19/05/2026
The Weaver Queen
“This gown is inspired by the spider web — one of nature’s most delicate yet strongest creations. Although a web appears fragile, it survives storms and is rebuilt again and again. Through this design, I wanted to represent the strength of women who continue to rise with grace, resilience, and beauty despite every challenge they face.
Each thread symbolizes connection, survival, and hope. Just like the spider patiently creates its masterpiece, women also create strength from struggle and transform pain into power.”
ဒီဝတ်စုံဒီဇိုင်းကတော့ သဘာဝရဲ့ အနူးညံ့ဆုံးဖြစ်သော်ငြားလည်း အကြံ့ခိုင်ဆုံးဖန်တီးမှုများထဲမှ တစ်ခုဖြစ်တဲ့ ပင့်ကူအိမ် နဲ့ တင်စား ပုံဖေါ်ထားတာပါ။ ပင့်ကူအိမ်ဟာ နူးညံ့သိမ်မွေ့သလို ထင်ရသော်လည်း ပြင်းထန်တဲ့ လေမုန်တိုင်းတွေရဲ့ ဒဏ်ကို ကျော်လွှားနိုင်ပြီး ပျက်စီးသွားတဲ့ အခါတိုင်းလည်း ပြန်လည်တည်ဆောက်နိုင်ပါတယ်။
ဒီဝတ်စုံကနေတစ်ဆင့် မည်ကဲ့သို့သော အခက်အခဲများကိုမဆို ကြံ့ကြံ့ခံကျော်ဖြတ်ကာ လှပမှု၊ ဂုဏ်သိက္ခာရှိမှု နဲ့ အတူ ဖန်တလဲလဲထပ်မံရှင်သန်ရပ်တည်နိုင်တဲ့ အမျိုးသမီးရဲ့ အားမာန်တွေကို ကိုယ်စားပြုလိုက်ပါတယ်။
ချည်မျှင်တစ်ချောင်းချင်းစီဟာ ချိတ်ဆက်မှု၊ ရှင်သန်နိုင်မှုနှင့် မျှော်လင့်ချက်တို့ကို ကိုယ်စားပြုပြီး ပင့်ကူ သည်လည်း သူရဲ့အနုပညာလက်ရာကို စိတ်ရှည်စွာ ဖန်တီးသလိုပဲ အမျိုးသမီးများသည်လည်း အခက်အခဲများကနေ အင်အားကို ပြန်လည်ဖန်တီးယူပြီး နာကျင်မှုကို စွမ်းအားအဖြစ် ပြောင်းလဲနိုင်ကြပါတယ် ❤️
ဝတ်စုံလေးဖန်တီးပေးတဲ့ ဒီဇိုင်နာ Won Yone ကိုလည်းကျေးဇူးတင်ပါတယ်နော်
Thet San Andersen🕸️✨
👗 Won Yone
💄 Lung Seng Lamung