13/08/2026
Tr PaI အတန်းကို ကိုယ့်ကလေးတွေအတွက် စီစဉ်ပေးတိုင်း စိတ်ဝင်တစားလာမေးနေကြသူတွေအတွက် သတင်းကောင်းပါ။
✨ PAI’s YGN (In-Person) 1-Day Class 5 Seats Only Left! ✨
Fashion Design ဆိုတာကို အမြင်သစ်၊ တွေးခေါ်မှုအသစ်တွေနဲ့ စနစ်တကျ လေ့လာချင်သူတွေအတွက် Fashion Design Process & Knowledge Sharing တစ်နေ့တာ Class ကို August 16 ရက် (တနင်္ဂနွေနေ့) ရန်ကုန်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားပါတယ်။
ဒီအတန်းမှာ "Fashion Design ဆိုတာဘာလဲ" ဆိုတဲ့ အခြေခံ Core Concept ကနေစပြီး ဒီဇိုင်းတစ်ခု ဖန်တီးရာမှာ မရှိမဖြစ်လိုအပ်တဲ့ Logic & Process တွေကို အောက်ပါအတိုင်း အသေးစိတ် သင်ကြားပေးသွားမှာဖြစ်ပါတယ် -
🔴သင်တန်းတွင် ပါဝင်မည့် ခေါင်းစဉ်များ
🔺Fashion Design Process: ဒီဇိုင်းတစ်ခု စတင်ဖြစ်လာဖို့ အတွေးအခေါ်ပိုင်းမှစ၍ အဆင့်ဆင့် စနစ်တကျ တွေးခေါ်ဖန်တီးရမည့် Logic Flow
🔺Research & Trends: Trend များကို ခေတ်နဲ့အပြိုင် ရှာဖွေခြင်း၊ ထို့ပြင် မိမိ Identity နဲ့ ကိုက်ညီမည့် ဒီဇိုင်းများကို လည်း လေ့လာပြီး စျေးကွက် research လုပ်နည်း...
🔺Inspiration: Inspiration ယူသည့်အခါ အများဆုံးထည့်သွင်းအသုံးပြုကြသည့် အယူအဆနှင့် သဘောတရားများကို လေ့လာခြင်း နဲ့ အသုံးပြုခြင်း ..
🔺Concept Building: ကိုယ်ပိုင်ဒီဇိုင်း၏ အဓိက အခြေခံဖြစ်သော Concept ကို ခိုင်မာစွာ တည်ဆောက်နည်းနှင့် လေ့လာရန် အချက်များ
🔺Silhouette: ဝတ်စုံတစ်ခု၏ ပုံသဏ္ဍာန်၊ အချိုးအစားနှင့် Silhouette အမျိုးအစားများ
🔺Principles of Design: ဝတ်စုံတစ်ခုကို ဆွဲဆောင်မှုရှိစေသည့် Balance, Focal Point, Proportion & Scale များကို အသုံးချပုံ
🔺Design Elements: မျဉ်း၊ ပုံသဏ္ဍာန်၊ အရောင်၊ Texture စသည်တို့ကို ပေါင်းစပ်အသုံးပြုသည့် အခြေခံ လမ်းညွှန်ချက်များ
🔺Harmonized Good Fashion Design: ကြည့်ကောင်းပြီး ဟန်ချက်ညီညီ (Harmonized) ဖြစ်သည့် ဒီဇိုင်းတစ်ခု ဖန်တီးနည်း
🔺Mood Board Essentials: ဒီဇိုင်း၏ ပထမဆုံး Visual Map ဖြစ်သော Mood Board အကြောင်း လေ့လာခြင်း
🔺🔺Manual Mood Board Workshop: သင်တန်းတွင်း ကိုယ်ပိုင် Manual Mood Board တစ်ခုကို လက်တွေ့ အတူတူ ဖန်တီးခြင်း🔺🔺
စသည့် အကြောင်းအရာများအပြင် အခြားသော Design Logic & Fashion Knowledge များစွာကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသင်ကြားပေးသွားမှာဖြစ်ပါတယ်။
🔴သင်တန်းအသေးစိတ်
နေ့ရက်: August 16, 2026 (Sunday)
အချိန်: မနက် ၉:၀၀ မှ ညနေ ၅:၀၀ ထိ
သင်တန်းကြေး: ၁၂၀,၀၀၀ ကျပ် (Notes & Lunch Box ပါဝင်ပြီး)
နေရာ: Hledan Diamonds Condo (PBS Training Center)
⚠️ လူဦးရေ အကန့်အသတ်ရှိသဖြင့် (၅) နေရာသာ ကျန်ပါတော့သည်။
📥 သင်တန်းအပ်နှံရန်နှင့် အသေးစိတ်မေးမြန်းရန်:
Viber: +9595400728
Page Messenger သို့ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါသည်။