Yoon Lay May May

Yoon Lay May May အဝတ်အစားအသန့်လေးတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းပေးသွားပါမယ်

20/01/2024
💦ကလေးငယ် တွေရဲ့နားကို ဘယ်လိုသန့်ရှင်းပေးမလဲ?🍓Ear wax (နာဖာချေး) ဖြစ်လာပုံနားထဲကို ပြင်ပကနေဝင်လာနိုင်တဲ့ဖုန်မှုန့်နဲ့အညစ်...
15/01/2024

💦ကလေးငယ် တွေရဲ့နားကို ဘယ်လိုသန့်ရှင်းပေးမလဲ?

🍓Ear wax (နာဖာချေး) ဖြစ်လာပုံ
နားထဲကို ပြင်ပကနေဝင်လာနိုင်တဲ့ဖုန်မှုန့်နဲ့အညစ်အကြေး၊ပိုးမွှားလေးတွေ၊နားကိုထိခိုက်စေနိုင်တဲ့အရာတွေကနေ ကာကွယ်ပေးဖို့ နားရဲ့ဂလန်းတွေကနေစေးကပ်ကပ်အရာ(နာဖာချေး) တွေထုတ်ပေးပါတယ်။

👉နာဖာချေးတွေဟာ အချိန်ကြာလာတဲ့အမျှ ခြောက်ပြီး သူ့အလိုလို အပြင်ဘက်ကို ထွက်လာတတ်ပါတယ်။
အစားအစားဝါးခြင်းနဲ့စကားပြောခြင်းစတဲ့ လှုပ်ရှားမှုတွေကလည်း နာဖာချေးကိုအပြင်ထွက်လာအောင် ကူညီပေးပါတယ်။

🍓ဘယ်လိုသန့်ရှင်းမလဲ
နေ့စဉ်သန့်ရှင်းပေးဖို့ လိုအပ်တာတွေကတော့
နူးညံတဲ့ပုဝါ သဘက်/ဂွမ်းလုံးနဲ့ရေကျက်အေး ပဲလိုပါတယ်။

👉နူးညံ့တဲ့ပုဝါ သို့ ဂွမ်းလုံးကို ရေကျက်အေးနဲ့စိမ်ပါ။ရေအနည်းငယ်ကျန်တဲ့ထိ ညှစ်ချပီး ကလေးရဲ့ နားအနောက်ဘက်နှင့်အပြင်ဘက်ကို သန့်စင်ပေးပါ။
နားအတွင်းသို့ထိုးနှိုက်ရန်မလိုအပ်ပါ။

👉နားအတွင်းပိုင်းက ထုတ်ယူရမလွယ်တဲ့ နာဖာချေးတွေအတွက်Baby Oil ကိုအသုံးပြုလည်းရပါတယ်။
နားထဲကို Baby oil ကို အစက်ချခြင်း (သို့) နားအဝမှာအနည်းငယ် သုတ်လိမ်းပေးခြင်းက နာဖာချေးတွေ
အလွယ်တကူ အပြင်ကိုထွက်လာနိုင်ပါတယ်။

🛑မလုပ်သင့်တဲ့အရာများ
👉ကလေးရဲ့နားကိုချွန်ထက်တဲ့အရာတွေနဲ့
ထိုးကလော်ခြင်း
👉နားကြပ်ဂွမ်းတံသုံးပြီး နားအတွင်းပိုင်းကို
ကလော်ပေးခြင်း
👉နာဖာချေးထွက်လာစေရန် ရေအေး/ရေကျက်အေး
ထည့်ခြင်း
👉နားသန့်ဆေးများအသုံးပြုခြင်း
👉အရမ်းကပ်နေရင်မရမက နားကလော်ခြင်း
တွေမပြုလုပ်သင့်ပါဘူး။

🧨နားအတွင်းပိုင်းကို ကလော်ခြင်းက နှာဖာချေးတွေ
အပြင်ကိုထွက်လာဖို့ထက် အထဲကိုပိုပြီးရောက်သွား
စေနိုင်ပါတယ်။

🍓အထက်ပါနည်းလမ်းတွေသုံးပြီး ကလေးရဲ့နားကို သန့်ရှင်းပေးလို့ရပါတယ်။
ကလေးနားဆိုတာက နူးညံ့ပီးအရေးကြီးတဲ့အစိတ်အပိုင်းမိုလို့အရမ်းခက်ခဲနေရင်အမြန်ဆုံး ဆရာဝန်နဲ့ကုသမှုခံယူသင့်ပါတယ်။
မေတ္တာဖြင့်
Credit:ဒေါက်တာကောင်းထက်ကျော်

#ကလေးနား
#ကလေးနားကော်ခြင်း
#နားကော်ခြင်း

***  #ကလေးချွဲကျပ် ******  #ကလေးနှာခေါင်းပိတ် ***========================မိဘတွေ အလွန် အမေးများတဲ့ မေးခွန်းလေးတွေပါ။ အခြေ...
15/01/2024

*** #ကလေးချွဲကျပ် ***

*** #ကလေးနှာခေါင်းပိတ် ***

========================
မိဘတွေ အလွန် အမေးများတဲ့ မေးခွန်းလေးတွေပါ။ အခြေခံမှ စပြီး ရှင်းပြလိုပါတယ်။

(၁) နှာခေါင်း သို့မဟုတ် လည်ချောင်းထဲက ချွဲသလိပ်ဆိုတာ ဘာလဲ?
********************************
-နှာခေါင်း, လည်ချောင်း, အသက်ရှူပြွန်ထဲမှာ အမြဲ စိုစွတ်နေအောင် ခန္ဓာကိုယ်ရဲ့ သဘာဝ အရည်အိတ်လေးတွေက သန့်ရှင်းတဲ့ အရည်တစ်မျိုး အမြဲထုတ်ပေးပါတယ်။

-စက်ရုံ, ကား, ဆေးလိပ်နဲ့ အခြားလောင်စာမှ ထွက်သော မီးခိုးငွေ့များ, ဖုန်များ, အန္တရာယ်မကြီးသော virus ဗိုင်းရပ်စ် ပိုးမွှားလေးများနှင့် အန္တရာယ်ရှိသော ဘက်တီးရီးယားများက နှာခေါင်းမှ တဆင့် လည်ချောင်းနှင့် အသက်ရှူ လမ်းကြောင်းထဲ ဝင်ရောက်လာသော အခါ ခန္ဓာကိုယ်က ထုတ်နေကျ အရည်ကြည်ကို တိုးထုတ်ပါတယ်။ ညစ်ညမ်းမှုကိုဆေးကြောပေးချင်လို့ပါ။

-ကိုယ်ခံအားလို့ အမြဲပြောတဲ့ ခန္ဓာကိုယ်တွင်းက သွေးဖြူဥလေးများက နှာခေါင်းလည်ချောင်းထဲ ရန်သူဝင်လာတာနဲ့ စတင်တိုက်ခိုက်ပါတယ်။ ရန်သူဘက်က ပိုးမွှားများရော သွေးဖြူဥများရော အတုံးအရုံးသေဆုံးကြပါတယ်။

-နောက်ဆုံးတော့ ဝင်လာတဲ့ ဖုန်, မီးခိုးငွေ့, ပိုးမွှားအသေများ, ကျဆုံးသွားသော သွေးဖြူဥလေးများဟာ တိုးထုတ်ထားသော အရည်ကြည်နဲ့ ပေါင်းစည်းပြီး ချွဲသလိပ်အနေနဲ့ ထွက်လာပါတယ်။

(၂) ချွဲသလိပ် မထွက်အောင် ကာကွယ်ဖို့က ဘာအရေးကြီးလဲ။
********************************
ပတ်ဝန်းကျင် လေထု သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးပါ။ လူကြီးများ ချောင်းဆိုးနှာချေလျှင် တစ်ရှူးနှင့်ကာပါ။ ကလေးကို မကိုင်တွယ်ခင် လက်မှန်မှန်ဆေးပါ။ ကလေး ပတ်ဝန်းကျင် မီးခိုးငွေ့ကင်းဝေးပါစေ။**

(၃) ကလေးငယ်များ ချွဲကျပ်ခဲ့သော်
******************************
-ဆား လက်ဖက်ရည် တစ်ဇွန်းကို ဆူအောင်တည်ထားသော ရေနွေး ၅၀၀ ml နှင့်ရောပြီး အအေးခံပြီးလျှင် နှာခေါင်းပေါက်များထဲ ၁စက် ၂စက်စီ ၂-၃ နာရီခြားထည့်ပေးလို့ရပါသည်။
-ရေနွေးနွေးနှင့် ရေမကြာခဏ ချိုးပေးခြင်း
-ကလေးငယ် အိပ်သော အနီးအနားတွင် ရေနွေးဇလုံ ချထားခြင်း ဖြင့် ရေနွေးငွေ့ဖြင့် ချွဲပျော်နိုင်စေပါသည်။
-ဖွံ့ဖြိုးသော နိုင်ငံကြီးများမှာ ရေနွေးငွေ့ ထုတ်ပေးသော စက်သေးသေး ကလေးများကို ချွဲကျပ်သောကလေးများအတွက် သုံးရန် ထုတ်ပါသည်။
-ကလေးကြီးများ ချွဲကျပ်ခဲ့သော် ရေနွေး မကြာခဏ သောက်ခြင်း, ဆားရည်နှင့် ပလုပ်ကျင်းခြင်းဖြင့် ချွဲ ပျော်နိုင်စေနိုင်ပါမည်။

*နှာခေါင်းပိတ် ချွဲကျပ်ခြင်း ၄ ပတ်ကျော်လျှင် အဖျား ၁၀၂ ထက်ကြီးလျှင်, နားပြည်ယိုလျှင်, အသက်ရှူ အလွန်မြန်လျှင်, အစာမစားလျှင် ဆရာဝန်နှင့်ပြပါ။

*မွေးရာပါ အဆုတ်လေပြွန်များရောဂါရှိလျှင် ချွဲပိတ်ဆိုးလွန်းသည်။ ကိုယ်အလေးချိန် ကျသည်။ ကလေးအထူးကုနှင့် အချိန်မီ ပြဖို့လိုသည်။ အလွန်ရှားပါသည်။

#နေနေမိုးဆွေ (Child Health Myanmar)


Address

Yangon

Website

Alerts

Be the first to know and let us send you an email when Yoon Lay May May posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share