03/09/2026
မှန်ကန် တိကျတဲ့ မျက်စိပါဝါ စမ်းစစ်မှုများအတွက် …..🤷🏻♀️❓
👉🏻 မျက်စိပါဝါ လိုအပ်ရင် ဘယ်လိုလက္ခဏာတွေဖြစ်တတ်လဲ?
စာကြည့်တဲ့အခါ၊ ဖုန်း ကွန်ပျူတာကြည့်တဲ့အခါ၊အဝေးက မြင်ကွင်းကိုကြည့်တဲ့အခါ အမြင် ဝေဝါးခြင်း၊ ခေါင်းမူးခြင်း၊ ဇက်ကြောတက်ခြင်း၊ မျက်ရိုးကိုက်ခြင်း၊ မျက်စိနာ၊မျက်စိစပ်ခြင်း စတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ညဘက်တွင် ပုံမှန်ထက် ပိုမို မမြင်ရခြင်း၊ ကားမောင်းရ ခက်ခဲခြင်း (Night blindness/Poor night vision) ၊ မီးရောင်များပတ်လည်တွင် အရောင်ဝိုင်းများ (Halos around lights) မြင်ရခြင်း ၊ အရာဝတ္ထုများကို နှစ်ထပ်မြင်ရခြင်း (Double vision) နှင့် အာရုံစိုက်ရ ခက်ခဲခြင်း အစ ရှိသည်များလည်း ဖြစ်တတ်ပါတယ်။
👉🏻 မျက်စိ ပါဝါကို ဘယ်နှစ်ကြိမ်လောက် စစ်ဆေးပေးသင့်သလဲ?
မျက်လုံးပါဝါ စစ်ပေးတဲ့အခါ (၆)လတစ်ကြိမ်၊ (၁)နှစ်တစ်ကြိမ်တော့စစ်ဆေးပေးသင့်ပါတယ်။
သွေးတိုး၊ ဆီးချို စသော ရောဂါခံရှိသူများ အနေဖြင့် သွေးပေါင်ချိန် နှင့် သွေးတွင်းသကြားဓာတ် အတက်အကျကြောင့် မျက်စိပါဝါ အပြောင်းအလဲ မြန်နိုင်သော ကြောင့် (၃)လ တစ်ကြိမ်လောက် ပါဝါစမ်းသပ် သင့်ပါတယ်ရှင့်။
VISION ORIGIN မျက်စိဆေးခန်း နှင့် မျက်မှန်အရောင်းစင်တာ တွင် ခေတ်မှီ အဆင့်မြင့် စက်ကိရိယာများကိုအသုံးပြုပြီး မျက်စိ အထူးကုဆရာဝန်ကြီးများ နှင့် ဆွေးနွေး စမ်းသပ်လို့ ရပါတယ်။ ဒါကြောင့် မှန်ကန် တိကျ တဲ့ ပါဝါ စမ်းသပ်ချင်တယ်ဆို VISION ORIGIN ကိုသတိရလိုက်တော့နော်။
မျက်စိအထူးကုဆရာဝန် များနှင့် ပြသနိုင်သည့်အချိန်များ
ဒေါက်တာ အေးသီတာ
M.B.,B.S, M.Med.Sc (Ophthalmology), FICO, MRCS ED (Ophthalmology)
Tuesday, Wednesday, Thursday
ဒေါက်တာ သီတာဆွေ
M.B.,B.S, M.Med.Sc (Ophthalmology)
Thursday - 4pm
Sunday - 4pm
ဒေါက်တာ မျိုးသိင်္ဂီလွင်
M.B.,B.S, M.Med.Sc (Ophthalmology)
Saturday - 4pm
မျက်စိအထူးကုဆရာဝန်နှင့် ပြသလိုပါက ကြိုတင် Booking ယူစနစ်ဖြင့် ပြသနိုင်ပါပြီရှင့်📋👩🏻⚕️
📞ဘိုကင်ရယူရန် ဖုန်း - 09 777 54 59 51 နှင့် 09 775 54 59 51ကိုဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
--------------------------------------------
Vision Origin ဆိုင်သို့လာရောက်လိုပါက
🕰မနက် (၈)နာရီ မှ ညနေ (၆)နာရီ အတွင်း
🏠ဆိုင်လိပ်စာ-အမှတ် (၅၂၂)၊ အောက်ကြည့်မြင်တိုင်လမ်း၊ လင်းရောင်ခြည် အထူးကုဆေးခန်း ၏ ပထမထပ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့
#မျက်မှန် #မျက်မှန်ဆိုင် #စာကြည့်မျက်မှန် #ဖုန်းကြည့်မျက်မှန် #ပါဝါမျက်မှန် #နေပူအရောင်ပြောင်းမှန် #ဖုန်းကြည့်နေပူအရောင်ပြောင်းမှန် #မျက်မှန်အရောင်းစင်တာ #မျက်စိအထူးကုဆေးခန်း #မျက်စိဆေးခန်း #မျက်လုံးပါဝါ