Turning Point School of Fashion

Turning Point School of Fashion Turning Point is committed to providing aspiring professionals with the skills and attitude required to become leaders in international fashion zone.

ကျောင်းစပီးလျောက်လို့ရပါပီ-ပေးထားတဲ့link ထဲက form ကိုဖြည့်ပေးပါ... ပညာလိုချင်တဲ့ လူငယ်တွေအတွက် ကျောင်းသားများများကို Sch...
19/08/2025

ကျောင်းစပီးလျောက်လို့ရပါပီ-ပေးထားတဲ့link ထဲက form ကိုဖြည့်ပေးပါ... ပညာလိုချင်တဲ့ လူငယ်တွေအတွက် ကျောင်းသားများများကို Scholarship ပေးနိုင်ဖို့ကျောင်းအနေနဲ့ ထပ်မံစီစဉ်ထားပါတယ် ....https://docs.google.com/forms/d/e/1FAIpQLSf1lP8dGJZ_5WjNg0l9Q3oLZ_3w-i9IIOFgQYS5p56eaFPQdQ/viewform?usp=dialog

Diploma in fashion Design online course ကို Fully scholarship လျောက်နိုင်မယ့်အခွင့်ရေး0943066820,0925018346သို့ဆက်သွယ်နိ...
19/08/2025

Diploma in fashion Design online course ကို
Fully scholarship လျောက်နိုင်မယ့်အခွင့်ရေး
0943066820,0925018346သို့ဆက်သွယ်နိုင်ပါတယ် ။

fashionပညာရပ်ကို တကယ့်ကိုစိတ်ဝင်စားပြီး အခြေခံကနေ professional fashion designer တယောက်ဖြစ်သည်အထိ သင်ယူနိုင်မယ့် diploma သင်တန်းကို တနှစ်ပတ်လုံး စာ free သင်ယူဖို့လာရောက်လျောက်ထားနိုင်ပါတယ်။

🌷🌷🌷ဖက်ရှင်ဒီဇိုင်း (Fashion Design) ဆိုတာ
လူတွေရဲ့ နေ့စဉ်ဘဝ၊ ယဉ်ကျေးမှု၊ လူမှုအဆင့်အတန်းနဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်တဲ့ အဝတ်အစားနဲ့ အလှဆင်ပစ္စည်းတွေကို ဖန်တီးတဲ့ အနုပညာနဲ့ နည်းပညာပေါင်းစပ်ထားသော ပညာရပ်တစ်ခုဖြစ်ပါတယ်။ ဖက်ရှင်ဒီဇိုင်းဟာ အဝတ်အစားဒီဇိုင်းဆိုတာထက် ပိုမိုကျယ်ပြန့်ပြီး လူတစ်ဦးချင်းစီရဲ့ စိတ်ကူးစိတ်သန်း၊ လူမှုပတ်ဝန်းကျင်နဲ့ ခေတ်ရေစီးကြောင်းတွေကို ထင်ဟပ်စေတဲ့ ဖန်တီးမှုအနုပညာတစ်ခုလည်းဖြစ်ပါတယ်။
🌷🌷🌷ဖက်ရှင်ဒီဇိုင်းရဲ့ အရေးပါမှု
ဖက်ရှင်ဒီဇိုင်းကောင်းတစ်ခုဟာ အဝတ်အစားရဲ့ အလှအပကိုသာမက ၀တ်ဆင်သူတွေသက်တောင့်သက်သာရှိမှု၊ လုပ်ငန်းဆောင်တာနဲ့ ကိုက်ညီမှု၊ ရာသီဥတုနဲ့ သင့်တော်မှုတို့ကိုပါ ထည့်သွင်းစဉ်းစားရပါတယ်။ ဒီဇိုင်နာတစ်ဦးဟာ ခေတ်ရေစီးကြောင်း (Trends)၊ အရောင်အသွေး (Color Theory)၊ အထည်နဲ့ ပစ္စည်းရွေးချယ်မှု (Fabric & Material Selection)၊ လူမှုယဉ်ကျေးမှု (Cultural Influences) နဲ့ စျေးကွက်လိုအပ်ချက်တွေကို ပေါင်းစပ်ပြီး ထူးခြားတဲ့ ဒီဇိုင်းတွေကို ဖန်တီးရပါတယ်။
🌷🌷🌷Fashion designer တစ်ယောက်ဖြစ်ဖို့ဆိုရင် အခြေခံကစလို့ ကျွမ်းကျင်တဲ့အဆင့်အထိ လေ့လာသင်ယူရမယ့် ပညာရပ်တွေ အများကြီးရှိပါတယ်။ အဲဒီထဲက Designer တစ်ယောက်အတွက် အရေးအကြီးဆုံးသော ဖန်တီးမူကို လူံ့ဆော်ပေးမယ့် Sensory, emotion, feeling and mood စတာတွေအပြင် အဓိကကျတဲ့ ပညာရပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
🌷🌷🌷ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ ဘာတွေလေ့လာရမလဲ?
ဖက်ရှင်ဒီဇိုင်နာတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် တကယ်တော့ လေ့လာစရာတွေ အများကြီးရှိပါတယ်။ အဓိကအားဖြင့် ဘာတွေလဲဆိုတော့ ဖက်ရှင်ရဲ့ သမိုင်းကြောင်းနဲ့ ဒီဇိုင်းပုံစံအမျိုးမျိုး၊ နောက် ခေတ်ရေစီးကြောင်း ဘယ်လိုပြောင်းလဲလာနိုင်လဲဆိုတာကို ခန့်မှန်းတာ၊ ပြီးတော့ ဒီဇိုင်းရဲ့ အခြေခံ သဘောတရားတွေ၊ အရောင်တွေရဲ့ သီအိုရီတွေပေါ့။ ဒါ့အပြင် ဖက်ရှင်ဒီဇိုင်းတစ်ခုကို ဘယ်လိုဖန်တီးရမလဲဆိုတဲ့ လုပ်ငန်းစဉ်၊ အဝတ်အထည်လုပ်ဖို့ ပိတ်စနဲ့ ပစ္စည်းတွေ ဘယ်လိုရွေးချယ်မလဲ၊ ဖက်ရှင်ဒီဇိုင်းရေးဆွဲတဲ့ နည်းပညာတွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ သက်ဆိုင်တဲ့ ဒီဇိုင်းတွေအပြင် စျေးကွက်နဲ့ ဖက်ရှင်စီးပွားရေးအကြောင်းတွေကိုလည်း သိထားဖို့လိုပါတယ်။ ဒီအကြောင်းအရာတွေအားလုံးက ဖက်ရှင်ဒီဇိုင်နာတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရည်အချင်းတွေနဲ့ အောင်မြင်ဖို့အတွက် အခြေခံတွေပါပဲ။
🌷🌷🌷ဖက်ရှင်သမိုင်းနဲ့ ဒီဇိုင်းပုံစံတွေကို လေ့လာတယ်ဆိုတာက အရင်ခေတ်တွေတုန်းက ဖက်ရှင်တွေ ဘယ်လိုဖြစ်ခဲ့လဲ၊ ဘယ်လိုပြောင်းလဲလာလဲဆိုတာကို သိရဖို့ပါ။ ရှေးရိုးရာဝတ်စုံတွေကနေ ခုခေတ်ပေါ် ဒီဇိုင်းတွေအထိ ဖက်ရှင်ရဲ့ ဖြစ်စဉ်ကို နားလည်ထားဖို့က အရေးကြီးပါတယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ အရင်က ပုံစံတွေကို သိထားမှ ခုလက်ရှိနဲ့ ပေါင်းစပ်ပြီး ထူးခြားတဲ့ ဒီဇိုင်းအသစ်တွေကို ဖန်တီးနိုင်မှာဖြစ်လို့ပါ။
🌷🌷🌷ဖက်ရှင်ခေတ်ရေစီးကြောင်း ခန့်မှန်းတာကလည်း နောက်ပိုင်း ဖက်ရှင်လောက ဘယ်လိုဖြစ်လာနိုင်လဲဆိုတာကို ကြိုတွေးကြည့်တာပေါ့။ လူမှုအခြေအနေတွေ၊ ယဉ်ကျေးမှုတွေ ဘယ်လိုပြောင်းလဲနေလဲ၊ ဒါတွေက ဖက်ရှင်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို လေ့လာဆန်းစစ်ရပါတယ်။ ဒီလိုသိထားခြင်းအားဖြင့် စျေးကွက်က ဘာကိုလိုချင်လဲဆိုတာကို သိပြီး ခေတ်နဲ့ကိုက်ညီတဲ့ ဒီဇိုင်းတွေကို ဖန်တီးနိုင်ဖို့ ကူညီပေးပါတယ်။
🌷🌷🌷ဒီဇိုင်းရဲ့ သဘောတရားတွေနဲ့ အရောင်သီအိုရီကတော့ ဖက်ရှင်ဒီဇိုင်းရဲ့ အဓိကအုတ်မြစ်လိုပါပဲ။ ဒီဇိုင်းစည်းမျဉ်းတွေ၊ အရောင်တွေက လူတွေရဲ့ ခံစားချက်အပေါ် ဘယ်လိုအကျိုးသက်ရောက်လဲ၊ အရောင်တွေကို ဘယ်လိုလှအောင် တွဲစပ်မလဲ စတာတွေကို ကောင်းကောင်းနားလည်ပြီး အသုံးချနိုင်ရပါမယ်။ ဒါမှ ကိုယ်ဖန်တီးတဲ့ ဒီဇိုင်းတွေက ပိုပြီးပေါ်လွင်ထင်ရှားပြီး လူ🌷🌷🌷တွေရဲ့ စိတ်ကို ဆွဲဆောင်နိုင်မှာပေါ့။
ဖက်ရှင်ဒီဇိုင်းတစ်ခု ဖန်တီးတဲ့ လုပ်ငန်းစဉ်ဆိုတာက စိတ်ကူးစရတဲ့အချိန်ကနေ အဝတ်အထည်ဖြစ်သွားတဲ့အထိ အဆင့်ဆင့်လုပ်ရတာပါ။ ပထမဆုံး စိတ်ကူးတွေကို ပုံကြမ်း (Sketching) တွေနဲ့ အရင်ဖော်ပြရတယ်။ ပြီးမှ အဲဒီဒီဇိုင်းတွေကို တိကျသေချာအောင် အကောင်အထည်ဖော်ရတာပေါ့။ ဒီလုပ်ငန်းစဉ်မှာ ဖန်တီးနိုင်စွမ်းရော၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုပါ နှစ်မျိုးလုံးလိုအပ်ပါတယ်။
🌷🌷🌷ပိတ်စအထည်နဲ့ ပစ္စည်းရွေးချယ်တဲ့အခါမှာလည်း အထည်အမျိုးအစားတွေ၊ ရာသီဥတုနဲ့ သင့်တော်မှု၊ ဝတ်ရတာ သက်သောင့်သက်သာရှိမှု စတာတွေကို ထည့်သွင်းစဉ်းစားရပါမယ်။ အထည်တွေရဲ့ ဂုဏ်သတ္တိတွေကို ကောင်းကောင်းသိထားပြီး ကိုယ်ဖန်တီးချင်တဲ့ ဒီဇိုင်းအတွက် အသင့်တော်ဆုံးကို ရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။
🌷🌷🌷ဖက်ရှင်ဒီဇိုင်းနည်းပညာတွေဆိုတာကတော့ ပုံဆွဲတာတွေပေါ့။ လက်နဲ့ပုံဆွဲတာ (Freehand Sketching)၊ ဖက်ရှင်ပုံလေးတွေ သရုပ်ဖော်ဆွဲတာ (Illustration) နဲ့ အခုခေတ်ပေါ် ကွန်ပျူတာ ဆော့ဖ်ဝဲလ်တွေနဲ့ ဒီဇိုင်းဆွဲတာတွေကိုလည်း ကျွမ်းကျင်ရပါမယ်။ ဒီကျွမ်းကျင်မှုတွေက ကိုယ့်ရဲ့ စိတ်ကူးတွေကို တိကျရှင်းလင်းစွာ ဖော်ပြနိုင်ဖို့ အထောက်အကူပေးပါတယ်။
🌷🌷🌷လူမှုအခြေပြု ဒီဇိုင်းဆိုတာကတော့ ကိုယ်ဖန်တီးတဲ့ ဒီဇိုင်းတွေက ပတ်ဝန်းကျင်နဲ့ လူမှုအသိုင်းအဝိုင်းအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ထည့်တွေးတာပါ။ ရေရှည်တည်တံ့တဲ့ ဖက်ရှင် (Sustainable Fashion)၊ ကျင့်ဝတ်နဲ့ညီတဲ့ ထုတ်လုပ်မှု (Ethical Production) နဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု နည်းအောင် လုပ်ဆောင်တာတွေက ခုခေတ် ဖက်ရှင်ဒီဇိုင်နာတွေအတွက် တာဝန်တစ်ရပ်လို ဖြစ်လာနေပါပြီ။
🌷🌷🌷နောက်ဆုံးတစ်ခုကတော့ စျေးကွက်နဲ့ စီးပွားရေးအကြောင်းပါ။ ဖက်ရှင်လောကမှာ အောင်မြင်ဖို့ဆိုရင် ဒီဇိုင်းဆွဲတတ်ရုံနဲ့ မပြီးပါဘူး။ စျေးကွက်ကို ဘယ်လိုခွဲခြမ်းစိတ်ဖြာမလဲ၊ လူတွေ ဘာလိုချင်နေလဲ၊ ကိုယ့်ရဲ့ အမှတ်တံဆိပ် (Brand) ကို ဘယ်လိုတည်ဆောက်မလဲ စတဲ့ စီးပွားရေး အခြေခံတွေကိုပါ နားလည်ထားရပါမယ်။ ဒါမှ ကိုယ့်ဒီဇိုင်းတွေကို စျေးကွက်ထဲ အောင်အောင်မြင်မြင် တင်ပို့နိုင်မှာ ဖြစ်ပါတယ်။
🌷🌷🌷CDA (Creative Design Academy) ဟာ ဒီဇိုင်နာတွေ အထက်ကပြောတဲ့လေ့လာရမှာတွေကို အခြေခံကနေ အဆင့်မြှင့်အထိ ဒီဇိုင်းနဲ့ပတ်သက်သောပညာရပ်တွေကို ပြည့်ပြည့်စုံစုံနဲ့ လေ့ကျင့်သင်ကြားပေးမယ် ဒီဇိုင်းကျောင်းတစ်ခုဖြစ်ပါတယ်။ CDAရဲ့ Syllabus သင်ရိုးညွှန်းတမ်းတွေက လက်တွေ့လုပ်ဆောင်မှုတွေ၊ နည်းပညာ၊ ကျွမ်းကျင်မူတွေနဲ့ ဒီဇိုင်းသီအိုရီတွေကို ပေါင်းစပ်ထားပါတယ်။
🌷🌷🌷ဒါကြောင့် သင်တန်းပီးဆုံးတာနဲ့ ကိုယ့်ပိုင်ဟန်ဒီဇိုင်းတွေကို ဆွဲဆောင်မူရှိပီး ထူးခြားတဲ့ ဒီဇိုင်းများစွာကို ဖန်တီးနိုင်ဖို့ အာမခံချက်ရှိတဲ့ CDA ကို ဆက်သွယ်ပီး သင့်ရဲ့အိမ်မက်တွေကို အင်တာနက်ရှိရုံနဲ့ အချိန်၊ နေရာမရွေး သင်ယူနိုင်မယ့် CDA (Creative Design Academy) ရဲ့ အွန်လိုင်းသင်တန်းတွေက သင့်အတွက် အမြဲအသင့်ရှိနေပါတယ်။
"Your Success Starts Here – Learn Online, Shine Everywhere."

အပ်ချည်လုံး Home Shop  နဲ့အတူ Turning Point School of Fashion တို့ပူးပေါင်းပြီး Art Therapy free class မှ စိတ်ကူးယဉ် Abs...
31/03/2024

အပ်ချည်လုံး Home Shop နဲ့အတူ Turning Point School of Fashion တို့ပူးပေါင်းပြီး Art Therapy free class မှ စိတ်ကူးယဉ် Abstract Art

ကျမတို့နေ့စဉ်လှုပ်ရှားမရပ်မနားနေကြတဲ့ ပတ်ဝန်းကျင်ကနေ ခဏတာ အနားယူဖို့လို ကောင်းလိုပါလိမ့်မယ်

ဘာဖြစ်လို့လဲ ?

ခဏတာနားပြီးမှ စိတ်တွေလွှတ်ချထားပြီးမှ နေ့သစ်တွေအတွက် အတွေးသစ်တွေ လှလှ ပပ ဖန်တီးနိုင်မှာမို့ပါ

ပူပန်မှုတွေ ၊ရောထွေးမွန်းကျပ်မှုတွေ ကို အနုပညာ ကနေတဆင့် လွတ်ချ ကြည့်လိုက်တဲ့အခါ

စိတ်ဝင်စားစရာကောင်းတဲ့ အနုပညာတခု ဖန်တီးကျန်ခဲ့ပြီးလွတ်လပ်စွာ အနားယူကြည့်လိုက်ရအောင်

မေမြို့မှာ ရှိတဲ့ အပ်ချည်လုံး home shop နဲ့လက်တွဲပြီး Turning Point School of Fashion ကနေ free workshops လေးတွေ‌ စီစဉ်ဖြ...
22/03/2024

မေမြို့မှာ ရှိတဲ့ အပ်ချည်လုံး home shop နဲ့လက်တွဲပြီး Turning Point School of Fashion ကနေ free workshops လေးတွေ‌ စီစဉ်ဖြစ်နေပါတယ်။‌
နေရာကလဲ အပ်ချည်လုံး home shop မှာပဲ စီစဉ်ထားပါတယ်။

Art and design ကိုစိတ်ဝင်စားပြီး အခြေခံကစလို့လေ့လာချင်တဲ့ သူတွေအတွက် စီစဉ်ပေးထားတဲ့ workshopပါ။ပေါ့ပေါ့ပါးပါး လွတ်လပ်စွာနဲ့အနုပညာ ပေါ်မှာစီးမျောကြည့်ရအောင်

နောက်ပိုင်း မှာလဲ online free workshops လေးတွေစီစဉ်ပေးသွားအုန်းမှာပါ။

05/01/2024

New year New creation
Online certificate class မှ Sophia ရဲ့ဖန်တီးမှု

Sophia က တက်ကြွ လန်းဆန်းတယ် ၊ထူးခြားတဲ့ concept အတွေးတွေကို တွေးခေါ်ဖေါ်ဆောင်တက်တယ်။

သူမ career တခုကို Turning Point School of Fashion နဲ့ ဘယ်လို စခဲ့သလဲ ?

အသေးစိတ် ဖန်တီးမှုများကို ဆက်လက် ကြွားမှာမို့ စောင့်မျှော်ပေးနော်

Turning Point School of Fashion မှာ Designer တယောက်အဖြစ် လေ့လာ နေတဲ့ ကျမတို့ မင်းသား လေးရဲ့ ဖန်တီးမှုတွေ နဲ့မိတ်ဆက်ချင်တ...
02/09/2023

Turning Point School of Fashion မှာ
Designer တယောက်အဖြစ် လေ့လာ နေတဲ့ ကျမတို့ မင်းသား လေးရဲ့ ဖန်တီးမှုတွေ နဲ့မိတ်ဆက်ချင်တယ်။
ကျမတို့ကတော့ ချစ်စနိုး အုပ်အုပ်လို့ခေါ်ကြတယ်🙂

အုပ်အုပ်ကလေ Model and Actor တယောက် အနေနဲ့ အနုပညာ ဖန်တီးမှုတွေကို ငယ်ငယ်ထဲက လေ့လာမှုအားကောင်းခဲ့တယ်။ကျမနဲ့စကားပြောကြရင်း အုပ်က ပါရမီထူးချွန်သူပဲလို့ မှတ်ယူခဲ့မိပါတယ်။
Model , Actor တယောက်အနေနဲ့ လိုအပ်တဲ့ fashion အပိုင်းကိုလဲ တက်သိနားလည်ထားပြီးသား၊ရင်းနှီးပြီးသားဖြစ်တဲ့သူ‌ပါ။ မအားလပ်ပေမယ့် zoom online class ကိုjoinရင်းကြိုးစားခဲ့ပါတယ်။

ကျမတို့အနေနဲ့ ပိုမို ပြီးစနစ်တကျ professional တယောက်အဖြစ်ပံ့ပိုး ပေးရုံပါ။ကျမတို့TPရဲ့သင်ကြားမှုနည်းစနစ်အောက်မှာ လပိုင်းအတွင်း ပိုမို တိုးတက်ပြီး စနစ်ကျTheory တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးပြုနိုင်တဲ့လူငယ်လေးတယောက်ဖြစ်လာခဲ့ပါတယ်။

Sketches ပုံကြမ်းတွေ ကို AI နည်းပညာနဲ့ပါတွဲလိုက်တဲ့အခါ ပိုမိုပြီး ပြည့်စုံသွားတဲ့ နေရာတခုကို ရောက်ရှိသွားတဲ့ပုံလေးတွေ ကြည့်ရင်း ...... အတွေးတွေ နယ်ချဲ့ ကြည့်ရအောင်နော်။

https://www.facebook.com/sithu.ohtsoe

ကျွန်မတို့ Turning Point school of Fashion ရဲ့ online certificate class မှာ သင်တန်းသားတွေထဲက သမီးတယောက်ဖြစ်တဲ့ မြတ်နိုး ...
25/07/2023

ကျွန်မတို့ Turning Point school of Fashion ရဲ့ online certificate class မှာ သင်တန်းသားတွေထဲက သမီးတယောက်ဖြစ်တဲ့ မြတ်နိုး နဲ့ စတင်မိတ်ဆက်ချင်ပါတယ်။

မြတ်နိုးက ကြိုးစားတယ် ၊စိတ်အားထက်သန်တယ်လို့ ကျွန်မ အစဦးဆုံးသင်တန်းအပ်ဖို့ အသေးစိတ်ဆွေးနွေးတဲ့အခါသိလိုက်ရတယ်။

မြတ်နိုးက သူ့ရဲ့ ကိုယ်ပိုင် RTW brand ထုပ်ပြီးဈေးကွက်ထဲမှာ အထာကျကျ လှုပ်ရှားနေပြီးသားဖြစ်တယ်။ တနီးအားဖြင့် အတွေ့ကြုံကောင်းရထားပြီးသားပဲလို့ ဆိုပါတော့လေ။

ဒါနဲ့ ကျွန်မ မေးကြည့်တယ် ဘယ်အပိုင်းကိုအားဖြည့်ချင်ပါသလဲပေါ့၊ စိတ်ကူးတွေကွန့်မြူးဖို့ လိုမယ်ပေါ့ ၊ဒါမှ ဈေးကွက်ထဲ အပြိုင် ပညာပြည့်တဲ့ လောကထဲမှာ တနေရာ ရဖို့ အထောက်ကူဖြစ် ဖို့လိုမယ်ပေါ့။

ဒါနဲ့ပဲ စလိုက်ကြတာ level 2အစပိုင်းရောက်လာတော့ ကျွန်မရော မြတ်နိုးရော အတူတူ ကြိုးစားခဲ့ကြတာ လိုချင်တဲ့ပြည့်မှီတဲ့ ပညာတွေ တဖြည်းဖြည်းဖြည့်ယူလာကြတာ လမ်းစတွေပေါ်လာပြီလို သိလိုက်ကြတယ်။

ဒီနေရာမှာ မြတ်နိုး စိတ်ခွန်အား Confidence တွေရှိလာတယ် ။ line,shape စသဖြင့် theory drawing, creation ဘက်ပေါင်းစုံ သိရှိလာမှုအပေါ် မှာ ယုံကြည်မှုတွေ ရှိလာတဲ့သဘောပေါ့။

ကျွန်မရော မြတ်နိုးရော ဆက်လက်ကြိုးစားကြအုံးမှာ ၊ဘယ်လောက်ပဲ အချိန်ကြာကြာ ဝါသနာ အပေါ်အရင်းခံပြီး လေ့လာမှတ်သားရတဲ့ပညာဆိုရင် တချိန်တော့ ကျွန်မတို့သတ်မှတ်ထားတဲ့ ပန်းတိုင်ကို ရောက် ရှိလာမှာဖြစ်တယ် လို့ ယုံကြည်ထားပါတယ်။
မြတ်နိုးနဲ့ကျမ (၂)လအတွင်း အစကနေ ယနေ့အထိ ကြိုးစားနေဆဲ ပုံလေးတွေကြည့်ရင်း အားပေး လိုက်ပါအုံးနော်

မြတ်နိုးရဲ့ page link မှာ လဲလေ့လာနိုင်ပါတယ် နော်

https://www.facebook.com/profile.php?id=100077421820117&mibextid=ZbWKwL

14/03/2023

Turning Point School of Fashion ၏ Technical Department မှ Lecturer မဆောင်းဟေမာန်ဝင်း

သူမရဲ့ ချုပ်တဲ့လက်ရာတွေကို လေ့လာချင်တယ်ဆိုရင်တော့
https://www.youtube.com//featured
သူမရဲ့ YouTube Channel မှာ သွားရောက်လေ့လာလို့ရပါတယ်။
https://instagram.com/withhsaung?igshid=YmMyMTA2M2Y=
သူမရဲ့ Instagram မှာ လည်းသွားရောက်လေ့လာလို့ရပါသေးတယ်။

အခုလို သူမနဲ့ အနီးကပ်သင်ယူခွင့်ရမှာကို လက်လွတ်မခံပါနဲ့။

12/03/2023

Chat box မှာ အမေးအများဆုံး မေးခွန်းလေးတွေရဲ့ အဖြေ
👇🏽👇🏽👇🏽

1.Diploma in fashion design ၊ 5 လ

-နိုင်ငံတကာအဆင့်မြင့်မီသင်ရိုးသစ်။
-စုစုပေါင်း5ဘာသာသင်ကြားရပါတယ်။
-design, drawing, marketing, pattern and sweing.
-စာတွေ့အပြင်လက်တွေ့ပါအလုပ်နှင့်တွဲဖက်ပြီး သင်ယူနိုင်မယ့်အခွင့်ရေးတွေပါရှိပါမယ်။
-Online and inclass 2မျိုးတက်ရောက်ရပါမယ်။

2. Certificate of Ready to wear marketing and design၊ 2 လ

- brand ထုပ်လုပ်ချင်သူများအတွက် သင့်လျော်တဲ့သင်ရိုးပါ။
-design , drawing and Marketing ဘာသာရပ်တွေ အဓိကထားသင်ကြားရမှာဖြစ်ပါတယ်။
-online class only

3. certificate of design and drawing၊ 3 လ

-ကိုယ်ပိုင် design ထုတ်လုပ်ဖန်တီးချင်သူ၊ design creation ကိုအားသာသူများအတွက် သင့်လျော်တဲ့ သင်ရိုးပါ။
-online class only ၊တဦးချင်းသီးသန့်အချိန်နှင့်သင်ပေးပါတယ်။

4. Certificate of Fashion Stylist၊ 1 လ

- Stylist လုပ်ချင်သူတွေအတွက် သီးသန့်ပါ။
- ပုံဆွဲစရာမလို၊ စက်ချုပ်စရာမလို။
- online class သီးသန့်။ weekend အတန်းပါ။

5. Certificate of Fashion Business၊ 2 လ

- စီးပွါးရေးသီးသန့်အတန်းပါ။
- အပ်ထည်ဆိုင်ဖွင့်ထားသူ၊ သင်တန်းကျောင်းဖွင့်ထားသူ၊ ready to wear brand ထုတ်လုပ်သူ သို့ ထိုအလုပ်များ လုပ်ဖို့ ရည်ရွယ်သူတွေအတွက် သင့်တော်ပါတယ်။
- online class သီးသန့်၊ weekend အတန်းပါ။

6.video group design courses
-အချိန်မရွေးသင်ယူနိုင်တဲ့ online group classပါ။
5ဘာသာ ရှိပါတယ် ၊basic , intermediate and advance 3ဆင့်တက်ရမှာဖြစ်ပါတယ်။

&A

Ready to wear Brand အတွက် Design ကို Pinterest က ကူးချတာမျိုးမဟုတ်ဘဲ တကယ် တတ်မြောက်ချင်သူတွေFashion Marketing and Brandi...
06/03/2023

Ready to wear Brand အတွက် Design ကို Pinterest က ကူးချတာမျိုးမဟုတ်ဘဲ တကယ် တတ်မြောက်ချင်သူတွေ

Fashion Marketing and Branding ရဲ့ အခြေခံ သဘောတရားတွေကို နားလည်ပြီး လက်တွေ့ အသုံးချချင်သူတွေ

အချိန် တိုအတွင်း အမြန်တက်ချင်သူတွေ

လက်ရှိ Ready to wear Brand ကို အဆင့်မြင့်ချင်သူတွေ တက်သင့်တဲ့ သင်တန်းပါ။

သင်တန်းကာလ က ၂ လကြာမြင့်မှာဖြစ်ပြီး။ Online သီးသန့် သင်တန်းဖြစ်ပါတယ်။

သင်ကြားရမယ့် ဘာသာရပ်ကတော့ Design Studio ဘာသာရပ် နှင့် Fashion Marketing ဘာသာရပ် ၂မျိုးဖြစ်ပါတယ်။ သင်ကြားပေးမယ့် ဆရာများကတော့ မသူဇာ နှင့် မရွှန်း ပါ။

သင်တန်းချိန်တွေက ရုံးချိန်လွတ် ည ၇-၈း၃၀ အတန်းများဖြစ်ပါပြီး။

တစ်ဘာသာကို တစ်ပတ် တစ်ချိန်၊ တစ်ချိန် ၁နာရီခွဲကြာမြင့်မှာဖြစ်ပါတယ်။ (နှစ်ဘာသာမို့ တစ်ပတ် နှစ်ရက်)

သင်တန်းကာလကတော့ ၂ လကြာမြင့်မှာဖြစ်ပါတယ်။

သင်တန်းစမည့်ရက်ကတော့ 5 April 2023 ဖြစ်ပြီး သင်တန်းသား ကန့်သတ်ထားလို့ အခုပဲစာရင်းသွင်းလိုက်ပါတော့။

အသေးစိတ်သိလိုသည်များကို မှာမေးမြန်းနိုင်ပါသည်။


04/03/2023

Diploma in Fashion Design မှာ
ရွှန်းလက်ပိုင်Evans
တာဝန်ယူသင်ကြားပေးသွားမယ့်
ဘာသာရပ်နှင့် သင်ကြားပေးမယ့်ပုံစံ
ကို မျှဝေပေးထားတာလေးပါ

Address

No. 15, Pann Chen Street, Myanigone (south) Township
Yangon

Opening Hours

Wednesday 09:00 - 17:00
Friday 09:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Telephone

095132081

Website

Alerts

Be the first to know and let us send you an email when Turning Point School of Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Turning Point School of Fashion:

Share