10/07/2026
🙏🙏🙏...ဝါတွင်း(၃)လ အဓိဋ္ဌာန်...🙏🙏🙏
ဝါတွင်း(၃)လ ကိုးနဝင်း အဓိဋ္ဌာန်ပုတီးစိပ်ချင်သူများအတွက်မျှဝေပေးလိုက်ပါတယ်ရှင်။🙏
မူရင်း ပိုင်ရှင်ကို Credit ပေးပါတယ် ၊🙏
🔸🔸ဗုဒ္ဓဂုဏ်တော်ကိုးပါး_အဓိပ္ပာယ်အကျဉ်း🔸🔸
🙏၁) အရဟံ = ကိလေသာ အညစ်အကြေးတို့မှ
ကင်းဝေးစင်ကြယ်တော်မူသော မြတ်စွာဘုရား🙏
🙏 ၂) သမ္မာသမ္ဗုဒ္ဓေါ = သစ္စာလေးရပ် တရား
မြတ်ကို ဆရာမကူ သယမ်ဘူဉာဏ်ဖြင့် ကြွင်းမဲ့
ဥဿုံ အလုံးစုံကို ကိုယ်တော်တိုင်သာလျှင်
ပိုင်းခြားထင်ထင် အကုန်အစင် သိမြင်တော်
မူသော မြတ်စွာဘုရား🙏
🙏 ၃) ဝိဇ္ဇာစရဏသမ္ပန္နော = အသိတရား အကျင့်
တရားတို့နှင့် ပြည့်စုံတော်မူသော (ဝါ) ဝိဇ္ဇာသုံးပါး၊
ဝိဇ္ဇာရှစ်ပါး၊ စရဏတရား တစ်ဆယ့်ငါးပါးတို့နှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား🙏
🙏 ၄) သုဂေတာ = ကျိုးရှိဟုတ်မှန် နှစ်တန်သော
စကားကိုသာ မိန့်ကြားတော်မူတက်သော (ဝါ) ကျိုး
ရှိဟုတ်မှန် သူခံသာသောစကားနှင့် ကျိုးရှိဟုတ်မှန်
သူမခံသာသောစကား ဤနှစ်ပါးကိုသာ မိန့်ကြား
တော်မူတက်သော မြတ်စွာဘုရား🙏
🙏 ၅) လောကဝိဒူ = သတ္တလောက၊ ဩကာသေ
လာက၊ သင်္ခါရလောက တည်းဟူသော လောကသုံးခွင်ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား🙏
🙏 ၆) အနုတ္တရော ပုရိသဒမ္မသာရထိ = မယဉ်ကျေး
ကြငြား သတ္တဝါများကို ယဉ်ပါးလေအောင် ဆုံးမ
ခြင်း၌ တုဘက်ကင်းတော်မူသော မြတ်စွာဘုရား🙏
🙏 ၇) သတ္တာဒေဝမနုဿာနံ = လူ၊ နတ်၊ ဗြဟ္မာ
သတ္တဝါတို့၏ ဆရာတစ်ဆူအစစ် ဖြစ်တော်မူသောမြတ်စွာဘုရား🙏
🙏 ၈) ဗုဒ္ဓေါ= သစ္စာလေးပါးမြတ်တရားကို
ပိုင်းခြားထင်ထင် သိမြင်တော်မူသော (ဝါ) သစ္စာ
လေးအင်ကိုယ်တိုင်မြင်၍ များဖြင့်ဝေနေ တပည့်
တွေကိုလည်း သိစေတော်မူသော မြတ်စွာဘုရား🙏
🙏 ၉) ဘဂဝါ = ဣဿရိယ၊ ဓမ္မ၊ ယသ၊ သိရီ၊
ကာမ၊ ပယတ္တ ဟူသော ဘုန်းတော် ၆ ပါးနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား🙏
.................................🙏🙏🙏..................................
နေ့စဉ် မှန်မှန်စိပ်ရန်လိုပါသည်။
အချိန်အတိအကျစိပ်ရန်မလိုပါ။
သက်သတ်လွတ်စားရန်မလိုပါ။
***၂၉.၇.၂၀၂၆ မှ ၆.၈.၂၀၂၆ ရက်နေ့အထိ ၁ရက်ကို 'ဂုဏ်တော်ကိုးပါး' စလုံး(ဂုဏ်တော်တစ်ပါး ၁ပတ်စီ)စိပ်ပြီး ၊ နောက်အဆင့်တွေမှာတော့ ဂုဏ်တော်တစ်ပါးကို ၉ပတ်စီစိပ်ရမှာပါ။ (ဥပမာ - ဒုတိယအဆင့်မှာ 'အရဟံသိဒ္ဓိ' တစ်ပါးတည်းကို ၉ပတ်...၉ရက်စိပ်ရမှာပါ။***
(မိမိဖုန်းထဲမှာSaveပြီး ဝါတွင်းအဓိဋ္ဌာန်ပုတီးအောင်မြင်စွာစိပ်၍ ကုသိုလ်ပြုနိုင်ကြပါစေရှင်🙏)
မူရင်းရေးသူအားCrdပေးပါတယ်ရှင်🙏
🙏
#ဗုဒ္ဓဘာသာ
#ဝါတွင်းသုံးလ
#တရားတော်များ #ဘေးရန်ကင်းကြပါစေ🙏🙏🙏 #အဓိဌာန်