07/07/2022
သောက်တော်ရေ သောက်ပါ
*********************
သောက်တော်ရေ ကပ်ပြီးတဲ့အခါ…
ဘေစင်ထဲ ဖြစ်ဖြစ်
အိမ်ရှေ့တံစက်မြိတ်ကို ဖြစ်ဖြစ်
ဗြန်းကနဲ သွန်ချလိုက်ပါတယ်
အဲဒီလို မလုပ်ပါနဲ့၊
စွန့်ပြီး သောက်ကောင်းပါတယ်..
ဘုရားရှင်ကိုယ်တော်မြတ်ကို
ရိုရိုသေသေနဲ့
ကြည်လင်သန့်ရှင်းသော
သောက်တော်ရေ
တစ်ခွက်" နှစ်ခွက် " သုံးခွက်"
ကိုယ်အဆင်ပြေသလို ကပ်နိုင်ပါတယ်..
ဂုဏ်တော်ပွားပါ
ပရိတ် ပဋ္ဌာန်း ပူဇော်ပါ၊
ဘုရားရှင်
ဘုဉ်းပေးပြီးလောက်သည့်အချိန်ကို
မှန်းဆ၍
ပြန်စွန့်ပြီး
တခြားခွက်ထဲ လှယ်ပြီးသောက်ပါ
( ဒါမှမဟုတ် )
ရေသန့်ဗူးကြီးထဲ၊
ရေအိုးထဲ ပြန်ထည့်၍ သောက်ပါ..
ရရှိမည့် အကျိုးတရားများကတော့…
မှတ်ဉာဏ် အလွန်ကောင်းပါတယ်၊
ရူးနှမ်းပေါသွပ် မဖြစ်ပါဘူး၊
သောက်တော်ရေအစွမ်းကြောင့်
အနာနဲ့ဆေးတွေ့ပြီး
ရောဂါမှန်သမျှ ကင်းရှင်းပါတယ်၊
သေသည်အထိ သတိကောင်းပါတယ်၊
အသားအရေ ဝါဝင်းစိုပြေပါတယ်၊
ဝိပဿနာအားထုတ်ရင်လည်း
လျှင်လျှင်မြန်မြန် ရရှိနိုင်ပါတယ်...။
Crd-ရွှေနံ့သာဓမ္မရိပ်သာဆရာတော်
မေတ္တာဖြင့်…