Mega Fashion & Design School

Mega Fashion & Design School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mega Fashion & Design School, No. 51, Thida Street, Kyauk Myaung, Tamwe Township, Yangon.

🤍 Admin လေးကို ည 7 pm နောက်ပိုင်း အနားယူခွင့်ပေးထားပါတယ် …🌙ဒီနေ့ မနက်ကနေ ညနေထိ လူရာကျော် သင်တန်းစာရင်းသွင်းခြင်း၊ မေးမြန...
24/08/2026

🤍 Admin လေးကို ည 7 pm နောက်ပိုင်း အနားယူခွင့်ပေးထားပါတယ် …🌙

ဒီနေ့ မနက်ကနေ ညနေထိ လူရာကျော် သင်တန်းစာရင်းသွင်းခြင်း၊ မေးမြန်းမှုတွေကို ဆက်တိုက် ဖြေပေးနေရတာမို့ ပါ 🙏🏻

💚 Reply မပြန်ရသေးသူများ
💚 Group ထဲ မရောက်သေးသူများ

ချယ်တို့ မနက်ဖြန် ရုံးချိန်အတွင်း အားလုံးကို ဆက်လက်လုပ်ဆောင်ပေးသွားမှာဖြစ်လို့ စိတ်မပူကြပါနဲ့နော်။ 🤍

✨Birthday Gifts 🎁 Promotion ကို 24-28.8.2026 ထိ ပေးထားတာမို့
ငွေလွှဲ Screenshot လေးပို့ပြီး မိမိ တက်ရောက်လိုတဲ့ အတန်းနာမည် ပြောထားရင်လည်းရပါတယ် ….

ယုံကြည်ပြီး အားပေးကြတဲ့ လူတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ 🌿💚

🌸☘️ သင်တန်းအပ်မယ့်သူလေးတွေ ခဏစောင့်ပေးနော် 🤍✨ချယ့် Admin လေးက Sat • Sun ဆို အဝေးသင်ကျောင်းတက်ရတာမို့ ပုံမှန်ဆို ပိတ်ရက်လ...
23/08/2026

🌸☘️ သင်တန်းအပ်မယ့်သူလေးတွေ ခဏစောင့်ပေးနော် 🤍✨

ချယ့် Admin လေးက Sat • Sun ဆို အဝေးသင်ကျောင်းတက်ရတာမို့ ပုံမှန်ဆို ပိတ်ရက်လေးပါ 🌼🍀

ဒီနေ့ သင်တန်းအပ်မယ့်သူတွေ ရှိနေလို့
နေ့လယ် အတန်းပြီးတာနဲ့ စာရင်းလက်ခံပေးဖို့ ချယ်ခေါ်ထားပါတယ်နော် 💎🌸✨

Message ပို့ထားတဲ့သူလေးတွေ စိတ်မပူပါနဲ့နော် 🤍
အတန်းပြီး ပြန်ရောက်တာနဲ့ တစ်ယောက်ချင်းစီ ပြန်ပြီး စာရင်းလက်ခံပေးပါမယ်ရှင် ☘️🌼🍀💎တက်မည့်အတန်းနာမည်နဲ့ ငွေလွှဲ Screen shot ပို့ပေးထားရင် ရပါပြီ …

ခဏလေး စောင့်ပေးနော်… 🤍🌸☘️✨

23/08/2026

🎂💙 သားသား ကောင်းဝေလေးရဲ့ BIRTHDAY GIFT 💙🎂
🎁✨ MEGA SPECIAL PRICE ✨🎁

သားသား ကောင်းဝေလေးရဲ့ Birthday အမှတ်တရအဖြစ် 🥳🎂💙
MEGA သင်တန်းသူတွေအတွက် ပညာလက်ဆောင်လေး ပေးလိုက်ပါတယ်ရှင် 🌸☘️🌼💎✨

📅 24 – 28 AUG အထိသာ 💥

MEGA ရဲ့ သိန်းချီတန် Online Class (6) မျိုးထဲက
ကြိုက်တဲ့အတန်းတွေကို စိတ်ကြိုက်ရွေးတက်လို့ရပါပြီ 🤩🌸☘️

🎁 အတန်းအရေအတွက်အလိုက် စုစုပေါင်းသွင်းရမည့် Special Price

🌸 ၁ တန်း — 50,000 Ks
☘️ ၂ တန်းပေါင်း — 60,000 Ks
🌼 ၃ တန်းပေါင်း — 70,000 Ks
🍀 ၄ တန်းပေါင်း — 80,000 Ks
💎 ၅ တန်းပေါင်း — 90,000 Ks
🥳 ၆ တန်းလုံးပေါင်း — 100,000 Ks

✨ တစ်တန်းထပ်တိုးတိုင်း 10,000 Ks ပဲ ထပ်ပေါင်းပါရှင် 🤩🎁💕

💁🏻‍♀️ ရွေးချယ်နိုင်တဲ့ Online Class (6) မျိုး

🌸 Mega Ready To Wear Class (Batch 5)
ပုံမှန် — 115,000 Ks
https://m.facebook.com/story.php?story_fbid=671378271445060&id=100057186800247&mibextid=qC1gEa

☘️ Mega Basic and Advance Frame (Batch 7)
ပုံမှန် — 75,000 Ks
https://m.facebook.com/story.php?story_fbid=671368891445998&id=100057186800247&mibextid=qC1gEa

🌼 Mega Collar Pattern and Sewing Class (Batch 4)
ပုံမှန် — 210,000 Ks
https://fb.watch/Ic5BWZ7_SB/?fs=e

https://m.facebook.com/story.php?story_fbid=674994874416733&id=100057186800247&mibextid=qC1gEa

🍀 Mega Myanmar Traditional Skirts Class (Batch 3)
ပုံမှန် — 90,000 Ks
https://m.facebook.com/story.php?story_fbid=669118191671068&id=100057186800247&mibextid=qC1gEa

🌸 Mega Kimono Outfit Dress (Batch 3)
ပုံမှန် — 70,000 Ks
https://m.facebook.com/story.php?story_fbid=674990694417151&id=100057186800247&mibextid=qC1gEa

💎 Mega Men Shirt Online Class (Batch 1)
ပုံမှန် — 199,000 Ks
https://www.facebook.com/100002609582743/posts/6500840676679521/?mibextid=cr9u03

🎂💙 သားသား ကောင်းဝေလေးရဲ့ Birthday ပျော်ရွှင်မှုလေးကို
MEGA သင်တန်းသူတွေအတွက် ပညာလက်ဆောင်အဖြစ် မျှဝေပေးလိုက်ပါတယ်ရှင် 🎁🌸☘️🌼✨

📅 24 – 28 AUG အထိသာနော် 🥳💥🎁

Chel by MEGA 🌸☘️💎✨

🎂🎈 သားငယ်လေး 5th Birthday Lucky Gifts 🎁🍀✨သားသားမွေးနေ့အမှတ်တရလေးအနေနဲ့မေမေက အကောင်းတွေ ဝေမယ်ရှင် 🥳🎂🎁☘️🌸📅 24 Aug — 28 Aug...
23/08/2026

🎂🎈 သားငယ်လေး 5th Birthday Lucky Gifts 🎁🍀✨

သားသားမွေးနေ့အမှတ်တရလေးအနေနဲ့
မေမေက အကောင်းတွေ ဝေမယ်ရှင် 🥳🎂🎁☘️🌸

📅 24 Aug — 28 Aug Only ✨

🌸 Mega Skirt Pro Online Class

https://www.facebook.com/share/r/1HJRWMjne8/?mibextid=wwXIfr

https://www.facebook.com/share/v/19P76AMeMa/?mibextid=wwXIfr

ပုံမှန်သင်တန်းကြေး — 440,000 Ks
🎁 Birthday Lucky Gift Price — 220,000 Ks
✨ You Save — 220,000 Ks

🌼 Mega Everyday Softwear Class
ချည် / စပန် / Freestyle အထူးသီးသန့်သင်တန်း

https://www.facebook.com/share/v/1LbTyYWZmF/?mibextid=wwXIfr

https://www.facebook.com/share/r/19BwaJ5Stu/?mibextid=wwXIfr

ပုံမှန်သင်တန်းကြေး — 170,000 Ks
🎁 Birthday Lucky Gift Price — 85,000 Ks
✨ You Save — 85,000 Ks

☘️ Mega Uniform Pro Class

https://www.facebook.com/share/v/1EbYFw1ZFR/?mibextid=wwXIfr

https://www.facebook.com/share/v/1E7rBpPZkR/?mibextid=wwXIfr

https://www.facebook.com/share/v/1Cg5bc4WrX/?mibextid=wwXIfr

ပုံမှန်သင်တန်းကြေး — 400,000 Ks
🎁 Birthday Lucky Gift Price — 200,000 Ks
✨ You Save — 200,000 Ks

🌙 Mega Pajama Pro Class (ညအိပ်ဝတ်)

https://www.facebook.com/share/v/1B6xqf7n1C/?mibextid=wwXIfr

https://www.facebook.com/share/v/1BNRR5zS9h/?mibextid=wwXIfr

ပုံမှန်သင်တန်းကြေး — 400,000 Ks
🎁 Birthday Lucky Gift Price — 200,000 Ks
✨ You Save — 200,000 Ks

🧸 Mega Baby Pro (0–5 yrs) Online Class

https://www.facebook.com/share/r/1988gmCKLJ/?mibextid=wwXIfr

https://www.facebook.com/share/r/1FKL8sGpzS/?mibextid=wwXIfr

ပုံမှန်သင်တန်းကြေး — 300,000 Ks
🎁 Birthday Lucky Gift Price — 150,000 Ks
✨ You Save — 150,000 Ks

🌸 Mega Child Professional Class (6–12 yrs)

https://www.facebook.com/share/r/14fak8G5BDm/?mibextid=wwXIfr

https://www.facebook.com/share/r/1GDE57vacD/?mibextid=wwXIfr

ပုံမှန်သင်တန်းကြေး — 300,000 Ks
🎁 Birthday Lucky Gift Price — 150,000 Ks
✨ You Save — 150,000 Ks

👖 Mega School Style Pants Uniform Special Class (1–14 yrs)

https://www.facebook.com/share/v/14j2dC2L8oF/?mibextid=wwXIfr

https://www.facebook.com/share/17vmMHpNTV/?mibextid=wwXIfr

https://www.facebook.com/share/r/18iaDy5YnG/?mibextid=wwXIfr

ပုံမှန်သင်တန်းကြေး — 55,000 Ks
🎁 Birthday Lucky Gift Price — 27,500 Ks
✨ You Save — 27,500 Ks

🥳 Baby Pro (သို့) Child Pro တစ်ခုခု တက်ထားပြီးသားဆိုရင် ဒီ Class ကို ထပ်တက်စရာ မလိုပါဘူးနော် 🤍

🌱✨ စချင်နေတဲ့သူတွေအတွက်
“နောက်မှ” ကို “အခု” ပြောင်းဖို့ အချိန်လေးပါ။

2027 ရောက်တဲ့အခါ
ကိုယ့်လက်ထဲမှာ ပိုင်နိုင်တဲ့ Skill တစ်ခု ရှိနေဖို့…
ဒီနေ့ကစပြီး ကိုယ့်အတွက် ရင်းနှီးမြှုပ်နှံထားပါ ☘️🌼🌸✨

Your future income starts with the decisions you make today. 🤍✨

🎂🎈 သားငယ်လေး 5th Birthday Lucky Gifts 🎁🍀✨☺️🌸☘️🌼မိမိတက်ရောက်လိုသော သင်တန်းအမည်နှင့် ငွေလွှဲ Screenshot ကို Mega Fashion &...
23/08/2026

🎂🎈 သားငယ်လေး 5th Birthday Lucky Gifts 🎁🍀✨

☺️🌸☘️🌼မိမိတက်ရောက်လိုသော သင်တန်းအမည်နှင့် ငွေလွှဲ Screenshot ကို Mega Fashion & Design School page messenger တစ်ခုထဲတွင်သာ ပို့ပေးပါနော် …Win Thiri Khaing Account Messenger မှာ မပို့ပါနဲ့နော် … Group ထဲ ထည့်ပေးတဲ့ Page Admin သီးသန့် ရှိလို့ပါ ….

မနက် 9 Am -5 Pm အတွင်း ချယ်တို့ Admin လေး ဖြေပေးပါလိမ့်မယ် …

သင်တန်းအပ်ချိန်မှ 1-3 ရက် အတွင်း သင်တန်း Group ထဲသို့ ထည့်ပေးပါမည် ….
ချက်ချင်း Reply မပြန် ဖြစ်လျှင်နားလည်ပေးပါရှင့် …
အစဉ်လိုက် လုပ်ရတာမို့ပါနော် ⭐️🥳☘️🌸
Promotion ကာလဆို လူရာချီ ပြုံအပ်ကြတာမို့ပါရှင်…

Wrap Dress ဆိုတာ ခါးစည်းပါတဲ့ Dress တစ်ထည်ပဲလား?Wrap Dress လို့ပြောလိုက်ရင် လူအများစုက ခါးမှာကြိုးချည်ဝတ်တဲ့ Dress တစ်ထည...
13/08/2026

Wrap Dress ဆိုတာ ခါးစည်းပါတဲ့ Dress တစ်ထည်ပဲလား?
Wrap Dress လို့ပြောလိုက်ရင် လူအများစုက ခါးမှာကြိုးချည်ဝတ်တဲ့ Dress တစ်ထည်လို့ပဲ မြင်ကြပါတယ်။

ဒါပေမယ့် Fashion Design အမြင်နဲ့ကြည့်ရင် Wrap Dress က ခန္ဓာကိုယ်ကို နားလည်တဲ့ Dress တစ်ထည်ပါ။
သူ့ရဲ့ အားသာချက်က Body shape ကို အတင်းပြောင်းတာမဟုတ်ဘဲ ကိုယ်နဲ့ကိုက်အောင် ညှိဝတ်လို့ရတာပါ။

ခါးကြိုး Waist tie က ခါးနေရာကို သပ်သပ်ရပ်ရပ် ပေါ်လွင်စေတယ်။
ရှေ့ဘက် Overlap က ဝတ်ရတာ သက်သောင့်သက်သာရှိစေတယ်။
V-neckline က လည်ပင်းလိုင်းကို ပိုရှည်သလို မြင်စေတယ်။
ပိတ်သား drape ကောင်းရင် ကိုယ်ပေါ်မှာ ပိုပြီး လှပပျော့ပျောင်းစွာ ကျလာတယ်။
ဒါကြောင့် Wrap Dress က ချုပ်ရလွယ်တဲ့ Dress လို့ ထင်ရပေမယ့် တကယ်တော့ Fit နဲ့ Balance အရမ်းကို လိုတဲ့ Design ပါ။

Wrap Dress တစ်ထည်ကောင်းဖို့ဆိုရင်
V-neck ရဲ့ အတိမ်အနက် မှန်ရမယ်။
ရှေ့ဘက် Overlap လုံခြုံပြီး သပ်ရပ်ရမယ်။
ခါးကြိုးနေရာ Waist tie position မှန်ရမယ်။
Bust area ရင်သားပိုင်းမှာ မဟနေသင့်ဘူး။
Skirt flare အတွန့်က လှုပ်ရှားရလွယ်ကူရမယ်။
ပိတ်သားက ကိုယ်ပေါ်မှာ ကျပြီး လှပတဲ့ Drape ရှိရမယ်။
အတွင်းဘက် finishing သပ်ရပ်ရမယ်။

Wrap Dress ရဲ့ အလှတရားက ကျပ်ထုတ်နေတာ မဟုတ်ပါဘူး။
Adjust လုပ်လို့ရတာ၊ လှုပ်ရှားရလွယ်တာ၊ ခန္ဓာကိုယ်အချိုးအစားကို သဘာဝကျကျ ပေါ်လွင်စေတာပါ။

ဒီနေရာမှာ ပိတ်ရွေးချယ်မှုလည်း အရေးကြီးပါတယ်။
Jersey knit သုံးရင် soft and comfortable look ထွက်တယ်။
Rayon / viscose သုံးရင် flow ကောင်းတယ်။
Crepe သုံးရင် ပိုသပ်ရပ်ပြီး elegant ဖြစ်တယ်။
Cotton blend သုံးရင် daily wear အတွက် ပိုလက်တွေ့ကျတယ်။

နောက်ပြီး Wrap Dress က ပုံစံမျိုးစုံနဲ့ ဝတ်လို့ရပါတယ်။
Office casual look လိုချင်ရင် plain color နဲ့ ဒေါက်ဖိနပ် heels တွဲနိုင်တယ်။
Daily wear လိုချင်ရင် အပွင့်လေးတွေပါတဲ့ floral print နဲ့ ညှပ်ဖိနပ် sandals တွဲနိုင်တယ်။
Dinner / event look လိုချင်ရင် crepe ဒါမှမဟုတ် ပိုးသားဆန်တဲ့ silk-feel fabric နဲ့ လက်ကိုင်အိတ် clutch bag တွဲနိုင်တယ်။
Travel look လိုချင်ရင် အတွန့် wrinkle နည်းတဲ့ knit fabric ရွေးနိုင်တယ်။

မြန်မာ Ready-to-Wear စျေးကွက်မှာလည်း Wrap Dress ကို Office casual, Teacher look, Church wear, Travel wear, Dinner dress, Young women collection တွေမှာ အသုံးချလို့ကောင်းပါတယ်။

ဒီနေရာမှာ Fashion Design အတွက် သင်ခန်းစာတစ်ခုရှိပါတယ်။
လှတဲ့ Dress တစ်ထည်ဆိုတာ ပုံစံလှပရုံနဲ့ မပြီးပါဘူး။
ဝတ်တဲ့သူအတွက် Adjust လုပ်လို့ရရမယ်။ လှုပ်ရှားလို့ရရမယ်။ ကိုယ်နဲ့သက်သောင့်သက်သာ ဖြစ်ရမယ်။

Wrap Dress ကို ချုပ်နိုင်တာနဲ့ Wrap Dress ကို ကိုယ်နဲ့ကိုက်အောင် ဖန်တီးနိုင်တာ မတူပါဘူး။
Fashion Design ဆိုတာ ပုံစံကူးတာမဟုတ်ပါဘူး။
Body, Fabric, Pattern, Movement, Comfort တွေကို နားလည်ပြီး ဝတ်ဆင်သူအတွက် သပ်ရပ်လှပတဲ့ အဝတ်အစား garment တစ်ထည် ဖန်တီးတာပါ။

ဒီလောက်ဆို Wrap Dress က ခါးပတ်ပါတဲ့ Dress တစ်ထည်ပဲလို့ မမြင်လောက်တော့ပါဘူး...
Fit + Movement + Adjustability = Better Dress ဆိုတဲ့ အယူအဆကို အသက်သွင်းထားတာပါ။
MEGA Fashion Design School မှာ Ready-to-Wear Pattern, Cutting, Sewing Techniques တွေကို step by step လေ့လာနိုင်ပါတယ်။

ဖိုးချမ်း

Reference
Gunn, S., & Starr, J. (2019). A Stylish Guide to Classic Sewing.
Franklin, C. (2019). Fashion: The Definitive Visual Guide.

Blazer ဆိုတာ အပေါ်ထပ်အင်္ကျီတစ်ထည်ပဲလား?Blazer လို့ပြောလိုက်ရင် လူအများစုက ရုံးတက်အင်္ကျီ၊ meeting တက်တဲ့ ကုတ်၊ Formal c...
04/08/2026

Blazer ဆိုတာ အပေါ်ထပ်အင်္ကျီတစ်ထည်ပဲလား?
Blazer လို့ပြောလိုက်ရင် လူအများစုက ရုံးတက်အင်္ကျီ၊ meeting တက်တဲ့ ကုတ်၊ Formal coat တစ်ထည်လို့ပဲ မြင်ကြပါတယ်။

ဒါပေမယ့် Fashion Design အမြင်နဲ့ကြည့်ရင် Blazer က သာမန် ကုတ်အင်္ကျီမဟုတ်ပါဘူး။
ဝတ်ဆင်သူရဲ့ ကိုယ်ဟန်အနေအထား၊ ပခုံးပုံစံ၊ Professional image ကို တစ်ခါတည်း ပြောင်းပေးနိုင်တဲ့ Classic garment တစ်ထည်ပါ။

Blazer တစ်ထည်ကောင်းဖို့ဆိုရင် အရေးကြီးဆုံးက ပခုံးဖစ်တင်ကျမှု (Shoulder fit) ပါ။
ပခုံးကျဉ်းလွန်းရင် ဆွဲတင်းထားသလို ဖြစ်နေမယ်။
ပခုံးကျယ်လွန်းရင် ကိုယ်နဲ့မတော်တဲ့ သူများကုတ်အင်္ကျီလို ဖြစ်သွားမယ်။
Shoulder line မှန်နေမှ Blazer တစ်ထည်လုံး look က တည်ငြိမ်လာပါတယ်။

နောက်တစ်ခုက Lapel ပါ။
Lapel ဆိုတာ ကုတ်အင်္ကျီရှေ့ဘက် ရင်ဘတ်နားမှာ ခေါက်ထားတဲ့ အဖတ်ပါ။
Lapel ရဲ့ ပုံစံက ကိုယ့်မျက်နှာရဲ့ impression ကို သတ်မှတ်ပေးတယ်။
ဒါကြောင့်မို့ Lapel က သပ်ရပ်နေရင် Blazer က ပိုပြီးတော့ Formal ကျတယ်၊
ပိုပြီးတော့ Professional Look ထွက်တယ်။

Blazer တစ်ထည်ကောင်းဖို့ဆိုရင်
- Shoulder Fit မှန်ရမယ်။
- Lapel shape သပ်ရပ်ရမယ်။
- ကြယ်သီးနေရာ Button position မှန်ရမယ်။
- လက်အရှည် Sleeve length က ဝတ်မယ့်သူနဲ့ ကိုက်ညီနေရမယ်။
- ဒေါက် Dart / ချုပ်ရိုးကြောင်း seam line တွေက ခန္ဓာကိုယ်ပုံရိပ် Body shape ကို သပ်ရပ်စေရမယ်။
- အိတ်ကပ်နေရာချထားခြင်း Pocket placement မမှားရဘူး။
- လိုင်နင် Lining နဲ့ မီးပူဖိခြင်း pressing တွေ ကောင်းရမယ်။
- အောက်မှာ ရှပ်၊ ဘလောက်စ်၊ တီရှပ်နဲ့ တွဲဝတ်နိုင်အောင် ပွစာ (ease)ကို ထည့်စဉ်းစားရမယ်။

Blazer ရဲ့ အလှတရားက ကျပ်ထုတ်နေရတာမျိုး မဖြစ်သင့်ပါဘူး။
သူ့မှာ Structure ရှိတာ၊ ဖစ်တင်ကျတာ၊ ကိုယ်ဟန်ကို သပ်ရပ်စေတာမျိုး ဖြစ်ရပါမယ်။

ပိတ်ရွေးချယ်မှုလည်း အရေးကြီးပါတယ်။
Wool crepe (ဝူးလ်ခရစ်ပ်)၊ linen (လင်နင်)၊ tweed (တွီဒ်)၊ sateen (ဆေတင်း)၊ corduroy (ကော့ဒ်ဒူရွိုင်း) နဲ့ stable knit (စတေဘယ်လ် နစ်တ်) လိုမျိုး ပိတ်တွေက ကုတ်အင်္ကျီ (Blazer) ချုပ်ဖို့အတွက် အသုံးများပါတယ်။

အကြမ်းခံတဲ့ပိတ် (Durable fabric) တွေက Blazer shape ကို ပိုထိန်းနိုင်ပြီး ready-to-wear quality ပိုထွက်စေပါတယ်။ A Stylish Guide to Classic Sewing စာအုပ် မှာလည်း ဘလေဇာ (blazer) အတွက် worsted wool၊ stretch wool၊ wool crepe၊ flannel (ဖလန်နယ်)၊ velvet (ကတ္တီပါ)၊ linen (လင်နင်)၊ tweed (တွီဒ်)၊ jacquard weaves (ဂျာကတ် ရက်ထည်)၊ sateen (ဆေတင်း)၊ seersucker (ဆီယာဆပ်ကာ)၊ corduroy (ကော့ဒ်ဒူရွိုင်း)၊ leather (သားရေ) နဲ့ stable knits (စတေဘယ်လ် နစ်တ်) စတဲ့ အကြမ်းခံတဲ့ အထည် (durable fabrics) တွေကို အကြံပြုထားပါတယ်။

Blazer က ပုံစံမျိုးစုံနဲ့ တွဲဖက်ပြီး ဝတ်ဆင်နိုင်ပါတယ်။
Pencil Skirt နဲ့တွဲရင် ရုံးတက် Office professional look ရနိုင်တယ်။
ဂျင်းဘောင်းဘီနဲ့တွဲရင် စမတ်ထသွားထလာ Smart casual look ရနိုင်တယ်။
Dress နဲ့တွဲရင် အခမ်းအနားတက် Event look ဖြစ်နိုင်တယ်။
ဘောင်းဘီပွ Wide-leg pants နဲ့တွဲရင် Modern business look ရနိုင်တယ်။
Blouse set နဲ့တွဲရင် သပ်ရပ်တဲ့ သိမ်မွေ့ကျနပြီး မိန်းမဆန်တဲ့ Feminine look ဖြစ်နိုင်တယ်။

မြန်မာ Ready-to-Wear market မှာလည်း Blazer ကို Office wear, Interview look, Teacher look, University presentation outfit, Church / Event wear, Young women professional collection တွေမှာ အများကြီး အသုံးချနိုင်ပါတယ်။

ဒီနေရာမှာ Fashion Design အတွက် သင်ခန်းစာတစ်ခုရှိပါတယ်။
Blazer ကို ချုပ်နိုင်တာနဲ့ Blazer ကို ကိုယ်နဲ့ကိုက်အောင် ဖန်တီးနိုင်တာ မတူပါဘူး။

ပခုံး Shoulder ကို နားလည်ရမယ်။
ရှေ့က အဖတ် Lapel ကို နားလည်ရမယ်။
ပိတ်ရဲ့ တည်ဆောက်ပုံ Fabric structure ကို နားလည်ရမယ်။
ခန္ဓာကိုယ်လှုပ်ရှားမှု Body movement ကို နားလည်ရမယ်။
မီးပူဖိခြင်းနဲ့ အချောသတ်ခြင်း Pressing နဲ့ finishing ကို နားလည်ရမယ်။

Fashion Design ဆိုတာ ပုံစံကူးတာမဟုတ်ပါဘူး။
ဝတ်ဆင်သူကို ပိုသပ်ရပ်၊ ပိုယုံကြည်မှုရှိ၊ ပို Professional ကျအောင် ဖန်တီးပေးတာပါ။

ဒါ့ကြောင့် Blazer က အပေါ်ထပ်အင်္ကျီတစ်ထည်ပဲ မဟုတ်ပါဘူး။
Shoulder + Structure + Fit = Professional Look ဆိုတဲ့ Formula ပါ။

MEGA Fashion Design School မှာ Ready-to-Wear Pattern, Cutting, Sewing Techniques တွေကို step by step လေ့လာနိုင်ပါတယ်။

— ဖိုးချမ်း (၄/၈/၂၀၂၆)

Reference
Gunn, S., & Starr, J. (2019). A Stylish Guide to Classic Sewing.
Ambrose, G., & Harris, P. (2007). The Visual Dictionary of Fashion Design.

☘️🌸🌼💎🤍 ခု ပြထားတဲ့ စက်တွေကတော့… Chel by MEGA လက်ရှိ အသုံးပြုနေတဲ့ စက်အမျိုးအစားတွေပါ။🧵 ချုပ်ရုံတစ်ခု စတင်မယ်… ဆွဲသား (Kn...
02/08/2026

☘️🌸🌼💎🤍 ခု ပြထားတဲ့ စက်တွေကတော့… Chel by MEGA လက်ရှိ အသုံးပြုနေတဲ့ စက်အမျိုးအစားတွေပါ။

🧵 ချုပ်ရုံတစ်ခု စတင်မယ်… ဆွဲသား (Knit) အော်ဒါတွေပါ လက်ခံမယ်ဆိုရင်…

ဒီစက်တွေကတော့ ရှိကို ရှိသင့်တဲ့ အခြေခံစက်တွေ ပါ။

🪡 1. Single Needle Sewing Machine
✨ အဓိက ချုပ်စက်

* ကိုယ်ထည်ချုပ်ခြင်း
* Top Stitch
* အထွေထွေ အပ်ချုပ်အလုပ်များ

🧵 2. Overlock Sewing Machine
✨ အနားသတ် & အပိုင်းဆက်

* အထည်အစွန်း မပြဲအောင်
* Knit / Woven နှစ်မျိုးလုံးအတွက် မရှိမဖြစ်

👕 3. Piping Sewing Machine
✨ ဆွဲသားအနားသတ် (Binding)

* လည်ပင်း
* လက်ပေါက်
* Tank Top
* Baby Wear
* Rib Binding Design များ

👑 4. King Sewing Machine (Cover Stitch)
✨ Professional Hem Finish

* T-shirt အောက်နား
* လက်အဆုံး
* ဘောင်းဘီအောက်နား
* Stretch Fabric အတွက် မရှိမဖြစ်

🔘 5. Button Hole Machine (Optional)
✨ ကြယ်သီးဖောက်ခြင်း

➡️ အစပိုင်းမှာ Button Hole Machine ကို မဝယ်သေးလည်း ရပါတယ်။
ကြယ်သီးဖောက်အလုပ်ကို အပြင်အပ်ပြီး စလုပ်နိုင်ပါတယ်။

💡 ဒါပေမယ့် ဆွဲသား (Knit) အလုပ် လက်ခံမယ်ဆိုရင်တော့…
Overlock + Piping + King Sewing Machine က မရှိမဖြစ် လိုအပ်ပါတယ်။

🤍 Button Hole Machine ကတော့ နောက်မှ ထပ်တိုးဝယ်လို့ ရပေမယ့်… ဆွဲသားချုပ်မယ်ဆိုရင် Overlock, Piping နဲ့ King Sewing Machine တွေကတော့ ရှိကို ရှိသင့်တဲ့ စက်တွေပါ။

📌 နောက်တစ်ခု အရေးကြီးတာ တစ်ခုရှိတယ်…Sample အတွက်တော့ လုံးဝ မခိုပါနဲ့။ မနှမြောပါနဲ့။ 🙏Prototype / Sample ဆိုတာ…🏆 နောက်ပို...
01/08/2026

📌 နောက်တစ်ခု အရေးကြီးတာ တစ်ခုရှိတယ်…

Sample အတွက်တော့ လုံးဝ မခိုပါနဲ့။ မနှမြောပါနဲ့။ 🙏

Prototype / Sample ဆိုတာ…

🏆 နောက်ပိုင်း ထုတ်လုပ်မယ့် အထည်အားလုံးရဲ့ Quality Standard ဖြစ်ပါတယ်။

Sample မှာ အလျင်လိုလိုက်ရင်…

Production ဝင်တဲ့အချိန်မှာ အဲဒီအမှားကို အထည်ရာပေါင်းများစွာနဲ့ ပြန်ပေးဆပ်ရတတ်ပါတယ်။

✨ Sample ကောင်းမှ Production ကောင်းပါတယ်။

━━━━━━━━━━━━━━━

⚠️ “တစ်ကြောင်းနင်း စက်တစ်လုံးနဲ့… အထူ၊ အပါး၊ ဆွဲသား အကုန်ရတယ်” ဆိုတဲ့ စကားကို ကြားတိုင်း…

ချယ်တော့ အရမ်းစိတ်မကောင်းဖြစ်မိတယ်။ 😅

ဟုတ်ပါတယ်…

ချုပ်လို့တော့ ရပါတယ်။

ဒါပေမယ့်…

❌ Production Quality မရပါဘူး။

တစ်ထည်၊ နှစ်ထည် Sample ချုပ်ဖို့တော့ အဆင်ပြေနိုင်ပေမယ့်…

🏭 Ready-to-Wear Production
✨ Professional Finish
💪 Long-lasting Durability

ကိုတော့ မပေးနိုင်ပါဘူး။

🤔 စဉ်းစားကြည့်ပါ…

တကယ်သာ စက်တစ်လုံးနဲ့ အကုန်ရ မယ်ဆိုရင်…

💰 Coverstitch (King)
💰 Flatlock
💰 Feed-off-the-arm
💰 Cylinder Bed
💰 Interlock
💰 Industrial Overlock

ဒီလို ဆွဲသားသီးသန့် စက်တွေ ကို…

စက်ကုမ္ပဏီကြီးတွေက ဘာကြောင့် သီးသန့် ထုတ်လုပ်နေကြဦးမလဲ? 🤍

━━━━━━━━━━━━━━━

🧵 Quality ဆိုတာ…

✔️ မှန်ကန်တဲ့ Machine
✔️ မှန်ကန်တဲ့ Material
✔️ မှန်ကန်တဲ့ Pattern
✔️ မှန်ကန်တဲ့ Sewing Technique
✔️ မှန်ကန်တဲ့ Production System

ဒီအရာတွေ ပေါင်းမှ Production Quality ထွက်လာတာပါ။

📚 Fashion Design ဆိုတာ…

အဝတ်ချုပ်တတ်တာ တစ်ခုတည်း မဟုတ်ပါဘူး။

Machine ကို နားလည်ရမယ်။
Fabric ကို နားလည်ရမယ်။
Pattern ကို နားလည်ရမယ်။
Production ကို နားလည်ရမယ်။

Knowledge မရှိဘဲ Quality မရနိုင်ပါဘူး။

━━━━━━━━━━━━━━━

🏭 ချုပ်ရုံတွေအတွက်လည်း…

ဆွဲသားကို မနိုင်ရင်…

“ဒီ Quality အတိုင်း မရနိုင်သေးဘူး” လို့ ရိုးရိုးသားသား ပြောတာက Professional ဖြစ်ပါတယ်။ 🤝

ရှိတဲ့စက်နဲ့ မဖြစ်ဖြစ်အောင် ချုပ်လိုက်တာ က…

နောက်ဆုံးမှာ Customer ရော၊ Factory ရော စိတ်ပင်ပန်းရပါတယ်။

━━━━━━━━━━━━━━━

🛍️ Brand Owner တွေအတွက်လည်း…

Sample တုန်းက Quality အတိုင်း…

Production မှာလည်း လိုချင်ရင်…

💰 အဲဒီ Quality နဲ့ ကိုက်ညီတဲ့ Cost ကို နားလည်ဖို့ လိုပါတယ်။

😅 Budget စျေးနဲ့…
✨ Premium Quality ကို အမြဲမျှော်လင့်လို့ မရပါဘူး။

Quality တစ်ခုမှာ…

💵 Cost ရှိတယ်။
⏰ Time ရှိတယ်။
⚙️ System ရှိတယ်။
🧠 Knowledge ရှိတယ်။

━━━━━━━━━━━━━━━

🤍 Fashion Industry မှာ…

🏭 Quality က Factory တစ်ဖက်တည်းကြောင့်လည်း မဟုတ်ပါဘူး။

🏷️ Brand Owner တစ်ယောက်တည်းကြောင့်လည်း မဟုတ်ပါဘူး။

🛍️ Customer တစ်ယောက်တည်းကြောင့်လည်း မဟုတ်ပါဘူး။

✨ Brand + Factory + Customer

သုံးဖက်လုံးမှာ Knowledge နဲ့ နားလည်မှု ရှိမှ…

အရည်အသွေးကောင်းတဲ့ Fashion Industry တစ်ခုကို တည်ဆောက်နိုင်မှာပါ။ 🤍

📌 Brand Owner က Quality ကို နားလည်ရမယ်။

📌 Factory က မလုပ်နိုင်တာကို မလုပ်နိုင်ကြောင်း ရိုးရိုးသားသား ပြောတတ်ရမယ်။

📌 Customer ကလည်း ကိုယ်လိုချင်တဲ့ Quality နဲ့ ကိုက်ညီတဲ့ Cost ကို နားလည်ပေးဖို့ လိုပါတယ်။

━━━━━━━━━━━━━━━

✨ Quality က ကံကောင်းလို့ ရလာတာ မဟုတ်ပါဘူး။

Quality = Knowledge + System + Right Machine + Right Process.

🤍 Chel by MEGA
Mega Fashion Design School ✂️🤍

Address

No. 51, Thida Street, Kyauk Myaung, Tamwe Township
Yangon

Telephone

+959960090074

Website

Alerts

Be the first to know and let us send you an email when Mega Fashion & Design School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share