Phyu

Phyu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyu, Design & Fashion, yangon, Yangon.

ကျပ် ၊ ပဲ ၊ ရွေး ရေးပုံ ယူပုံ ပြောင်းလဲခြင်း (dot အစား dash ပြောင်းရေး)တရွေးမှာ ၄ စိတ် ရှိပါတယ်တစိတ် =  ရွေး = 0.25 ရွေး...
20/10/2025

ကျပ် ၊ ပဲ ၊ ရွေး
ရေးပုံ ယူပုံ ပြောင်းလဲခြင်း
(dot အစား dash ပြောင်းရေး)

တရွေးမှာ ၄ စိတ် ရှိပါတယ်

တစိတ် = ရွေး = 0.25 ရွေး
တခြမ်း = ရွေး = 0.5 ရွေး
၃စိတ် = ရွေး = 0.75 ရွေး

တရွေးမှာ ၁၀ ပွိုင့် ရှိပါတယ်

တပွိုင့် = 1/10 ရွေး = 0.1 ရွေး

ရွှေစျေးတွေ တက်လာတာနဲ့အမျှ တရွေးတန်ဖိုးက ၆၀၀၀၀ ကျော် ဖြစ်လာတယ် 0.1 ရွေးရဲ့ တန်ဖိုးက 6000 ကျော် ဖြစ်လာတယ်၊ ရွှေချိန်တဲ့နေရာမှာလဲ Digital ချိန်ခွင်ကို သုံးလာကြတယ် ဆိုတော့ အလေးချိန်ကို အရင်က တခြမ်း ( ရွေး)၊ တစိတ် ( ရွေး) အထိ ယူရာကနေ ဒသမ ၂ နေရာအထိ အတိအကျ ယူလာကြပါပြီ၊

ဥပမာ ၁ ကျပ် ၁ ပဲ ၁.၉၅ ရွေးရှိလဲ ၀.၉၅ ကို မယူဘူး
၁ ကျပ် ၁ ပဲ ၁ ရွေးပဲ ယူတယ်၊
1.1.1 လို့ ရေးတယ်

ရွှေစျေးတွေ တက်လာတော့ တခြမ်း () သုံးလာတယ်

၁ ကျပ် ၁ ပဲ ၁.၉၅ ရွေးရှိရင်
1 ကျပ် 1 ပဲ 1.5 ရွေးလို့ ယူတယ်
1. 1. 1 လို့ ရေးတယ်

ရွှေစျေးတွေ ထပ်တက်လာတော့ တစိတ် () သုံးလာတယ်

၁ ကျပ် ၁ ပဲ ၁.၉၅ ရွေးရှိရင်
1 ကျပ် 1 ပဲ 1.75 ရွေးလို့ ယူတယ်
1. 1. 1 လို့ ရေးတယ်

ရွှေစျေးတွေ ထပ်တက်လာတော့ ဒသမ တနေရာအထိကို အရှိအတိုင်း ယူတယ်၊ ဒသမယူတော့ ရေးတဲ့အခါ (.) Dot အစား (-) Dash ကို ပြောင်းသုံးတယ်

၁ ကျပ် ၁ ပဲ ၁.၉၅ ရွေးရှိရင်
1 ကျပ် 1 ပဲ 1.9 ရွေးလို့ ယူတယ်
1 - 1 - 1.9 လို့ ရေးတယ်

ရွှေစျေးတွေ ထပ်တက်လာတော့ ဒသမကို ၂ နေရာအထိ အရှိအတိုင်း ယူတယ်

၁ ကျပ် ၁ ပဲ ၁.၉၅ ရွေးရှိရင် 1 ကျပ် 1 ပဲ 1.95 ရွေးလို့ ယူတယ် 1 - 1 - 1.95 လို့ ရေးတယ်

ဆရာဇော် (တိတ်စိန်ရွှေဆိုင်)မှ ကူးယူဖော်ပြပါသည် 🙏

13/10/2025

ရွှေထည်များ ​နေရာအချို့ ကွက်ပြီး နီ ၊ ညို ၊ မဲ အ​ရောင်​ပြောင်းလာခြင်း၏ အကြောင်းအရင်း ဘာလဲ ???

​​​ရွှေထည် ရောင်းချသူတိုင်းနီးပါး အဲလိုမျိုး ကြုံဖူးကြပါတယ် ဝယ်ယူ ဝတ်ဆင်သူအချို့လဲ ကြုံဖူးကြမှာပါ
ဂ​ဟေညှို့တယ်လို့ ​ပြော​လေ့ရှိပါတယ်

ဖြစ်ရတဲ့ အ​ကြောင်းရင်း​က​တော့ ဓါတ်ပြုလို့ ဖြစ်ရတာပါပဲ

ဘာ​ကြောင့် ဓါတ်ပြုလဲ ဆို​တာ​တွေက​တော့ ........

၁။ ​။ ရွှေထည် ကိုင်တွယ် ဝတ်ဆင်သူ​တွေ သုံးတဲ့ မိတ်ကပ်၊ ​ရေ​မွှေး​တွေနဲ့ ထိမိ၍​သော်လည်း​ကောင်း ။

၂။ ​။ ရွှေထည်​တွေကို အ​ရောင်တင်တဲ့အခါ သုံးတဲ့ ကယ်မီကယ်​တွေ ​သေချာ ပြန်မ​ဆေးမိရင်​သော်လည်း​ကောင်း ။

၃။ ​။ ရွှေထည်ပြုလုပ်တဲ့ ပန်းထိမ်က ဂ​ဟေဖော်တဲ့အခါ လိုအပ်ချက် ရှိရင်​သော်လည်း​ကောင်း ​ဂ​ဟေ​ဆော်တဲ့အခါ မ​သေသပ်ဘဲ ပြန့်နှံ့မှု ရှိရင်​သော်လည်း​ကောင်း ။

၄။ ။ ပစ္စည်း​တွေကို သိမ်းတဲ့ဗူး ​သေတ္တာတွေက သတ္တု​တွေနဲ့ ဓါတ်ပြုရင်​သော်လည်း​ကောင်း ဖြစ်တတ်ပါတယ်

​ရွှေရည်ညံ့ရင် ပိုဖြစ်​လေ့ရှိပြီး ​ရွှေရည်​ကောင်းရင် ဖြစ်တာနည်းပါတယ် ဒါ​ပေမယ့် အကယ်ဒမီ အ​ခေါက်တုံး​တောင်ဖြစ်တာ ​တွေ့ဖူးပါတယ်

အ​ရောင် ပြန်တင်လိုက်ရင်​တော့ ​ပျောက်ပါတယ်
အ​ရောင်တင်ခ​တွေက ​စျေးကြီးလာ​တော့ ကိုယ့်ဘာသာ ​ဆေးလို့ရတဲ့ ​ဆေးရည်​တွေလဲ ဝယ်သုံးကြပါတယ်
ပန်းထိမ်ပစ္စည်း အ​ရောင်းဆိုင် အ​ရောင်တင်ပစ္စည်း အ​ရောင်းဆိုင်​တွေမှာ ဝယ်လို့ရပါတယ် ။

ဆရာ​ဇော် (တိတ်စိန်​ရွှေဆိုင်)

03/09/2025
03/06/2025
31/05/2025
သကြားခဲ ၊ဖီချုး စုသင့်သလား။အဖြေက👇
31/05/2025

သကြားခဲ ၊ဖီချုး စုသင့်သလား။အဖြေက👇

28/05/2025

နှစ်အလိုက် ရွှေစျေးသိချင်သူများအတွက်
1988 ခုနှစ်မှာ ရွှေတစ်ကျပ်သား = 10,500 KS
1989 = 13,000 ကျပ်
1990 = 15,000 ကျပ်
1991 = 20,000 ကျပ်
1992 = 22,000 ကျပ်
1993 = 26,500 ကျပ်
1994 = 26,500 ကျပ်
1995 = 30,000 ကျပ်
1996 = 45,000 ကျပ်
1997 = 46,000 ကျပ်
1998 = 50,000 ကျပ်
1999 = 50,000 ကျပ်
2000 = 63,500 ကျပ်
2001 = 103,700 ကျပ်
2002 = 190,000 ကျပ်
2003 = 190,000 ကျပ်
2004 = 225,000 ကျပ်
2005 = 309,500 ကျပ်
2006 = 431,000 ကျပ်
2007 = 577,000 ကျပ်

2008 = 600,000 ကျပ်
2009 = 616,600 ကျပ်
2010 = 672,900 ကျပ်
2011 = 730,400 ကျပ်
2012 = 771,300 ကျပ်
2013 = 660,000 ကျပ်
2014 = 673,100 ကျပ်
2015 = 750,400 ကျပ်
2016 = 867,000 ကျပ်
2017 = 937,300 ကျပ်
2018 = 1,056,000 ကျပ်
2019 = 1,190,000 ကျပ်
2020 = 1,310,000 ကျပ်
2021= 1780000 ကျပ်
2022 = 2800000ကျပ်
2023 = 3715000ကျပ်(30.12.2023)
2024= 40,03000ကျပ်(6.3.2024).
2024 = 48,00000 ကျပ်( April)
2024 = 54,00000 ကျပ် (May)
2024 = 52,00000ကျပ် ( June)
2024 = 58,00000-68,00000 ကျပ် (JULY)
2024 = 75,00000 ကျပ် (Aug .10)
2024= 90,00000 ကျပ် ( Aug. 13)
2025 = 7670000 ကျပ် (May

ရွှေဆိုတာအတက်ပဲရှိတယ်

တချို့သောဝယ်သူကနားမလည်လို့၊တချို့ကတအားစျေးသက်သာချင်လို့ ဝယ်ကြတဲ့လူတေခံရတာပေါ့
28/05/2025

တချို့သောဝယ်သူကနားမလည်လို့၊တချို့ကတအားစျေးသက်သာချင်လို့ ဝယ်ကြတဲ့လူတေခံရတာပေါ့

◼️ရွှေအတုရောင်းတဲ့ရွှေဆိုင်တွေရှိလား

နယ်က ကျနော်ဆိုင်ကို အမျိုးသမီးတစ်ယောက်ရွှေလာပေါင်တယ်။ ပစ္စည်းကြည့်လိုက်တော့ သိပ်မသင်္ကာဘူး။ အစစ်နဲ့တော့ အတော်တူတယ်။

ဒါနဲ့ ပန်းတိမ်ဆရာကို ချိတ်လေးနားကို အဆိပ်ချခိုင်းလိုက်တာ့ အတုဖြစ်နေတယ်။ သေချာအောင် တံစဉ်းနဲ့တိုက်ချတော့ လုံးလုံးကိုအတု ရွှေတစ်စက်မှမပါတာ။

ဒါနဲ့ အဲ့မျိုးသမီးကို ခင်ဗျားကြိုးက အတုဖြစ်နေတယ်ပြောတော့ မဟုတ်ဘူး ကျမကိုယ်တိုင် ဆိုင်ကနေဝယ်လာတာ အစစ်တဲ့ ဘောက်ချာပြလို့ရတယ်တဲ့။ ဘယ်လိုပြောပြောမရဘူး။ ဘောက်ချာပြရရင် ယူခဲ့ မဟုတ်ရင် ရဲစခန်းအပ်မှာဆိုပြီး ပစ္စည်းယူထားလိုက်ပြီး ပြန်လွှတ်လိုက်တယ်။

ကိုယ်ကတော့ ပြန်မလာတော့ဘူးထင်နေတာ။ ခဏနေတော့ ဘောက်ချာယူလာတယ်။ ဒါနဲ့ ဘောက်ချာကြည့်လိုက်တော့ ၆ ပဲသားကျော်ကို တစ်သိန်းနဲ့ရောင်းထားတယ် (ရွှေစျေး ၁၀သိန်းလောက်က)။ ခင်ဗျား ဒီစျေးနဲ့ ဘယ်လိုဖြစ်နိုင်မှာလည်း ကြည့်အုံးဆိုတော့ စာတောင်မတတ်ဘူး။ မသိဘူး ကျမကို ဒင်္ဂါးရွှေဆိုပြီးရောင်းလိုက်တာတဲ့ မူဆယ်မှာအလုပ်သွားလုပ်ရင်း ရတဲ့လုပ်ခလေးနဲ့ လုပ်လာတာတဲ့။

ဒါနဲ့ အဲ့ဆိုင်ကို ဖုန်းဆက်လိုက်တယ် ။ ကိုင်တယ်။ - - ဆိုင်ကလားဆိုတော့ ဟုတ်တယ်တဲ့။ မူဆယ်ကလားဆိုတော့ ဟုတ်တယ်တဲ့။

ဒါနဲ့ခင်ဗျားတို့ဆိုင်က ၀ယ်လာတာလို့ပြောတယ်။ အဲ့ရွှေက အတုကြီး ခင်ဗျားတို့ ဘယ်လိုလုပ်မှာလဲဆိုတော့။ ကျမတို့ရောင်းကတည်းကပြောလိုက်ပြီးသား ဒီရွှေက နမ့်ခမ်းရွှေ ရွှေညံ့တယ် သူတို့ကို ပြောလိုက်ပီးသား အပြင်မှာရောင်းလို့ ပေါင်လို့မရဘူးလို့ တဲ့။

တကယ်တော့ ရွှေက ညံ့တာမဟုတ်ဘူး လုံးလုံးကိုအတုကြီး။

ဒါနဲ့ ခင်ဗျားတို့က အတုတွေရောင်းစားနေတာလားဆိုတော့ သူတို့က တစ်သိန်းပါလို့ ငွေစုပြီးသားဖြစ်အောင် ရောင်းပေးတာတဲ့။ ကျမတို့ဆိုင်မှာ ပြန်လာသွင်းလို့ရတယ်တဲ့။ ၁၀ ရာခိုင်နှုန်းလျော့တဲ့။

သူကပြောသေး သူတို့ငွေမပျောက်ပျက်အောင် ငွေစုပေးတဲ့သဘောတဲ့။ အောင်မယ် သူ့တောင်ကျေးဇူးတင်ရမယ့်ပုံ။

သဘောကတော့ အတိုးနဲ့ ငွေလှည့်သုံးပေးထားတဲ့သဘောပဲ။ ဒီလိုဆိုင်တွေ ဘယ်လောက်တောင်ပေါများနေပြီလဲ။

ဒီလိုခံနေရသူတွေကရော ဘယ်လောက်တောင်များနေပြီလဲ

ခုခေတ်ပိုဆိုး ရွှေရည်တွေဖြစ်ကတက်ဆန်း လုပ်ချင်သလိုလုပ်တယ်။ အလျော့တွက်တွေ ယူချင်သလိုယူတယ်။ ရောင်းချင်တဲ့စျေးနဲ့ ရောင်းတယ်။ လုပ်ချင်တိုင်း လုပ်စားနေကြတာ။

စစ်ဆေးတဲ့ အဖွဲ့မရှိသေးသလို သွားတိုင်လို့လည်းရတဲ့နေရာ မရှိသေးဘူး။ ကိုယ်ဖြစ်ကိုယ်ခံပဲ။

ခုခေတ်ထနေတာ ရွှေကို အထူးလျော့စျေးတဲ့

မသိရင် ရွှေက သူတို့ ခြံထွက်ပစ္စည်းလိုပဲ 🤭

သိန်း ၃၀ တန်လည်း ၁၅ သိန်းနဲ့ ဆစ်ရင် ၁၅ သိန်းနဲ့ လုပ်ပေးလိုက်တာပဲ

စိန်တစ်ဆင်စာ ဆွဲကြိုး နားကပ် လက်စွပ်ကို သိန်း ၂၀ ကျော်နဲ့ရတယ်တဲ့။

ပါသလောက်ငွေနဲ့ ရအောင်လုပ်ပေးတယ်။ ပြောသေးတယ် လူတိုင်းဝတ်နိုင်စေချင်လို့တဲ့။ ကျေးဇူးရှင်ကြီးတွေလို🤭

ရွှေထည်တွေကို အလျော့ လက်ခ မပါပဲ ရောင်းပေးတယ်တဲ့

အဲ့တော့ ပြောပြမယ် တစ်သက်လုံးမှတ်

ရွှေမှာအထူးလျော့စျေးဆိုတာ လုံးဝ မရှိဘူး။

အရော့ လက်ခ မပါပဲ အထည်တစ်ခုမဖြစ်ဘူး

အဲ့လိုဆိုင်တွေက အောက်ခြေလူတန်းစား လခစားဝန်ထမ်းလေးတွေကို ပြစ်မှတ်ထားတယ်။

ပြည်သူအများစုကလည်း မင်းသားမင်းသမီး ဆယ်လီမက်တယ်။ ကံစမ်းမဲမက်တယ်။ လေကြီး မိုးကြီး အပြောကောင်းရင် ယုံလွယ်တယ်။

စိန်ရွှေရတနာကို ဟင်းရွက်ကန်းဇွန်းရွက်လောက်တောင် တန်ဖိုးမထား တွေ့ရာဝယ်တယ်။

ဆင်းရဲသားရောင်းတဲ့ ခရမ်းချဉ်သီးလေးတပိဿာလောက်ဝယ်ဖို့ကြတော့ တစ်စျေးလုံးပတ်မေးတယ်။ အသက်သာဆုံးဆိုင်မှာဝင်တယ်။ စျေးထပ်ဆစ်သေးတယ်။ မပီးသေးဘူး အဆစ် နှစ်လုံးလောက်ထပ်နှိုက်ခဲ့သေးတာ။

သူဌေးရောင်းတဲ့ စိန်ရွှေရတနာကြတော့ အဲ့လိုမလုပ်ဘူး။ စတိုင်ကြီးအပြည့် ဂိုက်အပြည့်နဲ့ ထင်သလိုဝယ်ကြတယ်။

ကျူပ်တို့မြန်မာ အများစု မချမ်းသာရတဲ့ အကြောင်းရင်း တစ်ချက်က ရွှေမဝယ်တတ် ရွှေမစုတတ်တာကြောင့်လည်း ပါတယ်။

အဲ့တော့ စိန်ရွှေတနာ၀ယ်မယ်ဆိုရင် အရည်အသွေး၊ အလျော့တွက်သေချာမေးမြန်း စစ်ဆေး နှိုင်းယှဉ်၀ယ်ပါ။ ပြန်ရောင်းရင် ဘယ်လိုပြန်၀ယ်တာလဲ သေချာ မေးမြန်း ၀ယ်ပါ။

ဒါမျိုးစာကို ကိုယ်တိုင်လည်းဖတ်ပါ သူများကိုလည်း မျှဝေပါ။

- ကျော်ကြီး(MDY)
#မြန်မာချမ်းသာ
#အကယ်ဒမီ

28/05/2025

မိမိပိုင်ဆိုင်တဲ့ ရွှေရည်အလိုက် ရွှေသွားချွတ်တဲ့အခါ
၁၆ ပဲရည် ဘယ်လောက် ပြန်ရနိုင်မလဲ ???

အသုံးချရွှေသင်္ချာ
^^^^^^^^^^^^^^^
ရွှေဆိုင်ဖွင့်ထားတဲ့ မိတ်ဆွေတချို့ ရွှေသွားချွတ်တဲ့အခါ ကိုယ်သွားချွတ်တဲ့ အထည်ပျက်နဲ့ ပြန်ရတဲ့ အခေါက်ရွှေကို ကြည့်ပြီး ဘယ်လောက်နှုန်းတင်လဲ(ကျွတ်နှုန်းဘယ်လောက်ရှိလဲ)ဆိုတာကို အလွယ်တကူတွက်ယူသိရှိနိုင်တဲ့နည်းလေးဖော်ပြပေးလိုက်ပါတယ်။ အသုံးဝင်မယ်လို့ထင်ပါတယ်။

ရွှေကျွတ်နှုန်းအလွယ်တွက်နည်း
----------------------------------
ချွတ်ပြီးရရှိသည့်အခေါက်ရွှေအလေးချိန်(ကျပ်ဖွဲ့ပြီး)ကို မချွတ်ရသေးခင်ရှိသည့်အထည်ပျက် အလေးချိန်(ကျပ်ဖွဲ့ပြီး)ဖြင့် စားပါ။ ရရှိသည့်အဖြေကို ပဲရည်ဖြင့်သိလိုလျှင် 16 ဖြင့်မြှောက်၍ပဲရည်ပြန်ဖွဲ့ပါ။ အကယ်၍ စက်ပွိုင့်(Density)နှုန်းဖြင့်သိလိုလျှင် 19.32 ဖြင့်မြှောက်ပါ။

အခေါက်ရွှေအလေးချိန်(ကျပ်) ÷ အထည်ပျက်အလေးချိန်(ကျပ်) x 16 = ရွှေတင်နှုန်း(ပဲရည်)

အခေါက်ရွှေအလေးချိန်(ကျပ်) ÷ အထည်ပျက်အလေးချိန်(ကျပ်) x 19.32 = ရွှေတင်နှုန်း(Density- စက်ပွိုင့်)

ဥပမာ………………..
ရွှေအထည်ပျက် 12 ကျပ် 1 ပဲ 4 ရွေး ကို သွားချွတ်(သန့်စင်)သောအခါ ပြန်လည်ရရှိသည့် အခေါက်ရွှေအလေးချိန်မှာ 10 ကျပ် 15 ပဲ 3 ရွေး ဆိုပါစို့။ ရွှေတင်နှုန်းကို တွက်ယူကြည့်လိုလျှင်

အရင်ဆုံးရွှေအလေးချိန်များကို ကျပ်သားဖွဲ့ပါ။

12ကျပ် 1 ပဲ 4 ရွေး ကို ကျပ်ဖွဲ့သော်… 12.09375ကျပ်သား

10ကျပ် 15 ပဲ 3 ရွေး ကိုကျပ်ဖွဲ့သော်.. 10.9609375 ကျပ်သား ရရှိမည်ဖြစ်ပါသည်။

ထို့ကြောင့်… 10.9609375 ÷12.09375 x 16 = 14.50129198 ဆိုသောအဖြေဖြစ်၍ ရွှေတင်နှုန်း ၁၄ဲ ၂ပြားဟု တွက်ယူသိရှိနိုင်ပါသည်။

စက်ပွိုင့်(Density)ဖြင့်သိလိုသော်..
10.9609375 ÷12.09375 x 19.32 = 17.51031 ဆိုသောအဖြေဖြစ်၍ ရွှေတင်နှုန်း စက်ပွိုင့်အရ 17.51 ဟု တွက်ယူသိရှိနိုင်ပါသည်။

*****M+ , M- , MR ခလုတ်များပါသော ဂဏန်းပေါင်းစက်များတွင် အလွယ်တကူ စက်ရိုက်၍တွက်ယူနိုင်သော နည်းပါဝေမျှပေးလိုက်ပါတယ်။

အရင်ဆုံး ချွတ်ပြီးရရှိသော အခေါက်ရွှေအလေးချိန်ကို ကျပ်ဖွဲ့၍ M+ ကိုနှိပ်ပါ။ ၄င်းနောက် ကိုယ်ချွတ်ရန်ယူသွားသော အထည်ပျက်ရွှေအလေးချိန်ကို ကျပ်ဖွဲ့ပြီးနောက် အစားလက္ခဏာခလုတ်(÷)နှစ်ကြိမ်(k မပေါ်သောစက်တွင် တစ်ကြိမ်သာ) နှိပ်၍ ရာခိုင်နှုန်း % ခလုတ်ကိုနှိပ်ပါ။ ပြီးလျှင် ညီမျှခြင်းခလုတ်( = ) တစ်ကြိမ်နှိပ်ပြီး MR ခလုတ်နှင့် ညီမျှခြင်းခလုတ်(=)ကိုထပ်နှိပ်လိုက်ပါ။ရရှိသည့်အဖြေကို ပဲရည်ဖြင့်သိလိုလျှင် 16 ၊ Density စက်ပွိုင့်ဖြင့်သိလိုလျှင် 19.32 ဖြင့် အသီးသီးမြှောက်ယူ သိရှိနိုင်ပါသည်။

ခလုတ်နှိပ်ရလွယ်ကူအောင် Comma(,) လေးတွေခံပြီး တွက်ပြထားပါတယ်။

10.9609375, M+, 12.09375, ÷, ÷, %, =, MR, =, x ,16, = 14.501 (ပဲရည်)

10.9609375, M+, 12.09375, ÷, ÷, %, =, MR, =, x ,19.32 ,= 17.51 (Density စက်ပွိုင့်)

စိတ်ရှည်ရှည်ဖြင့် လက်တွေ့စမ်းသပ်တွက်ချက်ကြည့်ပါ။
အလေးချိန်အမျိုးမျိုးအတွက် လွယ်ကူသောနည်းလေးဖြစ်လို့ ဝေမျှလိုက်ပါတယ်။ အကျိုးရှိစေမယ့် တွက်နည်းလေးပါ။
Crd;

Sir,Ye Man Aung

Address

Yangon
Yangon
112233

Website

Alerts

Be the first to know and let us send you an email when Phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share