက ဒီလိုဖြေသွားပါတယ်..

(၁) မြန်မာအများစုဟာ team work အားနည်းတယ်...မညီညွတ်ဘူး..

(၂) ဘေးကနေ သွေးခွဲရလွယ်တယ်..

(၃) မနာလိုစိတ် များတယ်..

(၄) အချင်းချင်းထဲ ကိုယ့်ထက်သာသွားမှာ မလိုလားဘူး..သာရင်လည်း မနာလိုဘူး..

(၅) မုဒိတာ မပွားနိုင်ဘူး..

(၆) သူများကို ချီးကျူးရင် မကြိုက်ဘူး..ကိုယ့်တစ်ယောက်တည်းကိုပဲ ချီးကျူးစေချင်တယ်..

(၇) ကြိုးစားရမယ့်နေရာတွေမှာ တက်တက်ကြွကြွမရှိဘူး..

(၈) သူများမလုပ်ရင် မလုပ်ချင်ဘူး..

(၉) အချောင်ခိုချင်တယ်..

(၁၀) ပိုက်ဆံရရင် အဖြုန်းကများတယ်..ဘာဝယ်ရင်ကောင်းမလဲ စဉ်းစားတယ်..

(၁၁) ကိုယ်နဲ့ အသုံးတည့်တည့် မတည့်တည့်.?သူများဝယ်ရင် လိုက်ဝယ်ချင်တယ်..

(၁၂) စီးပွားရေးလုပ်ရမှာ ကြောက်တယ်..

(၁၃) ရေရှည်အကျိုးစီးပွားကို မမျှော်ကိုးတတ်ဘူး..

(၁၄) ပုံမှန်သေချာရတဲ့ငွေကို ပိုမက်တယ်...ဝန်ထမ်း ပိုလုပ်ချင်တယ်..

(၁၅) အတွေးအခေါ်ပိုင်းမှာ တီထွင်ကြံဆမှု နည်းတယ်..

(၁၆) မိရိုးဖလာအတွေးအခေါ်ကို မပယ်နိုင်ဘူး..

(၁၇) အများလုပ်တာပဲစောင့်ပြီး တစ်နိုင်ငံလုံး ဝိုင်းလုပ်တတ်တယ်...ဒါကြောင့် ရေရှည်မခံဘူး..

(၁၈) ပြောင်းလဲနေတဲ့ခေတ်ကို လိုက်မမှီဘူး...လိုအပ်တဲ့ ပညာရေးမှာ အားနည်းတယ်..

(၁၉) ဗဟုသုတ လေ့လာဖို့အားနည်းတယ်..စိတ်မဝင်စားဘူး..

(၂၀) ဝေဖန်တာကို အားသန်ပြီး...လက်တွေ့ကျကျဆောင်ရွက်မှု အားနည်းတယ်..

(၂၁) အကြံပြုတာ ကောင်းပြီး...တစ်ကယ့်စီမံခန့်ခွဲဖို့ကျ ညံ့တယ်..

(၂၂) ပုတ်ခတ်တာကို မတရားကြိုက်တယ်..

(၂၃) ကိုယ်ကျရှုံးတိုင်း သူများလည်းကျရှုံးရမယ်ဆိုတဲ့ အမြင်ရှိတယ်..

(၂၄) ရှုံးပြီး ပြန်ထဖို့ ပျင်းတယ်..

(၂၅) မအောင်မြင်ရင် ကံကို ပုံချတယ်..

(၂၆) ကိုယ်ကြုံဖူးတဲ့ အတွေ့အကြုံတစ်ခုတည်းနဲ့...အရာတော်တော်များများကို တစ်ဖက်သတ် သုံးသပ်တယ်..

(၂၈) ဘုရားရှိခိုးတိုင်း ချမ်းသာရပါလို၏ဆုတောင်းပြီးအခွင့်အလမ်း လာရင် အခွင့်အလမ်းမှန်းသိအောင် မလေ့လာပဲကျော်သွားတတ်တယ်..

(၂၉) ပြီးတော့ ပုံမှန်ဘဝထဲမှာ ခပ်ပျော်ပျော်နေတယ်..

(၃၀) ကိုယ့်အကြောင်းထက် သူများအကြောင်းကို ပိုပြီးစိတ်ဝင်စားတယ်..

(၃၁) လေကန်ပြီး အချိန်ဖြုန်းတာများတယ်..

(၃၂) ပိုဆိုးတာက...ပိုက်ဆံတော့ရှိပါရဲ့ တိုးပွားအောင်လုပ်ဖို့ စိတ်ကူးနည်းတယ်..

(၃၃) ပိုက်ဆံကို ကျစ်ကျစ်ပါအောင်ဆုပ်ထားတယ်...အကျိုးရှိအောင် မရင်းနှီးတတ်ဘူး..

(၃၄) ဘဝမှာ ပိုက်ဆံတစ်ခုပဲ ရှိအောင်လုပ်တယ်..

(၃၅) အောင်မြင်ကျော်ကြားဖို့ အများအတွက်ဆောင်ရွက်ဖို့...စိတ်မဝင်စားဘူး..

(၃၆) ကိုယ်သိတာကို သိသလို အသုံးမချတတ်ဘူး..

(၃၇) ပညာရှင်တွေကလည်း ကိုယ့်ပညာကို မျှဝေမပေးချင်ဘူး..လူတော်တွေပေါ်ထွက်လာအောင် မမွေးမြူချင်ဘူး..

"အဲဒါတွေက ဆင်းရဲစေတာပါပဲ"..

ကဲ..မှန်နေသလားလို့ .....

credit

18/03/2017

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

ကြေညာချက်အမှတ် ၁/၂၀၁၇

ချိတ်လုံချည်ကြိုက်တဲ့ သူများအတွက်ထိုင်းပိုး အနံလွန် ၃ကိုက် ၀မ်းဆက်250002 colorInstock
18/03/2017

ချိတ်လုံချည်ကြိုက်တဲ့ သူများအတွက်
ထိုင်းပိုး အနံလွန် ၃ကိုက် ၀မ်းဆက်
25000
2 color
Instock

Instockအပွင့်သေးလေးတွေနဲ့ လူငယ်ကြိုက်ဒီဇိုင်းဝမ်းဆက်ကိုမှ 16000 ပါရှင့်နွေရာသီနဲ့လည်းကိုက်ညီတဲ့ ချည်ပိုးသားလေးတွေပါရှင့်...
18/03/2017

Instock
အပွင့်သေးလေးတွေနဲ့ လူငယ်ကြိုက်ဒီဇိုင်း

ဝမ်းဆက်ကိုမှ 16000 ပါရှင့်
နွေရာသီနဲ့လည်းကိုက်ညီတဲ့ ချည်ပိုးသားလေးတွေပါရှင့်
မြို့နယ်အလိုက် Deli ပို့ပေးပါတယ်နော်
နယ်မြို့မှမှာချင်သူများအတွက်လည်းကားဂိတ်အရောက်ပို့ပေးပါတယ်ရှင့်

ရာသီဥတုက ပူတယ်ဆိုတော့ပွဲတက်ဖို့အတွက် ထိုင်းပိုးလေးတွေဆိုအဆင်ပြေမလား ကဲ ထိုင်းပိုးအသားကောင်းလေးရမယ်နော်အနံလွန် 3 ကိုက်ပါ ...
17/03/2017

ရာသီဥတုက ပူတယ်ဆိုတော့
ပွဲတက်ဖို့အတွက် ထိုင်းပိုးလေးတွေဆိုအဆင်ပြေမလား
ကဲ ထိုင်းပိုးအသားကောင်းလေးရမယ်နော်
အနံလွန် 3 ကိုက်ပါ ၀မ်းဆက်ကိုမှ 15000 ပါနော်
အရောင် ၅ရောင်ရပါမယ်
စိတ်ဝင်စားရင် မန့်သွားပေးပါ cb PLEASE

Online Shop လုပ်နေသူများ Deli ပို့ဖို့အခက်ခဲဖြစ်နေပါသလားမိတ်ဆွေ.သူငယ်ချင်း ချစ်ခင်ရသူများကို လက်ဆောင်ပေးပို့လိုပါသလားအဝေ...
17/03/2017

Online Shop လုပ်နေသူများ Deli ပို့ဖို့အခက်ခဲဖြစ်နေပါသလား
မိတ်ဆွေ.သူငယ်ချင်း ချစ်ခင်ရသူများကို လက်ဆောင်ပေးပို့လိုပါသလား
အဝေးပြေးဂိတ်သို့ ပို့ဆောင်ရန် အခက်ခဲဖြစ်နေပါသလား
Parcel & Gift Deliver Service ရှိပါတယ်
ယုံကြည်စိတ်ချစွာအပ်နှံနိုင်ပါတယ်
ငွေကြိုမရှင်းပေးပါ
အသေးစိပ်ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်
အသေးစိတ်သိချင်ရင်တော့

Address

North Dagon
Yangon

Alerts

Be the first to know and let us send you an email when Moe Natt Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moe Natt Online Shop:

Share