Moth Moth Fashion Shop

Moth Moth Fashion Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Moth Moth Fashion Shop, Fashion Designer, အမှတ်(၁၁၈)ပတ္တမြားလမ်း၊ ကမာရွှတ်၊ ဗဟိုလမ်းနောက်ဘက်၊ BRB မှတ်တိုင်အနီး, Yangon.

ပိုက်ဆံမရှိပဲအိုမင်းသွားရင်တော့ ကိုယ့်အိမ်မှာနေတာတောင် ဧည့်သည်လိုနေရလိမ့်မယ်…အခုချိန်မှာ ပိုက်ဆံမရှိတာ၊ ဘတ်စ်ကားစီးနေရတာ...
02/08/2026

ပိုက်ဆံမရှိပဲအိုမင်းသွားရင်တော့ ကိုယ့်အိမ်မှာနေတာတောင် ဧည့်သည်လိုနေရလိမ့်မယ်…
အခုချိန်မှာ ပိုက်ဆံမရှိတာ၊ ဘတ်စ်ကားစီးနေရတာ၊ အိမ်ခန်းကျဉ်းကျဉ်းလေးမှာ နေရတာတွေကို ရှက်မနေနဲ့။ အဲဒါတွေက ရှက်စရာမဟုတ်ဘူး။ "ရုန်းကန်ခြင်း" လို့ ခေါ်တယ် ။

လူငယ်ဘဝမှာ ဆင်းရဲတာဟာ "ဒဏ်ရာ" မဟုတ်ဘူး၊ "အတွေ့အကြုံ" ပဲ။ ဘာလို့လဲသိလား။ မင်းတို့မှာ "အချိန်" ရှိသေးတယ်။ "ခွန်အား" ရှိသေးတယ်။ လဲကျရင် ပြန်ထနိုင်တဲ့ ဒူးခေါင်းတွေ သန်မာသေးတယ်။ ခေါက်ဆွဲပြုတ်စားပြီး အလုပ်လုပ်နိုင်တဲ့ အစာအိမ် ရှိသေးတယ်။
ဒါပေမဲ့... သတိထား။

အသက် ၆၀ ကျော်၊ ၇၀ ရောက်လို့ ခါးတွေကိုက်၊ မျက်စိတွေမှုန်၊ ဒူးတွေနာလာတဲ့အချိန်မှာ ပိုက်ဆံမရှိရင်တော့... အဲဒါ "အတွေ့အကြုံ" မဟုတ်တော့ဘူး။ အဲဒါ "အဖြစ်ဆိုး (Tragedy)" ပဲ။

ငါ့သက်တမ်းတစ်လျှောက်လုံးမှာ မြင်ခဲ့ရတဲ့ အဆွေးဆုံးမြင်ကွင်းက ဘာလဲသိလား။ ဆေးရုံကုတင်ပေါ်မှာ လဲနေပြီး ဆေးဖိုးမရှိလို့ သားသမီးတွေရဲ့ မျက်နှာကို ငယ်ငယ်လေးဖြစ်အောင် လုပ်ပြီး ကြည့်နေရတဲ့ လူအိုကြီးတွေရဲ့ မျက်လုံးတွေပဲ။

မင်းတို့က "သားသမီးတွေ ရှိတာပဲ၊ ပြန်လုပ်ကျွေးမှာပေါ့" လို့ တွေးနေလား။ အေး... ဒီမှာ အမှန်တရားကို နားထောင်။ သားသမီးဆိုတာလည်း ကိုယ့်အိုး ကိုယ့်အိမ်နဲ့ ဖြစ်လာတဲ့အခါ၊ သူတို့မှာလည်း သူတို့အခက်အခဲနဲ့ သူတို့ ရှိလာမှာပဲ။

အဲဒီအချိန်ကျရင် မင်းက သူတို့အတွက် "ဝန်ထုပ်ဝန်ပိုး" ဖြစ်သွားနိုင်တယ်။ ကိုယ့်မိဘကို ပြုစုချင်ပေမယ့် ငွေကြေးမတတ်နိုင်လို့ စိတ်ဆင်းရဲနေရတဲ့ သားသမီးတွေရဲ့ မျက်နှာကို မင်း ကြည့်ရက်မလား။
ဒါကြောင့် ငါအမြဲပြောတာ... "အိုစာမင်းစာ ဆိုတာ ကိုယ့်ရဲ့ မာနပဲ" လို့။

အသက်ကြီးလာတဲ့အခါ ပိုက်ဆံရှိနေရင် ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူး။ ကိုယ်စားချင်တာ စားနိုင်မယ်။ ကိုယ်လှူချင်တာ လှူနိုင်မယ်။ သားသမီး၊ မြေး၊ မြစ်တွေလာရင်တောင် မုန့်ဖိုးပြန်ပေးနိုင်တဲ့ "ဘိုးဘိုးကြီး၊ ဘွားဘွားကြီး" ဖြစ်နေမှ လူတကာက ဝိုင်းချစ်ကြမှာ။

ပိုက်ဆံမရှိဘဲ အိုမင်းသွားရင်တော့... ကိုယ့်အိမ်မှာ နေတာတောင် ဧည့်သည်လို နေရလိမ့်မယ်။ သားသမီးတွေ စကားများရင်တောင် "ငါ့ကြောင့်များလား" ဆိုပြီး အားနာနေရလိမ့်မယ်။ ရောဂါတစ်ခုခုဖြစ်ရင် "ငါ သေလိုက်ပါတော့မယ်" ဆိုတဲ့ စကားကို တွင်တွင်ရွတ်နေရလိမ့်မယ်။

ဒါကြောင့် ဒီနေ့ကစပြီး ပြင်ဆင်ကြပါ။ အခု ရနေတဲ့ လစာလေး၊ ဝင်ငွေလေးထဲကနေ နည်းနည်းချင်းစီ ဖယ်စုပါ။ "ဒီနေ့ စားဖို့ရှိရင် ပြီးတာပဲ" ဆိုတဲ့ စိတ်ကို ဖျောက်လိုက်။ မနက်ဖြန်အတွက်၊ နောင်နှစ်ပေါင်း ၃၀ အတွက် ထည့်တွက်ပါ။

ငယ်တုန်းမှာ ရုန်းကန်ရတာ ပျော်စရာကောင်းတယ်။ ဒါပေမဲ့ အိုလာတဲ့အခါ ရုန်းကန်ရတာ သိပ်ပင်ပန်းတယ်။ နေဝင်ချိန်ရောက်တဲ့အခါ အေးအေးဆေးဆေး ထိုင်ကြည့်နိုင်ဖို့၊ အခု နေပူကျဲတဲအချိန်မှာ အမိုးအကာလေး လုံအောင် လုပ်ထားကြပါ။

မင်းတို့ရဲ့ ဇာတ်သိမ်းခန်းကို မင်းတို့ကိုယ်တိုင်ပဲ လှပအောင် ဖန်တီးနိုင်တာမို့... ဒီနေ့ကစပြီး "အိုစာ" အတွက် စဉ်းစားကြပါတော့။
✍🏻

04/07/2026

စကပ်သီးသန့်လေး တင်ပေးထားတယ်နော်! ✨ ဒီတစ်ခါ စကပ်ဒီဇိုင်းလေးက ဝတ်လိုက်တာနဲ့ လမ်းလျှောက်တိုင်း ဝဲဝဲလေး ဖြစ်နေစေရမယ်။ လှပတဲ့ ဒီဇိုင်းနဲ့ အရည်အသွေးကိုမှ ကြိုက်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ဝယ်ပြီးရင် လုံးဝ အသည်းစွဲ ဖြစ်သွားစေရမယ်။ S to XL ဆိုဒ်စုံ ရနိုင်ပါတယ်ရှင်။

03/07/2026

ခုcolorလေးကအရမ်းလှနော် ချုပ်နေရင်းနဲ့ကိုကြိုက်နေပြီး စကပ်လေးဆိုပြောစရာမလိုဘူးနော်🥰🥰
Price - 43,500ks
color 6ရောင်ရှိပါတယ်ရှင့် ၊ ITY ကိုရီးယားဆွဲသားစစ်စစ်ကိုသုံးထားတာပါ


01/07/2026

ကိုယ့်ရဲ့ Confidence ကို မြှင့်တင်ပေးမယ့် Moth Moth ရဲ့ Premium Collection လေးတွေ ✨ အရည်အသွေးမြင့်ပြီး ပုံစံမျိုးစုံထဲက ကိုယ်ကြိုက်တဲ့အရောင်ကို အခုပဲ ရွေးချယ်လိုက်ပါရှင့်။ S to XL ဆိုဒ်စုံရပါတယ်နော်။ ပွဲတက်ရင်ပဲဖြစ်ဖြစ်၊ ရုံးသွားရင်ပဲဖြစ်ဖြစ် ဝတ်လို့ကောင်းတဲ့ ဒီဇိုင်းလေးတွေပါ။ ITY ကိုးရီးယားဆွဲသားစစ်စ်ကို အသုံးပြုထားတာပါရှင့်။

Color လေးတွေ အသစ်ရောက်ထားတယ်နော် စိတ်ဝင်စားရင် Cbမှာ လာရောက်မေးလို့ရပါတယ်ရှင့် 🥰🥰
30/06/2026

Color လေးတွေ အသစ်ရောက်ထားတယ်နော် စိတ်ဝင်စားရင် Cbမှာ လာရောက်မေးလို့ရပါတယ်ရှင့် 🥰🥰

Address

အမှတ်(၁၁၈)ပတ္တမြားလမ်း၊ ကမာရွှတ်၊ ဗဟိုလမ်းနောက်ဘက်၊ BRB မှတ်တိုင်အနီး
Yangon
11041

Telephone

+959458221980

Website

Alerts

Be the first to know and let us send you an email when Moth Moth Fashion Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moth Moth Fashion Shop:

Shortcuts

Share